Popular Posts

Showing posts with label စကားစမြည်. Show all posts
Showing posts with label စကားစမြည်. Show all posts

Tuesday, October 19, 2010

ဟိုဟို ဒီဒီ မှ ဒီဒီ ဟိုဟို အသံငါး ကြားတယ် ရထား မောင်ချောနွယ် ဆုံးတာကြာပြီ

ဟိုနေ့က ဟီရာအက်ချီ ပြောမယ်ဆိုတာက နေ ဒီရောက်သွားပါတယ် ဒီ အကို နဲ့ ဟိုဟို ဒီဒီ ပါ
ဒီဒီ ဟိုဟိုလည်း ဖြစ်မှာပေါ့ ဖတ်လိုက်ပါအုံး ဖောထားတာ တွေပါ မရှောခင်တော့ ဖောနေရအုံးမှာမလား
သိပ်မသိတဲ့အကြောင်းများ မာစီးဒီး မစီးနိုင်လဲ မာစီးဒီး အကြောင်းတော့ ပြောလို့ရတယ်ထင်လို့
မဟုတ်တော့လဲ အရာမျှပေါ့ ..............

me: အနုပညာ ဆိုတာ ဘာလို့ ပါလာတယ်လို့ထင်လဲ
ဆင့်ကဲဖြစ်စဉ်မှာ

T: ထမင်းဝ တော့ ဟိုလုပ် ဒီလုပ်

me: လုပ်စရာမရှိတော့ ဟို တီး ဒီ တီး ဟို ဆွဲ ဒီ ဆွဲ ဟို ရေး ဒီ ရေး
ဟိုဟို ဒီဒီ
ပေါ့

t: မှန်ပါ့

me: အထူးသဖြင့် ရှော့တွေပေါ့
လူတွေရဲ့ နဗ်ကြောတွေကို လှုပ်ခါသွားစေတဲ့ ရှော့တွေ
ဒါတွေကို လူတွေ တမ်းတ ကြလို့များလား
ဥပမာ.. ဂီတသံ ကိုရှု

t: ဟုတ်သလား
ဘာတဲ့ ဗေထိုဗင်တဲ့လား

me: ဗေထိုမဗင် သေးနဲ့အုံး
ဗုံ သံ ကို စ ကြတာပေါ့
ဒီ ချာချာချာ တို့ ဒူချပ်ဒူချပ်တို့ ဘုံ ဘုံ ဘုံ တို့ ဗိန်ဗောင် ဗိန်ဗောင် တို့
ဒီအသံတွေဟာ လူတွေကို တစ်မျိုးမျိုး နဲ့ ရူးသွပ်သွားစေသလားလို့

t: ဒီအသံကြား ဒီလိုလှုပ် ဆိုပြီး
ဦးဏှောက်ဆေးခဲ့ကြလေတော့

me: ဒါဆို အကုန်လုံးဟာ အကျင့်လုပ် ဖန်တီးခဲ့ရာမှာ
ပြန်လည် အပြုကျင့်ခံရတာပေါ့

t: အခြားတဖက်က တွေးကြည့်တာပါ

me: ဒါပေမယ့် ဂီတ ဆိုတာ လူ တွေရဲ့ natural frequency ဆိုတာ ကြားဖူးသလားလို့

t: ပြောနိုင်ပါတယ်။ လူတိုင်းက သီချင်းကြိုက်ကြသကိုး

me: ဂီတ က တခြား နယ် တခု ကို လူတွေကိုခေါ်ဆောင်သွား နိုင်တယ်
ဒါကြောင့်လူတွေ ဂီတ ကြိုက်ကြပုံရှိတယ်

t: လူဆိုတာ သူ့အဖြစ်ကနေ အခြားကို အမြဲသွားလိုနေတာပဲ
အကြာကြီးတော့လည်း မနေချင်ပြန်ဘူး

me: နေလို့မှမရတာ ဗျ
ဟုတ်ပြီ ဗျာ ဂီတ ရဲ့ မှာ သူ့ရဲ့ မှန်ကန်တဲ့ frequency တွေ ဖွဲ့စည်းပုံတွေ နဲ့ လူတွေ ကို ဆွဲဆောင်တယ်
ဒါဆို ကဗျာတွေ စာပေ တွေကရော

t: ကြောင်ရေချိုး ကြောင်ရေချိုး

me: ဒါဆို ဆယ်မြူရယ် ဘက်ကက်ရဲ့
ပျင်းစရာ လူ့ဘ၀ ကြီးမှာ ငြီးငွေ့စွာပဲ တီးခတ်နေကြတယ်ပေါ့

t: သူလည်း ဒီ ပျင်းစရာကြီးကိုပဲ မပျင်းမရိ ရေးဖွဲ့သွားလေရဲ့

me: ပျင်းရိတဲ့ တေးသွားကို ငြီးငွေ့စွာတီးခတ်တယ်
ဒါဆို ပျင်းစရာလောကမှာ စံနစ်ကျစွာ ပုံစံခွက်ထဲမှာ တီးခတ်နေကြတဲ့လူတွေက
သူတို့ ရဲ့ ပုံစံ ခွက် ကို မမြင်ကြတာ က ရော

t: ပုံစံခွက်ကိုလည်း မြင်တယ်
ပုံစံခွက်ကလည်း ထွက်ချင်တယ်
ဒါပေသိ ပုံစံခွက်ထဲမှာ ပျော်နေသေးတယ်
ဒါပါပဲ တကယ် ထွက်ချင်ရင် အလွယ်ကလေး ဟေးဟေး

me: မာ ရီ ယာ
မာ ရီ ယာ
ဘုန်းကြီး တစ်ယောက် ဟောတာ ကြားဖူးတယ်

t: ဘာ ဟော
စီးတီးဟော

me: ပြောပြမယ် ...
သူက ဟဲမင်းဝေး ရဲ့ တံငါသည်အဖိုးကြီး ဇာတ်လမ်းကို အသုံးပြုပြီး ဗုဒ္ဒဘာသာ ရဲ့ အမြင်နဲ့ ဟဲမင်းဝေးရဲ့အမြင်တူညီပုံ ကို ပြောတယ်
နောက်မှာ ဘာပြောသလဲ ဆိုတော့
လောကမှာ လူဖြစ်လာရကတည်းက ဒုက္ခ တဲ့
ဒါကို ဦးဟဲမင်းဝေး လည်း အရှင် ဂေါတမ လိုမြင်တယ်တဲ့
ဒါပေမယ့် အရှင်ဂေါတမ က ဗုဒ္ဒဘာသာ မှာ ဒုက္ခရဲ့လွတ်ရာလမ်းကို ဟောသွားတယ်
ဗုဒ္ဒဘာသာ မဟုတ်တဲ့သူတွေက ဒုက္ခရဲ့လွတ်ရာလမ်းကိုမမြင်တော့
ကိုယ့်ကိုကိုယ်ပဲ နောက်ဆုံးသတ်သေသွားကြတယ်တဲ့
ဒီ့အပေါ် အကို့ ပြော ပေးပါအုံး

