Popular Posts

Monday, October 4, 2010

ဖြစ်နိုင်ချေရှိသော အိပ်မက်တို့ရဲ့သားကောင်

ကျိုးကျိုးကျွတ်ကျွတ်သံ
သနားပါတယ်ဆိုပုံ
စစ်သလား မစစ်သလားမသိဘူး
ငါးပါမှ ပြန်မယ်ဆိုပြီး
ရေဆင်းချိုးရပေါင်းလည်းများပြီ
ဒါလည်း မမှတ်ဘူး
ဟုတ်တယ်
အိပ်မက်မရှိရင်
သူတောင်းစားတောင် ခွက်လွှင့်ပစ်မှာပဲ။

တင်းထားတဲ့လက် ဆုပ်ထားတဲ့လက်
ဘာကြောင့်မှန်းကိုမသိ ပြေပြေသွား
မော့မိတဲ့ခေါင်းတွေ မက်မိတဲ့အိပ်မက်တွေ
မော့သာမော့ မက်သာမက်
ဘာတွေ့မယ်မှန်းလည်းမသိ
သွားသာသွား သွားဖို့က အဓိက
လှပတဲ့ တိမ်တိုက်တွေအပေါ်
ကုလား မီးနင်းသလိုသွား
ဆီဝေ့နေတဲ့ ဟင်းရည်ပူပူကို
မမှုတ်ဘဲ သောက်ရသလိုသွား
သွားခြင်းဟာ တန်ဖိုးရှိမရှိ
မသိဘူး သွားသာသွား
မီးနင်းပွဲမှာ ယောင်ပြီးလမ်းလျှောက်နေသူများ။ ။


ထွန်းနွယ်
(၂၉.၈.၀၉)

No comments:

Post a Comment