Popular Posts

Sunday, October 24, 2010

မြန်မာ နိုင်ငံရေး အကြောင်းတောင်တောင်အီအီ

မြန်မာပြည် မှာ ခု အလံပြောင်းသွားပြန်ပြီ။ ဒီမိုကရေစီ။ ရွေးကောက်ပွဲ။ စစ်အစိုးရ။ စသဖြင့် အသံတွေ ဆူညံနေတော့ တွေးမိတာလေးတွေပါ။ ကိုကောက်ရိုး ပြောသလို စကားခံ ထား ရရင် အတွေးမှာ အဆုံးမရှိပါ ပေါ့။

အဆုံးမရှိတဲ့ အတွေး စမိပုံ ရောက်သွားပုံလေးပါ။

သမိုင်းမှာ ဗမာပြည် ဒီမိုကရေစီ ၊ ပါတီစုံရွေးကောက်ပွဲ စသဖြင့် လုပ်ခဲ့တယ်။ နောက်ဆိုရှယ်လစ် စံနစ်။နောက် ခု စစ် အစိုးရ။ ခေတ်ပြောင်းကာလရှည်ရှည်။

စုံလှပါတယ် လွတ်လပ်ရေး ရတာ နှစ်၁၀၀ မပြည့်သေးတဲ့ အတောအတွင်း စံနစ်တွေ ပြောင်း အတွေ့အကြုံတွေများခဲ့တယ်။

ခု လည်း ဒီမိုကရေစီ တဲ့။ လုပ်ချ လိုက်ပြန်ပြီ။ စစ်တပ် အာဏာ ပါတဲ့ ဒီမိုကရေစီ စံနစ်တဲ့။ ကန့်ကွက်တဲ့ လူက ကန့်ကွက် ။ ဆန့်ကျင်တဲ့သူက ဆန့်ကျင် ။ ပူးပေါင်းသူက ပူးပေါင်း။ လုပ်သင့်တယ်ပြောတဲ့ သူက ပြော။ အမျိုးမျိုး နဲ့ များလှပါတယ်။


ခု ဒီမိုကရေစီ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့သူတွေ စသဖြင့် နိုင်ငံရေး သမားတွေ မြန်မာပြည်ရဲ့အခြေအနေ ကို ရော သေချာသိကြရဲ့လား ဆိုတာတော့ မသိဘူး ။ မြန်မာပြည်ကို ဘယ်နေရာတွေသွား ဘယ်တွေတွေ့ခဲ့လို့ နိုင်ငံရေး တွေ လုပ်နေကြတာ လည်း လည်း ကျွန်တော်မသိပါဘူး။ ဒါမှမဟုတ် အမြတ်တခု လိုချင်လို့ နိုင်ငံရေး လုပ်တာလား၊ သူများ နိုင်ငံတွေ တွေ့ပြီး အားကျတဲ့ စိတ်နဲ့ နိုင်ငံရေး ၀ုန်းဒိုင်း သူတို့လို ဖြစ်သွားစေ ဆိုပြီး လုပ်နေကြတာလားတော့လည်း ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော် သိသမျှ မြန်မာပြည်ရဲ့ အခြေအနေ အကြောင်း အရင် ပြောကြည့်တာပေါ့။


အရင်ဆုံး မြန်မာပြည်ရဲ့ သမိုင်းလေးကို အတိုချုံးလေးပေါ့ဗျာ။ ခု မြန်မာ တွေလို့ ခေါ်နေတဲ့ မြန်မာတွေဟာ သူတို့ နိုင်ငံမဟုတ်တဲ့နေရာမှာ အခြေ လာချပြီး လူမျိုး အခြေချ နိုင်ငံကို သိမ်းပိုက်ရင်းနဲ့ ကြီးမားလာပြီး အုပ်စိုးနေတယ်။ ဆော့ပါဝါ ဟဒ်ပါဝါ စတာတွေ သုံးပြီး နိုင်ငံကို ကြီးစိုးလာခဲ့တယ် လို့ ပြောရမယ်။ ဒီလိုနဲ့ ခု မြန်မာပြည် လို့ဖြစ်လာတယ်။ အဲတော့ ကျန်တဲ့တိုင်းရင်းသားတွေကကော။ တကယ် နိုင်ငံတစ်ခုတည်းပါလို့ တစ်သွေးတည်းပါလို့ မြန်မာပြည်က လူတွေ တကယ်ခံယူကြလား။ ရှမ်းပြည်ဆို ခု ထိ ဗမာပြည် ရှမ်းပြည် သုံးတုန်း သူတို့ကိုယ်တိုင်ကရော ဗမာ ဆို ဘယ်လိုစိတ်ထားပါသလဲ။ ဒါကို ဒီနေ့ နိုင်ငံရေး လုပ်နေတဲ့လူတွေ သိကြရဲ့လား။ နောက် မွန် တွေ ခု ထိ မြန်မာဆို ခါးခါးသီးသီး။ မွန်တိုင်းရဲ့အိမ်မှာ ဘုရားစင်မရှိရင်သာနေမယ်။ ဘူမိဘောပုံတော့ ထား ကိုးကွယ်ကြတယ်။ ကရင် ဒီနေ့ထိ ချမယ်တကဲကဲ လုပ်နေကြတုန်း။ ဒီလိုအခြေအနေ ကို ဘယ်လိုပြင်ကြမှာလဲ။ ဒါကို ဘယ်လိုများ တွက်ကြလို့လဲ။ မြန်မာပြည်ရဲ့အခြေအနေ ဟာ တဲတဲလေးပါ။ ဒါတွေကို ပြင်ဖို့ အရင်လိုပါတယ်။ ဒါတွေကို ထည့်မတွက်ဘဲ ရာနှုန်းပြည့် ဒီမိုကရေစီ သူများ စီက ဒီမိုကရေစီ သူများလို ဆိုတာ ဖြစ်ရောဖြစ်နိုင်ခြေ ရှိရဲ့လား။


နောက် ဒီမိုကရေစီ တဲ့ ဒီမိုကရေစီ ခု လူတွေတောင်းနေကြပါပြီတဲ့။ ဒီမိုကရေစီ ရရင် လုပ်ချင်တာလုပ်လို့ရပြီ ဆိုတဲ့အသိကြောင့်တောင်းနေတာလား နိုင်ငံကြီးတော့ ကောင်းသွားပါစေ ဆိုတဲ့အသိကြောင့်တောင်းနေကြတလား ကျွန်တော်လည်း သေချာမသိဘူး။ ဒီမိုကရေစီ နဲ့ သင့်တော်တယ် ဒီမိုကရေစီ နဲ့အုပ်ချုပ်ရင် နိုင်ငံကြီးတိုးတက်လာမယ် ဆိုတဲ့အထင်ဖြစ်ပုံရတယ်လို့ ကျွန်တော်ထင်တယ်။ ဒါကလည်း ကျွန်တော့်အထင်။


နောက် ခု နိုင်ငံရဲ့အခြေအနေ နိုင်ငံတိုင်းမှာ မြန်မာတွေအများအပြား အနှံ့အပြား အကုန်လုံး က လုပ်နေတာ တကယ့်ပညာရှင်တွေအများအပြား၊ ဒါမှမဟုတ် လေ့ကျင့်ပြီးသားအလုပ်သမားတွေ ဒီလူတွေ မြန်မာပြည် ပြန်လာပြီး လုပ်နိုင်ရင် နိုင်ငံဘယ်လိုဖြစ်သွားမလဲ။ သူတို့အဓိက လုပ်နေတာ မြန်မာပြည်မှာ လုံလောက်တဲ့ ငွေကြေး မရရှိလို့ ဆိုတာ လူတိုင်း သိပါတယ်။ ဒါဆို မြန်မာပြည်မှာ တကယ့် အကြီး မား ကုန်ပဏီ ကြီးတွေ လာရောက် မြုပ်နှံလို့အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်လာရင် ဒီလူတွေ ပြန်လာလုပ်ကြမလား။ ဘယ်သူတွေ ဘယ်လိုပဲအောင်မြင်နေပါစေ နေသာနေပါစေ သင့်တင့်တဲ့ လစာနဲ့ အခွင့်အရေး နဲ့ဆို ကိုယ့်ပြည်ကို ပြန်မလာချင်တဲ့လူ မရှိဘူးလို့ထင်ပါတယ်။ ဒါဆို မြန်မာပြည် ဘာဖြစ်သွားမလဲ။ ခုတော့ မြန်မာပြည်မှာ အစိုးရ က အလကား အလုပ်အကိုင်တွေဖွင့်ပေးထားပြီး အတင်း မရ ရအောင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖွင့်ပေးနေရတယ်။ ကုန်ပဏီ ကြီးတွေကို ထောက်ပံ့ သူတို့ကပြန်လည်ပြီးအလုပ်အကိုင်တွေမဖြစ်ဖြစ်အောင်လုပ်နေရ။ တင်းထားရပါတယ်။ ဒီအခြေအနေ မှာ တကယ့် ကုန်ပဏီကြီးတွေ ၀င်လာခဲ့ရင်။ ဘာလို့ နိုင်ငံရေး လုပ်နေသူတွေ အဲလို ပိတ်ဆို့ အရေးယူတာတွေကို ထောက်ခံ ကြိုဆို အားပေး တောင်းဆို နေရတာလည်း ကျွန်တော်မသိပါ။


အစိုးရ က ရက်စက်တယ် ပြုတ်ကျသွားစေချင်လို့။ ဒီလို ဆိုကြမယ်ထင်ပါတယ်။ ဒါပေမယ့် အဲ့လို ရီဗောလူးရှင်းဖြစ်ရင် လူတွေ ဘာဖြစ်ကုန်လဲ။ အများပြောတဲ့အတိုင်း ပြောရမယ့်စာလုံး ပြည်သူတွေ ဘာဖြစ်ကုန်မလဲ အကုန်ယောက်ယပ်ခတ်ကုန်ပါမယ်။ ဒါဖြစ်သင့်လား။ ဒုက္ခရောက်ကုန်မယ်။ ခု ဘယ်စံနစ်မှ ရီဗော်လူးရှင်း နဲ့ မအောင်မြင်ပါဘူး။ ခု တရုတ်ပြည် ၊ ဗီယက်နမ် ကွန်မြူနစ်စံနစ်ကို အီဗော်လူရှင်းနဲ့ ပဲ တက်လာပါတယ်။ ဒီမိုကရေစီ စံနစ်မှာရော ဒီလိုပဲ အီဗော်လူရှင်း နဲ့ တက်လာတဲ့နိုင်ငံတွေချည်းပါပဲ။ နိုင်ငံတစ်ခုအောင်မြင်တိုးတက်ဖို့ က ကျင့်သုံးတဲ့စံနစ်က အရေးမကြီးပါဘူး စံနစ်တခုကို ဟန်ချက်ညီညီ အီဗော်လူရှင်း နဲ့ ကျင့်သုံးလာတယ်ဆို အောင်မြင်တာပါပဲ။ ဒါဆို ခု နိုင်ငံရေးလုပ်နေသူတွေ ရီဗော်လူရှင်း ကို အသည်းအသန်တောင်းဆို နေရတာလည်း ကျွန်တော်မသိပါ။


ရန်သူနဲ့ မိတ်ဆွေ။ ဒီ ၂ မျိုး ပဲရှိတယ် လို့များ ယူကြတယ်လားမသိဘူး။ သမိုင်းမှာ လူဆိုး ဖြစ်သွားမှာလည်း ကြောက်ကြလို့အသေတွယ်ကပ်နေပုံပေါ်ပါတယ်။ နောက် အခု ကိုပဲ အသွင်းကူးပြောင်းရေး ကာလ က နှစ် ၂၀ ကျော်သွားပါပြီ။ ဒါမဖြစ်သင့်ပါဘူး။ လူတွေဟာ စံနစ်တွေရဲ့သားကောင်တွေပါ။ အဲ့ စံနစ်အတိုင်း လူတွေတွေးခေါ် နေထိုင်ကြတယ်။ ခု အသွင်ကူးပြောင်းရေး ဆိုတော့ စံနစ်လည်းရေရေရာရာမရှိတော့ လူတွေ လမ်းပျောက် အသိဥာဏ် ဟင်းလင်းပြင် တွေဖြစ်နေကြပါတယ်။ ခု စံနစ်တခု အကောင်အထည် ပေါ်ဖို့ စ နေတယ်။ ဒါကို ဘယ်လို တုံ့ ပြန်ကြမလဲ။ ကိုယ်လိုချင်တာကြီးကို အသေဆုပ်ကိုင်ပြီး ဒါ မရရင် ဟိုဟာ မယူဘူးဆိုတာ ဖြစ်သင့်ပါလား။ ဒီခေတ်က ဂျူးလီယက်ဆီဇာခေတ် မဟုတ်တော့ပါဘူး။ သိဖို့လိုပါတယ်။


နောက် နိုင်ငံကလူတွေရဲ့ အသိဥာဏ် အဆင့်အတန်း ဒါကကော ဘယ်လိုနေကြလဲ။ လူတွေဟာ ဒီမိုကရေစီ ကို အကျင့်ဖြစ်ပြီတဲ့လား။ ချက်ခြင်းကြီးတော့ အရှင်မွေး နေ့ခြင်းကြိး မျိုး မမျှော်လင့်နိုင်ပါ။ ဒီလိုပဲ ရလာတဲ့ စံနစ်ပေါ်မှာ ကိုယ်တို့ ဘယ်လို အလုပ်လုပ်သလဲ ဘယ်လို နေလဲ ဆိုတာပေါ် မူတည်ပြီး ကိုယ့်နိုင်ငံရဲ့တိုးတက်နှုန်း ပြောင်းလဲမယ် ဆိုတာကို နိုင်ငံရေးလုပ်နေတဲ့ လူတိုင်း သိကြမယ်ထင်ပါတယ်။ ဒါတွေကိုကော သူတို့ ဘယ်လို ထိန်းကျောင်းမလဲ။

ဘယ်လိုမျိုး လုပ်ပေးနိုင်မလဲ။


ကျွန်တော်တို့ က အာရှ တိုက်ကလူတွေ အဲ့တော့ အာရှ တိုက်ကိုပဲ ဆန်းစစ်ကြည့်ရမှာပါ။ အာရှတိုက်မှာ ရော တကယ့် ဒီမိုကရေစီ စစ်စစ်နဲ့အောင်မြင်နေတဲ့နိုင်ငံ ဘယ် လောက်ရှိပါသလဲ။ ခု မြန်မာအများစု သွားနေကြတဲ့ စင်ကာပူ ၊ နောက် အအောင်မြင်ဆုံး ဂျပန် တောင် နိုင်ငံရေး ဘယ်လိုနေလဲ၊ တောင်ကိုရီးယား တက်လာတာ ဘာကြောင့်လဲ ၊ တရုတ် ဘယ်လိုလဲ၊ ဒါကိုကော ဆန်းစစ်ကြည့်ကြပါရဲ့လား။ အတင်းကြီးပဲ ဖြုတ်ချ ဖြုတ်ချ အော်နေကြတော့မှာလား။


လူတွေကကော တစ်ဖက်နဲ့ တစ်ဖက် ဘာလုပ်လုပ် အဆိုးမြင်နေကြတာမျိုးဟာ ဖြစ်သင့်ပါသလား။ ကိုယ်ဘယ်လိုအလုပ်လုပ်မလဲ။ ခု မြန်မာနိုင်ငံသားတွေ ဆိုသူတွေကရော မြန်မာပြည်ရဲ့ အခြေခံဥပဒေ ကို ကိုယ်ကိုယ်တိုင် ကျ ဖတ်ကြည့်ပြီးပါရဲ့လား။ သူများပြောတဲ့အတိုင်း ကိုယ်အော်နေတာလား။ ချထားတဲ့ ဥပဒေ တွေက ဘယ်လို ကိုယ့် ကို အကျိုးသက်ရောက်မှု ဖြစ်မလဲ။ဘာတွေဖြစ်မလဲ။ သိဖို့မလိုဘူးလား။ ဘာဖြစ်ဖြစ် ဟိုလူတွေလုပ်တိုင်း မကောင်းဘူး အော်မယ်လို့ပဲ ကိုင်ဆွဲထားမှာလား။ လူတိုင်းက ဖတ်ပြီးလို့အော်နေကြတာလား။ကျွန်တော်တော့ သိပ်မထင်ပါ။ ဥပမာ အလံပြောင်းတဲ့ကိစ္စ ကို သတိချပ်။


ဘာလို့ စစ်တပ် က အာဏာ ယူထားရတာလဲ။ ယူချင်လို့လဲဖြစ်မယ်။ အကြောင်းရင်းကို ဆန်းစစ်ကြည့်ရဲ့လား။ အကျိုးသက်ရောက်မှုကိုကော သေချာ ဆန်းစစ် ပြီးပြီတဲ့လား ။ အာဏာ ရတဲ့လူတွေကကော ဘာတွေလုပ်နိုင်ကြမှာတဲ့လဲ။ လိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မထောက်ခံ မထောက်ခံ ကိုယ်က မြန်မာပြည်သား ဒီအခြေခံဥပဒေကြီးကို ကျင့်သုံးရတော့မယ်။ ဒါကို လက်မခံလို့ ဖြစ်ကြမှာတဲ့လား။ ဖတ်ကြပါ။ ဆန်းစစ်ကြပါ။ လိုပါတယ်။


အခု လူတွေတော်တော်များများ က ရီဗော်လူရှင်းပဲအော်နေကြတယ်။ မထူးပါဘူးဆိုပြီး ရလာတဲ့ နေရာကို ပစ်ထားမှာတဲ့လား။ ကိုယ် က အလုပ် မလုပ်တော့ဘူးတဲ့လား။ လူတိုင်းလေ ခု ဒီမိုကရေစီ စံနစ် ဆိုတာကြီးရဲ့အခြေခံက လူတိုင်း ဟာ အသိဥာဏ် ရှိရှိ အခြေခံဥပဒေမှာ ပါတဲ့ ကိုယ့်လွတ်လပ်ခွင့်တိုင်း အလုပ်လုပ်ကြဖို့ တာဝန်ယူကြဖို့။ ကိုယ့်ကို အုပ်ချုပ်မယ့်လူ ရွေးနိုင်ဖို့။ ကိုယ့်ခံယူထားတဲ့ တာဝန် ကိုယ့်တာဝန်ကို ကျေကျေပွန်ပွန် အလုပ်လုပ်နိုင်ဖို့ ၊ ဒါကိုကော ထည့်စဉ်းစားကြပါသလား။ အားရှိ မဲမထည့်ဘူး အော်နေမှာလား။ ဒါမှမဟုတ်ဖြစ်လာမယ့် ဟာကြီးကို ဘူးခံ ခေါင်းခါ ပြောနေကြမှာလား။ နဂို တည်လာတဲ့ အတိုင်းကြီးပဲ နေတော့မှာလား ။ သူများပြောတာ သူများအော်ကြတာပဲ ကိုယ်လည်း သံယောင်လိုက်အော်နေတော့မှာလား။ ကိုယ့်ဘာသာ ဆန်းစစ်ပြီး ကိုယ်ကျရာ နေရာမှာ တာဝန်အပြည့်ယူဖို့ အလုပ်လုပ်ဖို့ မစဉ်းစားကြတော့ဘူးလား။