t: :)
အဟမ်း အဟမ်း
ဒီကိစဿစတွေကို သိပ် မပြောလိုပါဘူး။ ကိုယ် က သူတို့လောက် အဆင့်မရှိဘဲ ဆိုတော့ သူတို့အဆင့်ကို တက်ပြောရတာ အဆင်မပြေဘူး

me: ဒါဆို လူတစ်ယောက်ဟာ ပိုက်ဆံမရှိဘဲနဲ့ အောချက် က စင်တာတွေဘက်ကို သွား ငေး တာ ပြသာနာပဲလို့ ပြောသလိုများဖြစ်နေမလား

t: အဲ့လိုတော့ ဆွဲချက် မချစေလိုပါဘူး
ဒါတွေက case by case တွေကိုး

me: ဟဲ ဟဲ ဟဲ
ဒါက သက်သက်ရှောင် တာ ပါဗျာ
မသိခက်မယ်

t: ကဲဗျာ.. ပြန်စပေးမယ်
သတ်သေတဲ့ကိစဿစ

me: ဟုတ်ပြီ
တာဝန် ယူ သတ်သေသွားတဲ့လူတွေ ကို မပြောဘူး
မာယာကော့ခ်စကီး မြို့မငြိမ်း ချိုင်ကော့စကီး ဟဲမင်းဝေး
ဆဲဗီယာပလပ် ဒါဇိုင်း
ကက်ကိုဘိန်း
ကိုယ့်ဘာသာ စ ဖျက်ချခဲ့တဲ့ ဗီသိုဗင်
ဒီလူတွေ အောင်မြင်တာ မခံနိုင်လို့လို့ ငယ်ငယ်ထင် ခဲ့ကြတယ်
တကယ်တမ်းကြတော့

t: တကယ်တမ်းကြတော့...

me: တကယ်တမ်းကြတော့
လူ့ဘ၀ရဲ့ ဒုက္ခ လိမ်ညာမှု တွေကြားမှာ သိပ်မြင့်မြတ်ချင် သိပ်လွတ်မြောက်ချင်ကြလွန်းလို့
ုဖြစ်သွားတယ်လို့ ဆိုလို့ရမလား
မာ ယာ ပေါ့ဗျာ
အဲဒီ မာ ယာ လှလှပပ နှိပ်စက်ခဲ့တာလေလား

t: သူတို့ထင် တွေး မျှော်လင့်ခဲ့တာနဲ့
ထပ်တူဖြစ်မလာနိုင်တဲ့အခါ၊ ဖြစ်မလာတော့တဲ့အခါ၊
ဘယ်သူမှ မလာတော့ ကိုယ်တိုင်ပဲ သွားလိုက်တာပေါ့

me: သိပ်ကြောက်စရာကောင်းတဲ့ ကဗျာစာသား
သူတို့တွေကိုကြည့်လိုက်တဲ့အခါမှာ
အနုပညာရှင်တွေပဲဖြစ်နေတာ တွေ့ရတယ်
ဘာဖြစ်လို့များ..............
အနုပညာဆိုတာ အဆိပ်လားဗျ
သိပ်လက်ယဉ်တဲ့အဆိပ်
စွဲပါများရင် သေတတ်တယ်
ဆိုလို့ရပါ့မလား

t: ယူသော်ရ၏ ပေါ့
ပေါ့ပေါ့ ပါးပါး ပေါ့ဗျာ
joker ပြောသလို why so serious?
:)

me: ဒါပေါ့
မော်ဒန် ခေတ် ကြီးရဲ့အပြင်းအထန် အယူဝါဒ ကြီးက
တဖြည်းဖြည်း တိုက်စားခံနေရပြီ
ဒီ ခေတ်ကို ပေါ့ ခေတ်လို့ ပြောလို့ ရသလောကိုဖြစ်နေတာ
အာရှမှာဆို ကိုရီးယားပေါ့ အနောက်မှာဆို ပေါ့အတ် လေဒီဂဂ တို့ ရဲ့ ပေါ့ ရော့
စတာတွေ ဟာ တမဟုတ်ချင်း တက်လာတာတွေ့ရတယ်

t: :)
အရောင်စုံစုံလေးတွေ လှတပတလေးတွေ
ကောင်းဖူးလား

me: ကောင်းတာပေါ့ဗျ
ဒါပေမယ့် ကျန်တဲ့လူတွေကလည်း အရှိန်ကြီးနဲ့ကျန်ခဲ့ကြတယ်

t: ဒို့ကတော့ အေးဆေး

me: ဒါပေမဲ့ ဒါဟာ သိပ်လှတဲ့ ပေါ့အတ်
လူတိုင်း ဟာ အမျိုးမျိုး နဲ့ အတ် ကို ခံစားနေကြတယ်
အေသင်ချိုဆွေ ... ထက်ထက်မိုးဦး ကော်ပီ သီချင်းများ
စတာတွေရဲ့အရသာ နဲ့ နေတဲ့လူတွေရှိသလို
ပိုပို ခင်မောင်ရင် မောင်ချောနွယ် အောင်ချိမ့် ဇေယျာလင်း စသဖြင့် အကုန်လုံးဟာ၏
သူ့နည်းနဲ့ သူ အနုပညာကို ခံစားနေကြတယ်
ဒီတော့ ဒီခေတ်မှာ စံတွေ အကုန်ပျက်ကုန်တယ်ဗျ
ဒါဟာ တက်ကနိုလောဂျီ လှိုင်းကြောင့်လား

t: ပျက် ချိန် တန် လို့ ပျက် တာ

me: အနုပညာ ဆိုတာ စားမရဘူး သုံးမရဘူး အလကား ပါ
ဖြေ ပျော် ရုံ သက် သက်
ဖြေဖျော် ရုံ သက်သက်

