Popular Posts

Monday, October 4, 2010

ကျွန်တော်နဲ့ ဘာသာတရား၊ ဘာသာစကား

လူတွေဟာ ကိုယ်လုပ်ချင်တာတွေက ၊ ကိုယ်ဖြစ်စေချင်တာတွေက ဘယ်လိုမှ မဖြစ်လာနိုင်ဘူး ဘယ်လိုမှ မလုပ်နိုင်ဘူးလို့
ထင်လာတဲ့အခါ ၊ ကိုယ်လုပ်ပြီးတဲ့ ကိစ္စ ၊ လုပ်ရပ် တခု ရဲ့ ပြင်းထန်တဲ့ အကျိုးဆက်ကို ခံစားရတော့မယ် အခါ
ပြန်ပြင်လို့ လုံးဝမရတော့တဲ့ အခါ ဘာသာ တရားကို စပြီး တောင်းဆို လာတယ်။ တနည်းအားဖြင့် ကိုးကွယ်မှု ဆုတောင်း
ခြင်း စတာမျိုးကို စတင်ပြီး ယုံကြည်သက်ဝင် လာကြတယ်။ ဒီတော့ ဘာသာတရား ဆိုတာကို ကျွန်တော်တို့ ခွဲခြမ်း ကြည့်
ဖို့ လိုလာပြီ။ သာသာတရားဟာ ဘာသာစကားနဲ့ တည်ဆောက်ယူထားတယ် ။ အယူဝါဒ တစ်ခုကို ဘာသာစကားနဲ့
တည်ဆောက်ယူထားတာ ဖြစ်တယ်(တွေ့ကြုံရတဲ့ အတွေ့အကြုံတွေလဲပါတာပေါ့ဗျာ ဒါကို ထည့်မပြောဘူး ဘောင်တွေန့ စည်းတွေအကြောင်းပြောကြမှာ)။ ကဲ ဒီ အဆို ဟုတ်မ ဟုတ်ကြည့်ကြည့်ရအောင်ဗျာ။

ပုဂ်ဂိုလ်ခင်လို့တရားမင်တာတဲ့ လူပုဂ်ဂိုလ် တစ်ယောက်ရဲ့ အယူဝါဒကို အများလက်ခံအောင် ဘာသာစကားနဲ့ တည်ဆောင်
ထားတာပဲ။ အဲတော့ ကျွန်တော်တို့ ဘာသာတရားကို စဉ်းစားကြမယ်ဆိုရင် ဘာသာစကားအကြောင်း အ၇င်စဉ်းစားကြည့် ရမယ်။ ခု ကျွန်တော်တို့ ဘာသာစကား ကို မေ့ပြီး ချန်ထားပြီး စဉ်းစားကြည့်ကြပါစို့။ ဘာသာစကားမရှိခဲ့ဘူးဆို
ဘာသာတရားပေါ်လာနိုင်ပါ့မလား ။ မပေါ်လာနိုင်ဘူး လုံးဝ မပေါ်လာနိုင်ဘူးဗျ။

တခါ ဘာသာစကား ဖြစ်ပေါ်လာပုံကို စဉ်းစားမယ် ဒါဆို ဘာသာစကားဟာ လူတွေရဲ့ အတွေ့အကြုံပေါ်မှာ
တည်ဆောက်ယူတယ် တခါ ဘာသာစကားပေါ်မှာ လူတွေက အတွေ့အကြုံကို ပြန်တည်ဆောက်ယူကြတယ်။
ဒီလိုနဲ့ ဘာသာစကားဟာ လူတွေ ရှိမှန်းမသိ ဖြစ်မှန်းမသိတဲ့ ၀တ်ရုံ ကြီး တနည်းအားဖြင့် ဒြပ်သားကြီး ဖြစ်လာတယ်။
လူတွေဟာ အဲဒီ ၀တ်ရုံကြီးထဲမှာပဲ နေထိုင်ကြရတယ် ရှင်သန်ကြရတယ် ဒီဒြပ်သားကြီးထဲမှာပဲ ပျော်ရွှင်ကြရတယ်
ခံစားကြရတယ် ကြေကွဲကြရတယ်။ ကျွန်တော်တို့ဟာ ဘာသာစကားရဲ့ နယ်နိမိတ်ရှိသလောက်ပဲ တွေ့ကြုံသိခွင့်
ရှိကြတယ်။