ခု နိုင်ငံရေးလုပ်နေကြတဲ့လူတွေရဲ့ အကြောင်းကိုကော သေချာ တွေးမိပါရဲ့လား။ ကိုယ်ကိုယ်တိုင်ရော ဆန်းစစ်ကြည့်ပါရဲ့လား။ ကိုယ့်ရန်သူကို ဆန့်ကျင်တာနဲ့ ကိုယ်ကလဲ သူ့တို့ ရဲ့ နည်းအတိုင်းလိုက်လုပ်တော့မှာတဲ့လား။ လူတိုင်းရဲ့ အသိဥာဏ်တွေ ခံယူချက်တွေ လိုပါတယ်။ ဒါကို နိုင်ငံကြီးသားစိတ်လို့ခေါ်မလား နိုင်ငံတော် စိတ်ဓာတ်လို့ခေါ်မလား ကျွန်တော်လည်း သေချာမသိပါဘူး။


သူရဲကောင်း ခေတ် ဆို တာ မဖြစ်နိုင်တော့ပါဘူး။ စစ်သည်လေးသိန်းအားနဲ့ညီတဲ့ သူရဲကောင်းလေးယောက် ဇာတ်လမ်းကိုပဲ တမ်းတနေမှာလား။ သူရဲကောင်း တွေနဲ့ စစ်တိုက်တဲ့ခေတ်က ကုန်သွားပါပြီ။ ကိုယ့် ကျတဲ့နေရာမှာ ကိုယ့်အလုပ်ကို သေချာလုပ်ပြီး စံနစ်ကို ပြည့်ဝစွာလည်ပတ် နိုင်ရင် အောင်မြင်မှာပါပဲ။


ဆန်းစစ်ကြည့်ကြပါ။ ဘာလို့လုပ်သလဲ။ ဘာလို့လုပ်ဖို့လိုအပ်သလဲ။ ပြည်သူတွေ လက်ထဲကို အာဏာ က ဘာလို့အပြည့်အ၀ ရောက်မလာရသေးတာလဲ။ ဘယ်သူလိုလို့လဲ။ အာဏာ ရောက်လာလို့ရော ဘာဖြစ်နိုင်ပါသလဲ။ ဘယ်တွေရောက်သွားနိုင်ပါသလဲ။ ကိုယ့်နိုင်ငံကောင်းဖို့ ဆို တကယ်လိုအပ်တာ ဘာလဲ။ ဒီထက်ကောင်းတဲ့လမ်းတွေကို မြင်ကြလို့လား။ ရီဗော်လူးရှင်းပဲ အော်နေကြတော့မှာလား။


တွေးမိတာတွေကများပါတယ်။ အစိုးရ ဆန့်ကျင်တဲ့ နိုင်ငံရေး သမားတွေ ကရော သူတို့ ဘာလို့ ဒီလိုလုပ်နေကြတာလဲ။ သူတို့ ကိုယ်တိုင်ကရော မြန်မာတွေကို ဘာလို့ အပြင် ကို ခေါ်ထုတ်နေတာလဲ။ ဒီတိုင်း နေတဲ့လူငယ်တွေကို ဆန့်ကျင်ရေးထဲ ဆွဲထည့်ချင်ကြတာလဲ။ မေးခွန်းတွေများပါတယ်။ သူတို့ ဘာလို့ ဆန့်ကျင်ရတာလဲ။ သူတို့ ဆန့်ကျင်ရတဲ့ အဓိက အကြောင်းက ဘာလဲ။ သူတို့ ဆန့်ကျင်တဲ့ အချက်ကို အစိုးရကလည်း ဘာလို့ ပြုလုပ်ရသလဲ။ တစ်ချက်တည်းကို အသေမတွေးဘဲ အမျိုးမျိုး တွေး ကြည့်ဖို့လိုပါတယ်။


ရထား က ထွက်တော့မှာပါ။ မလိုက်ချင်လည်း ပါသွားမယ့်ရထားပါ။ ဒါမှမဟုတ် နေခဲ့မှာလား။ မြန်မာနိုင်ငံရေး လုပ်နေတဲ့သူတွေမြန်မာစကားတော့ ပီဖို့ လိုပါသည်။ မြန်မာအကြောင်း သေချာသိဖို့လိုပါသည်။ မြန်မာပြည်မှာ ဖြစ်နေတာတွေ တကယ့် အတွေ့အကြုံတွေ ကိုယ်ကိုယ်တိုင် တွေ့သိဖို့လိုပါသည်။ ၀င်လို့ ရတာ မရတာတွေ မပြောလိုပါ။ တကယ်နိုင်ငံကောင်းချင်လျှင် ဒါမျိုးတွေ သိရမည်။ လေ့လာရမည်။ ကြိုးစားရမည်။ တကယ် နိုင်ငံထဲ ပြန်ဝင်လာခွင့် ရလာလျှင် ဘာလုပ်ကြမလဲ။ စက္ကူဖြူ စီမံကိန်းလိုမျိုးကောလုပ်ထားကြပါသလား။ ဆန့်ကျင်မယ်ချည်းအော်နေတော့မှာလား။ ရထား က ထွက်တော့မှာပါ။ အသေအချာပါ။ ရထားကို ဒီလိုပဲ စုတ်စုတ်ပြတ်ပြတ် ဗြဲ လရမ်း သွား ကြမှာလား။ သွားရင်းနဲ့လှတပတလေးဖြစ်အောင် လုပ်ကြမှာလား။ ဒီမိုကရေစီ နဲ့ တန်တဲ့ လူတွေဖြစ်ရင် ဒီမိုကရေစီ ဆိုတာ ရလာမှာပါ။ ရီဗောလူရှင်း နဲ့ အီဗော်လူးရှင်း ကွဲ ကွဲ မြင်သင့်ပါတယ်။ ဒီ ၂ခု ရဲ့အကျိုးအပြစ်တွေကို မြင်ကြည့်ရပါမယ်။ ဒါမဟုတ်ပဲ ဒါပဲ ဒါပဲ ဒါပဲ ဒါပဲ နေတော့မှာလား။


ခု နိုင်ငံရေးလုပ်နေတဲ့လူတွေ နိုင်ငံကောင်းကြောင်းလုပ်နေတယ်ဆိုသူတွေ ဘယ်လိုတွေးပြီး ဘာတွေလုပ်နေကြသလဲ။ ကျွန်တော်တွေးကြည့်မိပါသည်။ အတွေးမှာ အဆုံးမရှိပါ(ကောက်ရိုး)။


နန္ဒမင်းခေါင်

Tuesday, October 19, 2010

ဟိုဟို ဒီဒီ မှ ဒီဒီ ဟိုဟို အသံငါး ကြားတယ် ရထား မောင်ချောနွယ် ဆုံးတာကြာပြီ

ဟိုနေ့က ဟီရာအက်ချီ ပြောမယ်ဆိုတာက နေ ဒီရောက်သွားပါတယ် ဒီ အကို နဲ့ ဟိုဟို ဒီဒီ ပါ
ဒီဒီ ဟိုဟိုလည်း ဖြစ်မှာပေါ့ ဖတ်လိုက်ပါအုံး ဖောထားတာ တွေပါ မရှောခင်တော့ ဖောနေရအုံးမှာမလား
သိပ်မသိတဲ့အကြောင်းများ မာစီးဒီး မစီးနိုင်လဲ မာစီးဒီး အကြောင်းတော့ ပြောလို့ရတယ်ထင်လို့
မဟုတ်တော့လဲ အရာမျှပေါ့ ..............

me: အနုပညာ ဆိုတာ ဘာလို့ ပါလာတယ်လို့ထင်လဲ
ဆင့်ကဲဖြစ်စဉ်မှာ

T: ထမင်းဝ တော့ ဟိုလုပ် ဒီလုပ်

me: လုပ်စရာမရှိတော့ ဟို တီး ဒီ တီး ဟို ဆွဲ ဒီ ဆွဲ ဟို ရေး ဒီ ရေး
ဟိုဟို ဒီဒီ
ပေါ့

t: မှန်ပါ့

me: အထူးသဖြင့် ရှော့တွေပေါ့
လူတွေရဲ့ နဗ်ကြောတွေကို လှုပ်ခါသွားစေတဲ့ ရှော့တွေ
ဒါတွေကို လူတွေ တမ်းတ ကြလို့များလား
ဥပမာ.. ဂီတသံ ကိုရှု

t: ဟုတ်သလား
ဘာတဲ့ ဗေထိုဗင်တဲ့လား

me: ဗေထိုမဗင် သေးနဲ့အုံး
ဗုံ သံ ကို စ ကြတာပေါ့
ဒီ ချာချာချာ တို့ ဒူချပ်ဒူချပ်တို့ ဘုံ ဘုံ ဘုံ တို့ ဗိန်ဗောင် ဗိန်ဗောင် တို့
ဒီအသံတွေဟာ လူတွေကို တစ်မျိုးမျိုး နဲ့ ရူးသွပ်သွားစေသလားလို့

t: ဒီအသံကြား ဒီလိုလှုပ် ဆိုပြီး
ဦးဏှောက်ဆေးခဲ့ကြလေတော့

me: ဒါဆို အကုန်လုံးဟာ အကျင့်လုပ် ဖန်တီးခဲ့ရာမှာ
ပြန်လည် အပြုကျင့်ခံရတာပေါ့

t: အခြားတဖက်က တွေးကြည့်တာပါ

me: ဒါပေမယ့် ဂီတ ဆိုတာ လူ တွေရဲ့ natural frequency ဆိုတာ ကြားဖူးသလားလို့

t: ပြောနိုင်ပါတယ်။ လူတိုင်းက သီချင်းကြိုက်ကြသကိုး

me: ဂီတ က တခြား နယ် တခု ကို လူတွေကိုခေါ်ဆောင်သွား နိုင်တယ်
ဒါကြောင့်လူတွေ ဂီတ ကြိုက်ကြပုံရှိတယ်

t: လူဆိုတာ သူ့အဖြစ်ကနေ အခြားကို အမြဲသွားလိုနေတာပဲ
အကြာကြီးတော့လည်း မနေချင်ပြန်ဘူး

me: နေလို့မှမရတာ ဗျ
ဟုတ်ပြီ ဗျာ ဂီတ ရဲ့ မှာ သူ့ရဲ့ မှန်ကန်တဲ့ frequency တွေ ဖွဲ့စည်းပုံတွေ နဲ့ လူတွေ ကို ဆွဲဆောင်တယ်
ဒါဆို ကဗျာတွေ စာပေ တွေကရော

t: ကြောင်ရေချိုး ကြောင်ရေချိုး

me: ဒါဆို ဆယ်မြူရယ် ဘက်ကက်ရဲ့
ပျင်းစရာ လူ့ဘ၀ ကြီးမှာ ငြီးငွေ့စွာပဲ တီးခတ်နေကြတယ်ပေါ့

t: သူလည်း ဒီ ပျင်းစရာကြီးကိုပဲ မပျင်းမရိ ရေးဖွဲ့သွားလေရဲ့

me: ပျင်းရိတဲ့ တေးသွားကို ငြီးငွေ့စွာတီးခတ်တယ်
ဒါဆို ပျင်းစရာလောကမှာ စံနစ်ကျစွာ ပုံစံခွက်ထဲမှာ တီးခတ်နေကြတဲ့လူတွေက
သူတို့ ရဲ့ ပုံစံ ခွက် ကို မမြင်ကြတာ က ရော

t: ပုံစံခွက်ကိုလည်း မြင်တယ်
ပုံစံခွက်ကလည်း ထွက်ချင်တယ်
ဒါပေသိ ပုံစံခွက်ထဲမှာ ပျော်နေသေးတယ်
ဒါပါပဲ တကယ် ထွက်ချင်ရင် အလွယ်ကလေး ဟေးဟေး

me: မာ ရီ ယာ
မာ ရီ ယာ
ဘုန်းကြီး တစ်ယောက် ဟောတာ ကြားဖူးတယ်

t: ဘာ ဟော
စီးတီးဟော

me: ပြောပြမယ် ...
သူက ဟဲမင်းဝေး ရဲ့ တံငါသည်အဖိုးကြီး ဇာတ်လမ်းကို အသုံးပြုပြီး ဗုဒ္ဒဘာသာ ရဲ့ အမြင်နဲ့ ဟဲမင်းဝေးရဲ့အမြင်တူညီပုံ ကို ပြောတယ်
နောက်မှာ ဘာပြောသလဲ ဆိုတော့
လောကမှာ လူဖြစ်လာရကတည်းက ဒုက္ခ တဲ့
ဒါကို ဦးဟဲမင်းဝေး လည်း အရှင် ဂေါတမ လိုမြင်တယ်တဲ့
ဒါပေမယ့် အရှင်ဂေါတမ က ဗုဒ္ဒဘာသာ မှာ ဒုက္ခရဲ့လွတ်ရာလမ်းကို ဟောသွားတယ်
ဗုဒ္ဒဘာသာ မဟုတ်တဲ့သူတွေက ဒုက္ခရဲ့လွတ်ရာလမ်းကိုမမြင်တော့
ကိုယ့်ကိုကိုယ်ပဲ နောက်ဆုံးသတ်သေသွားကြတယ်တဲ့
ဒီ့အပေါ် အကို့ ပြော ပေးပါအုံး

t: :)
အဟမ်း အဟမ်း
ဒီကိစဿစတွေကို သိပ် မပြောလိုပါဘူး။ ကိုယ် က သူတို့လောက် အဆင့်မရှိဘဲ ဆိုတော့ သူတို့အဆင့်ကို တက်ပြောရတာ အဆင်မပြေဘူး

me: ဒါဆို လူတစ်ယောက်ဟာ ပိုက်ဆံမရှိဘဲနဲ့ အောချက် က စင်တာတွေဘက်ကို သွား ငေး တာ ပြသာနာပဲလို့ ပြောသလိုများဖြစ်နေမလား

t: အဲ့လိုတော့ ဆွဲချက် မချစေလိုပါဘူး
ဒါတွေက case by case တွေကိုး

me: ဟဲ ဟဲ ဟဲ
ဒါက သက်သက်ရှောင် တာ ပါဗျာ
မသိခက်မယ်

t: ကဲဗျာ.. ပြန်စပေးမယ်
သတ်သေတဲ့ကိစဿစ

me: ဟုတ်ပြီ
တာဝန် ယူ သတ်သေသွားတဲ့လူတွေ ကို မပြောဘူး
မာယာကော့ခ်စကီး မြို့မငြိမ်း ချိုင်ကော့စကီး ဟဲမင်းဝေး
ဆဲဗီယာပလပ် ဒါဇိုင်း
ကက်ကိုဘိန်း
ကိုယ့်ဘာသာ စ ဖျက်ချခဲ့တဲ့ ဗီသိုဗင်
ဒီလူတွေ အောင်မြင်တာ မခံနိုင်လို့လို့ ငယ်ငယ်ထင် ခဲ့ကြတယ်
တကယ်တမ်းကြတော့

t: တကယ်တမ်းကြတော့...

me: တကယ်တမ်းကြတော့
လူ့ဘ၀ရဲ့ ဒုက္ခ လိမ်ညာမှု တွေကြားမှာ သိပ်မြင့်မြတ်ချင် သိပ်လွတ်မြောက်ချင်ကြလွန်းလို့
ုဖြစ်သွားတယ်လို့ ဆိုလို့ရမလား
မာ ယာ ပေါ့ဗျာ
အဲဒီ မာ ယာ လှလှပပ နှိပ်စက်ခဲ့တာလေလား

t: သူတို့ထင် တွေး မျှော်လင့်ခဲ့တာနဲ့
ထပ်တူဖြစ်မလာနိုင်တဲ့အခါ၊ ဖြစ်မလာတော့တဲ့အခါ၊
ဘယ်သူမှ မလာတော့ ကိုယ်တိုင်ပဲ သွားလိုက်တာပေါ့

me: သိပ်ကြောက်စရာကောင်းတဲ့ ကဗျာစာသား
သူတို့တွေကိုကြည့်လိုက်တဲ့အခါမှာ
အနုပညာရှင်တွေပဲဖြစ်နေတာ တွေ့ရတယ်
ဘာဖြစ်လို့များ..............
အနုပညာဆိုတာ အဆိပ်လားဗျ
သိပ်လက်ယဉ်တဲ့အဆိပ်
စွဲပါများရင် သေတတ်တယ်
ဆိုလို့ရပါ့မလား

t: ယူသော်ရ၏ ပေါ့
ပေါ့ပေါ့ ပါးပါး ပေါ့ဗျာ
joker ပြောသလို why so serious?
:)

me: ဒါပေါ့
မော်ဒန် ခေတ် ကြီးရဲ့အပြင်းအထန် အယူဝါဒ ကြီးက
တဖြည်းဖြည်း တိုက်စားခံနေရပြီ
ဒီ ခေတ်ကို ပေါ့ ခေတ်လို့ ပြောလို့ ရသလောကိုဖြစ်နေတာ
အာရှမှာဆို ကိုရီးယားပေါ့ အနောက်မှာဆို ပေါ့အတ် လေဒီဂဂ တို့ ရဲ့ ပေါ့ ရော့
စတာတွေ ဟာ တမဟုတ်ချင်း တက်လာတာတွေ့ရတယ်

t: :)
အရောင်စုံစုံလေးတွေ လှတပတလေးတွေ
ကောင်းဖူးလား

me: ကောင်းတာပေါ့ဗျ
ဒါပေမယ့် ကျန်တဲ့လူတွေကလည်း အရှိန်ကြီးနဲ့ကျန်ခဲ့ကြတယ်

t: ဒို့ကတော့ အေးဆေး

me: ဒါပေမဲ့ ဒါဟာ သိပ်လှတဲ့ ပေါ့အတ်
လူတိုင်း ဟာ အမျိုးမျိုး နဲ့ အတ် ကို ခံစားနေကြတယ်
အေသင်ချိုဆွေ ... ထက်ထက်မိုးဦး ကော်ပီ သီချင်းများ
စတာတွေရဲ့အရသာ နဲ့ နေတဲ့လူတွေရှိသလို
ပိုပို ခင်မောင်ရင် မောင်ချောနွယ် အောင်ချိမ့် ဇေယျာလင်း စသဖြင့် အကုန်လုံးဟာ၏
သူ့နည်းနဲ့ သူ အနုပညာကို ခံစားနေကြတယ်
ဒီတော့ ဒီခေတ်မှာ စံတွေ အကုန်ပျက်ကုန်တယ်ဗျ
ဒါဟာ တက်ကနိုလောဂျီ လှိုင်းကြောင့်လား

t: ပျက် ချိန် တန် လို့ ပျက် တာ

me: အနုပညာ ဆိုတာ စားမရဘူး သုံးမရဘူး အလကား ပါ
ဖြေ ပျော် ရုံ သက် သက်
ဖြေဖျော် ရုံ သက်သက်

t: ဟင့်အင်း
နေ ပျော် ရုံ သက်သက်
ဒီစာအုပ်လေး ဖတ်လိုက်ရမှ
ဒီသီချင်းလေး နားထောင်လိုက်ရမှ
ဒီ ပန်းချီကားလေး ဆွဲလိုက်ရမှ
ငါ ကဗျာ ရေးမှ
ကဗျာမှထွက်မလာရင်
အသက်ရှင်ခြင်းတရားကို
ငါသတ်မိလိမ့်မယ်။
(ဖော်ဝေး)
ဆရာလေး

me: အိပ်တော့မှာလား

t: ခွင့်ပြုဗျာ ရေချိုး မိုးချိုးလေး
ဟုတ်ကဲ့
ကျနော်တော့ ဖော ရှော လုပ်လိုက်ရလို့ နေပျော်သွားပြီ
နောက်တနေ့ နေဖို့ အိပ်လိုက်ဦးမယ်

me: ဟုတ်ပြီဗျာ

t: တာ့တာဗျား
တွေ့သေးတာပေါ့။

တွေ့ စရာရှိတဲ့လောကကြီး က တွေ့ ကြ အုံးမှာပါ။

Sunday, October 17, 2010

မြန်မာစာ အကြောင်း တောင်တောင်အီအီ

ကလေးငယ် ချစ်စဖွယ်" သင်ချိန်ကစလို့ ယခုအချိန်အထိ မြန်မာစာ အကြောင်း ကို တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ စေ့စေ့ မတွေးခဲ့ဖူးပါ။ တွေးလိုက်မိပြန်တော့လည်း တောင်စဉ်ရေမရအတွေးတွေဆက်တိုက်ပေါ်လာသည်။



