Popular Posts

Saturday, November 20, 2010

မြန်မာနိုင်ငံရေး အကြောင်းတောင်တောင် အီအီ (၂)

မြန်မာ ပြည် ရွေးကောက်ပွဲ ကြီးလည်း ပြီးသွားပြီ။ ဒေါ် စုလည်းလွတ်လာပြီ။ အော်တဲ့လူလည်းအော်တယ်။ ဆဲတဲ့လူလည်း ဆဲတယ်။ မြိုင်ဆိုင်ပါ့ဗျာ။ မထောက်ခံတဲ့လူက လည်း မထောက်ခံ ဘူး။ သီဟတင်စိုး တွေလည်းများ နေတုန်း။ ခုထိ လွတ်လပ်ရေး အတွက် တိုက် ကောင်းတုန်းလေ။ မြန်မာပြည် ချစ်ပါတယ်ဆိုတဲ့ ဒုက္ခသည်တွေ ပြန်ရမယ်ပြောတော့ အော်ငိုကြ။ တိုက်ကြ ကွာ သတ်ကြ။ အားရ သဗျာ ကျွန်တော်တို့ မြန်မာပြည်ကြီး။



ဒါနဲ့ ပြောရအုံးမယ် ဗျ။ နိုင်ငံ တခု တိုးတက် အောင်မြင်ဖို့ အကြောင်းလေးတွေ။ နိုင်ငံ တခု တိုးတက်အောင်မြင်ဖို့ အခြေအနေ တည်ငြိမ်ဖို့လိုတယ် ဆိုတာ ဘယ်သူငြင်းနိုင်မလဲ။ ဟုတ်ကပြီ နိုင်ငံတခု တိုးတက်အောင်မြင် ဖို့ လို ပြည်သူတွေ ဘာလို့တောင်းဆိုကြတာလဲ။ သူတို့ ရဲ့ ဘ၀အခြေအနေ လုံခြုံ စိတ်ချရမှု ရှိမှု။ ဖူလုံမှု ရှိမှု။ ဟုတ်ကပြီ။ အဲဒါကို ဘယ်လိုဖော်ဆောင်မလဲ။ အာဏာ ရှင် စံနစ်ဆို အာဏာရှင်တစ်ယောက် အာဏာ ကိုကောင်းကောင်း အကောင်အထည်ဖော်နိုင် ရမယ်။ အင်အားစုတစ်ခု က အာဏာကို အသေအချာ ကိုင်ထားနိုင်ပြီး ဖော် ဆောင် နိုင်ရမယ်ပေါ့။ တစ်ဖက်က တည်းက တစ်ဖက်သက် ဖိကစားသလိုမျိုးပေါ့။ ပြည်သူကလည်း သူ့နောက်မှာ ပါလာရမယ်။ ဒါမှ မဟုတ် ဆန့်ကျင်ဘက် အုပ်စု ၂ ဘက် ညီမျှ စွာ ရှိရမယ် ဆိုတဲ့သဘော။ ပါတီစုံ ဆိုတဲ့စံနစ်မှာရော ဒီလိုပါပဲ အဓိက အုပ်စုကြီး ၂ စု ပဲ ထိန်းသွားရတာပဲ။ တကယ့် ပါတီစုံ စံနစ်ဆိုတာ ဘယ် နိုင်ငံမှာ မှ မအောင်မြင်ပါဘူး။ ဟုတ်ကဲ့ ဆရာမြို့မငြိမ်း ပြောသလို ကမ္ဘာကြည့်ကြည့်မြင်ကြည့်ပါ။ ဒါဆို မေးစရာရှိလိမ့်မယ် ဒီမိုကရေစီ စံနစ် တစ်ခုလုံး အလေးသာသွားရင်ရော ဟုတ်ကဲ့ ဒီမိုကရေစီ စံနစ်ကို ဆရာသမားတို့ပဲ သိမှာပါ။ တစ်ဖက်တည်း အလေးသာမှု ဆိုတာ မရှိနိုင်ပါဘူး။ ထားကြပါအုံးစို့။