t: ဟင့်အင်း
နေ ပျော် ရုံ သက်သက်
ဒီစာအုပ်လေး ဖတ်လိုက်ရမှ
ဒီသီချင်းလေး နားထောင်လိုက်ရမှ
ဒီ ပန်းချီကားလေး ဆွဲလိုက်ရမှ
ငါ ကဗျာ ရေးမှ
ကဗျာမှထွက်မလာရင်
အသက်ရှင်ခြင်းတရားကို
ငါသတ်မိလိမ့်မယ်။
(ဖော်ဝေး)
ဆရာလေး

me: အိပ်တော့မှာလား

t: ခွင့်ပြုဗျာ ရေချိုး မိုးချိုးလေး
ဟုတ်ကဲ့
ကျနော်တော့ ဖော ရှော လုပ်လိုက်ရလို့ နေပျော်သွားပြီ
နောက်တနေ့ နေဖို့ အိပ်လိုက်ဦးမယ်

me: ဟုတ်ပြီဗျာ

t: တာ့တာဗျား
တွေ့သေးတာပေါ့။

တွေ့ စရာရှိတဲ့လောကကြီး က တွေ့ ကြ အုံးမှာပါ။

Thursday, October 14, 2010

ဂျူး စပ်မိစပ်ရာ ဂျူး ဂျူး ဂျူး

ဂျူး ဆိုတာ ကျွန်တော်တို့ တန်း မှာ လုံးဝ မသိမဖြစ် တဲ့ စာရေးဆရာမ တစ်ပါး ကဲ သူ့အကြောင်းလေး ကို စပ်မိစပ်ရာ လေပစ်ခဲ့ကြပုံ က

me:ခင်ဗျား က ဂျူး ပေ့ ကို တည်ထောင်သူတစ်ယောက်အနေနဲ့
ဂျူး စာအုပ်တွေ ကို ဘယ်အချိန်က စဖတ်ဖြစ်ခဲ့တာလဲ

20: ကျတော် ဆယ်တန်းပြီးမှခင်ဗျ

me: ပထမဆုံး ဂျူးစစ် စစ် ကို စတွေ့ခဲ့တာလား
ဒါမှမဟုတ် ဒုတိယအကြိမ် တတိယအကြိမ်လောက်မှ
စတွေ့တာလား။

20: ကျတော် ချစ်သူလား စကားတစ်ပွင့်ပွင့်ခဲ့တယ် ကိုဖတ်ပြီး ဂျူးကို ပက်ပက်စက်စက် ဆဲခဲ့ဖူးပါတယ်
(အဲ့တုန်းက ကျတော် ၁၆ နှစ်သားကို သတိချပ်)
me: ဟုတ်ပြီ အဲ့ ၀တ္တု ထဲက ဇာတ်ကောင်ဟာ
ခွန်သာပေါ့ဗျာ ပြောရမယ်ဆို သူ့ကို အမျိုးမျိုး ယူ နေကြတာ တွေ့တယ်

20: အမှန်ပဲခင်ဗျ

me: ကျွန်တော်အနေနဲ့ ဒါ သက်သက် ထင်အောင်လုပ်ထားတာလို့ ယူဆတယ်
ခင်ဗျားအနေနဲ့ကကော

20: ဒါ မေးနေစရာမလိုဘူးဗျ
ကျတော် ၁၆ နှစ်သားတုန်းက သူဖန်တီးထားတဲ့ဇတ်ကောင်ကို သူမနိုင်တော့လို့ အူကြောင်ကြောင်နဲ့ အဖြေတစ်ခုမပေးဘဲ သိမ်းပစ်ခဲ့တာလို့ ထင်ခဲ့ဖူးတာပေါ့
ခုမှ သူတမင်လုပ်မှန်းသိတယ်ဗျာ့

me: ဂျူး လို့ စသိရင် အမှတ်တရ ကတော့ ပြောစမှတ်ပဲဗျနော်
ဂျူးရဲ့မော်ဒန် အဆန်ဆုံးလို့ တော်တော်များများ ယူဆကြတယ်
ခင်ဗျား အနေနဲ့ရော

20: အမှတ်တရကတော့ ပရိသတ်အများစုအတွက် အမှတ်တရပါပဲ
ကျတော်က တော့ မပါဘူးခင်ဗျ
အမှတ်တရက အဲ့လောက်ကြီးလည်း မဟုတ်လှပါဘူး
အမှတ်တရထက်သာတာတွေ အများကြီးပါ

me: ဂျူး ဟာ တစ်ချို့ ၀တ္တုတွေမှာ ဇာတ်လမ်းဖန်တီးမှု ကို အားကိုးလွန်းတယ်လို့မထင်ဘူးလား

20: ဟာ
ခင်ဗျား သေချာမှဖတ်ရဲ့ လားဗျ
ဂျူး ဟာ ဇာတ်လမ်းကို လုံးဝလျစ်လျူရှုတတ်တဲ့သူခင်ဗျ
သူက ဇာတ်ကောင်တွေကိုဖန်တီးပြီး
သူတို့လှုပ်ရှားတာကိုပဲ ရေးသွားတာ

me: တခါတလေ လှုပ်ရှားမှုတွေဟာ တိုက်ဆိုင်လွန်းမနေလွန်းဘူးလားဗျာ

20: ဥပမာအားဖြင့် ........

me: မင့် ဥပမာ ကလည်း

20: ဂျူး ၀ထ္ထုတွေထဲမှာ ဇာတ်အိမ်ကောင်းပါတယ် ခိုင်ခံ့ပါတယ်ဆိုတာ
ပင်လယ်နဲ့တူသော မိန်းမများ နဲ့ ကြေမွသွားသော တိမ်တိုက်များအကြောင်းလောက်ပဲခင်ဗျ

me: ဒီဝတ္တု ၂ ပုဒ်ကိုတော့ ကျွန်တော် လုံးဝမကြိုက်ဘူးဗျ
ဂျူးကို ၀တ္တုတို ပိုကြိုက်တယ်
ဝတ္တုတိုမှာ ဂျူး ရဲ့ အမှန်ကို ပိုမြင်ရတယ်လို့ထင်တယ်

