Popular Posts

Monday, October 4, 2010

တံငါရွာ သို့ (၃)

ဒီနေ့ က ရောက်တာ ၃ ရက်မြောက်နေ့။
သူငယ်ချင်းတစ်ယောက် အင်တာဗျူးရှိတယ်။ သူ့သတင်း မျှော်နေတာ။ အပြန် ၀င်လာခဲ့မယ်တဲ့။ ကိုယ်ကတော့ သတင်းစာတွေကြား ခေါင်းရှုပ် လို့ ရော့လားထား ဆန့် ၊ ဆန့် နဲ့ အကုန်လုံးကို မေးလ်တွေ ပို့ အွန်လိုင်း စကရင်ကြီးနဲ့ ခေါင်းချင်းဆိုင် ဟဲ ဟဲ ကိုယ်လည်း သူတို့လိုများ ဖြစ်သွားလေမလား ၊ သိပါဘူးလေ။ ခု လောလောဆယ်တော့ အလုပ်တခု ရမှဖြစ်မယ်။ လူဆိုတာ အလုပ်တခုခုတော့ လုပ်နေရမှာပဲ။ မဟုတ်ဘူးလား အသိတရားလေး ၀င်လာပုံပြောပါတယ်။ မနက်က လည်း နိုးတဲ့အချိန်က ၉နာရီ ပဲ။ ခုထိ ခန္ဒာကိုယ်ကလည်း အလိုက်သင့် မနေနိုင်သေးဘူး။
စောစောထရင် အလုပ် လျှောက်ရပိုလွယ်တယ်တဲ့။ ဟူး ခုလိုနောက်ကျပုံမျိုးနဲ့ဆိုရင်တော့ မလွယ်ရေးချ မလွယ်။ မလွယ်။
ပြီးတော့ ဒီမှာ တခုပြသာနာက ရေ။ ရေ။ ရေ။ ကလိုရင်းနံ့ က လူ မှာ စွဲနေပြီ စိတ်လေတယ်။ မနန်းတို့ ကိုချမ်းတို့ ကိုမျိုးဇေယျာတို့ အင်္ဂလန် ကျွန်းကတော့ ရေအရင်းအမြစ်ဘယ်လိုနေမယ် မသိ၊ ကိုယ်ကတော့ ဒီ ကလိုရင်းနံ့က အကုန်လုံးမှာ လိုက်နံ့နေတယ်။ ကိုယ်တို့ဆီမှာ ဆို ဂျိုးဖြူရေ၊ တွင်းရေ၊ အ၀ီစိ ရေ၊ လတ်ကို ဆတ်နေတာပဲ လတ်ဆတ်တဲ့အရသာ ဆိုတာ ဘာလဲ ခုမှသိတယ်။ အဲဒီ ကလိုရင်း ရေတွေနဲ့ပဲ ရေပန်းတွေလုပ် ဘာတွေလုပ်။ တစ်ကျွန်းလုံး ကလိုရင်းနံ့ ကို ကြိုင်နေတာပဲ။ ကလိုရင်းနံ့ သင်းသော ကျွန်းကလေး လို့ နာမည်ပေးရမှာ။ တံငါရွာ (သို့) ကလိုရင်းနံ့ သင်းနေသော ကျွန်းကလေး ဟ ဟ ဟ။ ကောင်းပါ့။ မနက်စာ ထမင်းကြော် နဲ့ ပဲပြုတ်၊ ဒါကတော့ သိပ်မကွာဘူး ပြီးတော့ ဟင်းတွေကလည်း ပါလာသေးတာ ဆိုတော့ ဟဲ ဟဲ အေးဆေးပေါ့။ (ဧကရာဇ်)ပန်း ကလေး နဲ့ချက် စကားတွေပြော (ဧကရာဇ်)ပန်းကလေး ပို့လိုက်တဲ့ မေးလ်ကို အလွတ်ရအောင်ဖတ်။