အက္ခရာကစပါမည်။ ကျွန်တော့အမြင်တွင် ဗျည်း ၃၃ လုံးစလုံးသည် မလိုအပ်ဟုထင်ပါသည်။ အက္ခရာဖောင်းပွမှုဖြစ်နေသည်။ "ဃ ၊ ဋ ၊ ဍ ၊ ဒရင်မှုတ် ၊ ဠ" စသည်တို့မှာ အလွန်အသုံးနည်းသော အက္ခရာ များဖြစ်သည်။ထိုစာလုံးများအစား သုံးနိုင်သော အက္ခရာကလည်း တစ်ပုံတစ်ပင်ရှိသည်။ ဥပမာ..မဂဒေ၀ အလင်္ကာ၊လင်းတ အစရှိသဖြင့်......။ ဋ ပင် ဆိုတာတော့ ကြားဖူးသည်။ ဒါပေမယ့်ရေးတော့ တတလင်းချိတ်ပင်တဲ့။ကောက်ကောက်ကွေးကွေးနိုင်လှ၍ ဤနာမည်ပေးသည်ထင်ပါသည်။ နာမည်အသစ်ပြောင်းလိုက်လျှင်ရပါသည်။ကောက်ကွေးပင်တို့ ၊ မဖြောင့်ပင်တို့ ၊ အစိုးရပင်တို့ ......

ဤစာလုံးတွေကို လျှော့ချလိုက်နိုင်လျှင်တော့ကလေးတွေ မှတ်ရသက်သာသွားမည်။ ရေးရတာလည်း ခက်သည်ကိုး........



ဗျည်းသုံးဆယ့်သုံးလုံး အပြင်သို့ထိုးထွက်နေသောရှိုးတိုးရှုပ်တုတ် နာမည်အတည်တကျမရှိသော အက္ခရာ များလည်း တစ်ပုံတစ်ပင်ရှိသေးသည်။ "၎င်း၊ ဩ ၊ ဥ ၊၏ ၊ဣ ၊ဧ ၊ဤ ၊၌ ၊ ၍ " စသည်တို့ ကို ငယ်စဉ်က စာလုံးပေါင်း ရွတ်သောအခါ အက္ခရာ၏ ၊ အက္ခရာ ၌ ၊ အက္ခရာ ၍ ...ဤကဲ့သို့သာ အသံထွက်ရွတ်သဖြင့် နာမည် အတည်တကျမရှိဟုဆိုခြင်းဖြစ်ပါသည်။ ဒီစာလုံးတွေကို ဗျည်းဘောင်ထဲက သုံးလျှင်ကော..... အုတ်အော၊ ကြက်အု ၊ အီခွေး၊ အေရာဝတီ ၊ ကျွန်တော်အိစာအုပ် ....အစကတည်းက ဒီလိုရေးခဲ့လျှင် အမြင်ဆိုးမည်မဟုတ်။ အခုတော့တော်တော် ကြည့်ရဆိုးနေသည်။ ဒီစာလုံးတွေ သုံးလိုက်တော့ တချို့နေရာတွေမှာ မလိုအပ်ဘဲရှုပ်ကုန်သည်။ကြက်မသည် ဥဥ သည်လား... ဥအုသည်လား၊ ဣနြေ္ဒရှင်လား...အိနြေ္ဒရှင်လား..... ဝေခွဲမရဖြစ်ကုန်သည်။

နောက် နှစ်လုံးဆင့်တွေ... အခု ကွန်ပျူတာခေတ်ရောက်တော့ဂွကျကုန်သည်။ ဒါတောင်ဇော်ဂျီကယ်ပေလို့........ ပြင်လိုက်ရင်ကော...... "သူသည် အဓိပ်ပယ် ပါပါကြည့်သည်၊ကိစ်စပြီးပြီလား၊ လိမ်မာလှချည်လား" ဘယ်လိုမှ မတင့်တယ် ပြန်ပါ။ ဒီမှာလည်း အရေးအသားကသူ့နေရာနှင့်သူရှိသေးသည်။ ပုံသေမှတ်လို့မရ။ မင်္ဂလာ သည် ပုံမှန်အားဖြင့် မင္ဂလာ ဖြစ်ရမည်။အင်္ဂါသည် အင္ဂါ ဖြစ်ရမည်။ သင္ချာ၊ သင္ဘောသား .... ခက်ပါသည်။ ရေးသားရာတွင်အချိန်တို ဖို့အတွက်များထွင်ခဲ့သလားမသိပါ။ အရေးတိုဖို့ဆိုလျှင်လည်း အကုန်လုံးပြောင်းပစ်ရမည်။ဥပမာ.. ချစ္စရာ ကိုရီးယားမင်းသမီးလေး အွန္စော (ဘောလိဝုဒ်လေလား) ...

ရေးတော့အမှန်ဖတ်တော့ အသံဆိုတာကလည်း တစ်မျိုးရှုပ်သေးသည်။ သောကြာက သောက်ကြာ ဖြစ်သွားသည်။ သင်ဘောကသင်းဘော ဖြစ်သည်။ အလကားနေရင်း အပြောတခြား အလုပ်တခြားလူမျိုးတွေ ဖြစ်နေပါပေါ့လား.........ကတ်၊ ပတ်၊ လတ် အစရှိသည်နှင့်ကာရန်တူအသံထွက်လျှင် ၀တ် သည် ၀က်ဖြစ်ရမည်။ (၀တ်မှုန် ရွှေရည်ကြားလျှင်လာရန်တွေ့နေဦးမည်)၀စ်မှုန် ဆိုလျှင်ပိုမှန်မည် ထင်ပါသည်။



မွေးစားစကားလုံးတွေအကြောင်းကိုလည်း စဉ်းစားမိပါသည်။ ရေစစ္စတြီ (Registry) ၊ ကိုဓ (Code) ဥပဒေ ၊ မော်တော်ပီကေ(Motor police vehicle)၊ ပက်ထရောင်း(Patrol)၊ ဂိုလီဗာ (Goalkeeper) ......ရယ်စရာတော့ ကောင်းပါသည်။ ဘိလပ်ပြန်မောင်သောင်းဖေ၊ကင်းဝန်မင်းကြီး ပြင်သစ်သွားမှတ်တမ်း ၊ တရုတ်လူမျိုး၊ ငဇင်ကာ..... ဘယ်လိုကနေဘယ်လို ဖြစ်ကုန်လဲတော့မသိပါ။ ရှေးအခါ သွားရေးလာရေး၊ ဆက်သွယ်ရေး မထွန်းကားခင်က တစ်နေရာတစ်နေရာ ရောက်ဖို့ကတော်တော်မလွယ်။ ထို အချိန်က မြန်မာအနေဖြင့် ကုလား တရုတ်ကိုသာ မြင်ဖူးသည်။ နောက်တွေ့သောလူမျိုးအားလုံးကိုထိုနှစ်မျိုးကို အခြေခံပြီး နာမည်ပေးသည်ဟု ထင်မိပါသည်။ အင်္ဂလိပ်သည် အလိုလိုနေရင်း ကုလားဖြူဖြစ်သွားသည်။ တရုတ်ဖြူ၊ တရုတ်နီ........ နောက်မှသာ နိုင်ငံတွေဘာတွေသိလာတော့မှ အင်္ဂလိပ်တို့အသက်ရှုချောင် သွားရသည်။ ကွန်ပျူတာ စကားလုံးမျိုးကျတော့ ဘာသာမပြန်သင့်တော့... ဒါတောင်အမာထည် အပျော့ထည် လုပ်ချင်သေးသည်။ လုပ်ချင်လည်း ဟာ့ဒ္ဒစ္စ (တိုအောင်လုပ်လိုက်သည်) တို့မင်မိုရီတို့ကို ပါလုပ်ပါလား။ အမာပြား၊ မှတ်ဥာဏ် ..... ။





ဘာသာပြန်ကိစ္စ ၌ ယဉ်ကျေးမှုကို သွတ်သွင်းခြင်း၊နားဝင်ချိုအောင်လုပ်ခြင်းတို့သည်လည်း အတိုင်းအတာတစ်ခုအထိသာကောင်းသည်ဟုထင်ပါသည်။Stupid ကို မိုက်မဲသည်ဟုသာ စိတ်ထဲစွဲနေသည်။ Dictionary မှာလည်း ဒီအတိုင်း၊ ကျောင်းကလည်းဒီအတိုင်းသင်လိုက်သည်။ You are stupid ဆိုလျှင် နာရကောင်းမှန်းမသိတော့......ငါဟာမိုက်မဲတဲ့သူပါလား......ဒဿဂီရိအချစ်ရှုံသမားကဲ့သို့ပင် ကိုယ့်ကိုယ်ကို သနားဖို့တောင်ကောင်းလာလေသည်။ သီချင်းလုပ်ဆိုရင်တောင်ပေါက်လောက်သည်။ မိုက်မဲသမား.....ဒဿဂီရိ ......... နိုင်ငံတစ်နိုင်ငံမှာဆိုလျှင် ထိုစကားကြောင့်ဆန္ဒပြမှုတွေ အကြမ်းဖက်မှုတွေ ဖြစ်သွားခဲ့ဖူးသည်။ စာလုံး၏အနက်ကို သူ့နဂိုဆိုလိုရင်းနှင့်အနက်ဒီဂရီ တိမ်းပါးမှုမရှိအောင် ဘာသာပြန်ကြစေလိုပါသည်။ ဒီမှာတစ်ခုထပ်တွေးမိတာက ရေနံကိစ္စဖြစ်သည်။ နံသောရေ.... ရေနံနှင့် သဘောသဘာဝ ဂုဏ်သတ္တိ လည်းတူ အနံ့လည်း နံသော NaturalGas ကျတော့ ဘာကြောင့် "လေနံ" မဖြစ်ဘဲ သဘာဝဓာတ်ငွေ့ဖြစ်နေရသလဲ။ ဓာတ်ကိစ္စကလည်း တော်တော်တွင်ကျယ်ပါသည်။ ထူးဆန်းလျှင် ဓာတ်နှင့်တွဲပစ်သည်။ ဓာတ်ပုံ၊ ဓာတ်ခဲ၊ ဓာတ်မီး၊ ဓာတ်ရှင်(ရုပ်ရှင်) ၊ CD ကိုတောင် ဓာတ်ပြားဆိုပြီးလုပ်သေးသည်။ Blu-Ray ကျလျှင်ကော ဓာတ်ပြာတန်းဖြစ်ချင်ဖြစ်နေမည်။ ........ဘာသာပြန်ချင်တာကျတော့ပြန်သည်။မြန်မာမှုပြုချင်သည်ကျတော့ပြုသည်။ မြန်မာစာသည် ခက်ခဲလှပါသည်။





နောက်ပိုင်းတဖြည်းဖြည်းအတွေ့များလာသော ခေတ်စားလာသော အသုံးများကိုလည်း မနှစ်မြို့ဖွယ်တွေ့ရပါသည်။ဆရာသည် ဆြာဖြစ်သွားသည်။ တယ် သည် တရ် ဖြစ်သည်။ သည် ကို တောင် သု ဆိုပြီးလုပ်လိုက်သေးသည်။ ဆရာအီကြာကွေးက ဤအသုံးများကိုသရော်ပုံလေးကို အမှတ်ရမိသည်။ "ဆြာနေထိုင်သော အိမ်သို့ အလည်သွားရာ ဆြာခြီးထွက်နေ၍ မတွေ့ခဲ့ရပါ"ဟူ၍.........



နာမည်အထူးအဆန်းထွင်ခြင်းကလည်းပေါ်ပြူလာ ဖြစ်လာပြန်သည်။ ဘိုးတော်မင်းတရားကြီးက "ဠင်းတ ကို ဘာကြောင့် လ နှင့် မလင်းတာလဲ" ဟုကြံကြံဖန်ဖန် မေခွန်းထုတ်ဖူးသည်။ သူ့ အမတ်ပေါ်ဦးကလည်း ခေသူမဟုတ်တော့ ဠင်းတက အရုပ်ဆိုးတော့ အရုပ်ဆိုးတဲ့ အက္ခရာ ဠ နဲ့သင့်တော်လို့ပါ ဟုအဖြေပေးသည်။ အခုခေတ် လူတွေကလည်းဆန်းလိုက်ရမှ ကျေနပ်ကြသည်ဆိုတော့ အသတ် နေရာတွင် အသုံးမတွင်သောစာလုံးတွေကို ကြံဖန်သုံးကြသည်(ဇော်ဝင်းထွတ်၊ မိုးဇော် ဆိုလည်း ပြီးတာပဲကို ) နောက်ပိုင်းကျလျှင် ညှဋ်စိ၊ ပြဍ့်ဇုံဆိုတာမျိုးများ ပေါ်လာဦးမလားမသိ။ ထို့ပြင် ခေတ်စားလာသည့် "ဏ" အသုံးတွင်မှုကလည်းရှိသေးသည်။ဥပမာလေးတစ်ခုပြလိုပါသည်။ "ကိုယ့် အသဲဏှလုံးတော့ မင်းကြောင့် လောင်မြိုက်နေပြီ" ဆိုလျှင်နှာခေါင်းမီးတောက်နေပြီ ဆိုသည့်ပုံစံ ဖြစ်သွားသည်။ ဏ၏ အသုံးမှာ တဏှာ စာလုံးပေါင်းရာတွင် သုံးသောကြောင့်ဖြစ်ပါသည်။ ပါဠိ အသုံးကတော့ထားပါတော့။ နာမည်ကို"န"သတ်လျှင် အဆင်ပြေနေသော်လည်း "ဏ" ကို သွားသတ်လိုက်သည်။ သိဏ်းထွဏ်း၊ အောင်ပဏ်း၊ ဖေသဏ်း.......နာမည်နဲ့လူပုံဆုံးဖြတ်ရင်တော့နှာခေါင်းကြီးအရင်ပေါ်လာမည်။ (ဖီးလစ်တော့ အမေရိကားကနေ ဆဲနေတော့မှာပဲ......သြော် သူလည်း ဒီမှာတုန်းကချက်တင်ထဲကမှ မထွက်တာ) ...................... ဏအပြင် "သျှ" ကိုလည်း မကြာမကြာတွေ့လာရပြန်သည်။ သျှမ်းခေါက်ဆွဲ....ရှမ်းခေါက်ဆွဲ ဘာမှ မကွာပါ။ မလိုအပ်ဘဲ စတန့်ထွင်ခြင်းဖြစ်သည်။ သျှန်ထွဏ်းဆိုတာ ကြားဖူးသည်။သူ့သျှန်ကတော့ အပြစ်မရှိဟုထင်ပါသည်။ ရှံ နှင့် ရှံလိုက်လျှင် စုံထောက်ဇာတ်လိုက်ကျော်ကြီးဦးရှံစား ၊ ဦးဒိန်းဒေါင်နှင့်ပဲ အမျိုးတွေလိုလို သူတို့လိုပဲ ထုံတုံတုံ လူလို့အထင်ခံရမှာ ကြောက်လို့ ဖြစ်နိုင်ပါသည်။ ဒါတောင်သူက ဏ သတ်လိုက်သေးသည်။ နာမည်ခပ်ဆန်းဆန်းတွေမပေးခင် လဒတို့ တဏှာတို့ကို သွားသတိရစေလိုပါသည်။

အတွေးမှာနိဂုံးမရှိပါ

ကောက်ရိုး

၂၄.၇.၂၀၁၀ည ၁၁ နာရီ ၃၅ မိနစ်

(အပျော်သဘောရေးထားခြင်းဖြစ်ပါသည်။မည်သူ့ကိုမှ ထိခိုက်ရန် ရည်ရွယ်ခြင်းမရှိပါ)

Thursday, October 14, 2010

'အဓိပ္ပာယ်ရှိသောအလုပ်'ကို အဓိပ္ပာယ်ဖွင့်ရန် ကြိုးစားခြင်း

"လူနှစ်ဆယ့်နှစ်ယောက် မြက်ခင်းပေါ်ဆင်းပြီး ဘောလုံးလေးတစ်လုံးကို လုကန်ကြတာ တော်တော်အဓိပ္ပာယ်မရှိတာပဲ။ အဲဒါကို စိတ်ဝင်တစားကြည့်ကြတာက ပိုပြီး အဓိပ္ပာယ်မရှိသေးတယ်။"



