Popular Posts

Sunday, October 10, 2010

စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား

ဘယ်လိုလဲ
ဘီယာအေးအေးလေး သောက်လိုက်ရတဲ့နောက်
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
စီးပွားရေးလေးအဆင်ပြေတော့
စိတ်ထဲကျေနပ်နေတယ်မဟုတ်လား
ရေဒီယိုလေးနားထောင်၊ ဂျာနယ်လေးဖတ်
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
အပျင်းပြေ ပိုကာလေးဆွဲ
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
ဝတ်ပြုမှုအပြီး
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
နိုင်ငံ့အကြောင်း၊ ပြည့်အကြောင်း ပြည့်ပြည့်စုံစုံ ဆွေးနွေးလိုက်ရတော့
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
လွတ်လပ်စွာပြောဆိုခွင့်
လွတ်လပ်စွာရေးသားခွင့်
လွတ်လပ်စွာစုရုံးခွင့်
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
အနုပညာသည် ပြည်သူ့အတွက်
အနုပညာသည် အနုပညာအတွက်
အနုပညာသည် ...
နားမလည်ရင် မဖတ်နဲ့
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
ဗဟိုကို ဆန့်ကျင်တယ်၊ ငြင်းဆန်တယ်
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
အရှိဟာ အရှိ၊ အမှန်ဟာ အမှန်
စိတ်ထဲ ကျေနပ်ပါ့မလား
ဒီကဗျာကို ဖတ်ရတာကော
စိတ်ထဲကျေနပ်ပါသလား
လူ့အဖြစ်မှာကော
စိတ်ထဲကျေနပ်ပါရဲ့လား?

သူရသီဟသူရ
၁၀-အောက်တိုဘာ-၂၀၁၀

No comments:

Post a Comment