ဟော.. ထူးအိမ်သင် ရဲ့ အမေ့အိမ်သီချင်း။ ဖုန်းဝင်လာပါပြီဗျာ(ဘယ်ရမလဲ လူတိုင်း ငိုချင်စိတ်ပေါက်သွားအောင်ကို လုပ်ထားတာ)။ ဒီကောင်တော့ ဘူတာရောက်နေလောက်ပြီ။ ထွက်လာခဲ့မယ် တဲ့။ သူ အင်တာဗျူး သွားတဲ့နေရာနဲ့ ကိုယ့် နေရာနဲ့က တစ်ဘူတာပဲ ဝေးတာရယ်။ ခု ထွက်သွားရင် ကွက်တိပေါ့။ လမ်းမှာ သတင်းစာတစ်စောင် ၀င်ဆွဲလိုက်သေးတယ် အင်း ဒီမှာတော့ သတင်းစာ ၀ယ်ဖတ်ရတာ တန်သား။ အထူကြီးပဲ ဟိ ဟိ။တစ်စောင် မှ ၈၀ ဆင့်။ သတင်းစာလေး ဖတ်ပြီးစောင့်နေတာ ကိုယ်တော်ချောက တော်တော်နဲ့ ရောက်မလာသေးဘူး။ နောက် ဖုန်းဝင်လာတယ် ရှည်ပြီး ဘတ်စ် စီးသွားတာ နောက် တစ်ဘူတာ ဘွန်းလေး ကိုရောက်သွားတယ် ကိုယ်လည်းသူ့ကို သွားခေါ် ၊ မနက်ကတည်းက ဘာမှ မစားရသေးဘူး ၊ အင်တာဗျူးက လည်း ရက်ရက်စက်စက် ပြောလွှတ်လိုက်သေးတယ် ခက်ပါ့။ လူတွေများ ကိုယ်တို့ မြန်မာ တွေဆို သိပ်နှိမ်ချင်ပါ့။ ဟို ရက်ပါ ဆိုတဲ့ သီချင်း နဲ့ ကုန်းအော်ပလိုက်ချင်တယ်။ ငါ့အလှည့်ကျ မိုးကြိုးပါ ပစ်ချမယ် လို့။ ဘယ့်နှယ့်ဗျာ ဘွဲ့ ရလူတွေကိုများ ဝေါ့ ပါမစ်နဲ့ခိုင်း ချင် ကြသတဲ့။ တော်ပါလို့။ လုံးဝ မလုပ်နဲ့လို့ မြှောက်ပေးလိုက်တယ်။ သိတယ်မလား ဒီက ကောင်တွေက မာနက ခပ်ကြီးကြီး ရယ်။ သူတို့ထက် နိုင်ငံ ပိုကြီးတယ်။ နိုင်ငံကြီးသားကွ နော့လေဗျာ။

ဒီကောင့်ကို အလှုလက်ဖက် နဲ့ မျက်နှာလုပ် ထမင်းကျွေး။ ယူကျူ့တို့ ဘာတို့ ညာတို့ မြန်မာပြည်မှာ တခါမှ မလုပ်ဖူးတဲ့ ဘာတဲ့ တိုက်ရိုက် ဘာရှိုး ဆိုလား ဒါလည်း တစ်ကြောင်း နှစ်ကြောင်း ချက်လိုက်သေးတယ်။ သူတို့များကျ တယ်လွယ်ပါ့။ ကွန်ပြုတာ တစ်လုံး နဲ့ ၀င်ငွေဖြောင့်နေလိုက်ကြတာ။ သိပ်တော့ စိတ်ဝင်စားစရာမရှိပါဘူး။ စိတ်ဝင်စားစရာလည်းမကောင်းဘူး။ ကိုယ်ကလည်း အဲလိုစိတ်မှမ၀င်စားတာဆိုတော့။ သူလည်း နည်းနည်း စိတ်ညစ်လာပုံရှိတယ် အိပ်ပျော်သွားတယ်။ အဲဒါနဲ့ ကိုယ်လည်း လုပ်စရာရှိတာလုပ် ချက်စရာရှိတာချက် ဆန့် စရာရှိတာ ဆန့် ပြီးတော့ သူ့နှိုး ၊ သူပြန်၊ လိုက်ပို့။ ကိုယ်လည်း ပြန်လိမ့်လာ။ အဲဒီမှာ အွန်လိုင်းက အသိတစ်ယောက် ပင်နယ်ဆူလာ လာခဲ့ပါတဲ့။ ပင်နယ်ဆူလာ ဆိုတာအားလုံး သိကြတဲ့ အတိုင်း ကိုရွှေမြန်မာတို့ စုဝေးရာ။ ကောင်းလေပြီ။ ကိုယ်လည်း ပျင်းနေတာ လိမ့်ခဲ့မပေါ့။ဘယ်လိုလာရမလဲ ပေါ့။ စသဖြင့်မေး။ ရေ မိုး ချိုး ထွက်လာလိုက်တယ်။ မြန်မာတွေ.. မြန်မာတွေ .. စင်ကာပူ ရောက်မြန်မာတွေ ဘယ်လိုတွေပါလိမ့်???