20: လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်ခင်ဗျာ
တခါတလေမှာ ၀ထ္ထုတိုတွေက ပိုပြီးတာသွားတာတွေ ရှိတတ်ပါတယ်
ကျတော် ဖတ်တာက ဂျူးကို ရှာဖွေတာ မဟုတ်ဘဲ
ဂျူး ပေးသွားတဲ့ ရသ တစ်ခုခုနောက်ကို လိုက်နေတာပါ
အကိုက ဂျူး ကိုရှာချင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့

me: ဒါဆို ဂျူး ၀တ္တု ဟာ ရသ အမျိုးမျိုး ပေးနိုင်တယ်လို့ဆိုနိုင်မလား

20: ဂျူးက ရယ်စရာနဲ့ ကြောက်စရာ မရေးဘူးဗျ
ခုခေတ် သရဲဝထ္ထုတွေလိုမျိုးပေါ့
တချို့ က ရယ်စရာ
တချို့ က ကြောက်စရာ

me: လူတော်တော်များများက ဂျူး ပေးတဲ့ရသ ထက် ဂျူး ရဲ့ဇာတ်ကောင်တွေကို
ပို စွဲလန်းကြတာတွေ့ရတယ်
ဘာလို့လို့ခင်ဗျားထင်လဲ

20: စွဲလမ်းစရာကောင်းလို့ ပေါ့
ဒါက အရိုးရှင်းဆုံးဖြေတာ
ဇာတ်ကောင်တွေဟာ စွဲလမ်းစရာကောင်းတယ်

me: ကျွန်တော့်အမြင်နဲ့ပြောရရင်
နဂိုရှိနေတဲ့ မြန်မာ့လူနေမှု အဖွဲ့အစည်း ကနေ ကင်းကွာနေတဲ့ ဇာတ်ကောင်တွေ

20: မှန်သင့်သလောက်မှန်ပါတယ်
ဒါပေမယ့် အားလုံးမဟုတ်ဘူး
အများစုလို့ကိုပြောလို့မရပါဘူး
မြန်မာအမျိုးသမီးထုကို ကိုယ်စားပြုတဲ့ ဇာတ်ကောင်တွေက ပိုများတယ်လို့ ကျတော်ထင်မိပါတယ်

me: ကိုယ်စားပြုတာ မှန်ပါတယ် တွေးပုံတွေးနည်း စဉ်းစားပုံစဉ်းစားနည်းမျိုး တွေဟာ
သူဝတ္တု ထွက်တဲ့အချိန်မှာတော့ လုံးဝ မရှိသေးတဲ့ပြင်ပဘ၀ကလူပါ
နောက်မှ အဲ့ဇာတ်ကောင်တွေက လူတော်တော်များများ အားကျ လိုက်ကျင့်ကြံတဲ့အထိ လွှမ်းမိုးနိုင်တာတွေ့ရတယ်
ဒီအပေါ် ခင်ဗျားအမြင်ပြောဗျာ
ကျွန်တော်လည်းသိပ်မမေးတတ်ဘူး

20: လုံးဝ မရှိဘူးလို့တော့ ပြောလို့မရဘူးဗျ

me: ဟုတ်

20: ထပ်တူညီတဲ့သူမရှိဘူးလို့ ပြောရမယ်ထင်တယ်
ဒါပေမယ့် အဲ့လိုဇာတ်ကောင် အတွေးတော်တော်များများကို ခုခေတ် generation မှာကျတော်တို့ တွေ့ရပါတယ်
ပြီးတော့ စွဲလမ်းတယ်ဆိုတာက ဇာတ်ကောင်တွေဟာ
ထူးခြားမှုရှိရမယ်
သူတို့ထူးခြားတာက အတွေးအခေါ်ပိုင်းပေါ့လေ

me: အင်း

20: ဇာတ်ကောင်တွေရဲ့  အတွေးတွေ၊ ဘ၀နေထိုင်မှုစရိုက်တွေဟာ တော်တော်လေးကို လွှမ်းမိုးလာတာ တွေ့နိုင်တယ်

me: တချို့ဆို အိုက်ဒယ် တွေတောင်ဖြစ်နေတာမျိုးဗျ
ဂျူး ကအဲလို မရည်ရွယ်ခဲ့တာတော့အသေအချာပဲ
ဒါပေမယ့် ဖြစ်လာတယ်ဗျာ
တောင်းဆိုလာလို့ လို့ ဆိုလို့ရမလား

20: ခေတ် လို့ပဲ ကျတော်ထင်ပါတယ်
အိုက်ဒယ်ဖြစ်တယ်ဆိုကတည်းက ကြိုက်မှ
ဘာလို့ကြိုက်သလဲဆိုတော့ တူလို့ပေါ့
လူတွေဟာ သူတို့နဲ့တူလို့ ကြိုက်ကြတာချည်းပဲ
ကြိုက်လို့ တူချင်လာတာလည်း ရှိတယ်
ဂျူးကြောင့် လို့ပြောလို့မရပါဘူး

me: ကျွန်တော်အထင် သွားစရာလမ်း အသစ်တခုကိုတွေ့သွားလို့များလား

20: အမှန်ပါပဲ
လမ်းက အသစ်မဟုတ်ပါဘူး
ရှိပြီးသားလမ်းကို ဂျူးက အရင်သွားပြခဲ့တယ်ပြောရမလား
ဂျူးထက်အရင်တောင် ကြည်အေးက သွားခဲ့သေးတာပဲ

me: ကြည်အေး က ပြင်းထန်လွန်းတယ်မထင်ဘူးလားဗျ

20: လက်ခံပါတယ်
ကြည်အေးကတော့ ရှာမှရှားပါပဲ

me: ဒီတော့ အပျော့သွင်း က ပို ပေါက်သွားတယ်ဆိုရမှာပေါ့
ခိခိခိခိ

20: ဒါက ခေတ်ကို ပြန်ကြည့်ရဦးမယ်ဗျ
ကြည်အေး ခေတ်က လူငယ်တွေက
ဂျူး ခေတ်ရဲ့  လူကြီးတွေကိုး

me: ဒါပေမယ့် ဂျူး ကို ပဲ လူတိုင်း ယူပုံက ကွာကြတယ်ဗျ
အသက်အရွယ်ကွာတာနဲ့မျှ ယူ ပုံ ယူနည်းကွာနေကြတယ်

