Popular Posts

Monday, October 4, 2010

ကဗျာတစ်ပုဒ်

နင်းလာတယ်
လျှောက်လာတယ်
အဲဒီလမ်း

ဘ၀တွေ
လူတွေ

ခပ်တည်တည်ပဲ
................အဓိပ်ပါယ်တွေဖွင့်!

မသိခြင်းကိုပဲ သိခဲ့ကြသလို မသိခဲ့ကြတယ်။

ကြေငြာကပ်၊ တံဆိပ်ရိုက်
လွှတ်လိုက်တယ်
ဈေးကွက်ဝင်ရင်၊ အမှန်တရား ဖြစ်ပြီပေါ့။

ဟန်ကျပန်ကျပဲ။

ရေကြည်ရာ မြက်နုရာရှာသလို
နယ်ပယ်သစ်တွေ ဖန်တီး

စစ်လက်နက်တွေ နဲ့၊
နှလုံးခုန်စက် နဲ့၊
ဇိမ်ခံပစ္စည်း တွေနဲ့၊

အတွေ့အကြုံအသစ် အတွက်
အင်တာနက်နဲ့ ၊
ဂိမ်းစက်နဲ့၊
အချစ်ဆိုတာနဲ့၊

သေသွားတော့လည်း သေသွားလို့ပေါ့
ဖြစ်သွားတော့လည်း ဖြစ်သွားလို့ပေါ့

ဖြေဆည်ရာအတွက် (တရားခံ ရှာရန်အတွက်)
ဘုရားသခင်နဲ့ ၊ တမန်တော်မိုဟာမက်နဲ့
ဗုဒ္ဒဘာသာနဲ့ ၊ ယုံကြည်မှုတွေနဲ့

ခပ်တည်တည်ကြီး
အလွဲတွေကို ရီကြတယ်
ဒုက္ခတွေကို ရီကြတယ်
နာကျင်ခြင်းတွေကို ရီကြတယ်
မျက်ရည်တွေကို ရီကြတယ်

ပျော်စရာကို ဘာပေးရ ပေးရ

ဟုတ်တယ်လေ
သေခြင်းကို ပျင်းရိစွာ ထိုင် စောင့်ကြမလို့လား

ရီလိုက်ကြ၊ ငိုလိုက်ကြ
အညောင်းပြေ အညာပြေ အပျင်းဖြေလိုက်ကြ

ခုလည်း အပျင်းပြေလိုပြေငြား
ကဗျာလေး တစ်ပုဒ်
ကဗျာလေး တစ်ပုဒ်ပေါ့။ ။

ထွန်းနွယ်

No comments:

Post a Comment