Popular Posts

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Thursday, January 13, 2011

အတွေးစများ (၂)

လူတစ်ယောက်ရှိသည်။ နိုင်ငံအုပ်ချုပ်မှုပိုင်းတွင် တာဝန်ယူရသည်။ ပြည်သူတို့ အမြတ်တနိုးတန်ဖိုးထားသော နိုင်ငံပိုင်ပစ္စည်းတစ်ခုကို တစ်ဦးတည်းဆန္ဒဖြင့် အခြားနိုင်ငံတစ်ခုသို့ ပေးပစ်သည်။



လူတစ်ယောက်ရှိသည်။ ဇနီး၊သား၊သမီးတို့ပါဝင်သော အိမ်ထောင်တစ်ခုကို ဦးစီးသည်။ အိမ်ရှင်မကွယ်ရာတွင် သားနှင့်သမီးကို အစေခံလုပ်ရန် အခြားလူတစ်ဦးလက်သို့ အပ်လိုက်သည်။



တည်ဆဲဥပဒေများအရ ထိုလူမျိုးကို နိုင်ငံပိုင်ပစ္စည်းအလွဲသုံးမှုဖြင့်လည်းကောင်း၊ အရွယ်မရောက်သေးသည့်ကလေးငယ်များကို ညှင်းပန်းနှိုပ်စက်မှုဖြင့် လည်းကောင်း၊ တရားစွဲအရေးယူခွင့် ရှိပါသည်။ ထားပါ၊ တရားဥပဒေဆိုသည်များကို ထည့်သွင်းမစဉ်းစားပါနှင့်။ မိတ်ဆွေတို့လက်ခံယုံကြည်ထားသော လူ့ကျင့်ဝတ်တန်ဖိုးများအရ သုံးသပ်အကဲဖြတ်ကြည့်ပါ။ တရားနည်းလမ်းကျသူတစ်ဦးဟု ထင်ပါသလား။ လေးစားချီးကျူးထိုက်သူတစ်ဦးဟု ယူဆပါသလား။ အကယ်၍ ထိုပုဂ္ဂိုလ်သည် ဘုရားလောင်းနောက်ဆုံးပါရမီဖြည့်ရာဘ၀ဆိုသည့် 'ဝေဿန္တရာမင်းကြီး' ဖြစ်နေခဲ့လျှင်ရော မိတ်ဆွေတို့အမြင်ကို တစ်စုံတစ်ရာသက်ရောက်မှုရှိပါမည်လား။



ဇာတက၀တ္ထုများတွင်နောက်ဆုံးဖြစ်သည့် “ဝေဿန္တရာဇာတ်တော်ကြီး”ကို ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတိုင်း ရင်းနှီးပြီးသားဖြစ်လိမ့်မည်ဟု ယူဆသောကြောင့် အကျယ်မဖွင့်ဆိုတော့ပါ။ သိဝိတိုင်းပြည်မှ ဘုရင့်သားတော် ဝေဿန္တရာမင်းသားလေးသည် အမိဝမ်းမှကျွတ်စကတည်းက လှူရန်ပစ္စည်းလက်ဖြန့်တောင်းသူဖြစ်သည်။ အသက်(၁၆)နှစ်တွင် မဒ္ဒီမင်းသမီးနှင့်လက်ဆက်ပြီး ဖခင်ထီးနန်းကိုဆက်ခံသည်။ နိုင်ငံ၏ အထွတ်အမြတ်ထားရာ ဆင်ဖြူတော်ကို အိမ်နီးချင်းနိုင်ငံမှ ပုဏ္ဏားအလှူခံများအား လှူလိုက်သဖြင့် ပြည်သူတို့အမျက်ရှပြီး ထီးနန်းမှချကာ တောထဲသို့နှင်ထုတ်ခြင်းခံရသည်။ မဒ္ဒီဒေ၀ီ၊ သားတော်ဇာလီ၊ သမီးတော် ကဏှာဇိန်တို့နှင့်အတူ တောကျောင်းသင်္ခမ်းတွင် ရသေ့ရဟန်းပြု၍ နေ၏။ တစ်နေ့ မဒ္ဒီဒေ၀ီ သစ်သီးရှာသွားခိုက် မယားအတွက် အစေခံအရှာထွက်လာသော ဇူဇကာပုဏ္ဏားက သားနှင့်သမီးကို အလှူခံသည်။ ဒါနပါရမီဖြည့်နိုင်ပြီဟူသော ၀မ်းသာမှုမျိုးဖြင့် စိုးရိမ်ထိတ်လန့်စွာ ပုန်းအောင်းနေသော သားနှင့်သမီးကို ရအောင်ခေါ်၍ ပုဏ္ဏားနှင့်ထည့်လွှတ်လိုက်သည်။ မဒ္ဒီဒေ၀ီပြန်လာ၍ သားသမီးများကို မတွေ့ရလေလျှင် စိုးရိမ်ခြင်းကြီးစွာဖြင့် တောအနှံ့လိုက်ရှာသည်။ ထို့နောက်မှ အကြောင်းစုံသိပြီး မင်းကြီးနှင့်အတူ သာဓုခေါ်ကြသည်။ ဇာလီ၊ ကဏှာဇိန်တို့ကား ဘိုးတော်မင်းကြီးနှင့်တွေ့ပြီး ပုဏ္ဏားထံမှ ရွေးယူခံရသည်။ အဆုံး၌ကား ဝေဿန္တရာမင်းကြီးထီးနန်းပြန်ရပြီး အသက်ထက်ဆုံး အလှူဒါနပြုနိုင်ခဲ့လေသတည်းဟု ဇာတ်ပေါင်းထားပါသည်။



“ဝေဿန္တရာဇာတ်တော်ကြီး”စကားပြေကို ကျွန်တော်ဖတ်ရှုခဲ့ရသည်မှာ အထက်တန်းကျောင်းတက်စဉ်ကတည်းက ဖြစ်မည်ထင်သည်။ မည်သည့်ထူးထူးခြားခြား ခံစားမှု၊ တွေးတောမှုကိုမှ မဖြစ်ပေါ်စေခဲ့ပါ။ ယမန်နေ့ကမှ ဒဂုန်ဦးထွန်းမြင့်ရေးသည့် ဇာတ်ကြီးဆယ်ဘွဲ့စာအုပ်ကို ကောက်လှန်မိရင်း ဆရာပါရဂူရေးသည့် ဇာတကသမိုင်း နိဒါန်းကိုဖတ်မိပြီး ယခုစာစုကလေးကို ရေးဖြစ်ခဲ့ခြင်းဖြစ်သည်။ ဆရာပါရဂူက ဤသို့ရေးထားပေ၏။



“ဝေဿန္တရာမင်းကြီးသည် သူ့မယားနှင့်သားသမီးများကို လက်လွတ်စပယ် ပေးနိုင်ခွင့် ရှိ၊မရှိ ဟူသော ပြဿနာသည် အရေးကြီးသည့် ပြဿနာမဟုတ်ပေ။ ယင်းဇာတ်တော်၌ ရည်ရွယ်ချက်မှာ ပုဂ္ဂိုလ်တစ်ဦးဦး၏ သားမယားသည် မိမိသဘောအတိုင်း ပေးလိုက ပေးပစ်၍ရသော၊ ရောင်းလိုက ရောင်းပစ်၍ရသော ရွေ့ပြောင်းနိုင်သည့် ပစ္စည်းဝတ္ထုဖြစ်သည် ဟူသည့်အချက်ကို ဖော်ပြရန်မဟုတ်ပေ။ လောကီ ပစ္စည်းဥစ္စာ ဟူသမျှကို တွယ်တာမှုလုံးဝကင်းခြင်း၊ သံယောဇဉ်ပြတ်ခြင်းသည် ဗောဒိသတ္တ ခေါ် ဘုရားလောင်းတို့၏ ကျင့်စဉ်ဖြစ်သည်ဟူသော အချက်ကို ဖော်ပြလိုခြင်း၊ (၀ါ) ဗောဒိသတ္တ၏ ကျင့်စဉ်တစ်ခုဖြစ်သည့် ဒါနပါရမီကို ဖော်ပြလိုခြင်းသာလျှင် ယင်းဇာတ်တော်၏ ရည်ရွယ်ချက် ဖြစ်လေသည်။”



ရှေးဦးစွာ ဇာတ်တော်ကြီး၏ ရည်ရွယ်ချက်ဆိုသည်နှင့် ပတ်သက်၍ ပြောလိုပါသည်။ ယခုဇာတ်တော်ကြီးကဲ့သို့ ရသစာပေစာပေသက်သက်မဟုတ်သည့် ဆုံးမစာအနွယ်ဝင်စာမျိုးတွင် စာရေးသူဖော်ပြလိုသော ရည်ရွယ်ချက်တစ်စုံတစ်ရာ ရှိမည်ဖြစ်ကြောင်းကို ကျွန်တော်လက်ခံပါသည်။ ဗောဒိသတ္တ၏ ဒါနပါရမီကျင့်စဉ်ကို ဖော်ပြလိုခြင်းသည် ယခုဇာတ်တော်ကြီး၏ အဓိကရည်ရွယ်ချက်ဖြစ်သည်ဆိုသည်ကိုလည်း ကျွန်တော့်အနေဖြင့် ငြင်းချက်ထုတ်ရန် မရှိပါ။ သို့သော် စာဖတ်သူတစ်ဦးအနေဖြင့် စာရေးသူပေးလိုသည်ကို ယူလိုက်လျှင် ပြီးပြီလား။ စာရေးသူပေးလိုသည်မှအပ အခြားအရာအားလုံးကို အရေးမကြီးဟု မျက်ကွယ်ပြုလိုက်ရမည်လား။ လွတ်လပ်သော စာရေးသူတစ်ဦးသည် သူရေးသော စာတစ်ပုဒ်တွင် သူပေးချင်သည်ကို ပေးနိုင်ပါသည်။ ၄င်းမှာ စာရေးသူ၏ အခွင့်အရေးဖြစ်သည်။ လွတ်လပ်သော စာဖတ်သူတစ်ဦးအနေဖြင့်လည်း သူဖတ်သောစာတစ်ပုဒ်မှ သူရှာချင်သည်ကိုရှာ၊ သူတွေ့ချင်သည်ကိုတွေ့၊ သူယူချင်သည်ကိုယူနိုင်သော အခွင့်အရေးရှိသည်ဟု ကျွန်တော်ကတော့ မှတ်ယူပါသည်။ သူရလိုက်သောအရာ၏ အရေးကြီးခြင်း၊ မကြီးခြင်းမှာ သူကိုယ်တိုင်ဆုံးဖြတ်ရမည်ဖြစ်ပြီး ဘေးလူတစ်ယောက်မှလည်းကောင်း၊ စာရေးသူကိုယ်တိုင်မှလည်းကောင်း ၀င်ရောက်အကဲဖြတ်၍မရဟု ကျွန်တော်မြင်ပါသည်။ သို့ဖြစ်သောကြောင့် ဇာတ်တော်ကြီးပါ ဝေဿန္တရာမင်းကြီး၏ အပြုအမူများကို လွတ်လပ်သောစာဖတ်သူတစ်ဦးအနေဖြင့် အကဲဖြတ်နိုင်ခွင့်ရှိကြောင်း ထင်ရှားပါသည်။



လူတစ်ဦး၏ ကိုယ့်ကျင့်တရားကို အကဲဖြတ်ရန်ရာတွင် အသုံးပြုသောနည်း၊ စံနှုန်းများစွာရှိသည့်အနက် ကျွန်တော်သဘောကျလက်ခံထားသော အကျိုးသက်ရောက်မှုအဓိကနည်းနှင့် စေတနာအဓိကနည်းတို့ကို အသုံးပြုပြီး ချဉ်းကပ်ကြည့်ပါမည်။ (ဤနေရာတွင် ဝေဿန္တရာမင်းကြီးသည် ဘုရားအလောင်းဖြစ်သောကြောင့် လူသာမန်တို့၏ ကျင့်ဝတ်စံနှုန်းများဖြင့် အကဲမဖြတ်သင့်ဟု ကန့်ကွက်မှုများရှိနိုင်ပါသည်။ ကျွန်တော့်အတွက်မူ ဘုရားအလောင်းသည်လည်းကောင်း၊ မြတ်စွာဘုရားကိုယ်တော်တိုင်သည်လည်းကောင်း လူများသာဖြစ်သည်ဟု ယုံကြည်ထားသောကြောင့် လူတို့၏စံနှုန်းများကိုသာ အသုံးပြုပါမည်။) အကျိုးသက်ရောက်မှုအဓိကနည်းဆိုသည်မှာ “The end justifies the means.”၊ “အကျိုးရလဒ် (၀ါ)ပန်းတိုင်သည် လုပ်နည်းလုပ်ဟန်ကို အဆုံးအဖြတ်ပေးသည်” ဟူသော အယူအဆဖြစ်သည်။ ဝေဿန္တရာမင်းကြီးသည် ဆင်ဖြူတော်ပစ္စယအား လှူလိုက်ခြင်းဖြင့် ထီးနန်းကိုဆုံးရှုံးရသကဲ့သို့ မိဖုရား၊သားသမီးတို့နှင့်တကွ တိုင်းပြည်မှ နှင်ထုတ်ခြင်းခံခဲ့ရသည်။ ကိုယ်ပိုင်အကျိုးရလဒ်အရ အနှုတ်ပြသော လုပ်ရပ်ဖြစ်သည်။ သို့သော် လှူဒါန်းလိုက်သော ဆင်ဖြူတော်ကြောင့် အိမ်နီးချင်းနိုင်ငံတွင် မိုးခေါင်ရေရှားမှုရပ်တန့်ပြီး ပြည်သူများချမ်းသာရာရသည်ဆိုပါကမူ မှန်ကန်သောလုပ်ရပ်ဟုသာ ဆိုရပေလိမ့်မည်။ သားတော်၊ သမီးတော်တို့ကို လှူဒါန်းလိုက်သည့် ဖြစ်စဉ်တွင်လည်း ထို့အတူပင်ဖြစ်သည်။ သား၊သမီးတို့ ညှင်းပန်းနှိပ်စက်ခံရခြင်း၊ မဒ္ဒီဒေ၀ီ သေမတတ် ပူဆွေးဝမ်းနည်းရခြင်းတို့ရှိခဲ့သော်လည်း အဆုံးသတ်တွင် မည်သူတစ်ဦးတစ်ယောက်မှ ဒုက္ခမတွေ့ဘဲ (ဇူဇကာမှလွဲ၍) ချမ်းသာခြင်းသို့ရောက်ရလေသည်။



အကျိုးသက်ရောက်မှုနည်းအရ ဝေဿန္တရာမင်းကြီး၏ လုပ်ရပ်တို့သည် မှားယွင်းသည်ဟု မဆိုနိုင်ပေ။ သို့သော် ယခုလေ့လာနေသောဖြစ်ရပ်သည် လက်တွေ့ဘ၀တွင်းမှမဟုတ်ဘဲ ယုတ္တိပိုင်းအရ လွန်စွာအားနည်းသော ဇာတကလာ ပုံဝတ္တုတစ်ခုဖြစ်ကြောင်းကိုတော့ ထည့်သွင်းစဉ်းစားရပေမည်။ ထို့ကြောင့် အကျိုးသက်ရောက်မှုနည်းထက် စိတ်ပိုင်းဆိုင်ရာအခြေခံသော စေတနာအဓိကနည်းကသာ အသုံးပြုရန် ပိုပြီးသင့်လျော်ပေလိမ့်မည်။ စေတနာအဓိကနည်းဆိုသည်မှာ 'ကောင်းသောစေတနာနှင့် ပြုမူပြောဆိုခြင်းသည် မည်သို့အကျိုးသက်ရောက်မှုရှိသည်ဖြစ်စေ ကောင်းသည်'ဟူသော အယူအဆနည်းဖြစ်သည်။ ယခုဇာတ်တော်ကြီးမှ ဝေဿန္တရာမင်းကြီး၏ အပြုအမူများသည် ကောင်းသောစေတနာကို အခြေခံပါသလား။ မင်းကြီးသည် ဘ၀တစ်သက်တာလုံး ဒါနပါရမီဖြည့်ရန်ဟူသော လှုံ့ဆော်မှုအောက်တွင် အလှူဒါနကိုသာ တစိုက်မတ်မတ်ပြုခဲ့သူဖြစ်သည်။ ဆင်ဖြူတော်ကို လာရောက်အလှူခံသောအခါတွင်လည်းကောင်း၊ ဇူဇကာက သားနှင့်သမီးကိုအလှူခံသောအခါတွင်လည်းကောင်း၊ သိကြားမင်းက ပုဏ္ဏားယောင်ဆောင်ပြီး မဒ္ဒီဒေ၀ီကို လာရောက်အလှူခံသောအခါတွင်လည်းကောင်း၊ အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်း၊ တွေးတောခြင်းမရှိပဲ (သူ့စာထဲကအတိုင်းဖော်ပြရလျှင်) 'လက်ထဲသို့ အသပြာတစ်ထောင်ထုပ်ကို လာ၍ထည့်သကဲ့သို့ ၀မ်းမြောက်ဝမ်းသာဖြစ်လျက်' လှူဒါန်းခဲ့သည်။ အလှူခံပုဂ္ဂိုလ်နှင့် အလှူခံရခြင်းအကြောင်းတို့ကို အနည်းငယ်မှ မသိသေးပါဘဲ ထိုသို့ဝမ်းသာအားရဖြစ်ရခြင်းမှာ လှူဒါန်းရခြင်းကြောင့် ဖြစ်ပေါ်လာသော ကျေနပ်မှုပီတိမဖြစ်နိုင်ဘဲ ဒါနပါရမီဖြည့်နိုင်ပြီ၊ သဗ္ဗညုတဥာဏ်ရရန် အထောက်အကူဖြစ်ပေပြီဟူသော အလိုပြည့်သည့်ကျေနပ်မှုမျိုးသာ ဖြစ်ပါလိမ့်မည်။ တစ်နည်းဆိုရလျှင် မင်းကြီးပြုသမျှ အလှူအားလုံးတို့သည် သဗ္ဗညုတဥာဏ်ရရန်၊ ဘုရားဖြစ်ရန်အတွက်သက်သက်သာ ဖြစ်သည်။



ဆင်ဖြူတော်ကို လှူဒါန်းခြင်းသည် အိမ်နီးချင်းနိုင်ငံမှ ပြည်သူများ အငတ်ဘေးလွတ်ရန်မဟုတ်၊ ဘုရားဖြစ်ရန်အတွက်သာ ဖြစ်သည်။ ကြောက်ရွံ့ထိတ်လန့်နေရှာသော သားနှင့်သမီးကို ယခုမှတွေ့ဖူးသည့် သူစိမ်းတစ်ယောက်ထံ အစေခံအဖြစ် ထည့်လိုက်ခြင်းသည်လည်း ဘုရားဖြစ်ရန်အတွက်သာဖြစ်သည်။ အခြားသူဒုက္ခရောက်ရင် ရောက်ပါစေ၊ စိတ်ဆင်းရဲချင်ဆင်းရဲပါစေ၊ မိမိရည်ရွယ်ချက် ပြီးမြောက်ဖို့သာ အဓိကဟူသော စိတ်ဓာတ်မျိုးကို ကောင်းမွန်သောစေတနာဟု ကျွန်တော်ကတော့ လက်မခံနိုင်ပါ။ ထိုကဲ့သို့သော စိတ်ဓာတ်မျိုးနှင့် ပြုလုပ်သည့် အပြုအမူအားလုံးတို့ကိုလည်း ကောင်းသည် (၀ါ) မှန်သည်ဟု မဆိုနိုင်တော့သလို ဘ၀တစ်သက်တာလုံး ထိုစိတ်ဓာတ်သာ လွှမ်းမိုးခဲ့သည့် လူပုဂ္ဂိုလ်တစ်ဦးကိုလည်း မြင့်မြတ်သူ၊ လေးစားလောက်သူဟု သတ်မှတ်ရန် မည်သို့မျှ မဖြစ်နိုင်တော့ပါ။



