Popular Posts

Tuesday, October 5, 2010

“ဂန္တ၀င်မမ” မဟုတ်သော သူသည်

“ဂန္တ၀င်မမ“ မဟုတ်သော သူ့ကို
ကျွန်တော် ၀ဋ်ဒုက္ခကြီးမားစွာ စောင့်နေခဲ့ဖူးပါသည်။

သို့သော် ကျွန်တော့် အတွက်မူ
သူ၏ ခြေလှမ်းများမှာ
“ဂန္တ၀င်မမ“ ကဲ့သို့ ၀ဋ် ဒုက္ခ မကြီးပါ။

ကျွန်တော်၏ ရပ်တည်မှုကို သူ အသိအမှတ်ပြုပါ၏။

သို့သော် ထိုရပ်တည်မှု၏ အရိပ်ကို ခါးသီးစွာ ငြင်းဆိုသည်။

သူ၏ အရိပ်ကို ထိုရပ်တည်မှု အရိပ်က ထပ်တူကျမှု (၀ါ) ဖုံးလွှမ်းမှုကို
သူ ထပ်မံ ငြင်းဆို၏။

“အကြိမ်ကြိမ် အခါခါ” ငြင်းဆို၏။

ကျွန်တော့် “ရပ်တည်မှု” ၏ အရိပ်ကို ဖြတ်ချိန်တွင်
တဆိတ်
သူ့အတွက် အနည်းဆုံး အေးချမ်းမှုတော့ ပေးချင်၏။

သို့သော် ကျွန်တော့်အရိပ်ကို သူ ရှောင်ကွင်းသွားပါသည်။

ကျွန်တော်၏ ရပ်တည်မှု (၀ါ) တည်ရှိမှုကို သူ အသိအမှတ်ပြုသော်လည်း
သူ ၏ အဘိဓါန်ထဲ တွင် ကျွန်တော် မရှိခဲ့ပါ။

သူ၏ လျစ်လျူရှုမှု သည် လေထုထဲရှိ
ကျွန်တော့် အောက်ဆီဂျင် များနှင့် ဓါတ်ပြုကာ “နာကျင်ခြင်း” ကို ဖြစ်တည်စေ၏။

ထို “နာကျင်ခြင်း” ကိုသာ ကျွန်တော် ရှုရှိုက် နေရသည်။

ထို “နာကျင်ခြင်း” ပင်လျှင် ကျွန်တော့် အတွက် “နေသာထိုင်သာမှု” ဖြစ်၏။

ထို “နေသာထိုင်သာခြင်း” ကို ပင်လျှင် ကျွန်တော် ခြင်ခြင်းတက်စွာ ဖက်တွယ်ထား၏။

ထို့ကြောင့် သူသည် ကျွန်တော့် အတွက်
တစ်ဦးတည်းသော “သူ” ဖြစ်နေခြင်း ဖြစ်သည်။ ။

ထွန်းနွယ်
(၁၅.၅.၀၉)

No comments:

Post a Comment