တကယ်လို့ ဘာသာစကားကိုသာ ဖယ်ထုတ်လိုက်မယ်ဆိုရင် လူတွေဟာ အိုင်ကျူ မြင့်တဲ့ တိရစ်ဆာန် တစ်မျိုးပဲဆိုတာ
ဝမ်းနည်းကြေကွဲစွာ တွေ့ကြရတယ်။ (ကျွန်တော်ပြောတာ သဘာဝ တရား က သိပ်ပံသဘောတရားများ အတွေ့အကြုံများကို မဆိုလိုပါ) သူတို့မှာ စိတ်မကောင်းခြင်း စိတ်ညစ်ခြင်း ၀မ်းနည်းခြင်း စတဲ့ အီမိုရှင်နယ်ခံစားမှုတွေ
မဖွဲ့စည်း မတည်ဆောက်နိုင်တော့ဘူး အတွေ့အကြုံ က ရတဲ့ အတွေ့အကြုံ သညာပဲရှိတော့မယ်ဆိုတာ သေချာတယ်။

ဒီတော့ စောစောက ဘာသာတရားကို အစပြန်ကောက်လိုက်ရအောင် သာသာတရားဟာ ဘာသာစကားနဲ့တည်ဆောက်တယ် ဟုတ်တယ်မလား။ ဒီတော့ ဘာသာတရားဆိုတာ ဟာ သဘာဝကရှိနေတဲ့တရား လဲ ပါမှာပေါ့ လူ့ဘောင်တခု လူ့လောကတစ်ခုကို တည်ဆောက်ဖို့ အယူဝါဒတစ်ခုခုနဲ့ပေါင်းစပ်ပြီး တည်ဆောက်ယူထားတာ ဆိုတာ ရှင်းနေပြီ။ အယူဝါဒ တခု ပဲဆိုတာ ရှင်းနေပြီ။ ကျွန်တော်တို့ဟာ အဲဒီ
ကိုယ်ကြီးပြင်းရာ ပတ်ဝန်းကျင် ဘာသာတရား အယူဝါဒ စတဲ့ ပေါင်းစည်းတည်ဆောက်မှု တနည်းအားဖြင့်
ဘာသာစကား အသုံးချတည်ဆောက်မှု ပဲ။လူတစ်ဦးချင်စီမှာ ရှိတဲ့ ပြုမူလှုပ်ရှားဆက်ဆံမှုဆိုတာလဲ
အယူဝါဒတခု၊ ဘာသာစကားတစ်ခုပေါင်းစပ်တည်ဆောက်ထားတာပေါ့။

ကဲ ဒီမှာ ပြောချင်တာက ခုမှလာတာ ဘာသာတရားကို လူတွေတည်ဆောက်ခဲ့တာ တည်ဆောက်ယူခဲ့တာဟာ
ပိုမိုအေးချမ်းကောင်းမွန်တဲ့ လူ့ဘောင်ကို အလိုရှိကြလို့ ဒါပေသိ သာသာတရားဟာ ဒီနေ့ခေတ် ကျွန်တော်တို့
ခေတ်မှာ အကောင်အထည်ကြီး အဖြစ်ရပ်တည်လာတယ် လူတွေရဲ့ ပေါင်းစပ်ဖွဲစည်း ဖြစ်တည်မှုဟာလည်း
အကြောင်းအရာ အများအပြား ပါဝင်လာပြီးတော့ လူတွေကိုယ်တိုင်က ဘာသာတရားဟာ ဘာသာစကားနဲပ
တည်ဆောက်ထားတာ သက်သက်ပါ ဆိုတာ မေ့နေကြပြီးတော့ စိတ်ဒုက္ခကြီးစွာ ခံစားခဲ့ကြရတယ် ခံစားနေကြရတယ်
ခံစားနေကြရအုံးမှာပဲ ။ လူတွေ လူ့ဘောင်ဆိုပြီး သတ်မှတ်ထားတဲ့ ဘောင်တွေ စည်းတွေဟာ အကောင်အထည်
ကြီးမားလာပြီးတော့ လူတွေကို ပြန်လည် ချုပ်ချယ်တားစည်းလာကြတယ်။ လူတွေဟာ ကိုယ်မွေးတဲ့မျောက် ကိုယ့်
ပြန်ခြောက်တဲ့ အဖြစ်ကို မလွတ်လပ်စွာ ရှင်သန်နေထိုင်နေကြရတယ်။အမှန်တကယ် က လူတွေမှာ တကယ်ရှိတာ
ကျွန်တော်တို့မှာ အမှန်တကယ် ရှိတာဆိုလို့ အိပ် စိတ်ရယ် ကာမ စိတ်ရယ် အစား စိတ်ရယ် ပဲ ကျန်တာ တွေက
ဘာသာစကားက တည်ဆောက်ရယူထားတဲ့ ဘာသာစကားရဲ့ဒြပ်သားကြီးချည်းပဲ (လူတွေကို အဆင့်နိမ့်ပြောတာ
မဟုတ်ပါဘူး ဘာသာစကား ရဲ့ တည်ဆောက်မှု အားကြီးတာပါဒီဘာသာစကားကို လူတွေပဲ ထွင်ခဲ့ကြတာလေ။)