ဆက်လက်၍ ဇာတ်တော်ကြီး၏ အဓိကရည်ရွယ်ချက်ဖြစ်သော ဗောဒိသတ္တတို့၏ကျင့်စဉ်အကြောင်း အနည်းငယ်ပြောလိုပါသည်။ လောကီ ပစ္စည်းဥစ္စာဟူသမျှကို တွယ်တာမှုလုံးဝကင်းခြင်း၊ သံယောဇဉ်ပြတ်ခြင်းသည် မြင့်မြတ်သောကျင့်စဉ်ဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင်တိုင်း လက်ခံထားကြပါသည်။ (ကျွန်တော် လက်ခံခြင်း၊ လက်မခံခြင်းကိုတော့ ယခုစာစုတွင် မဆွေးနွေးတော့ပါ။) သို့သော် ကျွန်တော်ဘ၀င်မကျသည်မှာ လောကီ ပစ္စည်းဟူသမျှကို တွယ်တာမှုကင်းချင်သူ၊ သံယောဇဉ်ပြတ်ချင်သူတစ်ဦးအနေဖြင့် သံယောဇဉ် အငြိမခံရအောင့် အစကတည်းက အဘယ်ကြောင့် မရှောင်ခဲ့သနည်းဆိုသည်ကို ဖြစ်သည်။ မိဘများအနေဖြင့် မိမိတို့ကြောင့် လူ့လောကထဲရောက်လာသော သားသမီးများကို အရွယ်ရောက်သည်ထိ ကျွေးမွေးပြုစုစောင့်ရှောက်ရခြင်းသည် လူများသာမက တိရိစ္ဆာန်များပင်လိုက်နာကြသော လောကနီတိတစ်ခုဖြစ်ပါသည်။ ထိုနီတိကို မျက်ကွယ်ပြု၍ သံယောဇဉ်ပြတ်ပါပြီဟုဆိုကာ သားသမီးများကို လက်လွတ်စပယ်ပေးပစ်ခြင်းသည် လူ့ကျင့်ဝတ်ကို အဆိုးရွားဆုံး ဖောက်ဖျက်ခြင်းပင်ဖြစ်သည်ဟု ကျွန်တော်ကတော့ မြင်ပါသည်။



ဝေဿန္တရာမင်းကြီးသည် ဘုရားအလောင်းဖြစ်သည်။ ဘုရားအလောင်းကို ဤသို့သုံးသပ်အကဲဖြတ်ခြင်းသည် ဗုဒ္ဓဘုရားကို စော်ကားခြင်းပင်ဖြစ်သည်ဟု မိတ်ဆွေတို့ ယူဆကောင်းယူဆနိုင်ပါသည်။ ထိုသို့ယူဆမိသူများအနေဖြင့် ဤသို့စဉ်းစားကြည့်စေချင်ပါသည်။ မြတ်စွာဘုရားပွင့်တော်မူခဲ့သည်မှာ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ခန့် နီပေါနိုင်ငံတွင် ဖြစ်ပါသည်။ မြတ်စွာဘုရားနှုတ်မှ မြွက်ကြားခဲ့သည့် ပါဠိဘာသာတရားတော်များကို ရဟန်းတော်များက နှုတ်ဖြင့်သာ အာဂုံဆောင်ခဲ့ထိန်းသိမ်းခဲ့ကြပြီး ပထမဆုံးအကြိမ် စာနှင့်ပေနှင့်စတင်မှတ်တမ်းတင်နိုင်ခဲ့သည်မှာတော့ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး နှစ်လေးရာအကြာ ဘီစီ (၁)ရာစုတွင်မှ ဖြစ်ပါသည်။ ထိုနှစ်လေးရာကာလအတွင်း ရဟန်းတော်တို့ အာဂုံဆောင်ထိန်းသိမ်းခဲ့ရာတွင်လည်းကောင်း၊ နှစ်ပေါင်းနှစ်ထောင်ကျော်ကာလအတွင်း မူရင်းပါဠိဘာသာမှ သက္ကတ၊သီဟိုဠ်၊ မြန်မာစာ စသည်ဖြင့် အဆင့်ဆင့်ဘာသာပြန် ကူးယူဖော်ပြခဲ့ရာတွင်လည်းကောင်း လွဲချော်မှုများ၊ အပိုအလိုများ ရှိနိုင်မည်သာဖြစ်သည်။ အထူးသဖြင့် ယခုဇာတ်တော်ကြီးကဲ့သို့သော ဇာတကပုံဝတ္ထုများတွင် ရာဇ၀င်ဆရာတို့၏ ထိုးဇာတ်၊လုပ်ဇာတ်များ အနည်းနှင့်အများပါဝင်နေမည်မှာ အသေအချာပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့အနေဖြင့် 'ဘုရားဟော'ဆိုတိုင်း 'အားလုံးအမှန်'ဟု မျက်စိမှိတ်ယုံကြည်နေ၍ မရတော့ဘဲ မိမိတို့စဉ်းစားဥာဏ်ဖြင့် ပိုင်းခြားဝေဖန်ကြည့်မှသာ သင့်လျော်ပေလိမ့်မည်။ ယခုစာစုပါ အကြောင်းအရာများသည် ထိုသို့ပိုင်းခြားဝေဖန်ကြည့်ရန် ကြိုးစားထားသော ကျွန်တော့်၏ အားထုတ်မှုများသာ ဖြစ်ပါသည်။ ကျွန်တော့်စာစုပါ မှန်ခြင်း၊မှားခြင်း ဝေဖန်မှုများကို မိတ်ဆွေတို့အနေဖြင့် အလုံးစုံလက်ခံရန်မလိုသလို၊ လက်ခံမည်ဟုလည်း မမျှော်လင့်ပါ။ မိတ်ဆွေတို့၏ မှန်ခြင်း၊မှားခြင်းမှာ မိတ်ဆွေတို့ကိုယ်တိုင် ဆုံးဖြတ်ရမည့်အရာသာ ဖြစ်ပါသည်။ ။

ပြေစိုးကျော်

Saturday, December 11, 2010

မြန်မာပြည် ဒီမိုကရေစီ

သက္ကရာဇ် က ၂၅၅၆။

နိုင်ငံ တကာ လူ့အခွင့်အရေး အစည်းအဝေး တခုမှာ ကမ္ဘာ့ အလွတ်လပ်ဆုံး နိုင်ငံ က သဘာပတိ လုပ်ပြီး မြန်မာပြည်ကို အထူး ယာဉ်ပျံ ကြီး စီးပြီး ပြန်လာခဲ့တာ။ ကျွန်တော်တို့ မြန်မာပြည် လွတ်လပ်ခွင့် ကလည်း ဘာရှိသလဲမမေးနဲ့လေ။ လူ့အခွင့်အရေး အပြည့်အ၀ ဆုံး ရတဲ့နိုင်ငံဆိုပြီး လာခိုတဲ့လူတွေကလည်း နည်းမှမနည်းပဲကိုး။ ကျွန်တော်တို့ နိုင်ငံ က တိုးလည်း အသကုန်တိုးတက် ၊ တိုးတက်စရာ မရှိတော့လောက်တောင် တိုးတက် ၊ လူ့အခွင့်အရေး ကလည်း တင်းပြည့်ကျပ်ပြည့်ဆိုတော့ဗျာ လူ့အခွင့်အရေး အပြည့်လိုချင်တဲ့လူတွေလာခိုလာလိုက်ကြတာ လူ့အခွင့်အရေး တန်ဖိုးထားတဲ့ တိုင်းပြည်ဆိုတော့ လာ ကြ ပါ လာ ကြ ပါ ပေါ့။ အဲလို ။ အရင်က အင်းအားကြီးတိုင်းပြည် ဖြစ်ခဲ့တယ်ဆိုတဲ့ အမေရိကန်တို့ ယူရုတ်ဘက် က နိုင်ငံတွေတောင် လူ့အခွင့်အရေး အပြည့်မရလို့ အစိုးရက ပြည်သူကို နှိပ်ကွပ်တယ်ဆိုပြီး စီးပွားရေး ပိတ်ဆို့မှုတွေတောင် ကျွန်တော်တို့က ပဲ ဦးဆောင် လုပ်ပေး ကြရတာ။ ဒါမှလည်း ဒီလူတွေ လူကို လူမှန်းသိမှာမလား။ သူတို့ကတော့ အော်ရှာပါတယ်။ သူ့ပြည်သူတွေ ငတ်နေပြီလို့။ ဒါပေမဲ့ လူ့အခွင့်အရေး က အရေးကြီးတယ်မလား။ ဘေးနားက ကျွန်တော်တို့ ကို ကပ်ရပ်စားနေတဲ့ တရုတ် ပြည် တောင် ခု ကျွန်တော်တို့ လောက်နီးနီး တိုးတက်လာအောင် ဒီနည်းနဲ့ပဲ လုပ်ထားရတာ။ ထားတော့။



ကျွန်တော်တို့ ဒီလို ရလာတာလဲ လွယ်လွယ်နဲ့ ရလာတာ မဟုတ်ဘူး လို့ ကြားဖူးသဗျ။ ၂၁ ရာ စုလောက် ဒီမိုကရေစီ ဘွားတော်တစ်ပါးက ဒေါင်း ကြီးကိုစီး ဒီမိုကရေစီ စာထုတ် သုံးထုတ် ကို ကိုင် မသေမချင်း အော်နေလိုက်တာ ကြာတော့ ပိုင်ရာဆိုင်ရာ အစိုးရက နယ် ပယ် ပေးလိုက်ရတယ်ဆို သကိုး။ အဲ့ ဘွားတော် မှ မပသရင် လူတွေ ငတ် ကြသတဲ့။ အဲ့ ဘွားတော် ကလည်း သူ့ ပ သမှပဲ လူတွေ လူ့အခွင့်အရေးဆိုတာ ကြိး ရလာတယ်ဆိုတော့ ကာ ဒီလိုနဲ့ လူအခွင့်အရေး အရှိဆုံးနိုင်ငံ ဖြစ်လာသတဲ့။ ခု ထိ နတ်ကွန်း နတ်နန်း ထား ကိုးကွယ် ကြ တုန်းပဲဗျ။ ခင်ဗျား လူတွေ မလွတ်လပ်ဘူးထင်ရင် ၊ လူ့အခွင့်အရေး မပြည့်ဝဘူးထင်ရင် အဲ့ဘွားတော်ကို သွားပသ ကနား ပေး အိပ်မက်ပေးသဗျ။ ဒါ ယုံတမ်းတွေ မဟုတ်ဘူး။ တကယ်ဗျ။



ခု ဆို ကျွန်တော် သမ္မတ ဗျာ။ သမ္မတ ဆိုလို့ အထင်မကြီးနဲ့ရွေးကောက်ပြီးတော့ ဖြစ်တာလဲ မဟုတ်ဘူး။ အစ က ငါးနှစ်မှာ တခါ ရွေးဘာရွေးပေါ့ဗ၊ျာ။ နောက်တော့ လူတွေက ဒါလည်း မလွတ်လပ်ဘူးဆိုပြီး ဘွားတော် အိပ်မက်ပေးတဲ့အတိုင်း စကျင့်သုံးတာ။ ဒါနဲ့ပဲ ကျွန်တော်တို့ နိုင်ငံ ထိပ်ဆုံးရောက်လာတာပေါ့။ ငါးနှစ်တခါ အုပ်ချုပ်တော့ အုပ်ချုပ်တယ်ဆိုကတည်း က လူ့အခွင့်အရေး ဆုံးရှုံးတာပဲ ဒီတော့ကာ လူတိုင်းလည်း အုပ်ချုပ်ရအောင် တစ်အိမ်ထောင် ကနေ တစ်နှစ် သမ္မတ လုပ် ဆိုပြီး အိပ်မက်ပေးသတဲ့။ ဒါနဲ့ ပဲ ဒီလိုကျင့်သုံးကြည့်တာ ဟာ ဘယ်ပြည့်မလဲ တစ်ချို့လူတွေ လည်း စောင့်ရင်းနဲ့ သေသွားတယ်။ ပြီးတော့ အဖေနဲ့သား ၊ အမေ နဲ့ သမီး ညီအစ်ကို ချင်း လုကြပါရောလား။ ဒါနဲ့ ပဲ ဘွားတော်က ဒီလို အိပ်မက်ပေးသတဲ့ ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရှိတယ်။ မဲပေးရတာက ကိုယ့်နာမည် ကိုယ်ထည့်ပေးရတာ။ ဒါကို ဖယ်ပေးရမယ့် သမ္မတ ၊ အဲသူက သူ့နာမည်တော့ ထည့်စရာမလိုဘူး။ သမ္မတ ဟောင်းတွေ မဲမပေး၇ဘူးပေါ့ဗျာ။ အဲ့ သမ္မတ က မဲနှိုက်ရတယ်။ ပါလာတဲ့လူ သမ္မတ ပဲ။ သမ္မတ သက်တမ်းက တစ်လ။ အိမ်တော်တွေဘာတွေမလိုဘူးဗျ သမ္မတ ဆိုတဲ့ ဆိုင်းဘုတ် အိမ်ရှေ့လာ ချိတ်ထားလိုက်တာပဲ။ ဒီလိုနဲ့ လူတွေ ဟာ ဒီစံနစ်ကတော့ လွတ်လပ်တယ် အကုန်လုံးအတွက် တရားမျှတမှု ရှိတယ်ဆို ပြီး တခါတည်း ကမ္ဘာကျော် ဒီစံနစ်နဲ့ပဲတက်လာပါကရောလား။



ဒီစံနစ်လုပ်လိုက်မှပဲ လူတွေ ချမ်းသာ ကုန်ကြတာ။ ဘာလို့မှန်း မသိဘူး။ လူ့အခွင့်အရေး အပြည့်ရပြီ ဆိုပြီး ၀ုန်းဒိုင်း ဂွမ်းဆိုချမ်းသာကုန်ကရောတဲ့။ ဒီမိုကရေစီ တကယ့်စစ်စစ် ရလို့ ဘွားတော် က မစ တယ် ဆိုလား လူပြောများခဲ့ကြတာ။ ကျွန်တော်လည်း သိပ်မသိပါဘူး။ နေရင်းထိုင်ရင်း ရွေးကောက်ပွဲမှာ သမ္မတ ဖြစ်လာတယ်ဆိုတော့ ဒါတွေ ဖတ်ထားရတယ်ကလား။ သမ္မတ ဖြစ်လာလို့ အလုပ်ရှုပ်မယ်ထင်သလား။ နိုးပဲ။ ဟို နိုင်ငံတကာ အစည်းအဝေး တက်ရ ဘာရ ပဲ။ လူတွေက လည်း ကိုယ်လုပ်ချင်တာ လုပ်တယ် ကိုယ် လုပ်ချင်သလိုလုပ်တယ် အုပ်ချုပ် စရာ ကိုမလိုဘူး။ (အုပ်ချုပ်လို့လည်းမရတာ) အဲလို ဒီမိုကရေစီ ပြည့်ဝတာ။ အိမ်ရှေ့ ဆိုင်းဘုတ်ချိတ်ထား ရုံ သမ္မတ ပေါ့။



ခုလည်း အရေးကြီး ကိစ္စ ရှိလို့ ပြင်သစ်ဝင် ရှန်ပိန်လေး ဖောက်မယ် ကြံစည် ထားတာလေး ဖျက်ပြီး ပြန်လာရတာ။ အရေး ကြီးဆို ကျွန်တော်တို့ နိုင်ငံမှာ လူ့အခွင့်အရေး ကိစ္စ ပဲရှိသကိုး။ ဒီကိစ္စ နဲ့။ ကဲ ပြောရင်း ဆိုရင်း အိမ်တန်းရောက် တာပဲ။ အိမ်ရှေ့မှာလည်း လူအုပ်ကြီး အပြည့်ပဲ အော် ဘာအခွင့်အရေး လာတောင်းနေသလဲမသိဘူး။ အိမ်က သော့ပိတ်ထားတော့ အော် နေကြတာပဲ။ ကျွန်တော်လည်း အိမ် ထဲ ၀င်ဖို့ လမ်းကို မနည်းရှာရတယ်။ ဒီမှာက ဒီလိုပဲ လူ့အခွင့်အရေး လိုချင် သမ္မတ ဆိုင်းဘုတ်ချိတ်ထားတဲ့ အိမ်ရှေ့ သွား အော်နေရုံပဲ ။ သမ္မတ က လည်း ရှည်ရှည်ဝေးဝေး ခေါင်းပူစရာမလိုဘူး။ ဘွားတော်ဆီမှာ ကနားပေး အိပ်မက်တောင်းလိုက်။ နောက်နေ့က အိုကေသွားတာပဲ။ ခုလည်း ကျွန်တော်တော့ ပေးရအုံးမယ် ထင်တယ်။ တစ်ပွဲတော့။



ကနားပေးရတာ က ကိစ္စမရှိဘူး။ခက်တာက အ၀တ်အစားပဲ ကျွန်တော်က ဟို ၀ပ်စတင်း စွတ် ဆိုတဲ့ ၀တ်စုံကြီးကို မကြိုက်တာ။ ကနား ပေးရင် ကနားပေးတဲ့လူတိုင်း ဒီဝတ်စုံ အကုန် လုံး ပေါ့ ၀တ်ကြရတာ။ ဒါက စည်း ဆိုလား။ မသိဘူး ကျွန်တော်လည်။ ပြီးတော့ လက်မှာ နီနီ ရဲရဲ ဒေါင်းပုံ ထိုးရသေးတယ်။ ပြီးတော့ အလံကြီးကိုင် ကိုယ်ပါ ၀င် က ရတယ်ဆိုလား ကြားဖူးတာပဲ။ ဒုက္ခ။ ကျွန်တော်က ရှက်တက်တက်နဲ့ ။ အလံဆိုလို့ ကျွန်တော်တို့ အလံကလည်း ဘာမှန်းကို မသိတာ။ ရောင်စုံ သုံးရောင်ခြယ် ပေါ်မှာ ဒေါင်းပါတယ်။ ဒါက ဘွားတော် တံဆိပ်ဆိုလား။ လိပ် ပါတယ်။ ကိုယ့် ဘက်ပဲ ပြန်ရအောင် နိမိတ် လုပ်တယ်ဆိုလား။ ကျားလည်း ပါတယ်။ အို အကောင်ပလောင် ဆုံနေတာပဲ။ ကြယ်တွေကော။ စာနဲ့ ရေးပြရင် တစ်အုပ်ကုန်သွားမယ်။ ပြည်သူတွေ တစ်ယောက်တစ်မျိုး စီ လွတ်လပ်ခွင့်ပေးထားတာဆိုပဲ။ ခင်ဗျား စိတ်ကူးပေါက်ရင် ခု တစ်ကောင် ပစ်ထည့်လိုက်လို့လဲ ကိစ္စ မရှိ။ ထားတော့။ ဒီကိစ္စ ကြိး က ဘာပဲဖြစ်ဖြစ် စိတ်လေစရာ။