မန်ယူပွဲသတင်းသိလို၍ သင်္ဘောပေါ်မှ အိမ်သို့ ဆယ်ဒေါ်လာအကုန်ခံဖုန်းဆက်သော ကျွန်တော့်ကို ဘောလုံးဝါသနာမပါသော မြန်မာစီနီယာအရာရှိတစ်ဦးကပြောသော စကားဖြစ်သည်။ မိမိထက် ရာထူးကြီးသူတစ်ဦးကို ဆန့်ကျင်ငြင်းခုန်ခြင်းဖြင့် အကျိုးတစ်စုံတစ်ရာရရှိရန် မမြင်သောကြောင့်လည်းကောင်း၊ တိတိပပ ပြန်လည်ချေပရန်လည်း ရုတ်တရက် စကားရှာမရသောကြောင့်လည်းကောင်း၊ ဆိတ်ဆိတ်နေခြင်းဖြင့်သာ တုံ့ပြန်ခဲ့ပါသည်။



ယမန်နေ့ညက တီဗီမှလာသော မန်ယူပွဲကြည့်ရင်း သူ့စကားကို ပြန်လည်အမှတ်ရကာ ဘောလုံးပွဲပြီးသွားသည်အထိ ဆက်လက်တွေးတောနေမိသည်။ "ဘောလုံးကန်ခြင်း၊ ဘောလုံးပွဲကြည့်ခြင်းသည် အဓိပ္ပာယ်မဲ့သော အလုပ်လား။ ဒါဆို ဘယ်လိုအလုပ်မျိုးကို အဓိပ္ပာယ်ရှိသော အလုပ်လို့ သတ်မှတ်မလဲ။ အဓိပ္ပာယ်ရှိတယ်၊ မရှိဘူးဆိုတာ ဘယ်လိုဆုံးဖြတ်မှာလဲ၊ ဘယ်သူက ဆုံးဖြတ်မှာလဲ။ အဲဒီ အဓိပ္ပာယ်ဆိုတာကရော ဘာကို ခေါ်သလဲ။" စသည့်မေးခွန်းများက ဆင့်ကာဆင့်ကာ ပေါ်လာ၏။



"အဓိပ္ပာယ်ရှိသော အလုပ်" ဆိုသည်ကို အဓိပ္ပာယ်ဖွင့်နိုင်ရန် မကြာသေးခင်က ဖတ်ခဲ့ရသော Maslow's Hierarchy of Needs* နှင့် ဆက်စပ်စဉ်းစားကြည့်မိသည်။ စိတ္တဗေဒပညာရှင် Abraham Maslow က ကျွန်တော်တို့လူသားများ ရုန်းကန်ဆောင်ရွက်နေသော အလုပ်ဟူသမျှသည် အနိမ့်ဆုံး Physiological အဆင့်မှ အမြင့်ဆုံး Self-actualization အဆင့်ထိ အသီးသီးသော လိုအပ်ချက်မျိုးစုံတို့၏ လှုံ့ဆော်မှုကြောင့်ဖြစ်သည်ဟု ဆိုသည်။ ကျွန်တော်တို့သည် ဘ၀လုံခြုံမှုရရှိရန် အလုပ်အကိုင်နှင့် ပစ္စည်းဥစ္စာကို ရှာကြသည်။ ရင်းနှီးချစ်ခင်မှုကိုရရန် လူအချင်းချင်း မိတ်ဖွဲ့ပေါင်းဖော်သည်၊ မိသားစုဘ၀ထူထောင်ကြသည်။ မိမိကိုယ်မိမိတန်ဖိုးထားနိုင်ရန် အောင်မြင်ကျော်ကြားမှု၊ လူအများလေးစားမှုစသည်တို့ကို အလိုရှိကြပေသည်။ ကွဲပြားသောလူတို့အတွက် ကွဲပြားသောလိုအပ်ချက်၊ ကွဲပြားသောလှုပ်ရှားမှုများရှိနေမည်ဖြစ်သော်လည်း လူတစ်ဦးချင်းစီအနေဖြင့်တော့ ကိုယ့်လိုအပ်ချက်နှင့်ကိုယ် အဓိပ္ပာယ်ရှိစွာလှုပ်ရှားနေကြခြင်းသာ ဖြစ်သည်။



ထိုတစ်ဦးတစ်ယောက်ချင်းစီအတွက် အဓိပ္ပာယ်ရှိသောအလုပ်များကို အခြားသူတစ်ဦးတစ်ယောက်က ၀င်ရောက်စွက်ဖက်ဝေဖန်နိုင်သလား ဆိုသည်မှာလည်း စဉ်းစားဖွယ်ရာဖြစ်သည်။ တစ်နေကုန်တစ်နေခန်း ဈေးရောင်းနှင့်အိမ်အလုပ် ဇယ်ခပ်သလိုလုပ်ရသည့် ဈေးသည်မယ်ကာကကို အားလပ်ချိန်ကလေးတွင် ကလိထိုးဟာသဗီဒီယိုကားများ ကြည့်သည့်အတွက် ရသမခံစားတတ်ဟု အပြစ်တင်မည်ဆိုလျှင် တရားပါ့မလား။ မြစ်ကမ်းနံဘေး သစ်ပင်ရိပ်တွင်ထိုင်ရင်း မျက်စိတဆုံးငေးမောနေတတ်သည့် ကဗျာဆရာကိုခါခကို အလကားအချိန်ဖြုန်းနေသူဟု စွပ်စွဲလျှင်ရော မှန်နိုင်ပါ့မလား။ အငယ်အနှောင်းလေးယောက်ယူပြီး နေ့မအား၊ညမနား အလုပ်များနေရှာသော သူဋ္ဌေးကြီးဦးဝါ၀ကို လောဘရမ္မက်ကြီးသူဟုရော သွားရောက်ရှုတ်ချနိုင်မလား။



မမှန်ပါ၊ မရပါဟု ကျွန်တော်ယူဆပါသည်။ ကျွန်တော့်တို့အနေဖြင့် မည်သို့ပင် တရားမျှတ၊ ဘက်မလိုက်ပဲ ရှုမြင်သုံးသပ်ပါစေ၊ ကျွန်တော်တို့အမြင်သည် ကျွန်တော်တို့၏ ကိုယ်ပိုင်အတွေ့အကြုံ၊ ခံစားချက်များပေါ်တွင်သာ အခြေခံ၍ ကျွန်တော်တို့၏ ကိုယ်ပိုင်စံများဖြင့် တိုင်းတာထားခြင်းသာ ဖြစ်လိမ့်မည်။ ကိုယ်တိုင်ကြုံတွေ့ခံစားရသော ကာယကံရှင်မဟုတ်သည့်အတွက်တော့ အပြည့်အ၀နားလည်မှုကို ရရှိနိုင်မည်မဟုတ်ပါ။ ဤအချက်ကို ဒဿနိကဆရာ William James က သူ၏အက်ဆေးတစ်ပုဒ်** ထဲတွင် ဤသို့ ဥပမာပေးခဲ့ဖူးသည်။



"Take our dogs and ourselves, connected as we are by a tie more intimate than most ties in this world; and yet, outside of that tie of friendly fondness, how insensible, each of us, to all that makes life significant for the other! - we to the rapture of bones under hedges, or smells of trees and lamp-posts, they to the delights of literature and art. As you sit reading the most moving romance you ever fell upon, what sort of a judge is your fox-terrier of your behavior? With all his good will toward you, the nature of your conduct is absolutely excluded from his comprehension. To sit there like a senseless statue when you might be taking him to walk and throwing sticks for him to catch! What queer disease is this that comes over you every day, of holding things and staring at them like that for hours together, paralyzed of motion and vacant of all conscious life?"



ခွေးနှင့်လူတို့အကြား စိတ်ကူးအမြင်ချင်း မည်သို့ပင် ကွာခြားမှုရှိနေပါစေ၊ အတူယဉ်တွဲနေထိုင်ရန်ကား ပြဿနာမရှိလှပါ။ သခင်စာဖတ်နေချိန်တွင် ခွေးက ဟောင်ခြင်း၊ အနှောင့်အယှက်ပေးခြင်း မပြုဘဲ အေးဆေးစွာ ငြိမ်ဝပ်စောင့်ဆိုင်းခြင်း၊ လူသခင်ကလည်း ခွေးနှင့်အတူ အခါအားလျော်စွာ လမ်းလျှောက်ထွက်ခြင်း၊ တုတ်ပစ်ကစားခြင်း၊ စသည်တို့ဖြင့် အပြန်အလှန်ရင်းနှီးချစ်ခင်မှုကို တည်ဆောက်နိုင်ပါသည်။ လူ၊လူချင်းအတွက်လည်း ထိုနည်းတူပင်ဖြစ်သင့်ပါသည်။ လူတစ်ယောက်၏ခံစားချက်ကို အပြည့်အ၀နားမလည်လျှင်တောင်မှ ကိုယ်ချင်းစာမှုပေးသင့်သည်။ လူတစ်ယောက်တန်ဖိုးထားသောအရာကို ကိုယ်တိုင်တန်ဖိုးမထားနိုင်လျှင်တောင်မှ လေးစားမှုတော့ရှိသင့်သည်။ လူတစ်ယောက်အတွက် အဓိပ္ပာယ်ရှိသောအလုပ်ကိုလည်း မိမိကို တစ်စုံတစ်ရာထိခိုက်မှုမရှိသရွေ့ အနှောင့်အယှက်မပေးဘဲ နေသင့်ပါသည်။ ကွဲပြားခြားနားသော ပုဂ္ဂလိကအမြင်များကိုအခြေခံ၍ လူအချင်းချင်း တစ်ဦးကိုတစ်ဦး ပြစ်တင်ရှုတ်ချနေမည့်အစား တတ်နိုင်သလောက် ကိုယ်ချင်းစာနားလည်ပေးခြင်းဖြင့်သာ ညီညွတ်မျှတသော လူ့အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာနိုင်လိမ့်မည်ဟု ကျွန်တော်ယူဆပါသည်။



သို့ဆိုလျှင် "ဘောလုံးကန်ခြင်း၊ ဘောလုံးပွဲကြည့်ခြင်းသည် အဓိပ္ပာယ်မဲ့သော အလုပ်လား၊ အဓိပ္ပာယ်ရှိသောအလုပ်လား"။ အဖြေကား အမေးခံရသူပေါ်တွင်သာ မူတည်ပါသည်။ အဓိပ္ပာယ်မဲ့သည် ထင်သူများက မိမိသဘောရှိ လုပ်ချင်ရာလုပ်၍၊ အဓိပ္ပာယ်ရှိသည် ထင်သူများကတော့ ဆက်ကန်၊ဆက်ကြည့်ကြရုံသာ ရှိပါတော့သည်။


pyay soe kyaw
10/3/2010, 1:15 AM

မည်သည်တို့ကို လုပ်နေကြပါသနည်း

ပူအိုက်စွတ်စိုသော တစ်ခုသောနေ့လည်အခါသမယ၌ ကျွန်ုပ်ပြေစိုးကျော်သည် အပစ်အခတ်မပါ စကားပြောများသော ခေတ်ဟောင်းဂန္တ၀င်ရုပ်ရှင်တစ်ကားကို Dialogueအချို့ကိုးကားနိုင်ရုံ ဇွတ်မှိတ်ကြည့်ရှုအပြီးတွင် စာကျက်ရမည်ကို လွန်စွာပျင်းရိလှသောကြောင့် ကျွန်ုပ်အမေ၏ အဘိဓမ္မာစာအုပ်ကို ဟိုဒီလျှောက်လှန်လှောရင်း ဝေနေယျသတ္တ၀ါအပေါင်းတို့ကျင်လည်ရာ (၃၁)ဘုံခန်းအကြောင်းရောက်လေလျှင် ကောင်းမှုကုသိုလ်ပြုကြကုန်သော လူသူတော်ကောင်းတို့လားရာ တာဝတိံသာနတ်ပြည်အကြောင်းကို ကျိုးကြောင်းဆက်စပ် ဖတ်ရှုမိလေသည်။

တာဝတိံသာနတ်ပြည်ကား လူ့ပြည်အထက် ယူဇနာ ၈၄၀၀၀ မြင့်သော မြင့်မိုရ်တောင်ထိပ်မှသည် စကြ၀ဠာတံတိုင်းအထိ ပျံ့နှံ့တည်ရှိ၏ (ကျွန်ုပ်အနေဖြင့် ကိုတာ၏မုံရွေးတိုက်ထုတ် အာကာသသိပ္ပံစာစဉ်တို့ကို တစ်အုပ်တစ်လေမှမဖတ်ဖူးလေသောကြောင့် စကြ၀ဠာတံတိုင်း ဆိုသည်မှာ မည်သည်ကိုဆိုလိုကြောင်း လုံးဝမသိရှိပါဟု ၀န်ခံပါသည်)။ သိကြားမင်းဦးစီးသော နတ်မင်းကြီး ၃၃ ပါးက အုပ်ချုပ်လေ၏ (အာဏာရှင်ဆန်ပေ၏။ ဒီမိုကရေစီ မရှိထင်သည်။ ကျွန်ုပ်တို့၏ လွန်လေပြီးသော ရဲရဲတောက်ဒီမိုကရေစီသမားများ မည်သည့်ဘုံသို့ရောက်ရှိသွားကြသနည်း။)။ မြေပြင်ကား သဲ၊ဖုန်ကင်းစင်ပြီး ဖန်သားကဲ့သို့ ကြည်လင်တောက်ပ၏။ အရှင်မွေး၊ နေ့ချင်းကြီးဆိုသလို ချိုချိုစို့ခြင်း၊ လေးဘက်ထောက်ခြင်း၊ ၀လုံးရေးခြင်းစသော အဆင့်များကိုကျော်လွှားပြီး ချက်ချင်းအရွယ်ရောက်သလို အိုခြင်း၊နာခြင်းလည်း ကင်းပေ၏။ အစာအာဟာရ အနေဖြင့် လွန်စာနူးညံ့အရသာထူးသော နတ်သုဓာကို မှီဝဲကြ၏။ သက်တမ်းအားဖြင့် နှစ် ၁၀၀၀ ဖြစ်၍ လူ့ပြည်၏ နှစ်ပေါင်း ၃၆ သန်းနှင့် ညီမျှပေ၏။

အထက်ပါအချက်များကို လေ့လာဖတ်ရှုပြီးသကာလ ကျွန်ုပ်စဉ်းစားမိသည်မှာ ဤမျှပြီးပြည့်စုံသောနေရာတွင် ဤမျှရှည်လျားလှသောသက်တမ်းအတွင်း နတ်သား၊နတ်သမီးအပေါင်းတို့ မည်သည်တို့ကို လုပ်ကိုင်အချိန်ဖြုန်းနေကြသနည်း ဆိုသည်ကို ဖြစ်၏။ ကိုးလလွယ်၊ဆယ်လဖွား အနှီးလဲ၊ ပုခက်လွှဲ လုပ်စရာမလို။ ကြမ်းတိုက်၊ဖုန်သုတ်၊တံမြက်စည်း လှည်းစရာမလို။ ဈေးသွား၊ ထမင်းချက်၊ ဟင်းတစ်ခွက် ပူစရာမလို။ ၀ိုင်းကျူရှင်၊ ဂုဏ်ထူးတန်း တက်စရာမလို။ ပါတီထောင်၊ တရားဟော၊ မဲဆွယ်မဲပေးစရာလဲမလိုပေ။

ဖိနပ်ထဲခဲဝင်သကဲ့သို့ စိတ်ထဲတွင် ခိုးလိုးခုလုဖြစ်လှသော ဤကိစ္စကို ရှင်းလင်းစေရန် အခြားသော ဘာသာရေးစာအုပ်တစ်အုပ်ကို ဖတ်ရှုကိုးကားလိုက်သောအခါတွင်ကား "တန်ခိုးကြီး နတ်သားတို့သည် လက်ရုံးတစ်ဖက်တစ်ချက်စီတွင် နတ်သမီးငါးရာမျှအခစားခံ၍ ကြီးမားလှသော စည်းစိမ်ကို ရရှိစံစားလေ၏" ဟူသောစာပိုဒ်ကိုတွေ့ရှိရာတွင်မှ နတ်သားတို့ မည်သို့အချိန်ဖြုန်းသနည်းဆိုသည်ကို နားလည်ရိပ်မိသွားပေ၏။ (နတ်သားနှင့်နတ်သမီးအချိုး ၁ : ၁၀၀၀ ဖြစ်နေခြင်းမှာ လွန်စွာမှ ယုတ္တိရှိလှပေ၏။ အရက်သောက်၊ ဖဲရိုက်၊ မိန်းမပွေလေ့ရှိသော အမျိုးသားတို့ထက် တစ်နှစ်လျှင် ၂ကြိမ်ခန့် ဥပုသ်စောင့်ပြီး၊ ၇ရက်တစ်ပတ်ခန့် အဓိဋ္ဌာန်ဝင်သက်သတ်လွတ်စားလေ့ရှိသော အမျိုးကောင်းသမီးတို့သည်သာ နတ်ရွာလားရန် အခွင့်အလမ်းပိုများပေသည်။)

နတ်သားတို့အတွက် အဖြေရရှိသွားသော်လည်း နတ်သမီးတို့အတွက်မူ လွန်စွာစဉ်းစားရခက်လှ၏။ နောက်ဆုံး ကျွနု်ပ်မှန်းဆကြည့်ရသည်မှာတော့ နတ်သမီးများ အနေဖြင့် သုဓမ္မာဇရပ်တွင် စုရုံးပြီး သိကြားမင်းနှင့် သူ့နတ်မိဖုရားလေးပါးအကြောင်း အတင်းပြောချင်ပြောမည်၊ နတ်ဝတ်နတ်စား၊ နတ်ရတနာများ အပြိုင်အဆိုင် ဖန်ဆင်းဝတ်ဆင်ချင်ဝတ်ဆင်မည်။ သို့မဟုတ်ပါက လူ့ပြည်တွင် ဂုဏ်သတင်းကြီးသော Boys over Flowers၊ Iris အစရှိသော ကိုရီးယားဇာတ်လမ်းတွဲများကို ရင်သပ်ရှုမော ကြည့်ချင်ကြည့်နေကြပေလိမ့်မည်။ ကျွန်ုပ်၏ တွေးဆချက်မှန်မမှန်ကိုတော့ ဒွန်းစဏ္ဍားအပေါင်းတို့အား အခါအားလျော်စွာ ငါးဆယ်၊တစ်ရာ စွန့်ကြဲခဲ့ဖူးသော ကောင်းမှုကုသိုလ်ကြောင့်လည်းကောင်း၊ သို့မဟုတ်ပါက ဘုရားလောင်းနေမိမင်းကြီးကဲ့သို့ ကုသိုလ်ကံထူးလျှင်သော်လည်းကောင်း ထိုနတ်တို့တိုင်းပြည်သို့ အခွင့်အခါသင့် ရောက်ရှိဖူးမှသာ လက်တွေ့သေချာ သိရှိရပေလိမ့်မည်။