နောက် နိုင်ငံ တိုးတက်လိုမှု အတွက်။ နိုင်ငံကို တည်ဆောက်မှာလား။ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး ဆိုတာ ကို တတွတ်တွတ် အော်နေမှာလား။ ဘာလုပ်ချင်တာလဲ။ ဟုတ်ပြီ ကျွန်တော်တို့က နိုင်ငံ တည်ဆောက်မှု ကို အရေး မစိုက်ပါဘူး ၊ လူ ဆိုတာ လူ့အခွင့်အရေး အပြည့်ရမှပေါ့ ၊ ဒါမှမဟုတ် ဒီမိုကရေစီ အရေးပါ ပေါ့ ဒီမိုကရေစီ အပြည့်ရမှပေါ့ စသဖြင့်။ ဒါဆိုရင်လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေ ၊ ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေလုပ်ကြပါ။ နိုင်ငံတည်ဆောက်မှု နဲ့ အဲ့အရေးတွေ ရောမချပါနဲ့။ မတူပါဘူး။ ဥပမာ ကျွန်တော့်အမြင်အရဆို ဒေါ်စု ဟာ ဒီမိုကရေစီ ခေါင်းဆောင်လို့ ခေါ်မယ်ဆို လက်ခံလို့ရသေးတယ် နိုင်ငံရေးခေါင်းဆောင် တော့ မဟုတ်ဘူး။ ထားတော့ ဒါ က လူတွေနဲ့ ရန်ဖြစ်မယ့် ကိစ္စ။ အဲသလို ဒီမိုကရေစီ ရမှ ၊ ကိုယ့်ကြမ္မာ ကိုယ်စီရင် ပိုင်ခွင့် တွေ လိုချင်နေကြပါတယ် ဆိုတဲ့ ကျွန်တော်တို့ ပြည်သူတွေ ၊ အဲ နည်းနည်း အဆင့်မြင့်သွားပြီ ၊ လူတွေ ကိုယ်လုပ်ချင်တာတောင် ကိုယ်ဖြစ်ချင်တာတောင် မသိဘဲ ပေါ်ပင် လိုက်လုပ်တဲ့လူ ကိုးဆယ်ရာခိုင်းနှုန်းလောက် ရှိတဲ့ ပြည်သူတွေက ကိုယ့်ကြမ္မာ ကိုယ် စီရင် ချင်တယ်လာပြော နေကြတာတော့။ ဟဲ ဟဲ။( လူတွေ ရဲ့ လိုအင်ဆန္ဒ တောင်း ဆိုမှု ရဲ့ အဆင့်လိုက်ကို လေ့လာကြည့်ပါ။)



ကိုယ် လိုချင်တာ ဘာမှန်း ရှင်းရှင်း သိပါစေ။ နိုင်ငံ တည်ဆောင်ချင်တာလား လူ့အခွင့်အရေးလှုပ်ရှား ချင်တာလား ။ ဒီမိုကရေစီ တင်းပြည့်ကျပ်ပြည့် နိုင်ငံတွေတောင်မှ ခု ထိ လူ့အခွင့်အရေး လှုပ်ရှားတဲ့လူ တွေ ဒီမိုကရေစီ လှုပ်ရှားတဲ့လူတွေရှိနေတုန်း။ ပြောချင်တာက ဖင်နိုင်မှ ပဲကြီးဟင်း စားလို့ကောင်းတာဆိုတာလိုမျိုးပေါ့။



မတရား တာ တရားတာ ပြောမယ်ပြောကြမယ်။ တရားမှု ဆိုတာ ပန်း ပွင့်လေးတွေလိုပါပဲ။ ပွင့်တုန်း ကြွေတုန်း ခဏသာ မွှေးတာပါ။ နောက်တော့လည်း လွှင့်ပစ်ရတာပါပဲဗျာ။ ဒါတွေ ဆက်ပြောနေရင် လမ်းလွဲ ကုန်မယ်။ ထားလိုက်ပါစို့ အုံး နောက်တစ်ခါ။



ဘုရားပြီးရင် ငြမ်းဖျက်ရပါတယ်။ စတေးသင့်တဲ့အရာ စတေး ရပါတယ်။

ဒါက နိုင်ငံတည်ဆောက်မယ်ဆိုတော့ ကာ.......