အို လူတွေကလည်း ကိုယ့်ကို မဖယ်ပေးကြဘူး။ မသိဘူးလေ သူတို့မလဲ။ သမ္မတ ဆိုင်းဘုတ် ချိတ်ထားလို့သာ လာအော်နေကြတာ သမ္မတ က ဘယ်သူမှန်း မသိဘူး။ အိမ်ရှင်က ဘယ်သူမှန်း မသိဘူး။ ကျွန်တော်လည်း ဒီမှာ သော့သော့ သော့ နဲ့ အော်တော့မှ လမ်းဖယ်ပေးကြတယ်။ ပြီးတော့ စာ တွေ တစ်ပုံကြီး။ဘာလို့လဲဆိုတော့ ပိုက်ဆံက တစ်မျိုးတည်းသုံးနေတာဆိုတော့ မလွတ်လပ်ဘူးလို့ ပြည်သူတွေ ခံစားရတဲ့အတွက် ဘွားတော်ဆီ ကနား ပေးပေးပါ ပေါ့။ ဟူး ဒါမျိုး တွေ လန့်ပါတယ်ဆို။



ကဲ ဟုတ်လေပြီ။ ဒါဆိုလဲ မနက်ဖြန်ပေါ့ ဆိုပြီး မနည်းတောင်းပန် ပြန်လွှတ်လိုက်ကြတယ်။ ဒါတောင် မပြန်ချင်ကြဘူး ။ ခင်ဗျားတို့ မပြန်ရင် ကျွန်တော့်ရဲ့ လူ့အခွင့်အရေးကို ထိပါးတာပဲဆိုမှ မနက်ဖြန် ပြန်လာခဲ့မယ်ဆိုပြီး ပြန်သွားကြတာ။



ကဲ ဒီလိုဆိုတော့လည်း ကျွန်တော့်မှာ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရသပေါ့လေ။ ၀တ်စတင်း ကုတ် ရှာ စိန်စတင်း တီးဝိုင်းငှား ၊ ကနား ပေးဖို့ ကနားပေးဖို့။ အကုန် အဆင်သင့် လုပ်ထား၇တာပေါ့။ ဒါမှ သမ္မတ ပီသ မယ်မလား။



မနက်ရောက်ပါပြီ။ ဒီလိုန့ ဘွားတော် ကနားစီသွား သွားပသ ကြတာ ၀ပ်စတင်း ကုတ်တွေနဲ့ပေါ့။ ဘာလို့လဲ တော့မသိဘူး ဘွားတော် က ဒါမျိုး မှ သဘောကျ တယ်ဆိုတာနဲ့ပဲ ၀တ်ရတယ်ဆိုတာလား။ နားတွေလည်းညံစီနေတာပဲ။ ဘယ်သူ့ကိုများ ပူးမလဲ ဘယ်သူများ အိပ်မက်ပေးမလဲ။ ရင်တထိတ်ထိတ်နဲ့ပေါ့လေ။ ဒီလိုနဲ့......... ၀ုန်းဆို လူတွေ တစ်နေရာကို ၀ိုင်းကုန်တယ်။ ဒီမှာ ပူးနေပြီ ဒီမှာ ပူးနေပြီ ဆိုလား။ ဒါနဲ့ ပဲ ကျွန်တော်လည်း ပြေး ရသပေါ့လေ။



ပူးနေတဲ့အမျိုး သမီးက ကျွန်တော့်ကို စမေးတယ်

ဟဲ့ အမောင် ဘာနေ့သားလဲ

-ဆန်းဒေး သားပါ။

အိမ်းတော်တယ်။ အမေ့အကြိုက်ဖြေတတ်တယ်။

ဘာအရေးလဲ ဟဲ့။

-အမေ ငွေကြေးက လူတွေကို ထိန်းချုပ်နေသလိုဖြစ်တဲ့အတွက် ပြည်သူတွေ မလွတ်လပ်ကြပါ။

ဟယ် ဟုတ်ပ ဟုတ်ပ ဘယ်လွတ်လပ်ပမလဲ။ ငါ ကြံမယ် သားတော် ငါကြံမယ်။

-အားကိုး ပါတယ် အမေ။

အိမ်း အိမ်း အိမ်း........ (အရေးထဲ အိုက်တင်ခံနေသေးတယ် ဒီဘွားတော်နဲ့ ၊ ကျွန်တော့်မှာ အိုက်လှပြီ၊ လူတွေကလည်း တိတ်ဆိတ်ငြိမ်ကျ ပူးနေတဲ့အမျိုးသမီး အဖြေကို နားထောင်နေကြတယ်)

အိမ်း အိမ်း အိမ်း .........(လာပြန်ပြီ ဒီဘွားတော ဒါပဲ နေနေတာ ၊ ကျွန်တော်က စိတ်မရှည်တော့ဘူး)

ဒီလိုလုပ်

-ဟုတ် အမိန့်ရှိပါအမေ။

ပြည်သူတွေကို ကိုယ့်ပိုက်ဆံ ကိုယ်ထုတ်ပြီး သုံးခွင့်ပေးလိုက်။

-ဟာ ကောင်းလိုက်တဲ့ အကြံ အမေ

ဟေးဆို လူအုပ်ကြီးလည်း ၀ုန်းဆို ထ ခုန်ကြတယ်။ ကျွန်တော်လည်း အိုက်အိုက်နဲ့ ကိုယ့်အိမ်ကို ပြန်တယ်။

စောစော က ၀င်ပူးတဲ့အမျိုးသမီးလည်း လူအုပ်ထဲ ပဲ ၀င်သွားသလား။ ကျွန်တော့်လို အိမ်ပြန်သလား ကျွန်တော်မသိပါဘူး။

ကျွန်တော်ကတော့ အိမ်ရောက်ရင် ဂိမ်းဆော့ဖို့ အားသန်နေတယ်။ ငွေ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အရေးမဟုတ်တော့ဘူးလေ။

နောက် ၂ ရက်ဆို ရွေးကောက်ပွဲ လုပ်ပြီပဲ။ ကိုယ့်အတွေးနဲ့ကိုယ်။ အိမ်ရောက်တော့ မိန်းမက လှမ်းကြိုတယ်။

ငွေလုပ် စက်တောင် သူက ဒစ်စကောင့်နဲ့ ၀ယ်ပြီးပြိဆိုပဲ။ ။



မင်းခေါင်

၀၈.၁၂.၂၅၅၆

Saturday, November 20, 2010

မြန်မာနိုင်ငံရေး အကြောင်းတောင်တောင် အီအီ (၂)

မြန်မာ ပြည် ရွေးကောက်ပွဲ ကြီးလည်း ပြီးသွားပြီ။ ဒေါ် စုလည်းလွတ်လာပြီ။ အော်တဲ့လူလည်းအော်တယ်။ ဆဲတဲ့လူလည်း ဆဲတယ်။ မြိုင်ဆိုင်ပါ့ဗျာ။ မထောက်ခံတဲ့လူက လည်း မထောက်ခံ ဘူး။ သီဟတင်စိုး တွေလည်းများ နေတုန်း။ ခုထိ လွတ်လပ်ရေး အတွက် တိုက် ကောင်းတုန်းလေ။ မြန်မာပြည် ချစ်ပါတယ်ဆိုတဲ့ ဒုက္ခသည်တွေ ပြန်ရမယ်ပြောတော့ အော်ငိုကြ။ တိုက်ကြ ကွာ သတ်ကြ။ အားရ သဗျာ ကျွန်တော်တို့ မြန်မာပြည်ကြီး။



ဒါနဲ့ ပြောရအုံးမယ် ဗျ။ နိုင်ငံ တခု တိုးတက် အောင်မြင်ဖို့ အကြောင်းလေးတွေ။ နိုင်ငံ တခု တိုးတက်အောင်မြင်ဖို့ အခြေအနေ တည်ငြိမ်ဖို့လိုတယ် ဆိုတာ ဘယ်သူငြင်းနိုင်မလဲ။ ဟုတ်ကပြီ နိုင်ငံတခု တိုးတက်အောင်မြင် ဖို့ လို ပြည်သူတွေ ဘာလို့တောင်းဆိုကြတာလဲ။ သူတို့ ရဲ့ ဘ၀အခြေအနေ လုံခြုံ စိတ်ချရမှု ရှိမှု။ ဖူလုံမှု ရှိမှု။ ဟုတ်ကပြီ။ အဲဒါကို ဘယ်လိုဖော်ဆောင်မလဲ။ အာဏာ ရှင် စံနစ်ဆို အာဏာရှင်တစ်ယောက် အာဏာ ကိုကောင်းကောင်း အကောင်အထည်ဖော်နိုင် ရမယ်။ အင်အားစုတစ်ခု က အာဏာကို အသေအချာ ကိုင်ထားနိုင်ပြီး ဖော် ဆောင် နိုင်ရမယ်ပေါ့။ တစ်ဖက်က တည်းက တစ်ဖက်သက် ဖိကစားသလိုမျိုးပေါ့။ ပြည်သူကလည်း သူ့နောက်မှာ ပါလာရမယ်။ ဒါမှ မဟုတ် ဆန့်ကျင်ဘက် အုပ်စု ၂ ဘက် ညီမျှ စွာ ရှိရမယ် ဆိုတဲ့သဘော။ ပါတီစုံ ဆိုတဲ့စံနစ်မှာရော ဒီလိုပါပဲ အဓိက အုပ်စုကြီး ၂ စု ပဲ ထိန်းသွားရတာပဲ။ တကယ့် ပါတီစုံ စံနစ်ဆိုတာ ဘယ် နိုင်ငံမှာ မှ မအောင်မြင်ပါဘူး။ ဟုတ်ကဲ့ ဆရာမြို့မငြိမ်း ပြောသလို ကမ္ဘာကြည့်ကြည့်မြင်ကြည့်ပါ။ ဒါဆို မေးစရာရှိလိမ့်မယ် ဒီမိုကရေစီ စံနစ် တစ်ခုလုံး အလေးသာသွားရင်ရော ဟုတ်ကဲ့ ဒီမိုကရေစီ စံနစ်ကို ဆရာသမားတို့ပဲ သိမှာပါ။ တစ်ဖက်တည်း အလေးသာမှု ဆိုတာ မရှိနိုင်ပါဘူး။ ထားကြပါအုံးစို့။



နောက် နိုင်ငံ တိုးတက်လိုမှု အတွက်။ နိုင်ငံကို တည်ဆောက်မှာလား။ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး ဆိုတာ ကို တတွတ်တွတ် အော်နေမှာလား။ ဘာလုပ်ချင်တာလဲ။ ဟုတ်ပြီ ကျွန်တော်တို့က နိုင်ငံ တည်ဆောက်မှု ကို အရေး မစိုက်ပါဘူး ၊ လူ ဆိုတာ လူ့အခွင့်အရေး အပြည့်ရမှပေါ့ ၊ ဒါမှမဟုတ် ဒီမိုကရေစီ အရေးပါ ပေါ့ ဒီမိုကရေစီ အပြည့်ရမှပေါ့ စသဖြင့်။ ဒါဆိုရင်လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေ ၊ ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေလုပ်ကြပါ။ နိုင်ငံတည်ဆောက်မှု နဲ့ အဲ့အရေးတွေ ရောမချပါနဲ့။ မတူပါဘူး။ ဥပမာ ကျွန်တော့်အမြင်အရဆို ဒေါ်စု ဟာ ဒီမိုကရေစီ ခေါင်းဆောင်လို့ ခေါ်မယ်ဆို လက်ခံလို့ရသေးတယ် နိုင်ငံရေးခေါင်းဆောင် တော့ မဟုတ်ဘူး။ ထားတော့ ဒါ က လူတွေနဲ့ ရန်ဖြစ်မယ့် ကိစ္စ။ အဲသလို ဒီမိုကရေစီ ရမှ ၊ ကိုယ့်ကြမ္မာ ကိုယ်စီရင် ပိုင်ခွင့် တွေ လိုချင်နေကြပါတယ် ဆိုတဲ့ ကျွန်တော်တို့ ပြည်သူတွေ ၊ အဲ နည်းနည်း အဆင့်မြင့်သွားပြီ ၊ လူတွေ ကိုယ်လုပ်ချင်တာတောင် ကိုယ်ဖြစ်ချင်တာတောင် မသိဘဲ ပေါ်ပင် လိုက်လုပ်တဲ့လူ ကိုးဆယ်ရာခိုင်းနှုန်းလောက် ရှိတဲ့ ပြည်သူတွေက ကိုယ့်ကြမ္မာ ကိုယ် စီရင် ချင်တယ်လာပြော နေကြတာတော့။ ဟဲ ဟဲ။( လူတွေ ရဲ့ လိုအင်ဆန္ဒ တောင်း ဆိုမှု ရဲ့ အဆင့်လိုက်ကို လေ့လာကြည့်ပါ။)



ကိုယ် လိုချင်တာ ဘာမှန်း ရှင်းရှင်း သိပါစေ။ နိုင်ငံ တည်ဆောင်ချင်တာလား လူ့အခွင့်အရေးလှုပ်ရှား ချင်တာလား ။ ဒီမိုကရေစီ တင်းပြည့်ကျပ်ပြည့် နိုင်ငံတွေတောင်မှ ခု ထိ လူ့အခွင့်အရေး လှုပ်ရှားတဲ့လူ တွေ ဒီမိုကရေစီ လှုပ်ရှားတဲ့လူတွေရှိနေတုန်း။ ပြောချင်တာက ဖင်နိုင်မှ ပဲကြီးဟင်း စားလို့ကောင်းတာဆိုတာလိုမျိုးပေါ့။



မတရား တာ တရားတာ ပြောမယ်ပြောကြမယ်။ တရားမှု ဆိုတာ ပန်း ပွင့်လေးတွေလိုပါပဲ။ ပွင့်တုန်း ကြွေတုန်း ခဏသာ မွှေးတာပါ။ နောက်တော့လည်း လွှင့်ပစ်ရတာပါပဲဗျာ။ ဒါတွေ ဆက်ပြောနေရင် လမ်းလွဲ ကုန်မယ်။ ထားလိုက်ပါစို့ အုံး နောက်တစ်ခါ။



ဘုရားပြီးရင် ငြမ်းဖျက်ရပါတယ်။ စတေးသင့်တဲ့အရာ စတေး ရပါတယ်။

ဒါက နိုင်ငံတည်ဆောက်မယ်ဆိုတော့ ကာ.......



ခု ကျွန်တော်တို့ မြန်မာပြည်မှာ ကျတော့ အင်အားစု တစ်စု တည်းကိုပဲ ပေါ်ပင် သဘောမျိုး အုပ်လိုက်သွားနေကြတာမျိုး တွေ့နေရတယ်။ နောက်တော့ ဒီလိုပဲ ဒီ ပင်မရေစီးကို ဆန့်ကျင်တဲ့လူတွေအချို့တွေ့လာရတယ်။ အချို့ကတော့ ဒါ ရီဘယ်လ် ဆန်ဆန် စိတ်ဓာတ်မျိုးရှိတဲ့လူတွေတဲ့။ ကျွန်တော်ကတော့ ဒါ ဒီမိုကရေစီ ရဲ့ အစ လို့ပဲထင်တယ်။ ရှိသင့်တယ်။ ရှိကို ရှိရမယ်ပေါ့ဗျာ။ ဟုတ်ကဲ့ ခင်ဗျားတို့ လိုချင်နေတဲ့ ဒီမိုကရေစီ နဲ့ နိုင်ငံ တိုးတက်ဖို့ ဆိုရင် အဓိက အင်အားစု ၂ ခု လိုပါတယ်။ ပင်မရေစီး ရှိရင် ပင်မရေးစီးကို ခွဲထွက်တဲ့ ရေစီး ရှိရပါတယ်။ ဒါမှသာ နိုင်ငံကိုကောင်းကောင်းတည်ဆောက်နိုင်ပါတယ်။ ဒါကို ဒီမိုကရေစီ တစီစီ နေကြတဲ့လူတွေကော သိပါရဲ့လား။ ဒီမိုကရေစီ ဆိုတာ ရော့ဆို ဟုန်းကနဲ ဒိုင်းကနဲ ဒီမိုကရေစီ ရသွားလို့ ငါတို့နိုင်ငံကြီးတော့ အောင်မြင်သွားပြီ ဆိုမလား။ ဟုတ်တယ် ဒီမိုကရေစီ တော့ ရသွားပြီ။ ဗိုလ်ချုပ်အောင်ဆန်းပြောသလို ဖာသည်စိတ်ဓာတ်တွေနဲ့ဆို ဖာတိုင်းပြည်ပဲဖြစ်မှာပါ။ ဖာသည် စိတ်ဓာတ်ပဲရှိတဲ့ တိုင်းပြည်မှာ ဒီမိုကရေစီ ရသွားရင် ဖာတိုင်းပြည် ပဲဖြစ်မှာပါ။ ဘာတွေလိုအပ်မလဲ တွေးဖို့ လိုပါတယ် လိုအပ်တာ လုပ်ဖို့လိုပါတယ်။ ဟေ့ ငါတို့ လိုချင်တာတော့ မရဘူး တိုက်ကြကွာ လုပ်ကြကွာ ချကြကွာ လို့အော်နေရုံနဲ့ ဘာမှ ဖြစ်မလာပါဘူး ။ တကယ် ဖြစ်ချင်ရင် လုပ်လို့ရမယ့်အရာကို တကယ်လုပ်ဖို့လိုပါတယ်။ တကယ်လိုအပ်မယ့် အရာကို သိဖို့လိုပါတယ်။ ဟေ့ ငါ အာဏာ မရမချင်း ဒီမိုကရေစီ မစစ်ဘူး ၊ မလွတ်လပ်ဘူး မတရားဘူး အော်နေလို့မရပါဘူး။ တကယ်လုပ်လို့မရဘူး မပြောပါနဲ့။ လူ့အခွင့်အရေး မရဘူး မပြောပါနဲ့။ လူ့အခွင့်အရေးဆိုတာ သူများဆီက တောင်းရတာမျိုးမဟုတ်ပါဘူး။ သူများပေးမှ ရလာတဲ့ အရာဟာ လူ့လွတ်လပ်မှု မဟုတ်ပါဘူး။ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် လွတ်လပ်နေရတာမျိုးသာ လူ့လွတ်လပ်ခွင့်ပါ။ ခုတော့ ဆယ်တန်းအောင်ရင်တောင် ပေါ်ပင်ဖြစ်တဲ့ မိဘဖြစ်စေချင်တိုင်း ဖြစ်တဲ့ လိုင်းမျိုး ရှင်သန်မှုမျိုးကို ရွေး နေကြတဲ့ လူ အများစု ရှိတဲ့ နိုင်ငံ ကို ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ပေး စေ ချင်ကြတယ်ဆိုတော့ တဆိတ်လောက် စဉ်းစား ကြည့်ကြ စေချင်ပါတယ်။ လွတ်လွတ်လပ်လပ် လွတ်လပ်ကြည့်ကြပါ။ ကိုယ် အသိဥာဏ် နဲ့ကိုယ် တစ်ခါလောက် လွတ်လပ်ကြည့်ပါ။ တွေးကြည့်ပါ။ လွတ်လပ်တဲ့ လူ ဖြစ်ချင် ရင် လွတ်လပ်တဲ့ စံနစ်ကို လိုချင်ရင် ကိုယ် ကိုယ်တိုင် အရင် လွတ်မြောက်နိုင်ဖို့လိုပါတယ်။ အဖွဲ့အစည်း တစ်ခုရဲ့ တစ်ယူနစ်ချင်း စီက တကယ် လွတ်လပ်ရင် တကယ်လွတ်လပ် မှု ရှိတဲ့ နိုင်ငံကို တည်ဆောက် နိုင်မှာပါ။ နို့မို ဆိုရင်တော့ သူလည်း ရှေ့မတိုးနိုင် ကိုယ်လည်း ရှေ့မတိုးနိုင် နိုင်ငံ လည်း ဖာနိုင်ငံ ပဲဖြစ်မှာပါ။ တွေးကြည့်ကြပါအုံး။ ခု နိုင်ငံရေး လုပ်နေတယ်ဆိုတဲ့လူတွေလည်း တစ်ချက်လောက် ပြန်တွေး ကြည့်ကြပါအုံးလို့။ ကျွန်တော် အယူလွဲ နေတာလည်း ဖြစ်ချင်ဖြစ်မှာပါ။ထောက်ပြ ပေးကြပါ။