အကယ်၍ မဏိမေခလာနတ်သမီးကဲ့သို့ နတ်သမီးတစ်ပါးတစ်လေ လူ့ပြည်သို့လှမ်းမျှော်ကြည့်ရင်း ကျွန်ုပ်၏စာစုကလေးကို တွေ့မြင်ဖတ်ရှုမိပါကလည်း ပညာဥာဏ်နုံ့နဲသူကလေးမို့ စော်ကားသလို ဖြစ်သွားပါက တောင်းပန်ပါကြောင်း၊ ကျွန်ုပ်၏ Relationship Status မှာ အခုချိန်ထိ Single သာဖြစ်ပါကြောင်း၊ ၂၄နာရီ ၇ရက် နေ့နေ့ညည လုံးဝအားလပ်ပါကြောင်း ပြောကြားလိုပါသည်။

pyay soe kyaw
7/17/2010, 11:27 PM

သံသရာ နှင့် ကံကြမ္မာ

ယခုရက်ပိုင်းအတွင်း အနောက်တိုင်းဒဿနစာပေများ ဖတ်ရှုရင်း ကာလအတန်ကြာ မေ့လျော့နေခဲ့သော ဘာသာတရားအကြောင်း ပြန်လည်စဉ်းစားဖြစ်သည်။ ကျွန်တော် မည်သည့်ဘာသာကို ကိုးကွယ်ယုံကြည်သနည်း။ ဤမေးခွန်းကို သူစိမ်းတစ်စုံတစ်ယောက်က မေးလာခဲ့သော် ကျွန်တော့်အနေဖြင့် ဗုဒ္ဓဘာသာဟု မဆိုင်းမတွပြန်ဖြေမိမည် ဖြစ်သည်။ သို့သော် ထိုမေးခွန်းကိုမေးလာသူမှာ ကျွန်တော်ကိုယ်တိုင်ဖြစ်လာသောအခါ ထိုသို့ပြီးစလွယ်ဖြေရန် မဖြစ်နိုင်တော့ပါ။ မိမိ၏စိတ်ကူးအတွေးအမြင်တို့ကို မလေးမစားပြီးစလွယ်သဘောထားခြင်းသည် ကိုယ့်ကိုယ်ကို စော်ကားခြင်းတစ်မျိုးပင်ဖြစ်သည်ဟု ကျွန်တော်မြင်ပါသည်။ ဤစာစုသည် ကိုးကွယ်ယုံကြည်မှုနှင့်ပတ်သက်၍ ကျွန်တော်၏မေးခွန်းထုတ်မှုကို ကျွန်တော်ကိုယ်တိုင် ပြန်လည်အဖြေပေးထားခြင်း ဖြစ်ပါသည်။



အဖေ၊ အမေ ဗုဒ္ဓဘာသာဝင်များမှ မွေးလာသူဖြစ်၍ ကျွန်တော်သည်လည်း သဘာဝကျစွာပင် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ခဲ့ပါသည်။ လူမှန်းသိတတ်စကတည်းက ဘုရားဆင်းတုစေတီတော်များမြင်လျှင် ရှိခိုးဦးချသည်။ သင်္ကန်းဝတ်မြင်လျှင် လက်အုပ်ချီဦးညွှတ်သည်။ တစ်စုံတစ်ရာ ကြောက်ရွံထိတ်လန့်လျှင် သံဗုဒ္ဓေရွတ်သည်။ ကုသိုလ်ရမည်ထင်သမျှ အကုန်လုပ်၍ မကောင်းမှုအကုသိုလ်ထင်သမျှကို တတ်နိုင်သမျှ ရှောင်ကြဉ်သည်။ ထိုသို့ပြုသမျှ၊ လုပ်သမျှကို တိုင်တည်၍ စာမေးပွဲတိုင်းတွင် သူများထက် အမှတ်ပိုရပါစေကြောင်း၊ လူချမ်းသာ သူဋ္ဌေးကြီးဖြစ်ရပါလိုကြောင်း၊ ရုပ်ရည်ချောမောလှပသော မိန်းကလေးတိုင်း ကြိုက်နှစ်သက်ခြင်းကို ခံရပါလိုကြောင်း၊… စသည်ဖြင့် ညစဉ်ညတိုင်း ဆုတောင်းခဲ့ပါသည်။



အနည်းငယ်စဉ်စားဆင်ခြင်တတ်သည့် အရွယ်ရောက်လာသောအခါ ဗုဒ္ဓအယူအဆစာအုပ်များအပြင် အခြားအခြားသော ကိုးကွယ်ရာဘာသာများအကြောင်းကို လက်လှမ်းမီသရွေ့ ဖတ်ရှုလေ့လာကြည့်မိပါသည်။ ထာဝရဘုရားသခင်ကို ယုံကြည်သော၊ ဖန်ဆင်းရှင်ဝါဒကို လက်ခံသောဘာသာများ၏ သဘာဝမကျမှု၊ သိပ္ပံပညာနှင့်မလျော်ညီမှုများကို တွေ့မြင်ဖတ်ရှုရသည့်အခါတိုင်း မိမိကိုးကွယ်သော ဘာသာကို ပိုမိုနှစ်သက်ပြီး ပိုမိုသက်ဝင်ယုံကြည်လာခဲ့သည်။



အခြားသူတို့၏ အမှားအပြစ်များသာကို မြင်၍ မိမိကိုယ်မိမိ ပြန်လည်မဆန်းစစ်သော လူတစ်ယောက်ကဲ့သို့ အခြားသော ဘာသာတရားများကိုသာ ပြစ်တင်ရှုတ်ချပြီး မိမိကိုးကွယ်မှုကိုမိမိ ထဲထဲဝင်ဝင်မလေ့လာမတွေးတောခဲ့မိသော ကျွန်တော့်ကို ရုတ်တရက်လှုပ်နှိုးခဲ့သည်မှာ တက္ကသိုလ်မှ သူငယ်ချင်းတစ်ယောက် အမှတ်မထင်ပြောခဲ့သော "ဘာသာတရားဆိုတာ လူတွေရဲ့ ကြောက်စိတ်ကြောင့် ပေါ်လာတာ" ဟူသော စကားပင်ဖြစ်သည်။ ထိုစကားက ကိုးကွယ်ယုံကြည်မှုအပေါ်ထားသည့် ကျွန်တော့်အမြင်ကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့သည်။ (ဘာသာတရားနှင့် လူ့တို့၏စိတ် ဆက်စပ်မှုသည် အလွန်နက်နဲသောကိစ္စဖြစ်ပြီး ယေဘုယျသဘောလည်းဆန်သောကြောင့် ပုဂ္ဂလိကသဘောထားအမြင်ကိုသာ အဓိကဖော်ပြလိုသည့် ကျွန်တော့်ရည်ရွယ်ချက်နှင့် ကိုက်ညီမှုမရှိသည့်အတွက် ဤစာစုတွင် ထည့်သွင်းရေးသားတော့မည် မဟုတ်ပါ။)



ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ပြန်လည်စဉ်းစားသုံးသပ်ကြည့်ရာတွင် ကျွန်တော့်အတွက် ဘ၀င်မကျစရာနှစ်ချက်တွေ့ရသည်။ ပထမအချက်မှာ နိဗ္ဗာန်မရောက်မီကာလစပ်ကြား လူသတ္တ၀ါများအားလုံး လှုပ်ရှားလည်ပတ်နေရသည်ဆိုသည့် ဘ၀သံသရာပင်ဖြစ်သည်။ သတ္တ၀ါအားလုံးအတွက် လက်ရှိဘ၀သေဆုံးခြင်းသည် ပြီးဆုံးသွားခြင်းမဟုတ်၊ ယခုဘ၀ချုပ်ငြိမ်းသည်နှင့်တပြိုင်နက် နောက်ဘ၀သစ်တစ်ခု ဆက်ဖြစ်ရသည်ဟူသောအချက်သည် ကျွန်တော့်အတွက် ယုံကြည်လက်ခံဖို့ အလွန်ခက်လှသည်။ လူတစ်ယောက်သေဆုံးပြီး နောက်ဘ၀တစ်ခုဆက်ဖြစ်သည်ဆိုသည်မှာ တစ်စုံတစ်ရာ သက်သေပြနိုင်သော ကိစ္စမဟုတ်ပေ။ တစ်နည်းဆိုသော် လူသားတို့၏ ပကတိဆင်ခြင်ဥာဏ် ပြင်ပတွင်ရှိသော အကြောင်းအရာတစ်ခုဖြစ်သည်။ ထို့ကြောင့် "လူသတ္တ၀ါအားလုံး ဘ၀သံသရာတွင် လည်ပတ်နေကြရသည်" ဆိုသော အယူအဆကို လက်ခံရန်မှာ ဖန်ဆင်းရှင်ဝါဒီတို့က "ထာဝရဘုရားသခင်သည် ကမ္ဘာလောကကြီးနှင့်တကွ လူသားအားလုံးကို ဖန်ဆင်း၏" ဟူသော အယူအဆကို လက်ခံခြင်းကဲ့သို့ ကျိုးကြောင်းဆင်ခြင်ဥာဏ်ပြင်ပမှလက်ခံယုံကြည်မှု (Faith) ပေါ်တွင် အခြေခံမှသာ ဖြစ်နိုင်ပေလိမ့်မည်။



မိမိမမြင်ဘူး၊ မကြားဘူးလျှင် ထိုပစ္စည်း၊ထိုအရာသည် မရှိမဖြစ်နိုင်ဟူသော အမြင်ကျဉ်းသည့် တယူသန်သမားများထဲတွင် ကျွန်တော်မပါပါ။ ကျွန်တော့်အနေဖြင့် ဘ၀သံသရာ ရှိသည်ဟု ယုံကြည်လက်ခံခြင်းမရှိသလို ဘ၀သံသရာမရှိဟုလည်း အကြွင်းမဲ့မငြင်းပယ်ပါ။ ဘ၀သံသရာရှိမရှိဆိုသည်မှာ ကျိုးကြောင်းဆင်ခြင်ဥာဏ်နှင့် စဉ်းစားဆုံးဖြတ်၍ရနိုင်သော ကိစ္စတစ်ခုမဟုတ်သောကြောင့် ယုံကြည်ခြင်း၊ ငြင်းပယ်ခြင်းလုပ်စရာမလို ဟုသာ ကျွန်တော့်အနေဖြင့် ရှုမြင်ပါသည်။



ဘ၀သံသရာအပေါ်ထားရှိသော ကျွန်တော့်၏အမြင်ကပင် ကံ၊ကံ၏အကျိုး ဟူသောအယူအဆကို ပြန်လည်ဆန်းစစ်မိစေသည်။ "ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်၊ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်" ဟူသောတရားသည် အလွန်သဘာဝကျသော၊ အလွန်မျှတသော၊ အလွန်ကြည်ညိုဖွယ်ကောင်းသော တရားပင်ဖြစ်သည်။ သို့သော် ထိုတရားသည် မှန်ရော မှန်သလား။ မကောင်းတာလုပ်ပြီး ကောင်းတာတွေဖြစ်နေသော၊ ကောင်းတာတွေလုပ်သော်လည်း မကောင်းတာချည်းဖြစ်နေသော၊ အဖြစ်အပျက်သာဓကများ မျက်စိမလွဲကြုံတွေ့နေရသည့် ကျွန်တော်တို့အတွက် နှစ်သိမ့်စရာမှာ 'နောက်ဘ၀ (သို့) အရင်ဘ၀' ဆိုတာသာဖြစ်သည်။ 'အရင်ဘ၀က ၀ဋ်ကြွေးတွေပဲ '၊ 'နောက်ဘ၀ကျမှ အကျိုးပေးလိမ့်မယ်'၊ ဟူသော စကားများဖြင့်သာ မိမိယုံကြည်မှုကိုမိမိ ချွေးသိပ်နေကြရသည်။



'နောက်ဘ၀' ဆိုတာရှိသည်ပဲ ဆိုပါစို့။ ကျွန်တော့်အနေဖြင့် ဤဘ၀တွင် ပြုခဲ့သမျှသော မကောင်းမှုအကုသိုလ်တို့ကြောင့် နောက်ဘ၀တွင် ဆင်းရဲနုံချာသည့် အမှိုက်ကောက်သမားတစ်ယောက်၏ ဆယ့်တစ်ယောက်မြောက်သားအဖြစ် မွေးလာခဲ့သည်ပဲ ဆိုပါစို့။ ထိုကလေးသည် မကောင်းမှုအစုစုပြုခဲ့သော ကျွန်တော်မဟုတ်၊ ပြေစိုးကျော်မဟုတ်။ အမည်အသစ်၊ စိတ်အသစ်၊ ခန္ဓာကိုယ်အသစ်နှင့် ယခုမှ လူ့ဘ၀ကို စတင်ရောက်ရှိလာသည့် လူအသစ်တစ်ဦးသာဖြစ်သည်။ ထိုကဲ့သို့ အပြစ်ကင်းစင်လှသော ကလေးတစ်ဦးအနေဖြင့် 'အရင်ဘ၀' ဟူသည့် မှုန်ဝါးဝါးစကားလုံးတစ်လုံးဖြင့်သာ ဆက်နွှယ်နိုင်သည့် လူတစ်ဦးပြုခဲ့သမျှမကောင်းမှုကို တာဝန်ခံရမည်ဆိုခြင်းမှာ မည်သို့မျှတရားမျှတခြင်းမရှိဟု ကျွန်တော်မြင်ပါသည်။



ဗုဒ္ဓဘာသာကို နှစ်နှစ်ကာကာယုံကြည်သည့် ကျွန်တော်ခင်မင်လေးစားရသော သူငယ်ချင်းတစ်ဦးကတော့ ကျွန်တော့်၏သံသယကို ဖြေဖျောက်ရန် ဤသို့ဥပမာပေးကာ ကြိုးစားဖူးပါသည်။ "လူသတ်မှုကျူးလွန်ခဲ့တဲ့ ရာဇ၀တ်ကောင်တစ်ယောက် အကြောင်းတစ်စုံတစ်ရာကြောင့် လုံးဝအတိတ်မေ့သွားတယ် ဆိုပါစို့။ အဲဒီလူကို ဖမ်းမိလို့ ရုံးတင်စစ်တဲ့အခါ အတိတ်မေ့နေပြီဖြစ်လို့ အပြစ်ကလွှတ်ပေးမလား" ဟူ၍ ဖြစ်သည်။ သူ့လေသံကို နားထောင်ရုံဖြင့် သူ့အဖြေကိုသိနိုင်သလို ကျွန်တော့်ကိုလည်း သူ့လိုပင် ဖြေစေချင်ဟန်တူသည်။ သူဥပမာသည် အလွန်ကောင်းသော်လည်း ခုဘ၀၊ နောက်ဘ၀ အခြေအနေနှင့်တော့ ထပ်တူညီမျှမှု မရှိသည်ကိုတွေ့ရသည်။ ရာဇ၀တ်ကောင်သည် အတိတ်မေ့နေသော်လည်း လူအသစ်တစ်ယောက်မဟုတ်။ နဂိုခန္ဓာကိုယ်နှင့်နဂိုလူသာ ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော လူတစ်ယောက်ပင်လျှင် အမူအကျင့်၊ စိတ်နေစိတ်ထား အားလုံးပြောင်းလဲပြီး လူကောင်းတစ်ယောက်ဖြစ်နေခဲ့ပြီဆိုပါက အပြစ်ကလွှတ်ပစ်ခြင်းသည်သာ ပို၍ တရားမျှတသည်ဟု ကျွန်တော်ကတော့မြင်ပါသည်။



ကျွန်တော့်အနေဖြင့် သံသရာနှင့်ကံကြမ္မာတို့ကို အကြွင်းမဲ့ယုံကြည်ခြင်း မရှိတော့သော်လည်း ဗုဒ္ဓဘာသာကို လုံးဝပစ်ပယ်လိုက်ခြင်းတော့ မဟုတ်ပါ။ ဗုဒ္ဓယဉ်ကျေးမှု၏ အေးချမ်းသောအရိပ်အောက်တွင် နေထိုင်ကြီးပြင်းခဲ့ရခြင်းကို များစွာနှစ်သက်သဘောကျသလို ထိုသို့ပင်ဆက်လက်ပြီး နေထိုင်သွားချင်ပါသည်။ ဗုဒ္ဓ၏ ဘ၀နေနည်းလမ်းညွှန်မှုများသည် အပြည့်အ၀လိုက်နာကျင့်သုံးနိုင်မည်ဆိုပါက လူတစ်ယောက်ချင်းစီသာမက၊ လူအဖွဲ့အစည်းတစ်ခုလုံးအတွက်ပါ အလွန်အကျိုးများနိုင်လိမ့်မည်ဟုလည်း ကျွန်တော့်အနေဖြင့် ယုံကြည်ပါသည်။



ကျွန်တော့်၏ ကိုးကွယ်ယုံကြည်မှုစာစု နိဂုံးချုပ်အနေဖြင့် ကျွန်တော် Facebook စတင်သုံးကတည်းက ယခုချိန်ထိကွက်လပ်ထားခဲ့သော Religious View နေရာတွင်ဖြည့်ရန် သင့်လျော်သော ဝေါဟာရစကားလုံးတစ်ခု ရှာဖွေကြည့်မိပါသည်။ အပြန်ပြန်အလှန်လှန် စဉ်းစားပြီးသည့်နောက်တွင် ကျွန်တော့်၏လက်ရှိယုံကြည်မှုကို အနီးစပ်ဆုံးထင်ဟပ်နိုင်မည်ဟု ယူဆရသော အင်္ဂလိပ်ဝေါဟာရတစ်လုံးကို ရွေးချယ်ပြီးဖြည့်လိုက်မိပါသည်။



pyay soe kyaw

10/7/2010, 11:25 PM



ဂျူး စပ်မိစပ်ရာ ဂျူး ဂျူး ဂျူး

ဂျူး ဆိုတာ ကျွန်တော်တို့ တန်း မှာ လုံးဝ မသိမဖြစ် တဲ့ စာရေးဆရာမ တစ်ပါး ကဲ သူ့အကြောင်းလေး ကို စပ်မိစပ်ရာ လေပစ်ခဲ့ကြပုံ က

me:ခင်ဗျား က ဂျူး ပေ့ ကို တည်ထောင်သူတစ်ယောက်အနေနဲ့
ဂျူး စာအုပ်တွေ ကို ဘယ်အချိန်က စဖတ်ဖြစ်ခဲ့တာလဲ

20: ကျတော် ဆယ်တန်းပြီးမှခင်ဗျ

me: ပထမဆုံး ဂျူးစစ် စစ် ကို စတွေ့ခဲ့တာလား
ဒါမှမဟုတ် ဒုတိယအကြိမ် တတိယအကြိမ်လောက်မှ
စတွေ့တာလား။