20: ကျတော်တို့က လူသားတွေပဲဗျ
ခံယူချက် အမျိုးမျိုးနဲ့ပါပဲ
ခင်ဗျားနဲ့ ကျတော် အသက်ချင်းတူတူတောင်
ယုံကြည်ချက် ကွဲလွဲတာလေးတွေရှိကောင်းရှိမယ်
ထုံးစံပါပဲ

me: ဒါကတော့ လက်ဖြန့်ထားရမယ့် ခေတ်ရောက်ပြီကိုး
ခုနောက်ပိုင်းဂျူးအကြောင်းပြောကြတာပေါ့ဗျာ
ဂျူးက ခုနောက်ပိုင်း သူ့ဝတ္တုတွေဟာ ပရဟိတ ပုံမျိုး ပိုပေါက်နေသလားလို့

20: နောက်ပိုင်းဂျူးကို ကျတော် မကြိုက်တာ အမှန်ပဲ

me: ဒါပေမယ့် လူကြီးပိုင်းတော်တော်များများက ကြိုဆိုကြတာ ...

20: ဂျူးက ကျတော်တစ်ယောက်တည်းဖတ်ဖို့ရေးတာ မဟုတ်တော့ အခက်သားကလား
သူ့အသက်အရွယ်အရ သူ့ယုံကြည့်ချက်တစ်ခု ပြောင်းသွားတယ်
ရိုင်းရိုင်းပြောမယ်
သူမသေခင် တစ်ခုခုလုပ်ပေးချင်ခဲ့ပုံရတယ်
ခက်တာက ရသ တွေမချန်ခဲ့ပဲ
ပညာပိုင်းတွေ ၊ ပတ်ဝန်းကျင်ဆိုင်ရာတွေဖြစ်လာတယ်
လူငယ်အားမာန်ဘာဘာညာညာ ဖြစ်လာတယ်

me: ကျွန်တော်ကတော့ အခြေခံကို ပြန်ဆင်းတယ်လို့ထင်တယ်
ရ သ ဆိုတာ အဲ့အခြေ ခံပိုင်းအားကောင်းတဲ့လူတွေမှ ရမယ့်အရာမျိုး
ဆိုတော့ကာ

20: လွဲပြီထင်တယ်ဗျ
ကျတော်ကတော့ ပါရမီပဲ
အခြေခံဆိုတာဘာကိုပြောသလဲ

me: ရ သ ခံစား နိုင်မှု ပညာ အသိ ညာဉ်
တခြားသော ရုပ်ပိုင်းဆိုင်ရာ အကြောင်းအရာများ

20: တကယ်လို့များ ဂျူးဟာ ခင်ဗျားပြောသလိုလုပ်နေတာ ဆိုရင်တော့ အတော့်ကို မိုက်မဲတယ်ပြောရမယ်
ငယ်ငယ်က ခံစားနိုင်မှုကို ပြန်လည်တည်ဆောက်နေတယ်လို့တော့
ကျတော်လုံးဝမထင်တာ အမှန်ပဲ

me: လူတွေ ဟာ အသက်ကြီးလာတာနဲ့အမျှ လှလှ ပပ မိုက်မဲ တတ်ကြတော့ဗျာ
ကျွန်တော်တို့ချစ်တဲ့ ဂျူးလည်း......
ကျွန်တော်ဆိုလိုတာ က .. စာဖတ်သူတွေကို
ခင်ဗျားပြောသလို တခုခု ကျန်ရစ်ခဲ့ချင်တာမျိုးပေါ့ဗျာ
လုပ်သွားချင်တာမျိုးပေါ့

20: ဟုတ်တယ်
ကျတော်ပြောခဲ့တာက သူချန်ရစ်ခဲ့ချင်တဲ့ ယုံကြည်ချက် ပြောင်းသွားတယ်
ဒါကိုပြောတာ
သူ ပညာပေးဆိုင်ရာ သုတစာပေတွေပေးချင်လာတယ်
ဒါကို ရသပိုင်းရေးဖို့ အခြေခံပြန်ဆင်းတာဆိုတာတော့
ကျတော် လက်မခံနိုင်ဘူးဗျ

me: တကယ်လိုအပ်တာ ရသ ပိုင်းမဟုတ်ဘူးလို့ သူခံယူ သွားပုံ ရတယ်လို့
ဆိုလို့ ရနိုင်ပါ့မလား

20: လူတွေက သိရခက်သားလားဗျာ
အတိအကျပြောလို့ မရတာတော့ အမှန်ပဲ
ကျတော်က ထင်တာ ပြောယုံပါပဲ
ရသပိုင်းကို ထားသင့်သလောက်ထားခဲ့ပြီးတာက တစ်ချက်
နောက်တစ်ခုက ဒီလို literal pause ဖြစ်တတ်တဲ့ အရွယ်မှာ
ရသပိုင်းတွေ အားနည်းလာလို့
ဆက်ပြီး မဖန်တီးပဲ လမ်းကြောင်းပြောင်းလိုက်တာ
အမျိုးမျိုးဖြစ်နိုင်တာပဲ

me: မြန်မာပြည်က လူတွေ တော်တော်များများက ရသ ခံစားနိုင်ဖို့ ကိုယ်ခံအား နည်းလာတာ ရိပ်မိသွားလို့များလား

20: ဒီစကားပြောလိုက်တာ ခင်ဗျားတော်တော်ရဲရင့်တာပဲ
သတ္တိကောင်းတယ်ပဲဆိုရမလား
မိုက်မဲတယ်လို့ ပြောရမလား
အဲ့လို ကောက်ချက်ချဖို့ ဟာ မလွယ်လှပါဘူး

me: မိုက်မဲ စွာ သတ္တိကောင်းလိုက်တာလို့ ဆိုလို့ရပါတယ်

20: စာဖတ်ပရိသတ်တွေကို ဒီလိုထင်ရတာက တစ်ဖတ်သတ်ဆန်လွန်းပါတယ်
စာဖတ်သူဆိုတာက စာရေးသူ ရေးတာတွေကိုဖတ်ရတာပါ
ရသပိုင်းရေးတာ နည်းလာရင် ဖတ်တဲ့သူနည်းမှာပဲ
အဓိကက ရေးတဲ့သူတွေ ဒီဘက်ခေတ်မှာ နည်းလာတာ အဓိကလို့ ကျတော်ယူဆပါတယ်