ကျွန်တော် နိုင်ငံရေး အကြောင်းလည်း သိပ်စိတ်မ၀င်စားပါဘူး။ လုပ်လည်း မလုပ်လိုပါဘူး။ ကိုယ်ဖြစ်ချင်တာကို လွတ်လွတ်လပ်လပ်လုပ်နေချင်တဲ့ လူပါ။ နိုင်ငံငေးသမား သက်သက်ပါ။ ဒါပေမဲ့ နိုင်ငံရေး ဟာ လူတိုင်းနဲု့ဆိုင်တယ်ဆိုတဲ့ စကား အတိုင်းဆိုရင်တော့လည်း ကျွန်တော်မြင်သမျှကို ကျွန်တော် တင်ပြကြည့်တာပါ။ ကျွန်တော့် လွတ်လပ်ခွင့်။ အပြောများနေကြတဲ့ လူ့အခွင့်အရေးပေါ့။ ကျေးဇူးတင်ပါတယ်။



နန္ဒမင်းခေါင်

Sunday, October 24, 2010

မြန်မာ နိုင်ငံရေး အကြောင်းတောင်တောင်အီအီ

မြန်မာပြည် မှာ ခု အလံပြောင်းသွားပြန်ပြီ။ ဒီမိုကရေစီ။ ရွေးကောက်ပွဲ။ စစ်အစိုးရ။ စသဖြင့် အသံတွေ ဆူညံနေတော့ တွေးမိတာလေးတွေပါ။ ကိုကောက်ရိုး ပြောသလို စကားခံ ထား ရရင် အတွေးမှာ အဆုံးမရှိပါ ပေါ့။

အဆုံးမရှိတဲ့ အတွေး စမိပုံ ရောက်သွားပုံလေးပါ။

သမိုင်းမှာ ဗမာပြည် ဒီမိုကရေစီ ၊ ပါတီစုံရွေးကောက်ပွဲ စသဖြင့် လုပ်ခဲ့တယ်။ နောက်ဆိုရှယ်လစ် စံနစ်။နောက် ခု စစ် အစိုးရ။ ခေတ်ပြောင်းကာလရှည်ရှည်။

စုံလှပါတယ် လွတ်လပ်ရေး ရတာ နှစ်၁၀၀ မပြည့်သေးတဲ့ အတောအတွင်း စံနစ်တွေ ပြောင်း အတွေ့အကြုံတွေများခဲ့တယ်။

ခု လည်း ဒီမိုကရေစီ တဲ့။ လုပ်ချ လိုက်ပြန်ပြီ။ စစ်တပ် အာဏာ ပါတဲ့ ဒီမိုကရေစီ စံနစ်တဲ့။ ကန့်ကွက်တဲ့ လူက ကန့်ကွက် ။ ဆန့်ကျင်တဲ့သူက ဆန့်ကျင် ။ ပူးပေါင်းသူက ပူးပေါင်း။ လုပ်သင့်တယ်ပြောတဲ့ သူက ပြော။ အမျိုးမျိုး နဲ့ များလှပါတယ်။


ခု ဒီမိုကရေစီ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့သူတွေ စသဖြင့် နိုင်ငံရေး သမားတွေ မြန်မာပြည်ရဲ့အခြေအနေ ကို ရော သေချာသိကြရဲ့လား ဆိုတာတော့ မသိဘူး ။ မြန်မာပြည်ကို ဘယ်နေရာတွေသွား ဘယ်တွေတွေ့ခဲ့လို့ နိုင်ငံရေး တွေ လုပ်နေကြတာ လည်း လည်း ကျွန်တော်မသိပါဘူး။ ဒါမှမဟုတ် အမြတ်တခု လိုချင်လို့ နိုင်ငံရေး လုပ်တာလား၊ သူများ နိုင်ငံတွေ တွေ့ပြီး အားကျတဲ့ စိတ်နဲ့ နိုင်ငံရေး ၀ုန်းဒိုင်း သူတို့လို ဖြစ်သွားစေ ဆိုပြီး လုပ်နေကြတာလားတော့လည်း ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော် သိသမျှ မြန်မာပြည်ရဲ့ အခြေအနေ အကြောင်း အရင် ပြောကြည့်တာပေါ့။


အရင်ဆုံး မြန်မာပြည်ရဲ့ သမိုင်းလေးကို အတိုချုံးလေးပေါ့ဗျာ။ ခု မြန်မာ တွေလို့ ခေါ်နေတဲ့ မြန်မာတွေဟာ သူတို့ နိုင်ငံမဟုတ်တဲ့နေရာမှာ အခြေ လာချပြီး လူမျိုး အခြေချ နိုင်ငံကို သိမ်းပိုက်ရင်းနဲ့ ကြီးမားလာပြီး အုပ်စိုးနေတယ်။ ဆော့ပါဝါ ဟဒ်ပါဝါ စတာတွေ သုံးပြီး နိုင်ငံကို ကြီးစိုးလာခဲ့တယ် လို့ ပြောရမယ်။ ဒီလိုနဲ့ ခု မြန်မာပြည် လို့ဖြစ်လာတယ်။ အဲတော့ ကျန်တဲ့တိုင်းရင်းသားတွေကကော။ တကယ် နိုင်ငံတစ်ခုတည်းပါလို့ တစ်သွေးတည်းပါလို့ မြန်မာပြည်က လူတွေ တကယ်ခံယူကြလား။ ရှမ်းပြည်ဆို ခု ထိ ဗမာပြည် ရှမ်းပြည် သုံးတုန်း သူတို့ကိုယ်တိုင်ကရော ဗမာ ဆို ဘယ်လိုစိတ်ထားပါသလဲ။ ဒါကို ဒီနေ့ နိုင်ငံရေး လုပ်နေတဲ့လူတွေ သိကြရဲ့လား။ နောက် မွန် တွေ ခု ထိ မြန်မာဆို ခါးခါးသီးသီး။ မွန်တိုင်းရဲ့အိမ်မှာ ဘုရားစင်မရှိရင်သာနေမယ်။ ဘူမိဘောပုံတော့ ထား ကိုးကွယ်ကြတယ်။ ကရင် ဒီနေ့ထိ ချမယ်တကဲကဲ လုပ်နေကြတုန်း။ ဒီလိုအခြေအနေ ကို ဘယ်လိုပြင်ကြမှာလဲ။ ဒါကို ဘယ်လိုများ တွက်ကြလို့လဲ။ မြန်မာပြည်ရဲ့အခြေအနေ ဟာ တဲတဲလေးပါ။ ဒါတွေကို ပြင်ဖို့ အရင်လိုပါတယ်။ ဒါတွေကို ထည့်မတွက်ဘဲ ရာနှုန်းပြည့် ဒီမိုကရေစီ သူများ စီက ဒီမိုကရေစီ သူများလို ဆိုတာ ဖြစ်ရောဖြစ်နိုင်ခြေ ရှိရဲ့လား။


နောက် ဒီမိုကရေစီ တဲ့ ဒီမိုကရေစီ ခု လူတွေတောင်းနေကြပါပြီတဲ့။ ဒီမိုကရေစီ ရရင် လုပ်ချင်တာလုပ်လို့ရပြီ ဆိုတဲ့အသိကြောင့်တောင်းနေတာလား နိုင်ငံကြီးတော့ ကောင်းသွားပါစေ ဆိုတဲ့အသိကြောင့်တောင်းနေကြတလား ကျွန်တော်လည်း သေချာမသိဘူး။ ဒီမိုကရေစီ နဲ့ သင့်တော်တယ် ဒီမိုကရေစီ နဲ့အုပ်ချုပ်ရင် နိုင်ငံကြီးတိုးတက်လာမယ် ဆိုတဲ့အထင်ဖြစ်ပုံရတယ်လို့ ကျွန်တော်ထင်တယ်။ ဒါကလည်း ကျွန်တော့်အထင်။


နောက် ခု နိုင်ငံရဲ့အခြေအနေ နိုင်ငံတိုင်းမှာ မြန်မာတွေအများအပြား အနှံ့အပြား အကုန်လုံး က လုပ်နေတာ တကယ့်ပညာရှင်တွေအများအပြား၊ ဒါမှမဟုတ် လေ့ကျင့်ပြီးသားအလုပ်သမားတွေ ဒီလူတွေ မြန်မာပြည် ပြန်လာပြီး လုပ်နိုင်ရင် နိုင်ငံဘယ်လိုဖြစ်သွားမလဲ။ သူတို့အဓိက လုပ်နေတာ မြန်မာပြည်မှာ လုံလောက်တဲ့ ငွေကြေး မရရှိလို့ ဆိုတာ လူတိုင်း သိပါတယ်။ ဒါဆို မြန်မာပြည်မှာ တကယ့် အကြီး မား ကုန်ပဏီ ကြီးတွေ လာရောက် မြုပ်နှံလို့အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်လာရင် ဒီလူတွေ ပြန်လာလုပ်ကြမလား။ ဘယ်သူတွေ ဘယ်လိုပဲအောင်မြင်နေပါစေ နေသာနေပါစေ သင့်တင့်တဲ့ လစာနဲ့ အခွင့်အရေး နဲ့ဆို ကိုယ့်ပြည်ကို ပြန်မလာချင်တဲ့လူ မရှိဘူးလို့ထင်ပါတယ်။ ဒါဆို မြန်မာပြည် ဘာဖြစ်သွားမလဲ။ ခုတော့ မြန်မာပြည်မှာ အစိုးရ က အလကား အလုပ်အကိုင်တွေဖွင့်ပေးထားပြီး အတင်း မရ ရအောင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖွင့်ပေးနေရတယ်။ ကုန်ပဏီ ကြီးတွေကို ထောက်ပံ့ သူတို့ကပြန်လည်ပြီးအလုပ်အကိုင်တွေမဖြစ်ဖြစ်အောင်လုပ်နေရ။ တင်းထားရပါတယ်။ ဒီအခြေအနေ မှာ တကယ့် ကုန်ပဏီကြီးတွေ ၀င်လာခဲ့ရင်။ ဘာလို့ နိုင်ငံရေး လုပ်နေသူတွေ အဲလို ပိတ်ဆို့ အရေးယူတာတွေကို ထောက်ခံ ကြိုဆို အားပေး တောင်းဆို နေရတာလည်း ကျွန်တော်မသိပါ။


အစိုးရ က ရက်စက်တယ် ပြုတ်ကျသွားစေချင်လို့။ ဒီလို ဆိုကြမယ်ထင်ပါတယ်။ ဒါပေမယ့် အဲ့လို ရီဗောလူးရှင်းဖြစ်ရင် လူတွေ ဘာဖြစ်ကုန်လဲ။ အများပြောတဲ့အတိုင်း ပြောရမယ့်စာလုံး ပြည်သူတွေ ဘာဖြစ်ကုန်မလဲ အကုန်ယောက်ယပ်ခတ်ကုန်ပါမယ်။ ဒါဖြစ်သင့်လား။ ဒုက္ခရောက်ကုန်မယ်။ ခု ဘယ်စံနစ်မှ ရီဗော်လူးရှင်း နဲ့ မအောင်မြင်ပါဘူး။ ခု တရုတ်ပြည် ၊ ဗီယက်နမ် ကွန်မြူနစ်စံနစ်ကို အီဗော်လူရှင်းနဲ့ ပဲ တက်လာပါတယ်။ ဒီမိုကရေစီ စံနစ်မှာရော ဒီလိုပဲ အီဗော်လူရှင်း နဲ့ တက်လာတဲ့နိုင်ငံတွေချည်းပါပဲ။ နိုင်ငံတစ်ခုအောင်မြင်တိုးတက်ဖို့ က ကျင့်သုံးတဲ့စံနစ်က အရေးမကြီးပါဘူး စံနစ်တခုကို ဟန်ချက်ညီညီ အီဗော်လူရှင်း နဲ့ ကျင့်သုံးလာတယ်ဆို အောင်မြင်တာပါပဲ။ ဒါဆို ခု နိုင်ငံရေးလုပ်နေသူတွေ ရီဗော်လူရှင်း ကို အသည်းအသန်တောင်းဆို နေရတာလည်း ကျွန်တော်မသိပါ။


ရန်သူနဲ့ မိတ်ဆွေ။ ဒီ ၂ မျိုး ပဲရှိတယ် လို့များ ယူကြတယ်လားမသိဘူး။ သမိုင်းမှာ လူဆိုး ဖြစ်သွားမှာလည်း ကြောက်ကြလို့အသေတွယ်ကပ်နေပုံပေါ်ပါတယ်။ နောက် အခု ကိုပဲ အသွင်းကူးပြောင်းရေး ကာလ က နှစ် ၂၀ ကျော်သွားပါပြီ။ ဒါမဖြစ်သင့်ပါဘူး။ လူတွေဟာ စံနစ်တွေရဲ့သားကောင်တွေပါ။ အဲ့ စံနစ်အတိုင်း လူတွေတွေးခေါ် နေထိုင်ကြတယ်။ ခု အသွင်ကူးပြောင်းရေး ဆိုတော့ စံနစ်လည်းရေရေရာရာမရှိတော့ လူတွေ လမ်းပျောက် အသိဥာဏ် ဟင်းလင်းပြင် တွေဖြစ်နေကြပါတယ်။ ခု စံနစ်တခု အကောင်အထည် ပေါ်ဖို့ စ နေတယ်။ ဒါကို ဘယ်လို တုံ့ ပြန်ကြမလဲ။ ကိုယ်လိုချင်တာကြီးကို အသေဆုပ်ကိုင်ပြီး ဒါ မရရင် ဟိုဟာ မယူဘူးဆိုတာ ဖြစ်သင့်ပါလား။ ဒီခေတ်က ဂျူးလီယက်ဆီဇာခေတ် မဟုတ်တော့ပါဘူး။ သိဖို့လိုပါတယ်။


နောက် နိုင်ငံကလူတွေရဲ့ အသိဥာဏ် အဆင့်အတန်း ဒါကကော ဘယ်လိုနေကြလဲ။ လူတွေဟာ ဒီမိုကရေစီ ကို အကျင့်ဖြစ်ပြီတဲ့လား။ ချက်ခြင်းကြီးတော့ အရှင်မွေး နေ့ခြင်းကြိး မျိုး မမျှော်လင့်နိုင်ပါ။ ဒီလိုပဲ ရလာတဲ့ စံနစ်ပေါ်မှာ ကိုယ်တို့ ဘယ်လို အလုပ်လုပ်သလဲ ဘယ်လို နေလဲ ဆိုတာပေါ် မူတည်ပြီး ကိုယ့်နိုင်ငံရဲ့တိုးတက်နှုန်း ပြောင်းလဲမယ် ဆိုတာကို နိုင်ငံရေးလုပ်နေတဲ့ လူတိုင်း သိကြမယ်ထင်ပါတယ်။ ဒါတွေကိုကော သူတို့ ဘယ်လို ထိန်းကျောင်းမလဲ။

ဘယ်လိုမျိုး လုပ်ပေးနိုင်မလဲ။


ကျွန်တော်တို့ က အာရှ တိုက်ကလူတွေ အဲ့တော့ အာရှ တိုက်ကိုပဲ ဆန်းစစ်ကြည့်ရမှာပါ။ အာရှတိုက်မှာ ရော တကယ့် ဒီမိုကရေစီ စစ်စစ်နဲ့အောင်မြင်နေတဲ့နိုင်ငံ ဘယ် လောက်ရှိပါသလဲ။ ခု မြန်မာအများစု သွားနေကြတဲ့ စင်ကာပူ ၊ နောက် အအောင်မြင်ဆုံး ဂျပန် တောင် နိုင်ငံရေး ဘယ်လိုနေလဲ၊ တောင်ကိုရီးယား တက်လာတာ ဘာကြောင့်လဲ ၊ တရုတ် ဘယ်လိုလဲ၊ ဒါကိုကော ဆန်းစစ်ကြည့်ကြပါရဲ့လား။ အတင်းကြီးပဲ ဖြုတ်ချ ဖြုတ်ချ အော်နေကြတော့မှာလား။


လူတွေကကော တစ်ဖက်နဲ့ တစ်ဖက် ဘာလုပ်လုပ် အဆိုးမြင်နေကြတာမျိုးဟာ ဖြစ်သင့်ပါသလား။ ကိုယ်ဘယ်လိုအလုပ်လုပ်မလဲ။ ခု မြန်မာနိုင်ငံသားတွေ ဆိုသူတွေကရော မြန်မာပြည်ရဲ့ အခြေခံဥပဒေ ကို ကိုယ်ကိုယ်တိုင် ကျ ဖတ်ကြည့်ပြီးပါရဲ့လား။ သူများပြောတဲ့အတိုင်း ကိုယ်အော်နေတာလား။ ချထားတဲ့ ဥပဒေ တွေက ဘယ်လို ကိုယ့် ကို အကျိုးသက်ရောက်မှု ဖြစ်မလဲ။ဘာတွေဖြစ်မလဲ။ သိဖို့မလိုဘူးလား။ ဘာဖြစ်ဖြစ် ဟိုလူတွေလုပ်တိုင်း မကောင်းဘူး အော်မယ်လို့ပဲ ကိုင်ဆွဲထားမှာလား။ လူတိုင်းက ဖတ်ပြီးလို့အော်နေကြတာလား။ကျွန်တော်တော့ သိပ်မထင်ပါ။ ဥပမာ အလံပြောင်းတဲ့ကိစ္စ ကို သတိချပ်။