20: ကျတော် ချစ်သူလား စကားတစ်ပွင့်ပွင့်ခဲ့တယ် ကိုဖတ်ပြီး ဂျူးကို ပက်ပက်စက်စက် ဆဲခဲ့ဖူးပါတယ်
(အဲ့တုန်းက ကျတော် ၁၆ နှစ်သားကို သတိချပ်)
me: ဟုတ်ပြီ အဲ့ ၀တ္တု ထဲက ဇာတ်ကောင်ဟာ
ခွန်သာပေါ့ဗျာ ပြောရမယ်ဆို သူ့ကို အမျိုးမျိုး ယူ နေကြတာ တွေ့တယ်

20: အမှန်ပဲခင်ဗျ

me: ကျွန်တော်အနေနဲ့ ဒါ သက်သက် ထင်အောင်လုပ်ထားတာလို့ ယူဆတယ်
ခင်ဗျားအနေနဲ့ကကော

20: ဒါ မေးနေစရာမလိုဘူးဗျ
ကျတော် ၁၆ နှစ်သားတုန်းက သူဖန်တီးထားတဲ့ဇတ်ကောင်ကို သူမနိုင်တော့လို့ အူကြောင်ကြောင်နဲ့ အဖြေတစ်ခုမပေးဘဲ သိမ်းပစ်ခဲ့တာလို့ ထင်ခဲ့ဖူးတာပေါ့
ခုမှ သူတမင်လုပ်မှန်းသိတယ်ဗျာ့

me: ဂျူး လို့ စသိရင် အမှတ်တရ ကတော့ ပြောစမှတ်ပဲဗျနော်
ဂျူးရဲ့မော်ဒန် အဆန်ဆုံးလို့ တော်တော်များများ ယူဆကြတယ်
ခင်ဗျား အနေနဲ့ရော

20: အမှတ်တရကတော့ ပရိသတ်အများစုအတွက် အမှတ်တရပါပဲ
ကျတော်က တော့ မပါဘူးခင်ဗျ
အမှတ်တရက အဲ့လောက်ကြီးလည်း မဟုတ်လှပါဘူး
အမှတ်တရထက်သာတာတွေ အများကြီးပါ

me: ဂျူး ဟာ တစ်ချို့ ၀တ္တုတွေမှာ ဇာတ်လမ်းဖန်တီးမှု ကို အားကိုးလွန်းတယ်လို့မထင်ဘူးလား

20: ဟာ
ခင်ဗျား သေချာမှဖတ်ရဲ့ လားဗျ
ဂျူး ဟာ ဇာတ်လမ်းကို လုံးဝလျစ်လျူရှုတတ်တဲ့သူခင်ဗျ
သူက ဇာတ်ကောင်တွေကိုဖန်တီးပြီး
သူတို့လှုပ်ရှားတာကိုပဲ ရေးသွားတာ

me: တခါတလေ လှုပ်ရှားမှုတွေဟာ တိုက်ဆိုင်လွန်းမနေလွန်းဘူးလားဗျာ

20: ဥပမာအားဖြင့် ........

me: မင့် ဥပမာ ကလည်း

20: ဂျူး ၀ထ္ထုတွေထဲမှာ ဇာတ်အိမ်ကောင်းပါတယ် ခိုင်ခံ့ပါတယ်ဆိုတာ
ပင်လယ်နဲ့တူသော မိန်းမများ နဲ့ ကြေမွသွားသော တိမ်တိုက်များအကြောင်းလောက်ပဲခင်ဗျ

me: ဒီဝတ္တု ၂ ပုဒ်ကိုတော့ ကျွန်တော် လုံးဝမကြိုက်ဘူးဗျ
ဂျူးကို ၀တ္တုတို ပိုကြိုက်တယ်
ဝတ္တုတိုမှာ ဂျူး ရဲ့ အမှန်ကို ပိုမြင်ရတယ်လို့ထင်တယ်

20: လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်ခင်ဗျာ
တခါတလေမှာ ၀ထ္ထုတိုတွေက ပိုပြီးတာသွားတာတွေ ရှိတတ်ပါတယ်
ကျတော် ဖတ်တာက ဂျူးကို ရှာဖွေတာ မဟုတ်ဘဲ
ဂျူး ပေးသွားတဲ့ ရသ တစ်ခုခုနောက်ကို လိုက်နေတာပါ
အကိုက ဂျူး ကိုရှာချင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့

me: ဒါဆို ဂျူး ၀တ္တု ဟာ ရသ အမျိုးမျိုး ပေးနိုင်တယ်လို့ဆိုနိုင်မလား

20: ဂျူးက ရယ်စရာနဲ့ ကြောက်စရာ မရေးဘူးဗျ
ခုခေတ် သရဲဝထ္ထုတွေလိုမျိုးပေါ့
တချို့ က ရယ်စရာ
တချို့ က ကြောက်စရာ

me: လူတော်တော်များများက ဂျူး ပေးတဲ့ရသ ထက် ဂျူး ရဲ့ဇာတ်ကောင်တွေကို
ပို စွဲလန်းကြတာတွေ့ရတယ်
ဘာလို့လို့ခင်ဗျားထင်လဲ

20: စွဲလမ်းစရာကောင်းလို့ ပေါ့
ဒါက အရိုးရှင်းဆုံးဖြေတာ
ဇာတ်ကောင်တွေဟာ စွဲလမ်းစရာကောင်းတယ်

me: ကျွန်တော့်အမြင်နဲ့ပြောရရင်
နဂိုရှိနေတဲ့ မြန်မာ့လူနေမှု အဖွဲ့အစည်း ကနေ ကင်းကွာနေတဲ့ ဇာတ်ကောင်တွေ

20: မှန်သင့်သလောက်မှန်ပါတယ်
ဒါပေမယ့် အားလုံးမဟုတ်ဘူး
အများစုလို့ကိုပြောလို့မရပါဘူး
မြန်မာအမျိုးသမီးထုကို ကိုယ်စားပြုတဲ့ ဇာတ်ကောင်တွေက ပိုများတယ်လို့ ကျတော်ထင်မိပါတယ်

me: ကိုယ်စားပြုတာ မှန်ပါတယ် တွေးပုံတွေးနည်း စဉ်းစားပုံစဉ်းစားနည်းမျိုး တွေဟာ
သူဝတ္တု ထွက်တဲ့အချိန်မှာတော့ လုံးဝ မရှိသေးတဲ့ပြင်ပဘ၀ကလူပါ
နောက်မှ အဲ့ဇာတ်ကောင်တွေက လူတော်တော်များများ အားကျ လိုက်ကျင့်ကြံတဲ့အထိ လွှမ်းမိုးနိုင်တာတွေ့ရတယ်
ဒီအပေါ် ခင်ဗျားအမြင်ပြောဗျာ
ကျွန်တော်လည်းသိပ်မမေးတတ်ဘူး

20: လုံးဝ မရှိဘူးလို့တော့ ပြောလို့မရဘူးဗျ

me: ဟုတ်

20: ထပ်တူညီတဲ့သူမရှိဘူးလို့ ပြောရမယ်ထင်တယ်
ဒါပေမယ့် အဲ့လိုဇာတ်ကောင် အတွေးတော်တော်များများကို ခုခေတ် generation မှာကျတော်တို့ တွေ့ရပါတယ်
ပြီးတော့ စွဲလမ်းတယ်ဆိုတာက ဇာတ်ကောင်တွေဟာ
ထူးခြားမှုရှိရမယ်
သူတို့ထူးခြားတာက အတွေးအခေါ်ပိုင်းပေါ့လေ

me: အင်း

20: ဇာတ်ကောင်တွေရဲ့  အတွေးတွေ၊ ဘ၀နေထိုင်မှုစရိုက်တွေဟာ တော်တော်လေးကို လွှမ်းမိုးလာတာ တွေ့နိုင်တယ်

me: တချို့ဆို အိုက်ဒယ် တွေတောင်ဖြစ်နေတာမျိုးဗျ
ဂျူး ကအဲလို မရည်ရွယ်ခဲ့တာတော့အသေအချာပဲ
ဒါပေမယ့် ဖြစ်လာတယ်ဗျာ
တောင်းဆိုလာလို့ လို့ ဆိုလို့ရမလား

20: ခေတ် လို့ပဲ ကျတော်ထင်ပါတယ်
အိုက်ဒယ်ဖြစ်တယ်ဆိုကတည်းက ကြိုက်မှ
ဘာလို့ကြိုက်သလဲဆိုတော့ တူလို့ပေါ့
လူတွေဟာ သူတို့နဲ့တူလို့ ကြိုက်ကြတာချည်းပဲ
ကြိုက်လို့ တူချင်လာတာလည်း ရှိတယ်
ဂျူးကြောင့် လို့ပြောလို့မရပါဘူး

me: ကျွန်တော်အထင် သွားစရာလမ်း အသစ်တခုကိုတွေ့သွားလို့များလား

20: အမှန်ပါပဲ
လမ်းက အသစ်မဟုတ်ပါဘူး
ရှိပြီးသားလမ်းကို ဂျူးက အရင်သွားပြခဲ့တယ်ပြောရမလား
ဂျူးထက်အရင်တောင် ကြည်အေးက သွားခဲ့သေးတာပဲ

me: ကြည်အေး က ပြင်းထန်လွန်းတယ်မထင်ဘူးလားဗျ

20: လက်ခံပါတယ်
ကြည်အေးကတော့ ရှာမှရှားပါပဲ

me: ဒီတော့ အပျော့သွင်း က ပို ပေါက်သွားတယ်ဆိုရမှာပေါ့
ခိခိခိခိ

20: ဒါက ခေတ်ကို ပြန်ကြည့်ရဦးမယ်ဗျ
ကြည်အေး ခေတ်က လူငယ်တွေက
ဂျူး ခေတ်ရဲ့  လူကြီးတွေကိုး

me: ဒါပေမယ့် ဂျူး ကို ပဲ လူတိုင်း ယူပုံက ကွာကြတယ်ဗျ
အသက်အရွယ်ကွာတာနဲ့မျှ ယူ ပုံ ယူနည်းကွာနေကြတယ်

20: ကျတော်တို့က လူသားတွေပဲဗျ
ခံယူချက် အမျိုးမျိုးနဲ့ပါပဲ
ခင်ဗျားနဲ့ ကျတော် အသက်ချင်းတူတူတောင်
ယုံကြည်ချက် ကွဲလွဲတာလေးတွေရှိကောင်းရှိမယ်
ထုံးစံပါပဲ

me: ဒါကတော့ လက်ဖြန့်ထားရမယ့် ခေတ်ရောက်ပြီကိုး
ခုနောက်ပိုင်းဂျူးအကြောင်းပြောကြတာပေါ့ဗျာ
ဂျူးက ခုနောက်ပိုင်း သူ့ဝတ္တုတွေဟာ ပရဟိတ ပုံမျိုး ပိုပေါက်နေသလားလို့

20: နောက်ပိုင်းဂျူးကို ကျတော် မကြိုက်တာ အမှန်ပဲ

me: ဒါပေမယ့် လူကြီးပိုင်းတော်တော်များများက ကြိုဆိုကြတာ ...

20: ဂျူးက ကျတော်တစ်ယောက်တည်းဖတ်ဖို့ရေးတာ မဟုတ်တော့ အခက်သားကလား
သူ့အသက်အရွယ်အရ သူ့ယုံကြည့်ချက်တစ်ခု ပြောင်းသွားတယ်
ရိုင်းရိုင်းပြောမယ်
သူမသေခင် တစ်ခုခုလုပ်ပေးချင်ခဲ့ပုံရတယ်
ခက်တာက ရသ တွေမချန်ခဲ့ပဲ
ပညာပိုင်းတွေ ၊ ပတ်ဝန်းကျင်ဆိုင်ရာတွေဖြစ်လာတယ်
လူငယ်အားမာန်ဘာဘာညာညာ ဖြစ်လာတယ်

me: ကျွန်တော်ကတော့ အခြေခံကို ပြန်ဆင်းတယ်လို့ထင်တယ်
ရ သ ဆိုတာ အဲ့အခြေ ခံပိုင်းအားကောင်းတဲ့လူတွေမှ ရမယ့်အရာမျိုး
ဆိုတော့ကာ

20: လွဲပြီထင်တယ်ဗျ
ကျတော်ကတော့ ပါရမီပဲ
အခြေခံဆိုတာဘာကိုပြောသလဲ

me: ရ သ ခံစား နိုင်မှု ပညာ အသိ ညာဉ်
တခြားသော ရုပ်ပိုင်းဆိုင်ရာ အကြောင်းအရာများ

20: တကယ်လို့များ ဂျူးဟာ ခင်ဗျားပြောသလိုလုပ်နေတာ ဆိုရင်တော့ အတော့်ကို မိုက်မဲတယ်ပြောရမယ်
ငယ်ငယ်က ခံစားနိုင်မှုကို ပြန်လည်တည်ဆောက်နေတယ်လို့တော့
ကျတော်လုံးဝမထင်တာ အမှန်ပဲ

me: လူတွေ ဟာ အသက်ကြီးလာတာနဲ့အမျှ လှလှ ပပ မိုက်မဲ တတ်ကြတော့ဗျာ
ကျွန်တော်တို့ချစ်တဲ့ ဂျူးလည်း......
ကျွန်တော်ဆိုလိုတာ က .. စာဖတ်သူတွေကို
ခင်ဗျားပြောသလို တခုခု ကျန်ရစ်ခဲ့ချင်တာမျိုးပေါ့ဗျာ
လုပ်သွားချင်တာမျိုးပေါ့

20: ဟုတ်တယ်
ကျတော်ပြောခဲ့တာက သူချန်ရစ်ခဲ့ချင်တဲ့ ယုံကြည်ချက် ပြောင်းသွားတယ်
ဒါကိုပြောတာ
သူ ပညာပေးဆိုင်ရာ သုတစာပေတွေပေးချင်လာတယ်
ဒါကို ရသပိုင်းရေးဖို့ အခြေခံပြန်ဆင်းတာဆိုတာတော့
ကျတော် လက်မခံနိုင်ဘူးဗျ

me: တကယ်လိုအပ်တာ ရသ ပိုင်းမဟုတ်ဘူးလို့ သူခံယူ သွားပုံ ရတယ်လို့
ဆိုလို့ ရနိုင်ပါ့မလား

20: လူတွေက သိရခက်သားလားဗျာ
အတိအကျပြောလို့ မရတာတော့ အမှန်ပဲ
ကျတော်က ထင်တာ ပြောယုံပါပဲ
ရသပိုင်းကို ထားသင့်သလောက်ထားခဲ့ပြီးတာက တစ်ချက်
နောက်တစ်ခုက ဒီလို literal pause ဖြစ်တတ်တဲ့ အရွယ်မှာ
ရသပိုင်းတွေ အားနည်းလာလို့
ဆက်ပြီး မဖန်တီးပဲ လမ်းကြောင်းပြောင်းလိုက်တာ
အမျိုးမျိုးဖြစ်နိုင်တာပဲ

me: မြန်မာပြည်က လူတွေ တော်တော်များများက ရသ ခံစားနိုင်ဖို့ ကိုယ်ခံအား နည်းလာတာ ရိပ်မိသွားလို့များလား

20: ဒီစကားပြောလိုက်တာ ခင်ဗျားတော်တော်ရဲရင့်တာပဲ
သတ္တိကောင်းတယ်ပဲဆိုရမလား
မိုက်မဲတယ်လို့ ပြောရမလား
အဲ့လို ကောက်ချက်ချဖို့ ဟာ မလွယ်လှပါဘူး

me: မိုက်မဲ စွာ သတ္တိကောင်းလိုက်တာလို့ ဆိုလို့ရပါတယ်

20: စာဖတ်ပရိသတ်တွေကို ဒီလိုထင်ရတာက တစ်ဖတ်သတ်ဆန်လွန်းပါတယ်
စာဖတ်သူဆိုတာက စာရေးသူ ရေးတာတွေကိုဖတ်ရတာပါ
ရသပိုင်းရေးတာ နည်းလာရင် ဖတ်တဲ့သူနည်းမှာပဲ
အဓိကက ရေးတဲ့သူတွေ ဒီဘက်ခေတ်မှာ နည်းလာတာ အဓိကလို့ ကျတော်ယူဆပါတယ်

me: ဈေးကွက်စီးပွားရေးမှာ ကမ်စတမ်မာ အဓိက ကျပါတယ်

20: ဒီတိုင်းဆို ပိုပြီး အရေးကြီးလာပြီ
ခင်ဗျား ဆိုလိုရင်းက ဘာကို အပြစ်တင်ချင်နေသလဲ
ဘာကို အားမရဘူးလဲ

me: အကုန်လုံးအားရတယ်

20: မှန်တယ်ဗျာ့
အားမရလည်း ကျတော်ဘာမှမတတ်နိုင်ဘူး
ဘာမှလည်း လုပ်မပေးချင်ဘူး
ကိုယ်ခံစားသလို သူများလိုက်မခံစားရလို့လည်း ဒေါသနမဖြစ်ဘူး
ဂျူးကို မကြိုက်တဲ့လူတွေကို ငပိန်းတွေလို့လဲ ကျတော်မဆဲဘူး
ဒါ ကောင်းပါတယ်

me: ဒါလည်းမကောင်းဘူးဗျ
ဆဲချင်မှတော့ ဆဲရမယ်

20: အမှန်တိုင်းပြောတာ ကျတော်မဆဲချင်ဘူးဗျ
သူကြိုက်တာ သူဖတ်ပါလိမ့်မယ်
ကျတော် ဂျူး ဖတ်တာကိုလည်း လာမဆဲပါနဲ့
ဒါကျတော့် ခံယူချက်ပဲ

me: ခုခေတ်မှာ ဂျူး က ဂျူး ဖြစ်သွားပြီဗျ
ဂျူး မဖတ်တတ်ရင်ပဲလူငယ် မပီတော့ဘူး
ဟေ ဟေ ဟေ ဟေးး
အဲလိုတွေ ကြား နေရတာတွေလေးတွေပါ

kohtet20: ဒါကတော့ ရေစီးပေါ့ဗျာ
ရေစီးမှာ ပေါ်ချင်တဲ့ ပေါ်ပင်တွေပါ
ဘာတတ်နိုင်မှာလဲ
ဖြစ်နေကျပဲ

......................... ဟုတ်ကဲ့ ပါ ဖြစ်နေကျလေးတွေပေါ့ ဗျာ ဖြစ်နေကျလေးတွေပေါ့။

Sunday, October 10, 2010

စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား

ဘယ်လိုလဲ
ဘီယာအေးအေးလေး သောက်လိုက်ရတဲ့နောက်
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
စီးပွားရေးလေးအဆင်ပြေတော့
စိတ်ထဲကျေနပ်နေတယ်မဟုတ်လား
ရေဒီယိုလေးနားထောင်၊ ဂျာနယ်လေးဖတ်
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
အပျင်းပြေ ပိုကာလေးဆွဲ
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
ဝတ်ပြုမှုအပြီး
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
နိုင်ငံ့အကြောင်း၊ ပြည့်အကြောင်း ပြည့်ပြည့်စုံစုံ ဆွေးနွေးလိုက်ရတော့
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
လွတ်လပ်စွာပြောဆိုခွင့်
လွတ်လပ်စွာရေးသားခွင့်
လွတ်လပ်စွာစုရုံးခွင့်
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
အနုပညာသည် ပြည်သူ့အတွက်
အနုပညာသည် အနုပညာအတွက်
အနုပညာသည် ...
နားမလည်ရင် မဖတ်နဲ့
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
ဗဟိုကို ဆန့်ကျင်တယ်၊ ငြင်းဆန်တယ်
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
အရှိဟာ အရှိ၊ အမှန်ဟာ အမှန်
စိတ်ထဲ ကျေနပ်ပါ့မလား
ဒီကဗျာကို ဖတ်ရတာကော
စိတ်ထဲကျေနပ်ပါသလား
လူ့အဖြစ်မှာကော
စိတ်ထဲကျေနပ်ပါရဲ့လား?