me: ဈေးကွက်စီးပွားရေးမှာ ကမ်စတမ်မာ အဓိက ကျပါတယ်

20: ဒီတိုင်းဆို ပိုပြီး အရေးကြီးလာပြီ
ခင်ဗျား ဆိုလိုရင်းက ဘာကို အပြစ်တင်ချင်နေသလဲ
ဘာကို အားမရဘူးလဲ

me: အကုန်လုံးအားရတယ်

20: မှန်တယ်ဗျာ့
အားမရလည်း ကျတော်ဘာမှမတတ်နိုင်ဘူး
ဘာမှလည်း လုပ်မပေးချင်ဘူး
ကိုယ်ခံစားသလို သူများလိုက်မခံစားရလို့လည်း ဒေါသနမဖြစ်ဘူး
ဂျူးကို မကြိုက်တဲ့လူတွေကို ငပိန်းတွေလို့လဲ ကျတော်မဆဲဘူး
ဒါ ကောင်းပါတယ်

me: ဒါလည်းမကောင်းဘူးဗျ
ဆဲချင်မှတော့ ဆဲရမယ်

20: အမှန်တိုင်းပြောတာ ကျတော်မဆဲချင်ဘူးဗျ
သူကြိုက်တာ သူဖတ်ပါလိမ့်မယ်
ကျတော် ဂျူး ဖတ်တာကိုလည်း လာမဆဲပါနဲ့
ဒါကျတော့် ခံယူချက်ပဲ

me: ခုခေတ်မှာ ဂျူး က ဂျူး ဖြစ်သွားပြီဗျ
ဂျူး မဖတ်တတ်ရင်ပဲလူငယ် မပီတော့ဘူး
ဟေ ဟေ ဟေ ဟေးး
အဲလိုတွေ ကြား နေရတာတွေလေးတွေပါ

kohtet20: ဒါကတော့ ရေစီးပေါ့ဗျာ
ရေစီးမှာ ပေါ်ချင်တဲ့ ပေါ်ပင်တွေပါ
ဘာတတ်နိုင်မှာလဲ
ဖြစ်နေကျပဲ

......................... ဟုတ်ကဲ့ ပါ ဖြစ်နေကျလေးတွေပေါ့ ဗျာ ဖြစ်နေကျလေးတွေပေါ့။

Friday, October 8, 2010

နာမည် ဆိုတာ ဘာလဲ... ကနေ စ အဲ့မှာ ထပ်တွေ့ ရတယ်

လူ လို့ စပြောလိုက်ရင် နာမည် ဆိုတာ နဲ့ စ တပ်ရတော့တာပဲဗျ။ အဖေပေးတဲ့နာမည် ၊ ဟော နာမည် မသိတဲ့လူ ဆိုရင်တောင် ကိုယ့်ဘာသာ စိတ်ထဲမှာ နာမည် ကောက်တပ်ပြီး တေးမှတ်ထား လေ့ရှိတယ် မလား ။ ဘာလို့လဲ နာမည် တခု ဆိုတာ က နေ စလိုက်တာ...

ဒါဆို အပြုံးနဲ့ စ တယ်
း)
N: လောကမှာ လူဖြစ်လာတာနဲ့ နာမည်တခုတော့ ပေး ကြတယ်. အဲ နောက် တခုခု လုပ်မယ်ဆိုလည်း နာမည် တခု တော့ ပေးကြတယ်
အဲတော့ နာမည် တခု ဘာလို့လိုတာလဲဗျ
လုပ်ပါအုံး

T: အမည်နာမ အမှတ်တံဆိပ်များတဲ့
သုခမိန်လှိုင်ရေးတယ်
လိုအပ်လို့ပေါ့
“စကြာဝဠာဈေးကွက်ထဲ
အားလုံးရောင်းစားခံရတဲ့အခါ”
လိုအပ်ပါတယ်

N: ဟုတ်ပြီ အကို လူတစ်ယောက်ကို ဒါဆို မွေး ကတည်းက ဈေးကွက် ထဲ ကို တင်ပို့လိုက်တယ်ပေါ့

T: ကျနော်တို့ကတော့ နောက်ကျတယ်
ဈေးကွက်စနစ်က ၉၆မှ စတာကိုး

N:
ဒါဆို ဒီလို တင်ပို့တဲ့နေရာမှာ ဈေးကွက် တောင်းဆိုမှုအတိုင်း ကိုယ့် ကို ကိုယ် ဖြည့်ဆည်း ရတာလား ဒါမှ မဟုတ် ဈေးကွက် က ပြုပြင်တဲ့အတိုင်း ကိုယ့် ဟာ ပုံစံတကျ ဈေးကွက်ထဲ ၀င်ရောက်လာတာလား ဒါလေး တစ်ချက်လောက်

T: ဈေးကွက်တောင်းဆိုမှုထက်
မူလကို ပြန်သွားပါရစီ
စကြာဝဠာဈေးကွက်ထဲ
အရောင်းစားခံရဖို့အတွက်
း)
ဈေးကွက်တောင်းဆိုမှု၊ ဈေးကွက်က ပြုပြင်မှု
ဒါတွေဟာ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ချောက်တဲ့ အပေါက်
အခုတော့ စနစ်တခုဟာ အသားတကျ
ပင်မရေစီးဟာ အရှိန်ရရ

N: ဟုတ်ပြီ ဟိုတယ်ကာလီဖိုးနီးယားက ကျွန်တော်တို့ဟာ ကျွန်တော့်တို့ ကိုယ်ပိုင် တီထွင်ထားတဲ့အရာတွေရဲ့ ထောင်သားပါပဲ ဆိုသလိုပဲပေါ့

T:း)
ဘာကြောင့်များ အမည်နာမ ကို စိတ်ဝင်စား ပါလိမ့်
ကျနော် မတွေးခဲ့မိပါ။
ကျနော့်မှာ နာမည်တစ်ခုနဲ့ လုံလောက်နေလို့လည်း ဖြစ်နိုင်ပါတယ်။
အခု ဈေးကွက်က အမှတ်တံဆိပ် တစ်ခုနဲ့ မရတော့ဘူးလား။

N: ဟုတ်ကဲ့ ခု ဒီဘက်ပိုင်းမှာ လူတိုင်းလိုလို ဟာ အမည်နာမ တစ်ခု ထက်မက ရှိတတ်ပါတယ်
ဥပမာ ကျောင်းက နာမည်တခု အင်တာနက်မှာ နာမည်တခု
စသဖြင့်ပေါ့

T: စိတ်ဝင်စားဖွယ်..

