Popular Posts

Monday, October 4, 2010

ခေတ်ပြိုင်နေထိုင်ရ်ျ ကဗျာရေးခြင်း

သတင်း တစ်ခု
တင်ပို့ လိုက်သလို
ဈေးကွက်ဝင်ပြီး အသင့် စားသုံးနိုင်/မနိုင်
အခံသား ကွာတာနဲ့အမျှ
အရသာက တစ်မျိုးစီ
ဒီမိုကရေစီ ဆိုတော့လဲ
ကဲသာကဲ ကဲသာကဲ
ဆွဲမှာပဲ ဆိုလို့ဆို
ရည်ရွယ်ချက် မပါရင်
အမှု မြောက်/မမြောက်
(.....................)

ဝတ်မှုန်ရွှေရည် ဟာ ၀တ်မှုန်ရွှေရည် ဖြစ်ပြီးတော့
ပြည့်တန်ဆာမလေး မြူနှင်းဟာ ပြည့်တန်ဆာမလေး မြူနှင်းဖြစ်တယ်

ဘာလဲ

ဖြတ်ညှပ်ကပ်လောကကြီးထဲ
ဘာကို ဖြတ်တောက်ထုတ်ဖို့ကြံနေရပြန်တာလဲ
ခင်ဗျားဟာလည်း ဖွဲ့စပ်ကြီး
ကျွန်တော်ဟာလည်း ဖွဲ့စပ်ကြီး
ဟိုစပ်စပ် ဒီစပ်စပ် ထည့်စပ်ထားတဲ့
ဖွဲ့စပ်ကြီး။

လိုက်တင်ပြောင်းသလို
ပုံသဏ္ဍာန် လုပ်ဆောင်မှု သရုပ်ဆောင်မှု ပြောင်းတယ်

သေချာတာကတော့
မင်းသားပါမှ ဇာတ်ကလို့ရမယ့်ခေတ်က ကုန်သွားပြီ
ဒီမှာ ဗီလိန်တွေချည်း
(ခါးသလို ချဉ်သလိုလို)
ကိုယ့်ဇာတ်နဲ့ကိုယ်တော့
အဆင်ပြေနေတာပဲ။ ။

ထွန်းနွယ်

1 comment:

  1. titanium arts
    TATONIC ART CUSTOMING 토토 · TATONIC ROCKING 1xbet login T-TATONIC ford fusion titanium ROCKING T-TATONIC ROCKING T-TATONIC. This jancasino.com unique and original design septcasino is crafted with the use of sustainable

    ReplyDelete