ဘာလို့ စစ်တပ် က အာဏာ ယူထားရတာလဲ။ ယူချင်လို့လဲဖြစ်မယ်။ အကြောင်းရင်းကို ဆန်းစစ်ကြည့်ရဲ့လား။ အကျိုးသက်ရောက်မှုကိုကော သေချာ ဆန်းစစ် ပြီးပြီတဲ့လား ။ အာဏာ ရတဲ့လူတွေကကော ဘာတွေလုပ်နိုင်ကြမှာတဲ့လဲ။ လိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မထောက်ခံ မထောက်ခံ ကိုယ်က မြန်မာပြည်သား ဒီအခြေခံဥပဒေကြီးကို ကျင့်သုံးရတော့မယ်။ ဒါကို လက်မခံလို့ ဖြစ်ကြမှာတဲ့လား။ ဖတ်ကြပါ။ ဆန်းစစ်ကြပါ။ လိုပါတယ်။


အခု လူတွေတော်တော်များများ က ရီဗော်လူရှင်းပဲအော်နေကြတယ်။ မထူးပါဘူးဆိုပြီး ရလာတဲ့ နေရာကို ပစ်ထားမှာတဲ့လား။ ကိုယ် က အလုပ် မလုပ်တော့ဘူးတဲ့လား။ လူတိုင်းလေ ခု ဒီမိုကရေစီ စံနစ် ဆိုတာကြီးရဲ့အခြေခံက လူတိုင်း ဟာ အသိဥာဏ် ရှိရှိ အခြေခံဥပဒေမှာ ပါတဲ့ ကိုယ့်လွတ်လပ်ခွင့်တိုင်း အလုပ်လုပ်ကြဖို့ တာဝန်ယူကြဖို့။ ကိုယ့်ကို အုပ်ချုပ်မယ့်လူ ရွေးနိုင်ဖို့။ ကိုယ့်ခံယူထားတဲ့ တာဝန် ကိုယ့်တာဝန်ကို ကျေကျေပွန်ပွန် အလုပ်လုပ်နိုင်ဖို့ ၊ ဒါကိုကော ထည့်စဉ်းစားကြပါသလား။ အားရှိ မဲမထည့်ဘူး အော်နေမှာလား။ ဒါမှမဟုတ်ဖြစ်လာမယ့် ဟာကြီးကို ဘူးခံ ခေါင်းခါ ပြောနေကြမှာလား။ နဂို တည်လာတဲ့ အတိုင်းကြီးပဲ နေတော့မှာလား ။ သူများပြောတာ သူများအော်ကြတာပဲ ကိုယ်လည်း သံယောင်လိုက်အော်နေတော့မှာလား။ ကိုယ့်ဘာသာ ဆန်းစစ်ပြီး ကိုယ်ကျရာ နေရာမှာ တာဝန်အပြည့်ယူဖို့ အလုပ်လုပ်ဖို့ မစဉ်းစားကြတော့ဘူးလား။


ခု နိုင်ငံရေးလုပ်နေကြတဲ့လူတွေရဲ့ အကြောင်းကိုကော သေချာ တွေးမိပါရဲ့လား။ ကိုယ်ကိုယ်တိုင်ရော ဆန်းစစ်ကြည့်ပါရဲ့လား။ ကိုယ့်ရန်သူကို ဆန့်ကျင်တာနဲ့ ကိုယ်ကလဲ သူ့တို့ ရဲ့ နည်းအတိုင်းလိုက်လုပ်တော့မှာတဲ့လား။ လူတိုင်းရဲ့ အသိဥာဏ်တွေ ခံယူချက်တွေ လိုပါတယ်။ ဒါကို နိုင်ငံကြီးသားစိတ်လို့ခေါ်မလား နိုင်ငံတော် စိတ်ဓာတ်လို့ခေါ်မလား ကျွန်တော်လည်း သေချာမသိပါဘူး။


သူရဲကောင်း ခေတ် ဆို တာ မဖြစ်နိုင်တော့ပါဘူး။ စစ်သည်လေးသိန်းအားနဲ့ညီတဲ့ သူရဲကောင်းလေးယောက် ဇာတ်လမ်းကိုပဲ တမ်းတနေမှာလား။ သူရဲကောင်း တွေနဲ့ စစ်တိုက်တဲ့ခေတ်က ကုန်သွားပါပြီ။ ကိုယ့် ကျတဲ့နေရာမှာ ကိုယ့်အလုပ်ကို သေချာလုပ်ပြီး စံနစ်ကို ပြည့်ဝစွာလည်ပတ် နိုင်ရင် အောင်မြင်မှာပါပဲ။


ဆန်းစစ်ကြည့်ကြပါ။ ဘာလို့လုပ်သလဲ။ ဘာလို့လုပ်ဖို့လိုအပ်သလဲ။ ပြည်သူတွေ လက်ထဲကို အာဏာ က ဘာလို့အပြည့်အ၀ ရောက်မလာရသေးတာလဲ။ ဘယ်သူလိုလို့လဲ။ အာဏာ ရောက်လာလို့ရော ဘာဖြစ်နိုင်ပါသလဲ။ ဘယ်တွေရောက်သွားနိုင်ပါသလဲ။ ကိုယ့်နိုင်ငံကောင်းဖို့ ဆို တကယ်လိုအပ်တာ ဘာလဲ။ ဒီထက်ကောင်းတဲ့လမ်းတွေကို မြင်ကြလို့လား။ ရီဗော်လူးရှင်းပဲ အော်နေကြတော့မှာလား။


တွေးမိတာတွေကများပါတယ်။ အစိုးရ ဆန့်ကျင်တဲ့ နိုင်ငံရေး သမားတွေ ကရော သူတို့ ဘာလို့ ဒီလိုလုပ်နေကြတာလဲ။ သူတို့ ကိုယ်တိုင်ကရော မြန်မာတွေကို ဘာလို့ အပြင် ကို ခေါ်ထုတ်နေတာလဲ။ ဒီတိုင်း နေတဲ့လူငယ်တွေကို ဆန့်ကျင်ရေးထဲ ဆွဲထည့်ချင်ကြတာလဲ။ မေးခွန်းတွေများပါတယ်။ သူတို့ ဘာလို့ ဆန့်ကျင်ရတာလဲ။ သူတို့ ဆန့်ကျင်ရတဲ့ အဓိက အကြောင်းက ဘာလဲ။ သူတို့ ဆန့်ကျင်တဲ့ အချက်ကို အစိုးရကလည်း ဘာလို့ ပြုလုပ်ရသလဲ။ တစ်ချက်တည်းကို အသေမတွေးဘဲ အမျိုးမျိုး တွေး ကြည့်ဖို့လိုပါတယ်။


ရထား က ထွက်တော့မှာပါ။ မလိုက်ချင်လည်း ပါသွားမယ့်ရထားပါ။ ဒါမှမဟုတ် နေခဲ့မှာလား။ မြန်မာနိုင်ငံရေး လုပ်နေတဲ့သူတွေမြန်မာစကားတော့ ပီဖို့ လိုပါသည်။ မြန်မာအကြောင်း သေချာသိဖို့လိုပါသည်။ မြန်မာပြည်မှာ ဖြစ်နေတာတွေ တကယ့် အတွေ့အကြုံတွေ ကိုယ်ကိုယ်တိုင် တွေ့သိဖို့လိုပါသည်။ ၀င်လို့ ရတာ မရတာတွေ မပြောလိုပါ။ တကယ်နိုင်ငံကောင်းချင်လျှင် ဒါမျိုးတွေ သိရမည်။ လေ့လာရမည်။ ကြိုးစားရမည်။ တကယ် နိုင်ငံထဲ ပြန်ဝင်လာခွင့် ရလာလျှင် ဘာလုပ်ကြမလဲ။ စက္ကူဖြူ စီမံကိန်းလိုမျိုးကောလုပ်ထားကြပါသလား။ ဆန့်ကျင်မယ်ချည်းအော်နေတော့မှာလား။ ရထား က ထွက်တော့မှာပါ။ အသေအချာပါ။ ရထားကို ဒီလိုပဲ စုတ်စုတ်ပြတ်ပြတ် ဗြဲ လရမ်း သွား ကြမှာလား။ သွားရင်းနဲ့လှတပတလေးဖြစ်အောင် လုပ်ကြမှာလား။ ဒီမိုကရေစီ နဲ့ တန်တဲ့ လူတွေဖြစ်ရင် ဒီမိုကရေစီ ဆိုတာ ရလာမှာပါ။ ရီဗောလူရှင်း နဲ့ အီဗော်လူးရှင်း ကွဲ ကွဲ မြင်သင့်ပါတယ်။ ဒီ ၂ခု ရဲ့အကျိုးအပြစ်တွေကို မြင်ကြည့်ရပါမယ်။ ဒါမဟုတ်ပဲ ဒါပဲ ဒါပဲ ဒါပဲ ဒါပဲ နေတော့မှာလား။


ခု နိုင်ငံရေးလုပ်နေတဲ့လူတွေ နိုင်ငံကောင်းကြောင်းလုပ်နေတယ်ဆိုသူတွေ ဘယ်လိုတွေးပြီး ဘာတွေလုပ်နေကြသလဲ။ ကျွန်တော်တွေးကြည့်မိပါသည်။ အတွေးမှာ အဆုံးမရှိပါ(ကောက်ရိုး)။


နန္ဒမင်းခေါင်

Sunday, October 17, 2010

မြန်မာစာ အကြောင်း တောင်တောင်အီအီ

ကလေးငယ် ချစ်စဖွယ်" သင်ချိန်ကစလို့ ယခုအချိန်အထိ မြန်မာစာ အကြောင်း ကို တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ စေ့စေ့ မတွေးခဲ့ဖူးပါ။ တွေးလိုက်မိပြန်တော့လည်း တောင်စဉ်ရေမရအတွေးတွေဆက်တိုက်ပေါ်လာသည်။



အက္ခရာကစပါမည်။ ကျွန်တော့အမြင်တွင် ဗျည်း ၃၃ လုံးစလုံးသည် မလိုအပ်ဟုထင်ပါသည်။ အက္ခရာဖောင်းပွမှုဖြစ်နေသည်။ "ဃ ၊ ဋ ၊ ဍ ၊ ဒရင်မှုတ် ၊ ဠ" စသည်တို့မှာ အလွန်အသုံးနည်းသော အက္ခရာ များဖြစ်သည်။ထိုစာလုံးများအစား သုံးနိုင်သော အက္ခရာကလည်း တစ်ပုံတစ်ပင်ရှိသည်။ ဥပမာ..မဂဒေ၀ အလင်္ကာ၊လင်းတ အစရှိသဖြင့်......။ ဋ ပင် ဆိုတာတော့ ကြားဖူးသည်။ ဒါပေမယ့်ရေးတော့ တတလင်းချိတ်ပင်တဲ့။ကောက်ကောက်ကွေးကွေးနိုင်လှ၍ ဤနာမည်ပေးသည်ထင်ပါသည်။ နာမည်အသစ်ပြောင်းလိုက်လျှင်ရပါသည်။ကောက်ကွေးပင်တို့ ၊ မဖြောင့်ပင်တို့ ၊ အစိုးရပင်တို့ ......

ဤစာလုံးတွေကို လျှော့ချလိုက်နိုင်လျှင်တော့ကလေးတွေ မှတ်ရသက်သာသွားမည်။ ရေးရတာလည်း ခက်သည်ကိုး........



ဗျည်းသုံးဆယ့်သုံးလုံး အပြင်သို့ထိုးထွက်နေသောရှိုးတိုးရှုပ်တုတ် နာမည်အတည်တကျမရှိသော အက္ခရာ များလည်း တစ်ပုံတစ်ပင်ရှိသေးသည်။ "၎င်း၊ ဩ ၊ ဥ ၊၏ ၊ဣ ၊ဧ ၊ဤ ၊၌ ၊ ၍ " စသည်တို့ ကို ငယ်စဉ်က စာလုံးပေါင်း ရွတ်သောအခါ အက္ခရာ၏ ၊ အက္ခရာ ၌ ၊ အက္ခရာ ၍ ...ဤကဲ့သို့သာ အသံထွက်ရွတ်သဖြင့် နာမည် အတည်တကျမရှိဟုဆိုခြင်းဖြစ်ပါသည်။ ဒီစာလုံးတွေကို ဗျည်းဘောင်ထဲက သုံးလျှင်ကော..... အုတ်အော၊ ကြက်အု ၊ အီခွေး၊ အေရာဝတီ ၊ ကျွန်တော်အိစာအုပ် ....အစကတည်းက ဒီလိုရေးခဲ့လျှင် အမြင်ဆိုးမည်မဟုတ်။ အခုတော့တော်တော် ကြည့်ရဆိုးနေသည်။ ဒီစာလုံးတွေ သုံးလိုက်တော့ တချို့နေရာတွေမှာ မလိုအပ်ဘဲရှုပ်ကုန်သည်။ကြက်မသည် ဥဥ သည်လား... ဥအုသည်လား၊ ဣနြေ္ဒရှင်လား...အိနြေ္ဒရှင်လား..... ဝေခွဲမရဖြစ်ကုန်သည်။

နောက် နှစ်လုံးဆင့်တွေ... အခု ကွန်ပျူတာခေတ်ရောက်တော့ဂွကျကုန်သည်။ ဒါတောင်ဇော်ဂျီကယ်ပေလို့........ ပြင်လိုက်ရင်ကော...... "သူသည် အဓိပ်ပယ် ပါပါကြည့်သည်၊ကိစ်စပြီးပြီလား၊ လိမ်မာလှချည်လား" ဘယ်လိုမှ မတင့်တယ် ပြန်ပါ။ ဒီမှာလည်း အရေးအသားကသူ့နေရာနှင့်သူရှိသေးသည်။ ပုံသေမှတ်လို့မရ။ မင်္ဂလာ သည် ပုံမှန်အားဖြင့် မင္ဂလာ ဖြစ်ရမည်။အင်္ဂါသည် အင္ဂါ ဖြစ်ရမည်။ သင္ချာ၊ သင္ဘောသား .... ခက်ပါသည်။ ရေးသားရာတွင်အချိန်တို ဖို့အတွက်များထွင်ခဲ့သလားမသိပါ။ အရေးတိုဖို့ဆိုလျှင်လည်း အကုန်လုံးပြောင်းပစ်ရမည်။ဥပမာ.. ချစ္စရာ ကိုရီးယားမင်းသမီးလေး အွန္စော (ဘောလိဝုဒ်လေလား) ...

ရေးတော့အမှန်ဖတ်တော့ အသံဆိုတာကလည်း တစ်မျိုးရှုပ်သေးသည်။ သောကြာက သောက်ကြာ ဖြစ်သွားသည်။ သင်ဘောကသင်းဘော ဖြစ်သည်။ အလကားနေရင်း အပြောတခြား အလုပ်တခြားလူမျိုးတွေ ဖြစ်နေပါပေါ့လား.........ကတ်၊ ပတ်၊ လတ် အစရှိသည်နှင့်ကာရန်တူအသံထွက်လျှင် ၀တ် သည် ၀က်ဖြစ်ရမည်။ (၀တ်မှုန် ရွှေရည်ကြားလျှင်လာရန်တွေ့နေဦးမည်)၀စ်မှုန် ဆိုလျှင်ပိုမှန်မည် ထင်ပါသည်။



မွေးစားစကားလုံးတွေအကြောင်းကိုလည်း စဉ်းစားမိပါသည်။ ရေစစ္စတြီ (Registry) ၊ ကိုဓ (Code) ဥပဒေ ၊ မော်တော်ပီကေ(Motor police vehicle)၊ ပက်ထရောင်း(Patrol)၊ ဂိုလီဗာ (Goalkeeper) ......ရယ်စရာတော့ ကောင်းပါသည်။ ဘိလပ်ပြန်မောင်သောင်းဖေ၊ကင်းဝန်မင်းကြီး ပြင်သစ်သွားမှတ်တမ်း ၊ တရုတ်လူမျိုး၊ ငဇင်ကာ..... ဘယ်လိုကနေဘယ်လို ဖြစ်ကုန်လဲတော့မသိပါ။ ရှေးအခါ သွားရေးလာရေး၊ ဆက်သွယ်ရေး မထွန်းကားခင်က တစ်နေရာတစ်နေရာ ရောက်ဖို့ကတော်တော်မလွယ်။ ထို အချိန်က မြန်မာအနေဖြင့် ကုလား တရုတ်ကိုသာ မြင်ဖူးသည်။ နောက်တွေ့သောလူမျိုးအားလုံးကိုထိုနှစ်မျိုးကို အခြေခံပြီး နာမည်ပေးသည်ဟု ထင်မိပါသည်။ အင်္ဂလိပ်သည် အလိုလိုနေရင်း ကုလားဖြူဖြစ်သွားသည်။ တရုတ်ဖြူ၊ တရုတ်နီ........ နောက်မှသာ နိုင်ငံတွေဘာတွေသိလာတော့မှ အင်္ဂလိပ်တို့အသက်ရှုချောင် သွားရသည်။ ကွန်ပျူတာ စကားလုံးမျိုးကျတော့ ဘာသာမပြန်သင့်တော့... ဒါတောင်အမာထည် အပျော့ထည် လုပ်ချင်သေးသည်။ လုပ်ချင်လည်း ဟာ့ဒ္ဒစ္စ (တိုအောင်လုပ်လိုက်သည်) တို့မင်မိုရီတို့ကို ပါလုပ်ပါလား။ အမာပြား၊ မှတ်ဥာဏ် ..... ။





ဘာသာပြန်ကိစ္စ ၌ ယဉ်ကျေးမှုကို သွတ်သွင်းခြင်း၊နားဝင်ချိုအောင်လုပ်ခြင်းတို့သည်လည်း အတိုင်းအတာတစ်ခုအထိသာကောင်းသည်ဟုထင်ပါသည်။Stupid ကို မိုက်မဲသည်ဟုသာ စိတ်ထဲစွဲနေသည်။ Dictionary မှာလည်း ဒီအတိုင်း၊ ကျောင်းကလည်းဒီအတိုင်းသင်လိုက်သည်။ You are stupid ဆိုလျှင် နာရကောင်းမှန်းမသိတော့......ငါဟာမိုက်မဲတဲ့သူပါလား......ဒဿဂီရိအချစ်ရှုံသမားကဲ့သို့ပင် ကိုယ့်ကိုယ်ကို သနားဖို့တောင်ကောင်းလာလေသည်။ သီချင်းလုပ်ဆိုရင်တောင်ပေါက်လောက်သည်။ မိုက်မဲသမား.....ဒဿဂီရိ ......... နိုင်ငံတစ်နိုင်ငံမှာဆိုလျှင် ထိုစကားကြောင့်ဆန္ဒပြမှုတွေ အကြမ်းဖက်မှုတွေ ဖြစ်သွားခဲ့ဖူးသည်။ စာလုံး၏အနက်ကို သူ့နဂိုဆိုလိုရင်းနှင့်အနက်ဒီဂရီ တိမ်းပါးမှုမရှိအောင် ဘာသာပြန်ကြစေလိုပါသည်။ ဒီမှာတစ်ခုထပ်တွေးမိတာက ရေနံကိစ္စဖြစ်သည်။ နံသောရေ.... ရေနံနှင့် သဘောသဘာဝ ဂုဏ်သတ္တိ လည်းတူ အနံ့လည်း နံသော NaturalGas ကျတော့ ဘာကြောင့် "လေနံ" မဖြစ်ဘဲ သဘာဝဓာတ်ငွေ့ဖြစ်နေရသလဲ။ ဓာတ်ကိစ္စကလည်း တော်တော်တွင်ကျယ်ပါသည်။ ထူးဆန်းလျှင် ဓာတ်နှင့်တွဲပစ်သည်။ ဓာတ်ပုံ၊ ဓာတ်ခဲ၊ ဓာတ်မီး၊ ဓာတ်ရှင်(ရုပ်ရှင်) ၊ CD ကိုတောင် ဓာတ်ပြားဆိုပြီးလုပ်သေးသည်။ Blu-Ray ကျလျှင်ကော ဓာတ်ပြာတန်းဖြစ်ချင်ဖြစ်နေမည်။ ........ဘာသာပြန်ချင်တာကျတော့ပြန်သည်။မြန်မာမှုပြုချင်သည်ကျတော့ပြုသည်။ မြန်မာစာသည် ခက်ခဲလှပါသည်။





နောက်ပိုင်းတဖြည်းဖြည်းအတွေ့များလာသော ခေတ်စားလာသော အသုံးများကိုလည်း မနှစ်မြို့ဖွယ်တွေ့ရပါသည်။ဆရာသည် ဆြာဖြစ်သွားသည်။ တယ် သည် တရ် ဖြစ်သည်။ သည် ကို တောင် သု ဆိုပြီးလုပ်လိုက်သေးသည်။ ဆရာအီကြာကွေးက ဤအသုံးများကိုသရော်ပုံလေးကို အမှတ်ရမိသည်။ "ဆြာနေထိုင်သော အိမ်သို့ အလည်သွားရာ ဆြာခြီးထွက်နေ၍ မတွေ့ခဲ့ရပါ"ဟူ၍.........