N: သူတို့ ရဲ့ အပြင်က ဘ၀တွေနဲ့ ကွာခြားတဲ့နာမည် တခုကို တည်ဆောက်ကြပါတယ်

T: အမည်တစ်ခုဟာ အမည်တစ်ခုသာမက... ဖြစ်တည်မှု တစ်ခုဖြစ်လာတယ်
ဒီတော့ကာ ဖြစ်တည်မှု အသစ်လိုချင်တဲ့အတွက်ကိုပဲ အမည်သစ်တွေ ဖန်တီးရတယ်

N: ဒါဆို ယနေ့ ခေတ် လူငယ်တွေ က သူတို့ ရဲ့ တံဆိပ် ကပ် ဖြစ်တည်မှုကို
ငြီးငွေ့သူတွေပဲလို့ ဆိုနိုင်တယ်ပေါ့

T: လူငယ်ဆိုတဲ့ အမည်အောက်မှာ ကျနော် ရှိပါသလား?

N: ကျွန်တော်တို့ယေဘုယျသဘောအားဖြင့် ၃၀ နှစ်နဲ့ ၁၅ နှစ်ကြားကို လူငယ်လို့သုံးကျတာပေါ့

T: တကယ်တော့ ငြီးငွေ့မှုမှာ မစွန့်ခွာနိုင်မှုတွေ ရှိနေတယ်
သူတို့ မစွန့်ခွာနိုင်ကြဘူး
သူတို့ ငြီးငွေ့ကြတယ်
အပြီးတိုင်စွန့်ခွာဖို့ရာ တွန့် နေကြတယ်
ဒါနဲ့ပဲ စမ်းသပ်ကြ။ မအောင်မြင်ကြ။ အလင်းရောင်လေး ရလိုက်ကြ။
တံဆိပ်ဟောင်းမှာ ပြန် ခိုကပ်ကြ။
အမည်နာမ ဟာ တံဆိပ် တစ်ခုသာမက ဖြစ်တည်မှု တစ်ခု
အဲ့လိုပဲ ထင်မိပါတယ်

N: ဟုတ်ကျွန်တော်လည်း သဘောတူ တယ်ဗျ

T: အစ က အမည်နာမဟာ အမည်မျှသာ
တဖြည်းဖြည်း အားကောင်းလာတာ .. ခု ငြင်းဆန်လို့မရတော့
ကြိုးစားကြသူများ.. သူတို့ လက်ရာတွေကို အမည် မတပ်ကြ
အမည်မဲ့ လို့ပေးတယ်
untitled လို့ ပေးတယ်
ကြိုးစားကြည့်ခဲ့ကြတယ်
ဒါတွေလည်း နောက်ဆုံးတော့ အမည်မဲ့ အမည်နာမ ဖြစ်သွားတော့တယ်
ဘာသာမဲ့ ဘာသာ လိုမျိုး..
(ဘာသာရေးကို မဆက်ရန်)

N: ဟုတ်ပြီဗျာ လူငယ်တွေအနေနဲ့ အစက ပင်မရေစီး ကို ခွဲ ထွက် ကြတာပဲ
ပင်မရေစီးကို ခွဲ ထွက်မှုက စောစောက ပြောသလို ပင်မရေစီးက ခွဲထွက်တဲ့ ပင်မရေစီး ပြန်ဖြစ်လာတဲ့အခါ သူတို့အသစ်ရလာတဲ့ ပင်မရေစီကို ဆက်ဆန့်ကျင်ဖို့ ခါးခါးသီးသီးငြင်းဆိုကြလေ့ရှိတယ်ဗျ
ဒါဘာကြောင့်များ ဖြစ်နိုင်မယ်လို့ ထင်သလဲ

T: ကိုယ်တိုင်က ခွဲထွက်လာခဲ့ပြီးမှ
ပြန် ခွဲထွက်ဖို့ကိုတော့ ဝန်လေးကြမယ် ထင်ပါတယ်
ဒါဟာ လူ ဖြစ်မှု ရဲ့ သဘာဝ လို့ပဲ ထင်တယ်
သဘာဝ ဆိုတာက ပြုပြင်ပြောင်းလဲ လို့ ရနိုင်သော်လည်း
အချိန်ကြာပါမယ်။ အောင်မြင်ဖို့ စောင့်ကြည့်ကာလ ကြာရှည်ပါမယ်

N: ဒ်ါဆိုလူတွေ ရဲ့သဘာဝ က ကြောက်စိတ် မြစ်ဖျားခံတယ်လို့ ဆိုနိုင်တာပေါ့

T: အခြေခံ လိုအပ်မှု ပိရမစ် ဆိုတာ ရှိတယ်
စား၊ ဝတ်၊ နေ ရေးတွေဟာ
ပိရမစ်ရဲ့ အောက်ခြေ ပိုင်းတွေလို့ ဆိုတယ်
ဒါတွေ ပြည့်စုံမှု မရှိရင် ပြည့်စုံချင်တဲ့ စိတ်၊ ကြောက်စိတ် ရှိမယ်
အခြေခံတွေ ပြည့်ပြန်တော့လည်း အထပ် မြင့်က လိုအင်တွေ ထပ်ရှိလာဦးမယ်။
ကြောက်စိတ် ဆိုတာထက် မသိမှု မှာ မြစ်ဖျားခံတယ်လို့ နားလည်ပါတယ်
အဝိဇ္ဖာ

T: အိပ်ချင်နေပါဘီဆို

N: ဟဲ... ဒါဆို လည်း ဒီနေ့ ဒီလောက်ပဲဗျာ

T: အင်း

N: နောက်နေ့ ကြုံမှပဲ ပိရမစ်အကြောင်းဆက်ပြောကြအုံးစို့ရဲ့

T: ဖော ခွင့်ရတဲ့အတွက် ကျေးဇူး
(မလုပ်နဲ့ ပိရမစ်ကို မေ့နေပီ
ကိုယ်က အောက်ခြေမှာတင် မပြေလည်လို့
အထက်ကို မော့တောင် မကြည့်နိုင်တာ ကြာခဲ့ပြီ)

နောက်နေ့မှပဲ စကားဝိုင်းလေး ၂ ဆိုလာဖြစ်လိမ့်အုံးမယ် ထင်ပါရဲ့ဗျာ မပြောတတ်ဘူး....