သူရသီဟသူရ
၁၀-အောက်တိုဘာ-၂၀၁၀

Friday, October 8, 2010

နာမည် ဆိုတာ ဘာလဲ... ကနေ စ အဲ့မှာ ထပ်တွေ့ ရတယ်

လူ လို့ စပြောလိုက်ရင် နာမည် ဆိုတာ နဲ့ စ တပ်ရတော့တာပဲဗျ။ အဖေပေးတဲ့နာမည် ၊ ဟော နာမည် မသိတဲ့လူ ဆိုရင်တောင် ကိုယ့်ဘာသာ စိတ်ထဲမှာ နာမည် ကောက်တပ်ပြီး တေးမှတ်ထား လေ့ရှိတယ် မလား ။ ဘာလို့လဲ နာမည် တခု ဆိုတာ က နေ စလိုက်တာ...

ဒါဆို အပြုံးနဲ့ စ တယ်
း)
N: လောကမှာ လူဖြစ်လာတာနဲ့ နာမည်တခုတော့ ပေး ကြတယ်. အဲ နောက် တခုခု လုပ်မယ်ဆိုလည်း နာမည် တခု တော့ ပေးကြတယ်
အဲတော့ နာမည် တခု ဘာလို့လိုတာလဲဗျ
လုပ်ပါအုံး

T: အမည်နာမ အမှတ်တံဆိပ်များတဲ့
သုခမိန်လှိုင်ရေးတယ်
လိုအပ်လို့ပေါ့
“စကြာဝဠာဈေးကွက်ထဲ
အားလုံးရောင်းစားခံရတဲ့အခါ”
လိုအပ်ပါတယ်

N: ဟုတ်ပြီ အကို လူတစ်ယောက်ကို ဒါဆို မွေး ကတည်းက ဈေးကွက် ထဲ ကို တင်ပို့လိုက်တယ်ပေါ့

T: ကျနော်တို့ကတော့ နောက်ကျတယ်
ဈေးကွက်စနစ်က ၉၆မှ စတာကိုး

N:
ဒါဆို ဒီလို တင်ပို့တဲ့နေရာမှာ ဈေးကွက် တောင်းဆိုမှုအတိုင်း ကိုယ့် ကို ကိုယ် ဖြည့်ဆည်း ရတာလား ဒါမှ မဟုတ် ဈေးကွက် က ပြုပြင်တဲ့အတိုင်း ကိုယ့် ဟာ ပုံစံတကျ ဈေးကွက်ထဲ ၀င်ရောက်လာတာလား ဒါလေး တစ်ချက်လောက်

T: ဈေးကွက်တောင်းဆိုမှုထက်
မူလကို ပြန်သွားပါရစီ
စကြာဝဠာဈေးကွက်ထဲ
အရောင်းစားခံရဖို့အတွက်
း)
ဈေးကွက်တောင်းဆိုမှု၊ ဈေးကွက်က ပြုပြင်မှု
ဒါတွေဟာ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ချောက်တဲ့ အပေါက်
အခုတော့ စနစ်တခုဟာ အသားတကျ
ပင်မရေစီးဟာ အရှိန်ရရ

N: ဟုတ်ပြီ ဟိုတယ်ကာလီဖိုးနီးယားက ကျွန်တော်တို့ဟာ ကျွန်တော့်တို့ ကိုယ်ပိုင် တီထွင်ထားတဲ့အရာတွေရဲ့ ထောင်သားပါပဲ ဆိုသလိုပဲပေါ့

T:း)
ဘာကြောင့်များ အမည်နာမ ကို စိတ်ဝင်စား ပါလိမ့်
ကျနော် မတွေးခဲ့မိပါ။
ကျနော့်မှာ နာမည်တစ်ခုနဲ့ လုံလောက်နေလို့လည်း ဖြစ်နိုင်ပါတယ်။
အခု ဈေးကွက်က အမှတ်တံဆိပ် တစ်ခုနဲ့ မရတော့ဘူးလား။

N: ဟုတ်ကဲ့ ခု ဒီဘက်ပိုင်းမှာ လူတိုင်းလိုလို ဟာ အမည်နာမ တစ်ခု ထက်မက ရှိတတ်ပါတယ်
ဥပမာ ကျောင်းက နာမည်တခု အင်တာနက်မှာ နာမည်တခု
စသဖြင့်ပေါ့

T: စိတ်ဝင်စားဖွယ်..

N: သူတို့ ရဲ့ အပြင်က ဘ၀တွေနဲ့ ကွာခြားတဲ့နာမည် တခုကို တည်ဆောက်ကြပါတယ်

T: အမည်တစ်ခုဟာ အမည်တစ်ခုသာမက... ဖြစ်တည်မှု တစ်ခုဖြစ်လာတယ်
ဒီတော့ကာ ဖြစ်တည်မှု အသစ်လိုချင်တဲ့အတွက်ကိုပဲ အမည်သစ်တွေ ဖန်တီးရတယ်

N: ဒါဆို ယနေ့ ခေတ် လူငယ်တွေ က သူတို့ ရဲ့ တံဆိပ် ကပ် ဖြစ်တည်မှုကို
ငြီးငွေ့သူတွေပဲလို့ ဆိုနိုင်တယ်ပေါ့

T: လူငယ်ဆိုတဲ့ အမည်အောက်မှာ ကျနော် ရှိပါသလား?

N: ကျွန်တော်တို့ယေဘုယျသဘောအားဖြင့် ၃၀ နှစ်နဲ့ ၁၅ နှစ်ကြားကို လူငယ်လို့သုံးကျတာပေါ့

T: တကယ်တော့ ငြီးငွေ့မှုမှာ မစွန့်ခွာနိုင်မှုတွေ ရှိနေတယ်
သူတို့ မစွန့်ခွာနိုင်ကြဘူး
သူတို့ ငြီးငွေ့ကြတယ်
အပြီးတိုင်စွန့်ခွာဖို့ရာ တွန့် နေကြတယ်
ဒါနဲ့ပဲ စမ်းသပ်ကြ။ မအောင်မြင်ကြ။ အလင်းရောင်လေး ရလိုက်ကြ။
တံဆိပ်ဟောင်းမှာ ပြန် ခိုကပ်ကြ။
အမည်နာမ ဟာ တံဆိပ် တစ်ခုသာမက ဖြစ်တည်မှု တစ်ခု
အဲ့လိုပဲ ထင်မိပါတယ်

N: ဟုတ်ကျွန်တော်လည်း သဘောတူ တယ်ဗျ

T: အစ က အမည်နာမဟာ အမည်မျှသာ
တဖြည်းဖြည်း အားကောင်းလာတာ .. ခု ငြင်းဆန်လို့မရတော့
ကြိုးစားကြသူများ.. သူတို့ လက်ရာတွေကို အမည် မတပ်ကြ
အမည်မဲ့ လို့ပေးတယ်
untitled လို့ ပေးတယ်
ကြိုးစားကြည့်ခဲ့ကြတယ်
ဒါတွေလည်း နောက်ဆုံးတော့ အမည်မဲ့ အမည်နာမ ဖြစ်သွားတော့တယ်
ဘာသာမဲ့ ဘာသာ လိုမျိုး..
(ဘာသာရေးကို မဆက်ရန်)

N: ဟုတ်ပြီဗျာ လူငယ်တွေအနေနဲ့ အစက ပင်မရေစီး ကို ခွဲ ထွက် ကြတာပဲ
ပင်မရေစီးကို ခွဲ ထွက်မှုက စောစောက ပြောသလို ပင်မရေစီးက ခွဲထွက်တဲ့ ပင်မရေစီး ပြန်ဖြစ်လာတဲ့အခါ သူတို့အသစ်ရလာတဲ့ ပင်မရေစီကို ဆက်ဆန့်ကျင်ဖို့ ခါးခါးသီးသီးငြင်းဆိုကြလေ့ရှိတယ်ဗျ
ဒါဘာကြောင့်များ ဖြစ်နိုင်မယ်လို့ ထင်သလဲ

T: ကိုယ်တိုင်က ခွဲထွက်လာခဲ့ပြီးမှ
ပြန် ခွဲထွက်ဖို့ကိုတော့ ဝန်လေးကြမယ် ထင်ပါတယ်
ဒါဟာ လူ ဖြစ်မှု ရဲ့ သဘာဝ လို့ပဲ ထင်တယ်
သဘာဝ ဆိုတာက ပြုပြင်ပြောင်းလဲ လို့ ရနိုင်သော်လည်း
အချိန်ကြာပါမယ်။ အောင်မြင်ဖို့ စောင့်ကြည့်ကာလ ကြာရှည်ပါမယ်

N: ဒ်ါဆိုလူတွေ ရဲ့သဘာဝ က ကြောက်စိတ် မြစ်ဖျားခံတယ်လို့ ဆိုနိုင်တာပေါ့

T: အခြေခံ လိုအပ်မှု ပိရမစ် ဆိုတာ ရှိတယ်
စား၊ ဝတ်၊ နေ ရေးတွေဟာ
ပိရမစ်ရဲ့ အောက်ခြေ ပိုင်းတွေလို့ ဆိုတယ်
ဒါတွေ ပြည့်စုံမှု မရှိရင် ပြည့်စုံချင်တဲ့ စိတ်၊ ကြောက်စိတ် ရှိမယ်
အခြေခံတွေ ပြည့်ပြန်တော့လည်း အထပ် မြင့်က လိုအင်တွေ ထပ်ရှိလာဦးမယ်။
ကြောက်စိတ် ဆိုတာထက် မသိမှု မှာ မြစ်ဖျားခံတယ်လို့ နားလည်ပါတယ်
အဝိဇ္ဖာ

T: အိပ်ချင်နေပါဘီဆို

N: ဟဲ... ဒါဆို လည်း ဒီနေ့ ဒီလောက်ပဲဗျာ

T: အင်း

N: နောက်နေ့ ကြုံမှပဲ ပိရမစ်အကြောင်းဆက်ပြောကြအုံးစို့ရဲ့

T: ဖော ခွင့်ရတဲ့အတွက် ကျေးဇူး
(မလုပ်နဲ့ ပိရမစ်ကို မေ့နေပီ
ကိုယ်က အောက်ခြေမှာတင် မပြေလည်လို့
အထက်ကို မော့တောင် မကြည့်နိုင်တာ ကြာခဲ့ပြီ)

နောက်နေ့မှပဲ စကားဝိုင်းလေး ၂ ဆိုလာဖြစ်လိမ့်အုံးမယ် ထင်ပါရဲ့ဗျာ မပြောတတ်ဘူး....

နာမည် ကျန်ရစ် တယ် ဆိုတာ ဘာလဲ.........

လူတိုင်းဟာ နာမည်တခုတော့ ရှိကြတာပဲဗျ။ အဲ အဲ့နာမည်က ကိုယ့်ကို ဘာတွေ အကျိုးပြုသလဲ အဲ့ နာမည်က ဘယ်လောက်ထိ ကျွန်တော်တို့ ဘ၀တွေမှာ အရေးပါသလဲ ဆိုတဲ့အကြောင်းကို အွန်လိုင်းက ကျွန်တော့် သူငယ်ချင်း တစ်ယောက် နဲ့ ဒီလို ပြောဖြစ်ခဲ့ကြတယ်။

N:လူတစ်ယောက်ဟာ သေသွားရင် နာမည် ကျန်ခဲ့တော့ သူဘာရသလဲ ဗျ

M: their children
paw ka
u can see "daw su"

N:
ဟုတ်ပြီဗျာ
ဒါဆို ကျွန်တော် တို့က ကျွန်တော်တို့ကောင်းဖို့ထက် ကျွန်တော်တို့ ကလေးတွေ ကောင်းဖို့ လုပ်ရမယ်ဆိုပါတော့ ဗျာ
M: not like that
before we die
the name is ours
we can use the name
after we died
our children will get that name
and they can use it
they can still use it
ok?

N: ဆိုလိုတာက နာမည် ကို နောင်လာ နောက်သားတွေ အသုံးပြုနိုင်အောင်
ကမ္ဘာကြီးအတွက် ကိုယ့်အတ္တ ကို ပေးဆပ်တယ်လို့ ဆိုနိုင်ပါ့မလား

M: what do u mean?
the two sentences r not connected
?

N: လူတစ်ယောက် ဟာ ဘာပဲဖြစ်ဖြစ် အတ္တ သာယာမှု ဒါကို မြတ်နိုးမှာပဲလေ
အဲဒါတွေကို ခဏတာ ပစ်ပြီး နောက်လာနောက်သား တွေအတွက် ပေးဆပ် ကြရမယ်လို့ ဆိုလိုတာများလား ဗျ

M: yeah
no
as i told u
we can use our name before we died
we did it for ourselves
not for our next generations
we leave our name coz we can't bring it to another life
immegration didn't allow us to bring
and also no "DAW than than Nu"
that's why we leave it

N: ဟုတ်ပြီဗျာ နာမည် အကြောင်းပဲ ဆက်ကြတာပေါ့
ဒါဆို လူတစ်ယောက်ဟာ နာမည် တခုကိုပြောင်းလိုက်ရုံနဲ့ အသစ်တခု ရနိုင်ပါတယ်ဆိုလို့ ရပါ့မလား
ဥပမာ သူ့ပတ်ဝန်းကျင် တခုလုံးကို လည်းအပြောင်းအလဲ တခု အဖြစ်လုပ်လိုက်မယ်ဆိုရင်ပေါ့

M: yeah he can, if he change his old habbits
with the same habbit, no new life in another place

N: လူတစ်ယောက်ရဲ့ စွဲနေတဲ့အကျင့်တွေကို ပြင်လို့ လွယ်ပါ့မလား ဗျ

M: yeah
it's difficult
that's why it is difficult to get new life

N: ဒါဆို အစကတည်း က နာမည် မကောင်းတခုကို အမွေ ရခဲ့တဲ့ ကလေး တွေ အနေနဲ့ကကော

M: they got name only so yin easy bar tae
they move to another society
they can get new life
but if they also got habbit from their parents
it is difficult

N: ဟုတ်ကဲ့ ဒါဆို အထက်က ပြောတဲ့အတိုင်း အန်တီစု အနေနဲ့
သူဟာ နာမည်ကောင်းတခုကို အမွေ ရခဲ့တယ် ဆိုလို့ရတာပေါ့
သူ့မှာ အားသားချက် တွေ ရှိမယ်ထင်တယ် ပြီးတော့ အဲ့နာမည်ကို ထိန်းသိမ်းဖို့ တာဝန်ရှိလာမယ်လို့ ထင်တယ်ဗျ

M: for her, she got not only name but also the habbit and quality
so it will not so difficult to keep that name
for those who only got name, it is the big proble
m

N: ဟုတ်ပြီဗျာ လူတစ်ယောက် ရဲ့ အကျင့်နဲ့ စရိုက်တခုကို ရရှိဖို့ ဆိုတာ လွယ်နိုင်ပါ့မလား
ဥပမာ ဦးအောင်ဆန်း က မွေးလာတဲ့ သမီးက ဦးအောင်ဆန်း လေး ဖြစ်လာရောလား

M: over 80 percent is like that
doctors' sons becomes doctors
engineers' sons become engineers
look urselves

N: တံငါ နားနီး တံငါ မုဆိုးနားနီး မုဆိုး ဆိုရမယ်ပေါ့

M: half ture
the other half is coz of genes

N: ဒါဆို ဦးအောင်ဆန်း က ဦးအောင်ဆန်း ဖြစ်လာတာဟာ သူ့ခေတ်သူ့အချိန်ကြောင့်လို့ ဂျာနယ်တစ်စောင်မှာဖတ်လိုက်ရပါတယ်

M: yeah

N: အဲတော့ သူ့သမီးဖြစ်တဲ့ ဒေါ်စု ဟာ ဦးအောင်ဆန်းလေး ဖြစ်တာမို့

M: written by lu du sein win

N: ဒီခေတ် ဒီအချိန်မှာ ဦးအောင်ဆန်း လုပ်လို့ရပါ့မလားဗျ

M: she cant' do U aung san, coz she is not u aung san lay
but she can do like him
that's my point
for example.
even if u want to become like u father, u can't attend his school
it's already closed lay
the condition is changed
but u can attend the similar school and do as the same as ur dad

ကျွန်တော်လည်း ရုံးသွားစရာ ရှိသေးတာနဲ့ ဒီ ချက်တင် လေး ကို ခဏ ဆိုင်းငံ့ ပြီး နားခဲ့ရပါတယ်။ နောက်နေ့တွေ လည်း ဆက် ပြောဖြစ်အုံး မယ်လို့ စိတ်ထဲ တေးထားလိုက်ရင်း......