စီးတီး ဟောလ် မှာ ဆင်း။ အထွက်မှာ ကွိုင်တက်တော့တာပဲ မြေအောက်လမ်းတွေ က လမ်းခွဲတွေ အများကြီးနဲ့ ဟိုဘက် ပဲ သွားရမလား ဒီဘက်ပဲသွားရမလား(ကိုယ်က ကြွက်မှ မဟုတ်သေးတာ နော့)။ ကိုယ့်မှာ မြေပေါ်တက်ကြည့်လိုက် မဟုတ်သေးပါဘူး ပြန်ဆင်း နဲ့ မြေအောက်လမ်းမှာ ၀င်စို့ထွက်စို့ လုပ်နေရတယ်။ ဒါလည်း မတွေ့ဘူး နောက်ဆုံး ဖုန်းဆက် လာခေါ်ခိုင်းရတယ်။ အဲ့ကျမှပဲ ပင်နယ်ဆူလာ ဆိုတာ ရောက်တော့တယ်။ ဟုတ်ပ။ မြန်မာဆိုင်တွေချည်းပဲ။ ဒီမှာ တခုချီးကျူးဖို့ကောင်းတာက မြန်မာဆိုင်တွေတင်မကဘူး မြန်မာမဂ်ဂဇင်း (နာမည်က သဇင်) မြန်မာ ဂျာနယ် (နာမည်က ခေတ်သစ်မြန်မာ) စတာတွေရှိသတဲ့။ ကောင်းလေစွ ကောင်းလေစွပေါ့။ နောက် အောက်ထပ်မှာ ရှမ်းခေါက်ဆွဲ ၀င်စား မြန်မာတွေချည်းပဲဆိုတော့ မြန်မာလို မှာ မြန်မာလိုစား အားရပါးရကြီး ပဲ။ မြန်မာဘီယာ ရမလားလို့တောင် လိုက်မေးလိုက်သေးတယ်။ ဘူးရှိတယ် ပုလင်းရှိတယ် ဘာညာပေါ့။ ထားပါ။ နောက် စာအုပ်ဆိုင် မြန်မာပြည်က စာအုပ်တွေ ရသတဲ့ဗျ။ ကောင်းတဲ့ ကိစ္စပဲ။ ကောင်းတယ် ကောင်းတယ်ပေါ့။ ကိုယ့်မြန်မာတွေ သိပ်ပေါ။ သိတဲ့အတိုင်း စည်းကမ်းကိုတော့ သိပ် မသိကြဘူး။ ပလက်ဖောင်းပေါ်အရက်သောက်တယ်။ ကွမ်းသွေး အပြည့်နဲ့တဲ့အရင်က ခုမှ 30 ဆိုလို့ မလုပ်တော့တာတဲ့။ ထားပါတော့။ အဲဒါတွေပြောရင် အန္တရာယ်များတယ်။ ကိုယ် ကိုယ်တိုင်က မြန်မာဆိုတော့ ကိုယ့် ပေါင်ကိုတော့မလှန်ထောင်းချင်ပါဘူးဗျာ။

နောက် ဘူဂစ် စထရိ ကိုသွားကြမယ်တဲ့။ ဘတ်စ်ကားနဲ့ ။ မြင့်သား။ မားစီးဒီး ဗျ။ ဒါကတော့ တကယ့် စင်ကာပူ အနော်ရထားလမ်းပဲ စထရိမားကတ် ခေါ်ပေမပေါ့ဗျာ။ပေါချောင်ကောင်းတွေ ရတယ်။အကုန်ပေါ အကုန်ချောင် အကုန်ကောင်း သလားတော့ ကျွန်တော်လည်းသေချာမသိဘူးဗျ။ လူငယ်တွေ လူရွယ်တွေ တရုတ်မလေး တွေ လွှတ်ဖြူ လွှတ်ကြည့်ကောင်း အင်း အစက စင်ကာပူ က ကောင်မလေး တွေ အကုန်လုံး မျက်မှန် နဲ့ ၀က်ခြံ နဲ့ချည်းလို့ ကိုယ့်ဘာသာ သတ်မှတ်ထားတာ မဟုတ်ဘူးပဲ။ နောက်နေ့ ကိုယ့်သူငယ်ချင်းတွေကို ခေါ်လာရမယ်။ သူတို့ကို လိုက်ပြရမယ်။ ဘူဂစ်မှာလည်း မျက်မှောင်ကျုံ့ထားရတုန်းပဲ ဒီအရောင်တွေ ဒီအလင်းတွေကို အကျင့်မှ မဖြစ်သေးတာကိုး။