နာမည် ကျန်ရစ် တယ် ဆိုတာ ဘာလဲ.........

လူတိုင်းဟာ နာမည်တခုတော့ ရှိကြတာပဲဗျ။ အဲ အဲ့နာမည်က ကိုယ့်ကို ဘာတွေ အကျိုးပြုသလဲ အဲ့ နာမည်က ဘယ်လောက်ထိ ကျွန်တော်တို့ ဘ၀တွေမှာ အရေးပါသလဲ ဆိုတဲ့အကြောင်းကို အွန်လိုင်းက ကျွန်တော့် သူငယ်ချင်း တစ်ယောက် နဲ့ ဒီလို ပြောဖြစ်ခဲ့ကြတယ်။

N:လူတစ်ယောက်ဟာ သေသွားရင် နာမည် ကျန်ခဲ့တော့ သူဘာရသလဲ ဗျ

M: their children
paw ka
u can see "daw su"

N:
ဟုတ်ပြီဗျာ
ဒါဆို ကျွန်တော် တို့က ကျွန်တော်တို့ကောင်းဖို့ထက် ကျွန်တော်တို့ ကလေးတွေ ကောင်းဖို့ လုပ်ရမယ်ဆိုပါတော့ ဗျာ
M: not like that
before we die
the name is ours
we can use the name
after we died
our children will get that name
and they can use it
they can still use it
ok?

N: ဆိုလိုတာက နာမည် ကို နောင်လာ နောက်သားတွေ အသုံးပြုနိုင်အောင်
ကမ္ဘာကြီးအတွက် ကိုယ့်အတ္တ ကို ပေးဆပ်တယ်လို့ ဆိုနိုင်ပါ့မလား

M: what do u mean?
the two sentences r not connected
?

N: လူတစ်ယောက် ဟာ ဘာပဲဖြစ်ဖြစ် အတ္တ သာယာမှု ဒါကို မြတ်နိုးမှာပဲလေ
အဲဒါတွေကို ခဏတာ ပစ်ပြီး နောက်လာနောက်သား တွေအတွက် ပေးဆပ် ကြရမယ်လို့ ဆိုလိုတာများလား ဗျ

M: yeah
no
as i told u
we can use our name before we died
we did it for ourselves
not for our next generations
we leave our name coz we can't bring it to another life
immegration didn't allow us to bring
and also no "DAW than than Nu"
that's why we leave it

N: ဟုတ်ပြီဗျာ နာမည် အကြောင်းပဲ ဆက်ကြတာပေါ့
ဒါဆို လူတစ်ယောက်ဟာ နာမည် တခုကိုပြောင်းလိုက်ရုံနဲ့ အသစ်တခု ရနိုင်ပါတယ်ဆိုလို့ ရပါ့မလား
ဥပမာ သူ့ပတ်ဝန်းကျင် တခုလုံးကို လည်းအပြောင်းအလဲ တခု အဖြစ်လုပ်လိုက်မယ်ဆိုရင်ပေါ့

M: yeah he can, if he change his old habbits
with the same habbit, no new life in another place

N: လူတစ်ယောက်ရဲ့ စွဲနေတဲ့အကျင့်တွေကို ပြင်လို့ လွယ်ပါ့မလား ဗျ

M: yeah
it's difficult
that's why it is difficult to get new life

N: ဒါဆို အစကတည်း က နာမည် မကောင်းတခုကို အမွေ ရခဲ့တဲ့ ကလေး တွေ အနေနဲ့ကကော

M: they got name only so yin easy bar tae
they move to another society
they can get new life
but if they also got habbit from their parents
it is difficult

N: ဟုတ်ကဲ့ ဒါဆို အထက်က ပြောတဲ့အတိုင်း အန်တီစု အနေနဲ့
သူဟာ နာမည်ကောင်းတခုကို အမွေ ရခဲ့တယ် ဆိုလို့ရတာပေါ့
သူ့မှာ အားသားချက် တွေ ရှိမယ်ထင်တယ် ပြီးတော့ အဲ့နာမည်ကို ထိန်းသိမ်းဖို့ တာဝန်ရှိလာမယ်လို့ ထင်တယ်ဗျ

M: for her, she got not only name but also the habbit and quality
so it will not so difficult to keep that name
for those who only got name, it is the big proble
m

N: ဟုတ်ပြီဗျာ လူတစ်ယောက် ရဲ့ အကျင့်နဲ့ စရိုက်တခုကို ရရှိဖို့ ဆိုတာ လွယ်နိုင်ပါ့မလား
ဥပမာ ဦးအောင်ဆန်း က မွေးလာတဲ့ သမီးက ဦးအောင်ဆန်း လေး ဖြစ်လာရောလား

M: over 80 percent is like that
doctors' sons becomes doctors
engineers' sons become engineers
look urselves

N: တံငါ နားနီး တံငါ မုဆိုးနားနီး မုဆိုး ဆိုရမယ်ပေါ့

M: half ture
the other half is coz of genes

N: ဒါဆို ဦးအောင်ဆန်း က ဦးအောင်ဆန်း ဖြစ်လာတာဟာ သူ့ခေတ်သူ့အချိန်ကြောင့်လို့ ဂျာနယ်တစ်စောင်မှာဖတ်လိုက်ရပါတယ်

M: yeah

N: အဲတော့ သူ့သမီးဖြစ်တဲ့ ဒေါ်စု ဟာ ဦးအောင်ဆန်းလေး ဖြစ်တာမို့

M: written by lu du sein win

N: ဒီခေတ် ဒီအချိန်မှာ ဦးအောင်ဆန်း လုပ်လို့ရပါ့မလားဗျ

M: she cant' do U aung san, coz she is not u aung san lay
but she can do like him
that's my point
for example.
even if u want to become like u father, u can't attend his school
it's already closed lay
the condition is changed
but u can attend the similar school and do as the same as ur dad

ကျွန်တော်လည်း ရုံးသွားစရာ ရှိသေးတာနဲ့ ဒီ ချက်တင် လေး ကို ခဏ ဆိုင်းငံ့ ပြီး နားခဲ့ရပါတယ်။ နောက်နေ့တွေ လည်း ဆက် ပြောဖြစ်အုံး မယ်လို့ စိတ်ထဲ တေးထားလိုက်ရင်း......