ခု ကျွန်တော်တို့ မြန်မာပြည်မှာ ကျတော့ အင်အားစု တစ်စု တည်းကိုပဲ ပေါ်ပင် သဘောမျိုး အုပ်လိုက်သွားနေကြတာမျိုး တွေ့နေရတယ်။ နောက်တော့ ဒီလိုပဲ ဒီ ပင်မရေစီးကို ဆန့်ကျင်တဲ့လူတွေအချို့တွေ့လာရတယ်။ အချို့ကတော့ ဒါ ရီဘယ်လ် ဆန်ဆန် စိတ်ဓာတ်မျိုးရှိတဲ့လူတွေတဲ့။ ကျွန်တော်ကတော့ ဒါ ဒီမိုကရေစီ ရဲ့ အစ လို့ပဲထင်တယ်။ ရှိသင့်တယ်။ ရှိကို ရှိရမယ်ပေါ့ဗျာ။ ဟုတ်ကဲ့ ခင်ဗျားတို့ လိုချင်နေတဲ့ ဒီမိုကရေစီ နဲ့ နိုင်ငံ တိုးတက်ဖို့ ဆိုရင် အဓိက အင်အားစု ၂ ခု လိုပါတယ်။ ပင်မရေစီး ရှိရင် ပင်မရေးစီးကို ခွဲထွက်တဲ့ ရေစီး ရှိရပါတယ်။ ဒါမှသာ နိုင်ငံကိုကောင်းကောင်းတည်ဆောက်နိုင်ပါတယ်။ ဒါကို ဒီမိုကရေစီ တစီစီ နေကြတဲ့လူတွေကော သိပါရဲ့လား။ ဒီမိုကရေစီ ဆိုတာ ရော့ဆို ဟုန်းကနဲ ဒိုင်းကနဲ ဒီမိုကရေစီ ရသွားလို့ ငါတို့နိုင်ငံကြီးတော့ အောင်မြင်သွားပြီ ဆိုမလား။ ဟုတ်တယ် ဒီမိုကရေစီ တော့ ရသွားပြီ။ ဗိုလ်ချုပ်အောင်ဆန်းပြောသလို ဖာသည်စိတ်ဓာတ်တွေနဲ့ဆို ဖာတိုင်းပြည်ပဲဖြစ်မှာပါ။ ဖာသည် စိတ်ဓာတ်ပဲရှိတဲ့ တိုင်းပြည်မှာ ဒီမိုကရေစီ ရသွားရင် ဖာတိုင်းပြည် ပဲဖြစ်မှာပါ။ ဘာတွေလိုအပ်မလဲ တွေးဖို့ လိုပါတယ် လိုအပ်တာ လုပ်ဖို့လိုပါတယ်။ ဟေ့ ငါတို့ လိုချင်တာတော့ မရဘူး တိုက်ကြကွာ လုပ်ကြကွာ ချကြကွာ လို့အော်နေရုံနဲ့ ဘာမှ ဖြစ်မလာပါဘူး ။ တကယ် ဖြစ်ချင်ရင် လုပ်လို့ရမယ့်အရာကို တကယ်လုပ်ဖို့လိုပါတယ်။ တကယ်လိုအပ်မယ့် အရာကို သိဖို့လိုပါတယ်။ ဟေ့ ငါ အာဏာ မရမချင်း ဒီမိုကရေစီ မစစ်ဘူး ၊ မလွတ်လပ်ဘူး မတရားဘူး အော်နေလို့မရပါဘူး။ တကယ်လုပ်လို့မရဘူး မပြောပါနဲ့။ လူ့အခွင့်အရေး မရဘူး မပြောပါနဲ့။ လူ့အခွင့်အရေးဆိုတာ သူများဆီက တောင်းရတာမျိုးမဟုတ်ပါဘူး။ သူများပေးမှ ရလာတဲ့ အရာဟာ လူ့လွတ်လပ်မှု မဟုတ်ပါဘူး။ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် လွတ်လပ်နေရတာမျိုးသာ လူ့လွတ်လပ်ခွင့်ပါ။ ခုတော့ ဆယ်တန်းအောင်ရင်တောင် ပေါ်ပင်ဖြစ်တဲ့ မိဘဖြစ်စေချင်တိုင်း ဖြစ်တဲ့ လိုင်းမျိုး ရှင်သန်မှုမျိုးကို ရွေး နေကြတဲ့ လူ အများစု ရှိတဲ့ နိုင်ငံ ကို ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ပေး စေ ချင်ကြတယ်ဆိုတော့ တဆိတ်လောက် စဉ်းစား ကြည့်ကြ စေချင်ပါတယ်။ လွတ်လွတ်လပ်လပ် လွတ်လပ်ကြည့်ကြပါ။ ကိုယ် အသိဥာဏ် နဲ့ကိုယ် တစ်ခါလောက် လွတ်လပ်ကြည့်ပါ။ တွေးကြည့်ပါ။ လွတ်လပ်တဲ့ လူ ဖြစ်ချင် ရင် လွတ်လပ်တဲ့ စံနစ်ကို လိုချင်ရင် ကိုယ် ကိုယ်တိုင် အရင် လွတ်မြောက်နိုင်ဖို့လိုပါတယ်။ အဖွဲ့အစည်း တစ်ခုရဲ့ တစ်ယူနစ်ချင်း စီက တကယ် လွတ်လပ်ရင် တကယ်လွတ်လပ် မှု ရှိတဲ့ နိုင်ငံကို တည်ဆောက် နိုင်မှာပါ။ နို့မို ဆိုရင်တော့ သူလည်း ရှေ့မတိုးနိုင် ကိုယ်လည်း ရှေ့မတိုးနိုင် နိုင်ငံ လည်း ဖာနိုင်ငံ ပဲဖြစ်မှာပါ။ တွေးကြည့်ကြပါအုံး။ ခု နိုင်ငံရေး လုပ်နေတယ်ဆိုတဲ့လူတွေလည်း တစ်ချက်လောက် ပြန်တွေး ကြည့်ကြပါအုံးလို့။ ကျွန်တော် အယူလွဲ နေတာလည်း ဖြစ်ချင်ဖြစ်မှာပါ။ထောက်ပြ ပေးကြပါ။



ကျွန်တော် နိုင်ငံရေး အကြောင်းလည်း သိပ်စိတ်မ၀င်စားပါဘူး။ လုပ်လည်း မလုပ်လိုပါဘူး။ ကိုယ်ဖြစ်ချင်တာကို လွတ်လွတ်လပ်လပ်လုပ်နေချင်တဲ့ လူပါ။ နိုင်ငံငေးသမား သက်သက်ပါ။ ဒါပေမဲ့ နိုင်ငံရေး ဟာ လူတိုင်းနဲု့ဆိုင်တယ်ဆိုတဲ့ စကား အတိုင်းဆိုရင်တော့လည်း ကျွန်တော်မြင်သမျှကို ကျွန်တော် တင်ပြကြည့်တာပါ။ ကျွန်တော့် လွတ်လပ်ခွင့်။ အပြောများနေကြတဲ့ လူ့အခွင့်အရေးပေါ့။ ကျေးဇူးတင်ပါတယ်။



နန္ဒမင်းခေါင်

No comments:

Post a Comment