ကျွန်တော်ပြောချင်တာက လူဆိုတာ အခြားအခြားသော သတ္တ၀ါများလိုပဲ အဖေ နဲ့ အမေ က သ၀ါသ ပြု
ပေါက်ဖွားလာတယ် အိပ်တယ် စားတယ် အချစ်စိတ်တွေ ကွန့်မြူးကြတယ် ဇီဝ ခန္ဒာကိုယ် ဖြစ်ပျက်တဲ့ အတိုင်း
အချိန်တန်သေကြတယ် မွေးဖွားလာတော့ ဘာသာစကားရဲ့ ဒြပ်သားတွေ ဖြစ်တဲ့ ပတ်ဝန်းကျင် အယူဝါဒ
ဘာသာတရား ဘာသာစကား ရဲ့ ပေါင်းစပ်ဖွဲ့စည်းမှု နဲ့ ခင်ဗျားတို့ ကျွန်တော်တို့ ဒီနေ့ ကိုယ်အဖြစ် ဖြစ်တည်လာတယ်“
အဲတော့ ကျွန်တော် ပြောချင်တာက အယူဝါဒတခုရဲ့ ဘောင်ခတ်စည်းတာမှုတွေ ဘာသာတရားတွေရဲ့ခြောက်လုံး
လှန့်လုံးတွေကို ပြန်လည် သုံးသပ်စေချင်လို့ပါ မမေ့ပါနဲ့ ဘာသာတရားဆိုတာ ဘာသာစကားနဲ့ဖွဲ့စည်းတည်ဆောက်
ထားတာပါ။

ကျွန်တော်ပြောချင်တာ များသွားပြီ ကျွန်တော်က ဘာသာတရားဟာ ဘာသာစကားပေါ်မှာ တည်ဆောက်ထားတာ
လူဆိုတာ လဲ မွေးပြီး၇င် သေကြမှာပဲ ဘာသာတရားဆိုတာ အယူဝါဒတခုကို ဘာသာစကားနဲ့ အသက်သွင်းထာတာ
သက်သက်ပဲ (ကျွန်တော်ခုရေးနေတာကကော အယူဝါဒတခုကို ဘာသာစကားနဲ့ အသက်သွင်းနေတာပဲလား) ခင်ဗျားဘာသာ ဘယ်အယူအဆပဲလက်ခံလက်ခံ ဘယ်ဘာသာတရားပဲခံယူ ခံယူ ဘာတွေပဲလုပ်လုပ်
ဘာဘောင်ထဲမှာ ပဲပျော်နေပျော်နေ ကျွန်တော်လည်း ဘာပဲပြောပြော ဘယ်လိုပဲနေနေ ဖြစ်ချင်ရာဖြစ်မှာပဲ
ပရမ်းပတာ ဆိုတာ တောင်မရှိဘူး လောကက ဘာသာစကားသပ်သပ်ပဲရှိတာ ပြီးတော့ သေကြမှာပဲ။
ဘာလို့များ သေကောင် သေလူ ကြီးကို ဖက်တွယ် ငြင်းခုန် မငြိမ်းချမ်း တိုက်ခိုက်နေကြရတာလဲဗျာ
ကျွန်တော်တို့အားလုံးဟာ ဘာသာစကား ဒြပ်သားကြီးရဲ့ ဖြားယောင်းလှည့်စားမှုကို မသိဘဲ ပက်ပက်စက်စက်
နားကျည်းခံစားနေကြတာ မဟုတ်ကြဘူးလားဗျာ ။ ခင်ဗျားကိုယ်တိုင်ရာ
ကျွန်တော်ကိုယ်တိုင်ရော အားလုံး ဟာ ဘာသာစကားနဲ့ တည်ဆောက်ထားတယ် ဆိုတာ မမေ့စေလိုဘူး။

( အထက်ပါ စာများမှာ ကျွန်တော်၏ အမြင်သက်သက်သာဖြစ်ပါသည် ကောင်းကျိုးဆိုးပြစ်များမှာ
ကျွန်တော်နဲ့သာ သက်ဆိုင်ပါသည် ကွန့်မန့်ပေးလိုကလည်းပေးကြပါ ဆွေးနွေးလိုကလည်းဆွေးနွေးပါ
လက်မခံလိုကလည်း လက်မခံပါနဲ့ ငြင်းခုန်ပါ သို့သော လက်တွေ့ကြကြပဲဖြစ်စေချင်သည်
ဒန်နာရီလာများ လူပြောသူပြော ကိစ္စများကိုတော့ မပြောပါနဲ့ သို့သော် ပြောလိုကလည်းပြောပါ
ခင်ဗျား ကိစ္စပါ)

ိထွန်းနွယ်

No comments:

Post a Comment