အပြန် လမ်းခွဲ။ သူတို့က လာဗင်ဒါ။ ကိုယ်က ပိုင်အိုးနီးယား တစ်ဖက်ဆီပဲ။ ရထားလာ။ ရထားပေါ်တက်။တက်သာ ပြောရတယ် မြန်မာပြည်က စကားစွဲနေတာ အမှန်က တက်တာ မဟုတ်ဘူး ဒီအတိုင်း လျှောက်ဝင်လိုက်တာ ရယ်။ လူတော့ပြည့်နေတယ်(နောက်မှသိတာ ထိပ်ပိုင်းတွေ နောက်ပိုင်းတွေဆို ချောင်တယ်ဆိုပဲ) အဲကွန်းနဲ့၊ လူတွေက အလုပ်ကအပြန်ဆိုတော့ နံဟောင်နေတာပဲ။ ဒါမျိုးတွေ မကြိုက်တာ။ ပြီးတော့ အတွဲလေး တွေလည်း တွေ့တယ်။ သင်းတို့ခမျာ သနားစရာ မရှိတဲ့အချိန် ရတဲ့နေရာမှာချစ်တင်းနှီးနှောနေရတာ(နမ်းပြု ဖက်ပြု ဒါပြောပါတယ်)။ ကျုပ်တို့ ရန်ကုန်က ပန်းခြံတွေမှာ သာသာယာယာ ကြည်နူးနေကြတဲ့ အတွဲလေးတွေကို ပြချင်တယ် လွတ်လည်းလွတ်လပ်၊ သာယာတဲ့ ရှုမျှော်ခင်းကြီးထဲမှာ လေကောင်းလေသန့် တ၀ကြီးနဲ့ အဲလို ချစ်ကြရပါတယ် ဒီကလူတွေမှာတော့ ချစ်ရတာတောင် အော်.. သနားစရာ သနားစရာ။ ကွာပါ့နော်။ (ရန်ကုန်က ကျွန်တော့် ဒီစာကို ဖတ်နေတဲ့ သူများလည်း နေရတုန်း ကိုယ့်ချစ်သူကို တန်ဖိုးထား သာယာတဲ့နေရာတွေမှာ အမှတ်တရတွေအများကြီးထားကြဗျ ဒါမျိုး နေရာရောက်ရင် သွားပြီပဲ၊ စကားချပ်)

ပြန်လာတော့ တော်တော်တော့ နောက်ကျနေပြီ။ ခက်တာက လူက တုံ့ပြန်မှုက ၉နာရီကျော်လောက်ပဲ ရှိသေးပုံမျိုး။ အဲဒီ အချိန်နဲ့တော့။ ငါကွာ...။ အိပ်ကလည်း မအိပ်ချင်။ ခါတိုင်းလိုပဲ ဘာကွာ သလဲ ဘာလဲ ညာလဲ သူ့ဆီ နဲ့ကိုယ့်ဆီ အင်း လွတ်လပ်မှု .. ဘာတဲ့ လွတ်လပ်မှု ဒီကလူတွေက နိုင်ငံရေး ဆိုတာလည်းမသိ ထမင်းစားဖို့ပဲ ကျုံး ရုန်း လုပ်နေကြတယ် တကယ်ဗျ.. မေးကြည့် ခင်ဗျားတို့နိုင်ငံ အုပ်ချုပ်တာ ဘာစံနစ်လဲမေး တော်တော်များများ မသိကြဘူး အလုပ်ကို မလုပ်မနေရ ပုံမျိုးဖြစ်အောင် လုပ်ထားတာ၊ အစိုးရ က ခပ်မြင့်မြင့် ခံစားမှုတွေကို ထုတ်ချေး အဲ့အပေါ်ကိုအလုပ်တွေနဲ့ ပြန်ဆပ် အဲဒါနဲ့ပဲ ဒီက ဘ၀တွေ .. ဆုံးသွားကြတာ များတယ်တဲ့။ သူတို့ ဖတ်တဲ့စာအုပ်တွေမှာ ကြည့်လိုက် ရင် မန်းနေ့မန့် ၊ ဟောင်းတူအင်ပရု၊ နောက် ကျောင်းစာအုပ် အော် ဘာတဲ့ အဆင့်အတန်းမြင့်တဲ့ လူနေမှု ဆိုလား၊ ဟက် ဟက်..

ကျွန်တော်ကတော့ အဆင့်အတန်း မြင့်၊ အသိဥာဏ် လွတ်လပ်ခွင့် ရှိတဲ့ လူပဲ ဖြစ်ချင်တာရယ်၊ တကယ်။ ။

ထွန်းနွယ်

No comments:

Post a Comment