နာမည်အထူးအဆန်းထွင်ခြင်းကလည်းပေါ်ပြူလာ ဖြစ်လာပြန်သည်။ ဘိုးတော်မင်းတရားကြီးက "ဠင်းတ ကို ဘာကြောင့် လ နှင့် မလင်းတာလဲ" ဟုကြံကြံဖန်ဖန် မေခွန်းထုတ်ဖူးသည်။ သူ့ အမတ်ပေါ်ဦးကလည်း ခေသူမဟုတ်တော့ ဠင်းတက အရုပ်ဆိုးတော့ အရုပ်ဆိုးတဲ့ အက္ခရာ ဠ နဲ့သင့်တော်လို့ပါ ဟုအဖြေပေးသည်။ အခုခေတ် လူတွေကလည်းဆန်းလိုက်ရမှ ကျေနပ်ကြသည်ဆိုတော့ အသတ် နေရာတွင် အသုံးမတွင်သောစာလုံးတွေကို ကြံဖန်သုံးကြသည်(ဇော်ဝင်းထွတ်၊ မိုးဇော် ဆိုလည်း ပြီးတာပဲကို ) နောက်ပိုင်းကျလျှင် ညှဋ်စိ၊ ပြဍ့်ဇုံဆိုတာမျိုးများ ပေါ်လာဦးမလားမသိ။ ထို့ပြင် ခေတ်စားလာသည့် "ဏ" အသုံးတွင်မှုကလည်းရှိသေးသည်။ဥပမာလေးတစ်ခုပြလိုပါသည်။ "ကိုယ့် အသဲဏှလုံးတော့ မင်းကြောင့် လောင်မြိုက်နေပြီ" ဆိုလျှင်နှာခေါင်းမီးတောက်နေပြီ ဆိုသည့်ပုံစံ ဖြစ်သွားသည်။ ဏ၏ အသုံးမှာ တဏှာ စာလုံးပေါင်းရာတွင် သုံးသောကြောင့်ဖြစ်ပါသည်။ ပါဠိ အသုံးကတော့ထားပါတော့။ နာမည်ကို"န"သတ်လျှင် အဆင်ပြေနေသော်လည်း "ဏ" ကို သွားသတ်လိုက်သည်။ သိဏ်းထွဏ်း၊ အောင်ပဏ်း၊ ဖေသဏ်း.......နာမည်နဲ့လူပုံဆုံးဖြတ်ရင်တော့နှာခေါင်းကြီးအရင်ပေါ်လာမည်။ (ဖီးလစ်တော့ အမေရိကားကနေ ဆဲနေတော့မှာပဲ......သြော် သူလည်း ဒီမှာတုန်းကချက်တင်ထဲကမှ မထွက်တာ) ...................... ဏအပြင် "သျှ" ကိုလည်း မကြာမကြာတွေ့လာရပြန်သည်။ သျှမ်းခေါက်ဆွဲ....ရှမ်းခေါက်ဆွဲ ဘာမှ မကွာပါ။ မလိုအပ်ဘဲ စတန့်ထွင်ခြင်းဖြစ်သည်။ သျှန်ထွဏ်းဆိုတာ ကြားဖူးသည်။သူ့သျှန်ကတော့ အပြစ်မရှိဟုထင်ပါသည်။ ရှံ နှင့် ရှံလိုက်လျှင် စုံထောက်ဇာတ်လိုက်ကျော်ကြီးဦးရှံစား ၊ ဦးဒိန်းဒေါင်နှင့်ပဲ အမျိုးတွေလိုလို သူတို့လိုပဲ ထုံတုံတုံ လူလို့အထင်ခံရမှာ ကြောက်လို့ ဖြစ်နိုင်ပါသည်။ ဒါတောင်သူက ဏ သတ်လိုက်သေးသည်။ နာမည်ခပ်ဆန်းဆန်းတွေမပေးခင် လဒတို့ တဏှာတို့ကို သွားသတိရစေလိုပါသည်။

အတွေးမှာနိဂုံးမရှိပါ

ကောက်ရိုး

၂၄.၇.၂၀၁၀ည ၁၁ နာရီ ၃၅ မိနစ်

(အပျော်သဘောရေးထားခြင်းဖြစ်ပါသည်။မည်သူ့ကိုမှ ထိခိုက်ရန် ရည်ရွယ်ခြင်းမရှိပါ)

Thursday, October 14, 2010

'အဓိပ္ပာယ်ရှိသောအလုပ်'ကို အဓိပ္ပာယ်ဖွင့်ရန် ကြိုးစားခြင်း

"လူနှစ်ဆယ့်နှစ်ယောက် မြက်ခင်းပေါ်ဆင်းပြီး ဘောလုံးလေးတစ်လုံးကို လုကန်ကြတာ တော်တော်အဓိပ္ပာယ်မရှိတာပဲ။ အဲဒါကို စိတ်ဝင်တစားကြည့်ကြတာက ပိုပြီး အဓိပ္ပာယ်မရှိသေးတယ်။"



မန်ယူပွဲသတင်းသိလို၍ သင်္ဘောပေါ်မှ အိမ်သို့ ဆယ်ဒေါ်လာအကုန်ခံဖုန်းဆက်သော ကျွန်တော့်ကို ဘောလုံးဝါသနာမပါသော မြန်မာစီနီယာအရာရှိတစ်ဦးကပြောသော စကားဖြစ်သည်။ မိမိထက် ရာထူးကြီးသူတစ်ဦးကို ဆန့်ကျင်ငြင်းခုန်ခြင်းဖြင့် အကျိုးတစ်စုံတစ်ရာရရှိရန် မမြင်သောကြောင့်လည်းကောင်း၊ တိတိပပ ပြန်လည်ချေပရန်လည်း ရုတ်တရက် စကားရှာမရသောကြောင့်လည်းကောင်း၊ ဆိတ်ဆိတ်နေခြင်းဖြင့်သာ တုံ့ပြန်ခဲ့ပါသည်။



ယမန်နေ့ညက တီဗီမှလာသော မန်ယူပွဲကြည့်ရင်း သူ့စကားကို ပြန်လည်အမှတ်ရကာ ဘောလုံးပွဲပြီးသွားသည်အထိ ဆက်လက်တွေးတောနေမိသည်။ "ဘောလုံးကန်ခြင်း၊ ဘောလုံးပွဲကြည့်ခြင်းသည် အဓိပ္ပာယ်မဲ့သော အလုပ်လား။ ဒါဆို ဘယ်လိုအလုပ်မျိုးကို အဓိပ္ပာယ်ရှိသော အလုပ်လို့ သတ်မှတ်မလဲ။ အဓိပ္ပာယ်ရှိတယ်၊ မရှိဘူးဆိုတာ ဘယ်လိုဆုံးဖြတ်မှာလဲ၊ ဘယ်သူက ဆုံးဖြတ်မှာလဲ။ အဲဒီ အဓိပ္ပာယ်ဆိုတာကရော ဘာကို ခေါ်သလဲ။" စသည့်မေးခွန်းများက ဆင့်ကာဆင့်ကာ ပေါ်လာ၏။



"အဓိပ္ပာယ်ရှိသော အလုပ်" ဆိုသည်ကို အဓိပ္ပာယ်ဖွင့်နိုင်ရန် မကြာသေးခင်က ဖတ်ခဲ့ရသော Maslow's Hierarchy of Needs* နှင့် ဆက်စပ်စဉ်းစားကြည့်မိသည်။ စိတ္တဗေဒပညာရှင် Abraham Maslow က ကျွန်တော်တို့လူသားများ ရုန်းကန်ဆောင်ရွက်နေသော အလုပ်ဟူသမျှသည် အနိမ့်ဆုံး Physiological အဆင့်မှ အမြင့်ဆုံး Self-actualization အဆင့်ထိ အသီးသီးသော လိုအပ်ချက်မျိုးစုံတို့၏ လှုံ့ဆော်မှုကြောင့်ဖြစ်သည်ဟု ဆိုသည်။ ကျွန်တော်တို့သည် ဘ၀လုံခြုံမှုရရှိရန် အလုပ်အကိုင်နှင့် ပစ္စည်းဥစ္စာကို ရှာကြသည်။ ရင်းနှီးချစ်ခင်မှုကိုရရန် လူအချင်းချင်း မိတ်ဖွဲ့ပေါင်းဖော်သည်၊ မိသားစုဘ၀ထူထောင်ကြသည်။ မိမိကိုယ်မိမိတန်ဖိုးထားနိုင်ရန် အောင်မြင်ကျော်ကြားမှု၊ လူအများလေးစားမှုစသည်တို့ကို အလိုရှိကြပေသည်။ ကွဲပြားသောလူတို့အတွက် ကွဲပြားသောလိုအပ်ချက်၊ ကွဲပြားသောလှုပ်ရှားမှုများရှိနေမည်ဖြစ်သော်လည်း လူတစ်ဦးချင်းစီအနေဖြင့်တော့ ကိုယ့်လိုအပ်ချက်နှင့်ကိုယ် အဓိပ္ပာယ်ရှိစွာလှုပ်ရှားနေကြခြင်းသာ ဖြစ်သည်။



ထိုတစ်ဦးတစ်ယောက်ချင်းစီအတွက် အဓိပ္ပာယ်ရှိသောအလုပ်များကို အခြားသူတစ်ဦးတစ်ယောက်က ၀င်ရောက်စွက်ဖက်ဝေဖန်နိုင်သလား ဆိုသည်မှာလည်း စဉ်းစားဖွယ်ရာဖြစ်သည်။ တစ်နေကုန်တစ်နေခန်း ဈေးရောင်းနှင့်အိမ်အလုပ် ဇယ်ခပ်သလိုလုပ်ရသည့် ဈေးသည်မယ်ကာကကို အားလပ်ချိန်ကလေးတွင် ကလိထိုးဟာသဗီဒီယိုကားများ ကြည့်သည့်အတွက် ရသမခံစားတတ်ဟု အပြစ်တင်မည်ဆိုလျှင် တရားပါ့မလား။ မြစ်ကမ်းနံဘေး သစ်ပင်ရိပ်တွင်ထိုင်ရင်း မျက်စိတဆုံးငေးမောနေတတ်သည့် ကဗျာဆရာကိုခါခကို အလကားအချိန်ဖြုန်းနေသူဟု စွပ်စွဲလျှင်ရော မှန်နိုင်ပါ့မလား။ အငယ်အနှောင်းလေးယောက်ယူပြီး နေ့မအား၊ညမနား အလုပ်များနေရှာသော သူဋ္ဌေးကြီးဦးဝါ၀ကို လောဘရမ္မက်ကြီးသူဟုရော သွားရောက်ရှုတ်ချနိုင်မလား။



မမှန်ပါ၊ မရပါဟု ကျွန်တော်ယူဆပါသည်။ ကျွန်တော့်တို့အနေဖြင့် မည်သို့ပင် တရားမျှတ၊ ဘက်မလိုက်ပဲ ရှုမြင်သုံးသပ်ပါစေ၊ ကျွန်တော်တို့အမြင်သည် ကျွန်တော်တို့၏ ကိုယ်ပိုင်အတွေ့အကြုံ၊ ခံစားချက်များပေါ်တွင်သာ အခြေခံ၍ ကျွန်တော်တို့၏ ကိုယ်ပိုင်စံများဖြင့် တိုင်းတာထားခြင်းသာ ဖြစ်လိမ့်မည်။ ကိုယ်တိုင်ကြုံတွေ့ခံစားရသော ကာယကံရှင်မဟုတ်သည့်အတွက်တော့ အပြည့်အ၀နားလည်မှုကို ရရှိနိုင်မည်မဟုတ်ပါ။ ဤအချက်ကို ဒဿနိကဆရာ William James က သူ၏အက်ဆေးတစ်ပုဒ်** ထဲတွင် ဤသို့ ဥပမာပေးခဲ့ဖူးသည်။



"Take our dogs and ourselves, connected as we are by a tie more intimate than most ties in this world; and yet, outside of that tie of friendly fondness, how insensible, each of us, to all that makes life significant for the other! - we to the rapture of bones under hedges, or smells of trees and lamp-posts, they to the delights of literature and art. As you sit reading the most moving romance you ever fell upon, what sort of a judge is your fox-terrier of your behavior? With all his good will toward you, the nature of your conduct is absolutely excluded from his comprehension. To sit there like a senseless statue when you might be taking him to walk and throwing sticks for him to catch! What queer disease is this that comes over you every day, of holding things and staring at them like that for hours together, paralyzed of motion and vacant of all conscious life?"



ခွေးနှင့်လူတို့အကြား စိတ်ကူးအမြင်ချင်း မည်သို့ပင် ကွာခြားမှုရှိနေပါစေ၊ အတူယဉ်တွဲနေထိုင်ရန်ကား ပြဿနာမရှိလှပါ။ သခင်စာဖတ်နေချိန်တွင် ခွေးက ဟောင်ခြင်း၊ အနှောင့်အယှက်ပေးခြင်း မပြုဘဲ အေးဆေးစွာ ငြိမ်ဝပ်စောင့်ဆိုင်းခြင်း၊ လူသခင်ကလည်း ခွေးနှင့်အတူ အခါအားလျော်စွာ လမ်းလျှောက်ထွက်ခြင်း၊ တုတ်ပစ်ကစားခြင်း၊ စသည်တို့ဖြင့် အပြန်အလှန်ရင်းနှီးချစ်ခင်မှုကို တည်ဆောက်နိုင်ပါသည်။ လူ၊လူချင်းအတွက်လည်း ထိုနည်းတူပင်ဖြစ်သင့်ပါသည်။ လူတစ်ယောက်၏ခံစားချက်ကို အပြည့်အ၀နားမလည်လျှင်တောင်မှ ကိုယ်ချင်းစာမှုပေးသင့်သည်။ လူတစ်ယောက်တန်ဖိုးထားသောအရာကို ကိုယ်တိုင်တန်ဖိုးမထားနိုင်လျှင်တောင်မှ လေးစားမှုတော့ရှိသင့်သည်။ လူတစ်ယောက်အတွက် အဓိပ္ပာယ်ရှိသောအလုပ်ကိုလည်း မိမိကို တစ်စုံတစ်ရာထိခိုက်မှုမရှိသရွေ့ အနှောင့်အယှက်မပေးဘဲ နေသင့်ပါသည်။ ကွဲပြားခြားနားသော ပုဂ္ဂလိကအမြင်များကိုအခြေခံ၍ လူအချင်းချင်း တစ်ဦးကိုတစ်ဦး ပြစ်တင်ရှုတ်ချနေမည့်အစား တတ်နိုင်သလောက် ကိုယ်ချင်းစာနားလည်ပေးခြင်းဖြင့်သာ ညီညွတ်မျှတသော လူ့အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာနိုင်လိမ့်မည်ဟု ကျွန်တော်ယူဆပါသည်။



သို့ဆိုလျှင် "ဘောလုံးကန်ခြင်း၊ ဘောလုံးပွဲကြည့်ခြင်းသည် အဓိပ္ပာယ်မဲ့သော အလုပ်လား၊ အဓိပ္ပာယ်ရှိသောအလုပ်လား"။ အဖြေကား အမေးခံရသူပေါ်တွင်သာ မူတည်ပါသည်။ အဓိပ္ပာယ်မဲ့သည် ထင်သူများက မိမိသဘောရှိ လုပ်ချင်ရာလုပ်၍၊ အဓိပ္ပာယ်ရှိသည် ထင်သူများကတော့ ဆက်ကန်၊ဆက်ကြည့်ကြရုံသာ ရှိပါတော့သည်။


pyay soe kyaw
10/3/2010, 1:15 AM

မည်သည်တို့ကို လုပ်နေကြပါသနည်း

ပူအိုက်စွတ်စိုသော တစ်ခုသောနေ့လည်အခါသမယ၌ ကျွန်ုပ်ပြေစိုးကျော်သည် အပစ်အခတ်မပါ စကားပြောများသော ခေတ်ဟောင်းဂန္တ၀င်ရုပ်ရှင်တစ်ကားကို Dialogueအချို့ကိုးကားနိုင်ရုံ ဇွတ်မှိတ်ကြည့်ရှုအပြီးတွင် စာကျက်ရမည်ကို လွန်စွာပျင်းရိလှသောကြောင့် ကျွန်ုပ်အမေ၏ အဘိဓမ္မာစာအုပ်ကို ဟိုဒီလျှောက်လှန်လှောရင်း ဝေနေယျသတ္တ၀ါအပေါင်းတို့ကျင်လည်ရာ (၃၁)ဘုံခန်းအကြောင်းရောက်လေလျှင် ကောင်းမှုကုသိုလ်ပြုကြကုန်သော လူသူတော်ကောင်းတို့လားရာ တာဝတိံသာနတ်ပြည်အကြောင်းကို ကျိုးကြောင်းဆက်စပ် ဖတ်ရှုမိလေသည်။

တာဝတိံသာနတ်ပြည်ကား လူ့ပြည်အထက် ယူဇနာ ၈၄၀၀၀ မြင့်သော မြင့်မိုရ်တောင်ထိပ်မှသည် စကြ၀ဠာတံတိုင်းအထိ ပျံ့နှံ့တည်ရှိ၏ (ကျွန်ုပ်အနေဖြင့် ကိုတာ၏မုံရွေးတိုက်ထုတ် အာကာသသိပ္ပံစာစဉ်တို့ကို တစ်အုပ်တစ်လေမှမဖတ်ဖူးလေသောကြောင့် စကြ၀ဠာတံတိုင်း ဆိုသည်မှာ မည်သည်ကိုဆိုလိုကြောင်း လုံးဝမသိရှိပါဟု ၀န်ခံပါသည်)။ သိကြားမင်းဦးစီးသော နတ်မင်းကြီး ၃၃ ပါးက အုပ်ချုပ်လေ၏ (အာဏာရှင်ဆန်ပေ၏။ ဒီမိုကရေစီ မရှိထင်သည်။ ကျွန်ုပ်တို့၏ လွန်လေပြီးသော ရဲရဲတောက်ဒီမိုကရေစီသမားများ မည်သည့်ဘုံသို့ရောက်ရှိသွားကြသနည်း။)။ မြေပြင်ကား သဲ၊ဖုန်ကင်းစင်ပြီး ဖန်သားကဲ့သို့ ကြည်လင်တောက်ပ၏။ အရှင်မွေး၊ နေ့ချင်းကြီးဆိုသလို ချိုချိုစို့ခြင်း၊ လေးဘက်ထောက်ခြင်း၊ ၀လုံးရေးခြင်းစသော အဆင့်များကိုကျော်လွှားပြီး ချက်ချင်းအရွယ်ရောက်သလို အိုခြင်း၊နာခြင်းလည်း ကင်းပေ၏။ အစာအာဟာရ အနေဖြင့် လွန်စာနူးညံ့အရသာထူးသော နတ်သုဓာကို မှီဝဲကြ၏။ သက်တမ်းအားဖြင့် နှစ် ၁၀၀၀ ဖြစ်၍ လူ့ပြည်၏ နှစ်ပေါင်း ၃၆ သန်းနှင့် ညီမျှပေ၏။

အထက်ပါအချက်များကို လေ့လာဖတ်ရှုပြီးသကာလ ကျွန်ုပ်စဉ်းစားမိသည်မှာ ဤမျှပြီးပြည့်စုံသောနေရာတွင် ဤမျှရှည်လျားလှသောသက်တမ်းအတွင်း နတ်သား၊နတ်သမီးအပေါင်းတို့ မည်သည်တို့ကို လုပ်ကိုင်အချိန်ဖြုန်းနေကြသနည်း ဆိုသည်ကို ဖြစ်၏။ ကိုးလလွယ်၊ဆယ်လဖွား အနှီးလဲ၊ ပုခက်လွှဲ လုပ်စရာမလို။ ကြမ်းတိုက်၊ဖုန်သုတ်၊တံမြက်စည်း လှည်းစရာမလို။ ဈေးသွား၊ ထမင်းချက်၊ ဟင်းတစ်ခွက် ပူစရာမလို။ ၀ိုင်းကျူရှင်၊ ဂုဏ်ထူးတန်း တက်စရာမလို။ ပါတီထောင်၊ တရားဟော၊ မဲဆွယ်မဲပေးစရာလဲမလိုပေ။

ဖိနပ်ထဲခဲဝင်သကဲ့သို့ စိတ်ထဲတွင် ခိုးလိုးခုလုဖြစ်လှသော ဤကိစ္စကို ရှင်းလင်းစေရန် အခြားသော ဘာသာရေးစာအုပ်တစ်အုပ်ကို ဖတ်ရှုကိုးကားလိုက်သောအခါတွင်ကား "တန်ခိုးကြီး နတ်သားတို့သည် လက်ရုံးတစ်ဖက်တစ်ချက်စီတွင် နတ်သမီးငါးရာမျှအခစားခံ၍ ကြီးမားလှသော စည်းစိမ်ကို ရရှိစံစားလေ၏" ဟူသောစာပိုဒ်ကိုတွေ့ရှိရာတွင်မှ နတ်သားတို့ မည်သို့အချိန်ဖြုန်းသနည်းဆိုသည်ကို နားလည်ရိပ်မိသွားပေ၏။ (နတ်သားနှင့်နတ်သမီးအချိုး ၁ : ၁၀၀၀ ဖြစ်နေခြင်းမှာ လွန်စွာမှ ယုတ္တိရှိလှပေ၏။ အရက်သောက်၊ ဖဲရိုက်၊ မိန်းမပွေလေ့ရှိသော အမျိုးသားတို့ထက် တစ်နှစ်လျှင် ၂ကြိမ်ခန့် ဥပုသ်စောင့်ပြီး၊ ၇ရက်တစ်ပတ်ခန့် အဓိဋ္ဌာန်ဝင်သက်သတ်လွတ်စားလေ့ရှိသော အမျိုးကောင်းသမီးတို့သည်သာ နတ်ရွာလားရန် အခွင့်အလမ်းပိုများပေသည်။)

နတ်သားတို့အတွက် အဖြေရရှိသွားသော်လည်း နတ်သမီးတို့အတွက်မူ လွန်စွာစဉ်းစားရခက်လှ၏။ နောက်ဆုံး ကျွနု်ပ်မှန်းဆကြည့်ရသည်မှာတော့ နတ်သမီးများ အနေဖြင့် သုဓမ္မာဇရပ်တွင် စုရုံးပြီး သိကြားမင်းနှင့် သူ့နတ်မိဖုရားလေးပါးအကြောင်း အတင်းပြောချင်ပြောမည်၊ နတ်ဝတ်နတ်စား၊ နတ်ရတနာများ အပြိုင်အဆိုင် ဖန်ဆင်းဝတ်ဆင်ချင်ဝတ်ဆင်မည်။ သို့မဟုတ်ပါက လူ့ပြည်တွင် ဂုဏ်သတင်းကြီးသော Boys over Flowers၊ Iris အစရှိသော ကိုရီးယားဇာတ်လမ်းတွဲများကို ရင်သပ်ရှုမော ကြည့်ချင်ကြည့်နေကြပေလိမ့်မည်။ ကျွန်ုပ်၏ တွေးဆချက်မှန်မမှန်ကိုတော့ ဒွန်းစဏ္ဍားအပေါင်းတို့အား အခါအားလျော်စွာ ငါးဆယ်၊တစ်ရာ စွန့်ကြဲခဲ့ဖူးသော ကောင်းမှုကုသိုလ်ကြောင့်လည်းကောင်း၊ သို့မဟုတ်ပါက ဘုရားလောင်းနေမိမင်းကြီးကဲ့သို့ ကုသိုလ်ကံထူးလျှင်သော်လည်းကောင်း ထိုနတ်တို့တိုင်းပြည်သို့ အခွင့်အခါသင့် ရောက်ရှိဖူးမှသာ လက်တွေ့သေချာ သိရှိရပေလိမ့်မည်။

အကယ်၍ မဏိမေခလာနတ်သမီးကဲ့သို့ နတ်သမီးတစ်ပါးတစ်လေ လူ့ပြည်သို့လှမ်းမျှော်ကြည့်ရင်း ကျွန်ုပ်၏စာစုကလေးကို တွေ့မြင်ဖတ်ရှုမိပါကလည်း ပညာဥာဏ်နုံ့နဲသူကလေးမို့ စော်ကားသလို ဖြစ်သွားပါက တောင်းပန်ပါကြောင်း၊ ကျွန်ုပ်၏ Relationship Status မှာ အခုချိန်ထိ Single သာဖြစ်ပါကြောင်း၊ ၂၄နာရီ ၇ရက် နေ့နေ့ညည လုံးဝအားလပ်ပါကြောင်း ပြောကြားလိုပါသည်။

pyay soe kyaw
7/17/2010, 11:27 PM

သံသရာ နှင့် ကံကြမ္မာ

ယခုရက်ပိုင်းအတွင်း အနောက်တိုင်းဒဿနစာပေများ ဖတ်ရှုရင်း ကာလအတန်ကြာ မေ့လျော့နေခဲ့သော ဘာသာတရားအကြောင်း ပြန်လည်စဉ်းစားဖြစ်သည်။ ကျွန်တော် မည်သည့်ဘာသာကို ကိုးကွယ်ယုံကြည်သနည်း။ ဤမေးခွန်းကို သူစိမ်းတစ်စုံတစ်ယောက်က မေးလာခဲ့သော် ကျွန်တော့်အနေဖြင့် ဗုဒ္ဓဘာသာဟု မဆိုင်းမတွပြန်ဖြေမိမည် ဖြစ်သည်။ သို့သော် ထိုမေးခွန်းကိုမေးလာသူမှာ ကျွန်တော်ကိုယ်တိုင်ဖြစ်လာသောအခါ ထိုသို့ပြီးစလွယ်ဖြေရန် မဖြစ်နိုင်တော့ပါ။ မိမိ၏စိတ်ကူးအတွေးအမြင်တို့ကို မလေးမစားပြီးစလွယ်သဘောထားခြင်းသည် ကိုယ့်ကိုယ်ကို စော်ကားခြင်းတစ်မျိုးပင်ဖြစ်သည်ဟု ကျွန်တော်မြင်ပါသည်။ ဤစာစုသည် ကိုးကွယ်ယုံကြည်မှုနှင့်ပတ်သက်၍ ကျွန်တော်၏မေးခွန်းထုတ်မှုကို ကျွန်တော်ကိုယ်တိုင် ပြန်လည်အဖြေပေးထားခြင်း ဖြစ်ပါသည်။



အဖေ၊ အမေ ဗုဒ္ဓဘာသာဝင်များမှ မွေးလာသူဖြစ်၍ ကျွန်တော်သည်လည်း သဘာဝကျစွာပင် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ခဲ့ပါသည်။ လူမှန်းသိတတ်စကတည်းက ဘုရားဆင်းတုစေတီတော်များမြင်လျှင် ရှိခိုးဦးချသည်။ သင်္ကန်းဝတ်မြင်လျှင် လက်အုပ်ချီဦးညွှတ်သည်။ တစ်စုံတစ်ရာ ကြောက်ရွံထိတ်လန့်လျှင် သံဗုဒ္ဓေရွတ်သည်။ ကုသိုလ်ရမည်ထင်သမျှ အကုန်လုပ်၍ မကောင်းမှုအကုသိုလ်ထင်သမျှကို တတ်နိုင်သမျှ ရှောင်ကြဉ်သည်။ ထိုသို့ပြုသမျှ၊ လုပ်သမျှကို တိုင်တည်၍ စာမေးပွဲတိုင်းတွင် သူများထက် အမှတ်ပိုရပါစေကြောင်း၊ လူချမ်းသာ သူဋ္ဌေးကြီးဖြစ်ရပါလိုကြောင်း၊ ရုပ်ရည်ချောမောလှပသော မိန်းကလေးတိုင်း ကြိုက်နှစ်သက်ခြင်းကို ခံရပါလိုကြောင်း၊… စသည်ဖြင့် ညစဉ်ညတိုင်း ဆုတောင်းခဲ့ပါသည်။



အနည်းငယ်စဉ်စားဆင်ခြင်တတ်သည့် အရွယ်ရောက်လာသောအခါ ဗုဒ္ဓအယူအဆစာအုပ်များအပြင် အခြားအခြားသော ကိုးကွယ်ရာဘာသာများအကြောင်းကို လက်လှမ်းမီသရွေ့ ဖတ်ရှုလေ့လာကြည့်မိပါသည်။ ထာဝရဘုရားသခင်ကို ယုံကြည်သော၊ ဖန်ဆင်းရှင်ဝါဒကို လက်ခံသောဘာသာများ၏ သဘာဝမကျမှု၊ သိပ္ပံပညာနှင့်မလျော်ညီမှုများကို တွေ့မြင်ဖတ်ရှုရသည့်အခါတိုင်း မိမိကိုးကွယ်သော ဘာသာကို ပိုမိုနှစ်သက်ပြီး ပိုမိုသက်ဝင်ယုံကြည်လာခဲ့သည်။



အခြားသူတို့၏ အမှားအပြစ်များသာကို မြင်၍ မိမိကိုယ်မိမိ ပြန်လည်မဆန်းစစ်သော လူတစ်ယောက်ကဲ့သို့ အခြားသော ဘာသာတရားများကိုသာ ပြစ်တင်ရှုတ်ချပြီး မိမိကိုးကွယ်မှုကိုမိမိ ထဲထဲဝင်ဝင်မလေ့လာမတွေးတောခဲ့မိသော ကျွန်တော့်ကို ရုတ်တရက်လှုပ်နှိုးခဲ့သည်မှာ တက္ကသိုလ်မှ သူငယ်ချင်းတစ်ယောက် အမှတ်မထင်ပြောခဲ့သော "ဘာသာတရားဆိုတာ လူတွေရဲ့ ကြောက်စိတ်ကြောင့် ပေါ်လာတာ" ဟူသော စကားပင်ဖြစ်သည်။ ထိုစကားက ကိုးကွယ်ယုံကြည်မှုအပေါ်ထားသည့် ကျွန်တော့်အမြင်ကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့သည်။ (ဘာသာတရားနှင့် လူ့တို့၏စိတ် ဆက်စပ်မှုသည် အလွန်နက်နဲသောကိစ္စဖြစ်ပြီး ယေဘုယျသဘောလည်းဆန်သောကြောင့် ပုဂ္ဂလိကသဘောထားအမြင်ကိုသာ အဓိကဖော်ပြလိုသည့် ကျွန်တော့်ရည်ရွယ်ချက်နှင့် ကိုက်ညီမှုမရှိသည့်အတွက် ဤစာစုတွင် ထည့်သွင်းရေးသားတော့မည် မဟုတ်ပါ။)



ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ပြန်လည်စဉ်းစားသုံးသပ်ကြည့်ရာတွင် ကျွန်တော့်အတွက် ဘ၀င်မကျစရာနှစ်ချက်တွေ့ရသည်။ ပထမအချက်မှာ နိဗ္ဗာန်မရောက်မီကာလစပ်ကြား လူသတ္တ၀ါများအားလုံး လှုပ်ရှားလည်ပတ်နေရသည်ဆိုသည့် ဘ၀သံသရာပင်ဖြစ်သည်။ သတ္တ၀ါအားလုံးအတွက် လက်ရှိဘ၀သေဆုံးခြင်းသည် ပြီးဆုံးသွားခြင်းမဟုတ်၊ ယခုဘ၀ချုပ်ငြိမ်းသည်နှင့်တပြိုင်နက် နောက်ဘ၀သစ်တစ်ခု ဆက်ဖြစ်ရသည်ဟူသောအချက်သည် ကျွန်တော့်အတွက် ယုံကြည်လက်ခံဖို့ အလွန်ခက်လှသည်။ လူတစ်ယောက်သေဆုံးပြီး နောက်ဘ၀တစ်ခုဆက်ဖြစ်သည်ဆိုသည်မှာ တစ်စုံတစ်ရာ သက်သေပြနိုင်သော ကိစ္စမဟုတ်ပေ။ တစ်နည်းဆိုသော် လူသားတို့၏ ပကတိဆင်ခြင်ဥာဏ် ပြင်ပတွင်ရှိသော အကြောင်းအရာတစ်ခုဖြစ်သည်။ ထို့ကြောင့် "လူသတ္တ၀ါအားလုံး ဘ၀သံသရာတွင် လည်ပတ်နေကြရသည်" ဆိုသော အယူအဆကို လက်ခံရန်မှာ ဖန်ဆင်းရှင်ဝါဒီတို့က "ထာဝရဘုရားသခင်သည် ကမ္ဘာလောကကြီးနှင့်တကွ လူသားအားလုံးကို ဖန်ဆင်း၏" ဟူသော အယူအဆကို လက်ခံခြင်းကဲ့သို့ ကျိုးကြောင်းဆင်ခြင်ဥာဏ်ပြင်ပမှလက်ခံယုံကြည်မှု (Faith) ပေါ်တွင် အခြေခံမှသာ ဖြစ်နိုင်ပေလိမ့်မည်။



မိမိမမြင်ဘူး၊ မကြားဘူးလျှင် ထိုပစ္စည်း၊ထိုအရာသည် မရှိမဖြစ်နိုင်ဟူသော အမြင်ကျဉ်းသည့် တယူသန်သမားများထဲတွင် ကျွန်တော်မပါပါ။ ကျွန်တော့်အနေဖြင့် ဘ၀သံသရာ ရှိသည်ဟု ယုံကြည်လက်ခံခြင်းမရှိသလို ဘ၀သံသရာမရှိဟုလည်း အကြွင်းမဲ့မငြင်းပယ်ပါ။ ဘ၀သံသရာရှိမရှိဆိုသည်မှာ ကျိုးကြောင်းဆင်ခြင်ဥာဏ်နှင့် စဉ်းစားဆုံးဖြတ်၍ရနိုင်သော ကိစ္စတစ်ခုမဟုတ်သောကြောင့် ယုံကြည်ခြင်း၊ ငြင်းပယ်ခြင်းလုပ်စရာမလို ဟုသာ ကျွန်တော့်အနေဖြင့် ရှုမြင်ပါသည်။



ဘ၀သံသရာအပေါ်ထားရှိသော ကျွန်တော့်၏အမြင်ကပင် ကံ၊ကံ၏အကျိုး ဟူသောအယူအဆကို ပြန်လည်ဆန်းစစ်မိစေသည်။ "ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်၊ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်" ဟူသောတရားသည် အလွန်သဘာဝကျသော၊ အလွန်မျှတသော၊ အလွန်ကြည်ညိုဖွယ်ကောင်းသော တရားပင်ဖြစ်သည်။ သို့သော် ထိုတရားသည် မှန်ရော မှန်သလား။ မကောင်းတာလုပ်ပြီး ကောင်းတာတွေဖြစ်နေသော၊ ကောင်းတာတွေလုပ်သော်လည်း မကောင်းတာချည်းဖြစ်နေသော၊ အဖြစ်အပျက်သာဓကများ မျက်စိမလွဲကြုံတွေ့နေရသည့် ကျွန်တော်တို့အတွက် နှစ်သိမ့်စရာမှာ 'နောက်ဘ၀ (သို့) အရင်ဘ၀' ဆိုတာသာဖြစ်သည်။ 'အရင်ဘ၀က ၀ဋ်ကြွေးတွေပဲ '၊ 'နောက်ဘ၀ကျမှ အကျိုးပေးလိမ့်မယ်'၊ ဟူသော စကားများဖြင့်သာ မိမိယုံကြည်မှုကိုမိမိ ချွေးသိပ်နေကြရသည်။



'နောက်ဘ၀' ဆိုတာရှိသည်ပဲ ဆိုပါစို့။ ကျွန်တော့်အနေဖြင့် ဤဘ၀တွင် ပြုခဲ့သမျှသော မကောင်းမှုအကုသိုလ်တို့ကြောင့် နောက်ဘ၀တွင် ဆင်းရဲနုံချာသည့် အမှိုက်ကောက်သမားတစ်ယောက်၏ ဆယ့်တစ်ယောက်မြောက်သားအဖြစ် မွေးလာခဲ့သည်ပဲ ဆိုပါစို့။ ထိုကလေးသည် မကောင်းမှုအစုစုပြုခဲ့သော ကျွန်တော်မဟုတ်၊ ပြေစိုးကျော်မဟုတ်။ အမည်အသစ်၊ စိတ်အသစ်၊ ခန္ဓာကိုယ်အသစ်နှင့် ယခုမှ လူ့ဘ၀ကို စတင်ရောက်ရှိလာသည့် လူအသစ်တစ်ဦးသာဖြစ်သည်။ ထိုကဲ့သို့ အပြစ်ကင်းစင်လှသော ကလေးတစ်ဦးအနေဖြင့် 'အရင်ဘ၀' ဟူသည့် မှုန်ဝါးဝါးစကားလုံးတစ်လုံးဖြင့်သာ ဆက်နွှယ်နိုင်သည့် လူတစ်ဦးပြုခဲ့သမျှမကောင်းမှုကို တာဝန်ခံရမည်ဆိုခြင်းမှာ မည်သို့မျှတရားမျှတခြင်းမရှိဟု ကျွန်တော်မြင်ပါသည်။



ဗုဒ္ဓဘာသာကို နှစ်နှစ်ကာကာယုံကြည်သည့် ကျွန်တော်ခင်မင်လေးစားရသော သူငယ်ချင်းတစ်ဦးကတော့ ကျွန်တော့်၏သံသယကို ဖြေဖျောက်ရန် ဤသို့ဥပမာပေးကာ ကြိုးစားဖူးပါသည်။ "လူသတ်မှုကျူးလွန်ခဲ့တဲ့ ရာဇ၀တ်ကောင်တစ်ယောက် အကြောင်းတစ်စုံတစ်ရာကြောင့် လုံးဝအတိတ်မေ့သွားတယ် ဆိုပါစို့။ အဲဒီလူကို ဖမ်းမိလို့ ရုံးတင်စစ်တဲ့အခါ အတိတ်မေ့နေပြီဖြစ်လို့ အပြစ်ကလွှတ်ပေးမလား" ဟူ၍ ဖြစ်သည်။ သူ့လေသံကို နားထောင်ရုံဖြင့် သူ့အဖြေကိုသိနိုင်သလို ကျွန်တော့်ကိုလည်း သူ့လိုပင် ဖြေစေချင်ဟန်တူသည်။ သူဥပမာသည် အလွန်ကောင်းသော်လည်း ခုဘ၀၊ နောက်ဘ၀ အခြေအနေနှင့်တော့ ထပ်တူညီမျှမှု မရှိသည်ကိုတွေ့ရသည်။ ရာဇ၀တ်ကောင်သည် အတိတ်မေ့နေသော်လည်း လူအသစ်တစ်ယောက်မဟုတ်။ နဂိုခန္ဓာကိုယ်နှင့်နဂိုလူသာ ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော လူတစ်ယောက်ပင်လျှင် အမူအကျင့်၊ စိတ်နေစိတ်ထား အားလုံးပြောင်းလဲပြီး လူကောင်းတစ်ယောက်ဖြစ်နေခဲ့ပြီဆိုပါက အပြစ်ကလွှတ်ပစ်ခြင်းသည်သာ ပို၍ တရားမျှတသည်ဟု ကျွန်တော်ကတော့မြင်ပါသည်။



ကျွန်တော့်အနေဖြင့် သံသရာနှင့်ကံကြမ္မာတို့ကို အကြွင်းမဲ့ယုံကြည်ခြင်း မရှိတော့သော်လည်း ဗုဒ္ဓဘာသာကို လုံးဝပစ်ပယ်လိုက်ခြင်းတော့ မဟုတ်ပါ။ ဗုဒ္ဓယဉ်ကျေးမှု၏ အေးချမ်းသောအရိပ်အောက်တွင် နေထိုင်ကြီးပြင်းခဲ့ရခြင်းကို များစွာနှစ်သက်သဘောကျသလို ထိုသို့ပင်ဆက်လက်ပြီး နေထိုင်သွားချင်ပါသည်။ ဗုဒ္ဓ၏ ဘ၀နေနည်းလမ်းညွှန်မှုများသည် အပြည့်အ၀လိုက်နာကျင့်သုံးနိုင်မည်ဆိုပါက လူတစ်ယောက်ချင်းစီသာမက၊ လူအဖွဲ့အစည်းတစ်ခုလုံးအတွက်ပါ အလွန်အကျိုးများနိုင်လိမ့်မည်ဟုလည်း ကျွန်တော့်အနေဖြင့် ယုံကြည်ပါသည်။



ကျွန်တော့်၏ ကိုးကွယ်ယုံကြည်မှုစာစု နိဂုံးချုပ်အနေဖြင့် ကျွန်တော် Facebook စတင်သုံးကတည်းက ယခုချိန်ထိကွက်လပ်ထားခဲ့သော Religious View နေရာတွင်ဖြည့်ရန် သင့်လျော်သော ဝေါဟာရစကားလုံးတစ်ခု ရှာဖွေကြည့်မိပါသည်။ အပြန်ပြန်အလှန်လှန် စဉ်းစားပြီးသည့်နောက်တွင် ကျွန်တော့်၏လက်ရှိယုံကြည်မှုကို အနီးစပ်ဆုံးထင်ဟပ်နိုင်မည်ဟု ယူဆရသော အင်္ဂလိပ်ဝေါဟာရတစ်လုံးကို ရွေးချယ်ပြီးဖြည့်လိုက်မိပါသည်။



pyay soe kyaw

10/7/2010, 11:25 PM



Monday, October 4, 2010

ကျွန်တော်နဲ့ ဘာသာတရား၊ ဘာသာစကား

လူတွေဟာ ကိုယ်လုပ်ချင်တာတွေက ၊ ကိုယ်ဖြစ်စေချင်တာတွေက ဘယ်လိုမှ မဖြစ်လာနိုင်ဘူး ဘယ်လိုမှ မလုပ်နိုင်ဘူးလို့
ထင်လာတဲ့အခါ ၊ ကိုယ်လုပ်ပြီးတဲ့ ကိစ္စ ၊ လုပ်ရပ် တခု ရဲ့ ပြင်းထန်တဲ့ အကျိုးဆက်ကို ခံစားရတော့မယ် အခါ
ပြန်ပြင်လို့ လုံးဝမရတော့တဲ့ အခါ ဘာသာ တရားကို စပြီး တောင်းဆို လာတယ်။ တနည်းအားဖြင့် ကိုးကွယ်မှု ဆုတောင်း
ခြင်း စတာမျိုးကို စတင်ပြီး ယုံကြည်သက်ဝင် လာကြတယ်။ ဒီတော့ ဘာသာတရား ဆိုတာကို ကျွန်တော်တို့ ခွဲခြမ်း ကြည့်
ဖို့ လိုလာပြီ။ သာသာတရားဟာ ဘာသာစကားနဲ့ တည်ဆောက်ယူထားတယ် ။ အယူဝါဒ တစ်ခုကို ဘာသာစကားနဲ့
တည်ဆောက်ယူထားတာ ဖြစ်တယ်(တွေ့ကြုံရတဲ့ အတွေ့အကြုံတွေလဲပါတာပေါ့ဗျာ ဒါကို ထည့်မပြောဘူး ဘောင်တွေန့ စည်းတွေအကြောင်းပြောကြမှာ)။ ကဲ ဒီ အဆို ဟုတ်မ ဟုတ်ကြည့်ကြည့်ရအောင်ဗျာ။

ပုဂ်ဂိုလ်ခင်လို့တရားမင်တာတဲ့ လူပုဂ်ဂိုလ် တစ်ယောက်ရဲ့ အယူဝါဒကို အများလက်ခံအောင် ဘာသာစကားနဲ့ တည်ဆောင်
ထားတာပဲ။ အဲတော့ ကျွန်တော်တို့ ဘာသာတရားကို စဉ်းစားကြမယ်ဆိုရင် ဘာသာစကားအကြောင်း အ၇င်စဉ်းစားကြည့် ရမယ်။ ခု ကျွန်တော်တို့ ဘာသာစကား ကို မေ့ပြီး ချန်ထားပြီး စဉ်းစားကြည့်ကြပါစို့။ ဘာသာစကားမရှိခဲ့ဘူးဆို
ဘာသာတရားပေါ်လာနိုင်ပါ့မလား ။ မပေါ်လာနိုင်ဘူး လုံးဝ မပေါ်လာနိုင်ဘူးဗျ။

တခါ ဘာသာစကား ဖြစ်ပေါ်လာပုံကို စဉ်းစားမယ် ဒါဆို ဘာသာစကားဟာ လူတွေရဲ့ အတွေ့အကြုံပေါ်မှာ
တည်ဆောက်ယူတယ် တခါ ဘာသာစကားပေါ်မှာ လူတွေက အတွေ့အကြုံကို ပြန်တည်ဆောက်ယူကြတယ်။
ဒီလိုနဲ့ ဘာသာစကားဟာ လူတွေ ရှိမှန်းမသိ ဖြစ်မှန်းမသိတဲ့ ၀တ်ရုံ ကြီး တနည်းအားဖြင့် ဒြပ်သားကြီး ဖြစ်လာတယ်။
လူတွေဟာ အဲဒီ ၀တ်ရုံကြီးထဲမှာပဲ နေထိုင်ကြရတယ် ရှင်သန်ကြရတယ် ဒီဒြပ်သားကြီးထဲမှာပဲ ပျော်ရွှင်ကြရတယ်
ခံစားကြရတယ် ကြေကွဲကြရတယ်။ ကျွန်တော်တို့ဟာ ဘာသာစကားရဲ့ နယ်နိမိတ်ရှိသလောက်ပဲ တွေ့ကြုံသိခွင့်
ရှိကြတယ်။

တကယ်လို့ ဘာသာစကားကိုသာ ဖယ်ထုတ်လိုက်မယ်ဆိုရင် လူတွေဟာ အိုင်ကျူ မြင့်တဲ့ တိရစ်ဆာန် တစ်မျိုးပဲဆိုတာ
ဝမ်းနည်းကြေကွဲစွာ တွေ့ကြရတယ်။ (ကျွန်တော်ပြောတာ သဘာဝ တရား က သိပ်ပံသဘောတရားများ အတွေ့အကြုံများကို မဆိုလိုပါ) သူတို့မှာ စိတ်မကောင်းခြင်း စိတ်ညစ်ခြင်း ၀မ်းနည်းခြင်း စတဲ့ အီမိုရှင်နယ်ခံစားမှုတွေ
မဖွဲ့စည်း မတည်ဆောက်နိုင်တော့ဘူး အတွေ့အကြုံ က ရတဲ့ အတွေ့အကြုံ သညာပဲရှိတော့မယ်ဆိုတာ သေချာတယ်။

ဒီတော့ စောစောက ဘာသာတရားကို အစပြန်ကောက်လိုက်ရအောင် သာသာတရားဟာ ဘာသာစကားနဲ့တည်ဆောက်တယ် ဟုတ်တယ်မလား။ ဒီတော့ ဘာသာတရားဆိုတာ ဟာ သဘာဝကရှိနေတဲ့တရား လဲ ပါမှာပေါ့ လူ့ဘောင်တခု လူ့လောကတစ်ခုကို တည်ဆောက်ဖို့ အယူဝါဒတစ်ခုခုနဲ့ပေါင်းစပ်ပြီး တည်ဆောက်ယူထားတာ ဆိုတာ ရှင်းနေပြီ။ အယူဝါဒ တခု ပဲဆိုတာ ရှင်းနေပြီ။ ကျွန်တော်တို့ဟာ အဲဒီ
ကိုယ်ကြီးပြင်းရာ ပတ်ဝန်းကျင် ဘာသာတရား အယူဝါဒ စတဲ့ ပေါင်းစည်းတည်ဆောက်မှု တနည်းအားဖြင့်
ဘာသာစကား အသုံးချတည်ဆောက်မှု ပဲ။လူတစ်ဦးချင်စီမှာ ရှိတဲ့ ပြုမူလှုပ်ရှားဆက်ဆံမှုဆိုတာလဲ
အယူဝါဒတခု၊ ဘာသာစကားတစ်ခုပေါင်းစပ်တည်ဆောက်ထားတာပေါ့။

ကဲ ဒီမှာ ပြောချင်တာက ခုမှလာတာ ဘာသာတရားကို လူတွေတည်ဆောက်ခဲ့တာ တည်ဆောက်ယူခဲ့တာဟာ
ပိုမိုအေးချမ်းကောင်းမွန်တဲ့ လူ့ဘောင်ကို အလိုရှိကြလို့ ဒါပေသိ သာသာတရားဟာ ဒီနေ့ခေတ် ကျွန်တော်တို့
ခေတ်မှာ အကောင်အထည်ကြီး အဖြစ်ရပ်တည်လာတယ် လူတွေရဲ့ ပေါင်းစပ်ဖွဲစည်း ဖြစ်တည်မှုဟာလည်း
အကြောင်းအရာ အများအပြား ပါဝင်လာပြီးတော့ လူတွေကိုယ်တိုင်က ဘာသာတရားဟာ ဘာသာစကားနဲပ
တည်ဆောက်ထားတာ သက်သက်ပါ ဆိုတာ မေ့နေကြပြီးတော့ စိတ်ဒုက္ခကြီးစွာ ခံစားခဲ့ကြရတယ် ခံစားနေကြရတယ်
ခံစားနေကြရအုံးမှာပဲ ။ လူတွေ လူ့ဘောင်ဆိုပြီး သတ်မှတ်ထားတဲ့ ဘောင်တွေ စည်းတွေဟာ အကောင်အထည်
ကြီးမားလာပြီးတော့ လူတွေကို ပြန်လည် ချုပ်ချယ်တားစည်းလာကြတယ်။ လူတွေဟာ ကိုယ်မွေးတဲ့မျောက် ကိုယ့်
ပြန်ခြောက်တဲ့ အဖြစ်ကို မလွတ်လပ်စွာ ရှင်သန်နေထိုင်နေကြရတယ်။အမှန်တကယ် က လူတွေမှာ တကယ်ရှိတာ
ကျွန်တော်တို့မှာ အမှန်တကယ် ရှိတာဆိုလို့ အိပ် စိတ်ရယ် ကာမ စိတ်ရယ် အစား စိတ်ရယ် ပဲ ကျန်တာ တွေက
ဘာသာစကားက တည်ဆောက်ရယူထားတဲ့ ဘာသာစကားရဲ့ဒြပ်သားကြီးချည်းပဲ (လူတွေကို အဆင့်နိမ့်ပြောတာ
မဟုတ်ပါဘူး ဘာသာစကား ရဲ့ တည်ဆောက်မှု အားကြီးတာပါဒီဘာသာစကားကို လူတွေပဲ ထွင်ခဲ့ကြတာလေ။)

ကျွန်တော်ပြောချင်တာက လူဆိုတာ အခြားအခြားသော သတ္တ၀ါများလိုပဲ အဖေ နဲ့ အမေ က သ၀ါသ ပြု
ပေါက်ဖွားလာတယ် အိပ်တယ် စားတယ် အချစ်စိတ်တွေ ကွန့်မြူးကြတယ် ဇီဝ ခန္ဒာကိုယ် ဖြစ်ပျက်တဲ့ အတိုင်း
အချိန်တန်သေကြတယ် မွေးဖွားလာတော့ ဘာသာစကားရဲ့ ဒြပ်သားတွေ ဖြစ်တဲ့ ပတ်ဝန်းကျင် အယူဝါဒ
ဘာသာတရား ဘာသာစကား ရဲ့ ပေါင်းစပ်ဖွဲ့စည်းမှု နဲ့ ခင်ဗျားတို့ ကျွန်တော်တို့ ဒီနေ့ ကိုယ်အဖြစ် ဖြစ်တည်လာတယ်“
အဲတော့ ကျွန်တော် ပြောချင်တာက အယူဝါဒတခုရဲ့ ဘောင်ခတ်စည်းတာမှုတွေ ဘာသာတရားတွေရဲ့ခြောက်လုံး
လှန့်လုံးတွေကို ပြန်လည် သုံးသပ်စေချင်လို့ပါ မမေ့ပါနဲ့ ဘာသာတရားဆိုတာ ဘာသာစကားနဲ့ဖွဲ့စည်းတည်ဆောက်
ထားတာပါ။

ကျွန်တော်ပြောချင်တာ များသွားပြီ ကျွန်တော်က ဘာသာတရားဟာ ဘာသာစကားပေါ်မှာ တည်ဆောက်ထားတာ
လူဆိုတာ လဲ မွေးပြီး၇င် သေကြမှာပဲ ဘာသာတရားဆိုတာ အယူဝါဒတခုကို ဘာသာစကားနဲ့ အသက်သွင်းထာတာ
သက်သက်ပဲ (ကျွန်တော်ခုရေးနေတာကကော အယူဝါဒတခုကို ဘာသာစကားနဲ့ အသက်သွင်းနေတာပဲလား) ခင်ဗျားဘာသာ ဘယ်အယူအဆပဲလက်ခံလက်ခံ ဘယ်ဘာသာတရားပဲခံယူ ခံယူ ဘာတွေပဲလုပ်လုပ်
ဘာဘောင်ထဲမှာ ပဲပျော်နေပျော်နေ ကျွန်တော်လည်း ဘာပဲပြောပြော ဘယ်လိုပဲနေနေ ဖြစ်ချင်ရာဖြစ်မှာပဲ
ပရမ်းပတာ ဆိုတာ တောင်မရှိဘူး လောကက ဘာသာစကားသပ်သပ်ပဲရှိတာ ပြီးတော့ သေကြမှာပဲ။
ဘာလို့များ သေကောင် သေလူ ကြီးကို ဖက်တွယ် ငြင်းခုန် မငြိမ်းချမ်း တိုက်ခိုက်နေကြရတာလဲဗျာ
ကျွန်တော်တို့အားလုံးဟာ ဘာသာစကား ဒြပ်သားကြီးရဲ့ ဖြားယောင်းလှည့်စားမှုကို မသိဘဲ ပက်ပက်စက်စက်
နားကျည်းခံစားနေကြတာ မဟုတ်ကြဘူးလားဗျာ ။ ခင်ဗျားကိုယ်တိုင်ရာ
ကျွန်တော်ကိုယ်တိုင်ရော အားလုံး ဟာ ဘာသာစကားနဲ့ တည်ဆောက်ထားတယ် ဆိုတာ မမေ့စေလိုဘူး။

( အထက်ပါ စာများမှာ ကျွန်တော်၏ အမြင်သက်သက်သာဖြစ်ပါသည် ကောင်းကျိုးဆိုးပြစ်များမှာ
ကျွန်တော်နဲ့သာ သက်ဆိုင်ပါသည် ကွန့်မန့်ပေးလိုကလည်းပေးကြပါ ဆွေးနွေးလိုကလည်းဆွေးနွေးပါ
လက်မခံလိုကလည်း လက်မခံပါနဲ့ ငြင်းခုန်ပါ သို့သော လက်တွေ့ကြကြပဲဖြစ်စေချင်သည်
ဒန်နာရီလာများ လူပြောသူပြော ကိစ္စများကိုတော့ မပြောပါနဲ့ သို့သော် ပြောလိုကလည်းပြောပါ
ခင်ဗျား ကိစ္စပါ)

ိထွန်းနွယ်