ကဗျာက ချောက်ထဲ ကျတော့မယ်

ဒီအတိုင်းပဲ ကြည့်နေတော့မှာလား
ကဗျာက ချောက်ထဲ ကျတော့မယ်
ရာသီဥတုတွေမကောင်းတဲ့ကြား
နိုင်ငံရေးတွေလှိုင်းထန်နေတဲ့အကြား
ဒီအတိုင်းပဲ ကြည့်နေတော့မှာလား
ကဗျာက ချောက်ထဲ ကျတော့မယ်
စီးပွားရေးတွေကျပ်တည်းကြတယ်
မိသားစုတွေတကွဲတပြား
ကျေးရွာတွေမီးရှို့ခံရတယ်
သူ့လူလား ကိုယ့်ဘက်သားလား
အမှန်ကို ခြစ်/ချစ်?
ကဗျာက ချောက်ထဲ ကျတော့မယ်
ဒီအတိုင်းပဲလား
ကြောင်ကို ရေချိုးပေးဆဲလား
မာရီယာ
မာရီယာ
မာယာ
ဒီအတိုင်းပဲ ကြည့်နေတော့မှာလား
ကဗျာက ချောက်ထဲကျတော့မယ်
ပေါင်မုန့် နဲ့ ဝိုင် ရယ်
ဒီအတိုင်းပဲ ကြည့်နေတော့မှာလား
ကဗျာက ချောက်ထဲကျတော့မယ်
ပေါင်မုန့်မရှိလို့ ကိတ်မုန့်စားနေကြသလား
ကဗျာက ချောက်ထဲ ကျတော့မယ်
ပြောနေရင်းကကို
ကဗျာက ချောက်ထဲ
ကျ
တော့
မယ်

သူရသီဟသူရ
(၈-အောက်တိုဘာ-၂၀၁၀)

Tuesday, October 5, 2010

“မ” (၅)

မောင်ချောနွယ်၊ “မောင်ချောနွယ် ဆန်သွားသော နေ့များ”
ဇေယျာလင်း ၊ “၂၀၀၇”
ကြည်ဇော်အေး ၊ “ပထ၀ီအနေအထား”
အောင်ချိမ့် ၊ “အသည်းစွဲကဗျာဆရာ”
အောင်ချိမ့် ၊ “ဂန္တ၀င်မမ”

“ဂန္တ၀င်မမ”
ဒီမှာ ကျွန်တော်ရပ်သွားတယ်
ဒုန်းကနဲ ရပ်သွားတယ်

အဲလက်စ် ရဲ “မ..” သီချင်းကို
ဖွင့်လိုက်တယ်
“ဂန္တ၀င်မမ” ဖတ်လိုက်တယ်
ကဗျာတွေနဲ့ အတူ “မ..” ဟာ
ရှင်သန်နေထိုင်တယ်
“မ..” ရှိရင် ကဗျာတွေ ရှိနေတာနဲ့တူပြီး
“ကဗျာ”တွေ ရှိရင် “မ..” ရှိနေတာနဲ့တူတယ်
“မ..” ထဲမှာ ကဗျာတွေကို တူးဖော်တွေ့ရှိသလို
ကဗျာတွေထဲမှာ “မ..”ကို တူးဖော်တွေ့ရှိတယ်
ကဗျာတွေ ဖတ်ပြီး ကျေနပ်နေတဲ့ ကျွန်တော့ကို
“မ..”က “ပြီးပြည့်စုံ” ဆိုတာလေး
ခတ် ဖြည့် ပေးတယ်

ကဗျာဆရာ အိုမာခရမ် ပြောတဲ့
စာသားကို တခုထပ်ဖြည့်မယ်
“ကဗျာစာအုပ်တအုပ်ရယ်”
“စွန်ပလွံ့ ရိပ်ရယ်”
“၀ိုင်တခွက်ရယ်”
နောက် “မ..”ရယ် ။ ။

ထွန်းနွယ်
၁၃.၁၁.၀၉

“မ..” (၇)

နှလုံးသားနဲ့ ဦးဏှောက်နဲ့
ဘာနဲ့ ညာနဲ့
စဉ်းစားပါတဲ့..။

အာခိမိဒီ စဉ်းစားခဲ့တယ်
ကွန်ဖြူးရှပ် စဉ်းစားခဲ့တယ်
ဂယ်လီလီယို စဉ်းစားခဲ့တယ်
ခုလည်း....
ကျွန်တော် စဉ်းစားခဲ့တယ်။

နဖူးပေါ်လက်တင် စဉ်းစားတယ်
လက်ပေါ်နဖူးတင် စဉ်းစားတယ်
ထပြီးစဉ်းစားတယ်
ထိုင်ပြီးစဉ်းစားတယ်
ဘယ်လိုပဲ စဉ်းစား စဉ်းစား
............................
“မ..” ကိုချစ်တာပဲ
အဖတ်တင် ကျန်ရစ်တယ်။ ။

ထွန်းနွယ်
(၁၄.၁၂.၀၉)

လူ(၁)

ကျေးဇူးပြုပြီး တိတ်တိတ်လေးနေပါဗျာ
ကျွန်တော် သွားတိုက်မလို့
ကျေးဇူးပြုပြီး ငြိမ်ငြိမ်လေးနေပါဗျာ
ကျွန်တော် မျက်နှာသစ်မလို့
ကျေးဇူးပြုပြီး စကားမပြောပါနဲ့ဗျာ
ကျွန်တော် ထမင်းစားမလို့
ကျေးဇူးပြုပြီး အေးဆေးနေပါဗျာ
ကျွန်တော် အိပ်မလို့
..................
ပြဒါးမှန် အပြည့် တပ်ထားတဲ့ အခန်းထဲမှာ
အဲဒီ “ကျွန်တော်” တစ်ယောက်တည်းဗျ။ ။

ထွန်းနွယ်
(၁၈.၅.၀၉)

“ဂန္တ၀င်မမ” မဟုတ်သော သူသည်

“ဂန္တ၀င်မမ“ မဟုတ်သော သူ့ကို
ကျွန်တော် ၀ဋ်ဒုက္ခကြီးမားစွာ စောင့်နေခဲ့ဖူးပါသည်။

သို့သော် ကျွန်တော့် အတွက်မူ
သူ၏ ခြေလှမ်းများမှာ
“ဂန္တ၀င်မမ“ ကဲ့သို့ ၀ဋ် ဒုက္ခ မကြီးပါ။

ကျွန်တော်၏ ရပ်တည်မှုကို သူ အသိအမှတ်ပြုပါ၏။

သို့သော် ထိုရပ်တည်မှု၏ အရိပ်ကို ခါးသီးစွာ ငြင်းဆိုသည်။

သူ၏ အရိပ်ကို ထိုရပ်တည်မှု အရိပ်က ထပ်တူကျမှု (၀ါ) ဖုံးလွှမ်းမှုကို
သူ ထပ်မံ ငြင်းဆို၏။

“အကြိမ်ကြိမ် အခါခါ” ငြင်းဆို၏။

ကျွန်တော့် “ရပ်တည်မှု” ၏ အရိပ်ကို ဖြတ်ချိန်တွင်
တဆိတ်
သူ့အတွက် အနည်းဆုံး အေးချမ်းမှုတော့ ပေးချင်၏။

သို့သော် ကျွန်တော့်အရိပ်ကို သူ ရှောင်ကွင်းသွားပါသည်။

ကျွန်တော်၏ ရပ်တည်မှု (၀ါ) တည်ရှိမှုကို သူ အသိအမှတ်ပြုသော်လည်း
သူ ၏ အဘိဓါန်ထဲ တွင် ကျွန်တော် မရှိခဲ့ပါ။

သူ၏ လျစ်လျူရှုမှု သည် လေထုထဲရှိ
ကျွန်တော့် အောက်ဆီဂျင် များနှင့် ဓါတ်ပြုကာ “နာကျင်ခြင်း” ကို ဖြစ်တည်စေ၏။

ထို “နာကျင်ခြင်း” ကိုသာ ကျွန်တော် ရှုရှိုက် နေရသည်။

ထို “နာကျင်ခြင်း” ပင်လျှင် ကျွန်တော့် အတွက် “နေသာထိုင်သာမှု” ဖြစ်၏။

ထို “နေသာထိုင်သာခြင်း” ကို ပင်လျှင် ကျွန်တော် ခြင်ခြင်းတက်စွာ ဖက်တွယ်ထား၏။

ထို့ကြောင့် သူသည် ကျွန်တော့် အတွက်
တစ်ဦးတည်းသော “သူ” ဖြစ်နေခြင်း ဖြစ်သည်။ ။

ထွန်းနွယ်
(၁၅.၅.၀၉)

လျှိ့ဝှက်ထားကြပါ

တို့တစ်တွေ
ဥာဏ်ပညာတွေ
ချစ်ခြင်းတရားတွေ

(ရှုး.... တိုးတိုး)

လူအဖြစ်ဟာ
ဘာမှ မဟုတ်ဘူးဆိုတာ
ဘုရားသခင် မသိစေနဲ့။ ။

ထွန်းနွယ်

ကျောက်တူးရ်ျ ရသော

အဲဒီမှာ..
အစွယ်လိုသူ မိဖုရားတစ်ပါးရှိတယ်
အသွားစေခိုင်းသူ မင်းဧကရာဇ် ရှိတယ်
လေးပစ်သူ မုဆိုးရှိတယ်
အပစ်ခံရသူ ဘယ်သူမှ မရှိခဲ့ဘူး ။

အဲဒီမှာ..
ဦးပုညရှိတယ်
ဆဒ္ဒန်ဆင်မင်းဇာတ်ရှိတယ်
ကဗျာတစ်ပုဒ်ရှိတယ်
ကဗျာရေးသူ ကျွန်ုပ် ရှိတယ်
ကဗျာ ဆိုတာ မရှိပြန်ဘူး ။

အဲဒီမှာ..
လူရှိတယ်
ဘာသာစကားရှိတယ်
ဘသာစကားနောက်
......................လိုက် သိမှုရှိတယ်
ပေါင်းထပ်ဖန်တီး သိမှု ရှိတယ်
အသစ်ကြုံသိ သီးသန့် မရှိပြန်ဘူး ။

အဲဒီမှာ..
စာတစ်ကြောင်း နဲ့ စလိုက်တယ်
စာတစ်ကြောင်း နဲ့ ဆုံးလိုက်တယ်
ဘာမှလည်း နောက်... မရှိပြန်ဘူး ။

ဒီလောက်ဆို
စာဖတ်သူလည်း ရိပ်မိမှာပါ
ကျွန်တော် ၊ ဘာအကြောင်း မှ
ရေးနေတာ မဟုတ်ဘူးဆိုတာ ...

ထွန်းနွယ်

ယခု ခေတ်စားနေသော (၆)

အို..ပန်ဒိုရာ

အဲ့သေတ္တာကို

ဘာမျှော်လင့်ချက်နဲ့များ

.........................ကိုင်ထားချင်ရတာတဲ့ တုံးကွယ်



ငါတို့မှာ စုတ်ပြတ်သတ်နေပါပြီ။ ။



ထွန်းနွယ်

Monday, October 4, 2010

ဒါတွေ အားလုံးစု ကဗျာ တစ်ပုဒ်လုပ်လိုက်တယ်

*





နန္ဒ မင်းခေါင် ဒါတွေ အားလုံး စု ကဗျာတစ်ပုဒ် လုပ်လိုက်တယ် ဖတ်ပါအုံး စိတ်မပျက်စတမ်း။
2 seconds ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် အောက် ကနေ စဖတ် ပါ။
2 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် လောကမှာ အမြင်ဟာ အရေးကြီးတယ်။ မယုံရင် သရီးဒီ ရုပ်ရှင်တွေကြည့်ကြည့်။
2 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် ရပ် ကြည့် သွား။ ဆိုလို့။ သွား ရပ် ကြည့် လိုက်တာ။
2 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် အရက်သောက်တယ်ဆိုတာ လူ့လောကကြီးကို တည်ဆောက်တာပဲ။
3 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် မူးလာရင် ခဏ ခဏ ပြောတယ် အားလုံး ပျော်ရွှင် ကြပါစေကြောင်း။
4 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် ယုံကြည်တယ် ဆိုတာ ကိုယ်လုပ်တာ မဟုတ်ဘူး။ သူများ ပေးထားတာ။ အဲဒါ မှတ်ထား။
5 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် အထီးကျန်တယ် ဆိုတာ ဘာလဲ သိလား။ သိပ်ကောင်းတဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပဲ။
6 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် ကျွန်တော့် ဟုမ်းပေ့မှာ ကျွန်တော်ချည်း မဖြစ်သေးလို့ဗျ။ ခဏ သည်းခံပါ။
7 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် ဘယ့်နှယ့် မိတ်ဆွေကြီး ပျင်းနေပြီမှုတ်လား။
8 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် အကြောင်းရှာစရာ ဘာသာတရားကလည်း အဆင်သင့် နဲ့။
8 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် ပျင်းလာရင် လျှောက် ရေးလို့ ရတဲ့ ဘာသာစကား ရှိတာ သိပ်ကောင်းတယ်။
10 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် ပျော်တယ်ဆိုတာ ပျင်းရိခြင်း ရဲ့ အခြား မူကွဲ တစ်ခုပဲ။
11 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် နိုင်ငံရေး ဆိုတာ ငါ့ အရေးလို့ ဆိုလိုတာမှမဟုတ်တာ။ ကမ္ဘာမှာ နိုင်ငံတွေ အများကြီး။
12 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် ဒါလီ ရဲ့ နာရီတွေလည်း စိတ်ပျက်လာပုံရတယ် အရည်ပျော်ကြနေပြီ။
12 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် ပျင်းလာလို့ တူလေးနဲ့ပါ အရာထွင်းပေးသေး။ ငါသာဆို ပေါက်ခွဲ ပစ်မှာ။ ဒါ ဒူးရွှန့်ကို အဲလို ဂုဏ်ပြုသင့်တယ်။
13 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် ခုခေတ် ပို့စ်မော်ဒန်က THE FOUNTAIN ကို သွား သေးပန်းပစ်လိုက်တယ်။ဒါ ဂုဏ်ပြုတာပဲ။
20 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် ခေါင်းမာ တဲ့ ခေါင်းဆောင်တွေကို ပိုလို့တောင်ကြသေး။
21 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် သူရဲဘောကြောင်တယ် ဆိုတာ နည်းနည်းနောနော စဉ်းစား ဥာဏ် ရှိတဲ့သူ မလား။
21 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် ခေါင်းဆောင်ကောင်း ဆို ခေါင်းရှောင် တော်ရမယ်။ အဲလိုလူကို မဲပေးမယ်။
22 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် နိုင်ငံ ကြီးခေါင်းစားအောင် လုပ်မယ်။
22 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် ကြာပါတယ်ကွာ တိုက်ကြက်ဖ နဲ့ဆိုပိုကောင်းမလား တိန်ညင်ကြက်နဲ့ဆို ပိုကောင်းမလား ပျင်းတယ် စပိတ်လေးပါ ထည့်လိုက်။
23 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် ငါကတော့ ပျံ ဒေါင်း ရုပ်နဲ့ ပါတီဖွဲ့မယ်။
24 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် ဗုဒ္ဒဘာသာကို မကိုးကွယ် မနေရ ဆိုတဲ့ ဥပဒေ ထုတ်မယ် ကတိပေးတဲ့ ဦးနု ကို ငါသိပ်မုန်းတယ်။
25 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် ဦးနု တုန်းက ဘုရားလောင်း ဆိုပြီး မဲတွေ ၀ိုင်းပေးကြသတဲ့တော်။
27 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် ဒါနဲ့ လမ်းကြုံရင် မဲ ၀င်ပေးသွားနော်။ ခမည်းကြိုး စည်းပေးတယ်။
27 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် ပို ကီ မွန် ခရေဇီ သည် သာ အသင့်တော်ဆုံး စံနစ်။ (ပိုကီမွန် ဆော့တဲ့ကလေး တစ်ယောက်ပြောစကား)
28 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် ၀ါသနာ ပါရင် လမ်းပေါ် ပြန်တက်ခဲ့ပါ။
29 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် လောကမှာ အမြဲမှန်တဲ့တရား ဘယ်ပြည်သူမှ အစိုးရကို မကြည်ညိုဘူး။
30 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် ဆွဲ မပေး ဘဲ နေကြစို့။ (ဟင့်အင် အဲလိုကြီး လုပ်နဲ့လေ)
30 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် လကား ရမှု မရှိတဲ့ ဆွေး ပေါက် ကွဲ။
31 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် သွေးသောက်ပွဲ ကန့်ကွက်ခြင်း။
32 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် ခမည်းပေးကြစို့။
32 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် အမြည်း စား ကြစို့။
33 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် မည်း ပေး ကြစို့။
33 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*





နန္ဒ မင်းခေါင် အမုန်းရောဂါ၊ သတိ ကူးစက်လွယ်သည်။
37 minutes ago · Friends only · Comment · Like

ထွန်းနွယ်

ဘာမှ မပျောက် သွားတဲ့နေ့က

ဝင်ကစွပ်ရယ် ၊

ပိုးတုံးလုံးကောင်ရယ် ၊

မြွေရယ် ၊

လိပ်ပြာရယ် ၊

ပုစဉ်းရယ် ၊

ဖားရယ် ၊

နောက် ကျွန်တော်ရယ် ၊ လူလင်းရယ် ၊ ကိုပြေစိုးကျော်ရယ်။



လပ်ကီးဆဲဗင်း ၊ ၀င်း ၊ ၀ူဒီဟောက်စ်

လူလင်း က ဒီနေရာတွေကို က မထွက်တတ်ဘူး။



ကိုပြေစိုးကျော် တစ်ခါတစ်လေ ရောက်လာတတ်တယ်။



ကျွန်တော် လျှောက်သွားနေတတ်တယ်။



နောက်နေ့ကျ ခေါင်းထဲရောက်လာတာ ၂၀ ရာစု ရဲ့ ရေပန်း

အဲ့နေ့ကျတော့ စဉ်းစားမိနေတာ အမေ နေမကောင်းဘူး ဆိုတဲ့အကြောင်း။



ပုရိတ်ကြီး ၁၁ သုတ်ကလည်း ပါသေးတယ်။ ပဲခူးမှာ လူနှစ်ယောက်သေတဲ့ ကိစ္စ ၊ သေပေါ့၊ ဘာပဲဖြစ်ဖြစ် သေကြမှာမလား။

အစိုးရ ချင်ကြတဲ့လူတွေအကြောင်းကလည်း ခေါင်းထဲ ၀င်ဝင်နေသေးတယ်။ SAVED FROM WHAT?။

ကမ္ဘာကြီး ပူနွေးလာတာ။ ဟိုနေရာ ဒီနေရာ ရေကြီးနေ တာတွေ။

ငယ်ငယ်တုန်းက ပုရွက်ဆိတ်တွင်း ရေသွားလောင်းတာ ကိုသွားသတိရနေတယ်။



မျှော်လင့်ချက် နဲ့ သံသယ ဘယ်တုန်းက ကင်းဖူးလို့လဲ ဆိုတဲ့ ကဗျာ အစကို ပဲ သွားသွားရွတ်မိနေတယ်။

အဖန်တလဲလဲ တည်ဆောက် ဆောက်တည် ရာမရဖြစ်နေတာတွေ။

ဒီအတွက် ဘာသာတရား ဆိုတာ လိုအပ်တယ်။



ထုတ်ချင်းပေါက်ထားတဲ့ ဒဏ်ရာက သွေးမတိတ်သေးဘူး။

မွေးကတည်းက ပါလာတဲ့ ဒဏ်ရာ။ ဒါဟာ သင်္ကေတ ၀ါ ဒလား။



မသိစိတ်ထဲမှာ အသိစိတ်ဟာ လွင့်ပါလာတယ်။ သိစိတ်ထဲမှာ မသိစိတ်က စင်းစင်းကြီး။



ဟိုလူပြော ဒီလူပြောတွေ လိုက်လက်မထောင်နေရတာ။ ထောင်နေမိတာ။ လက်ခံနေတာ။



၂ယောက် ယှဉ်ထိုင်ပြီး ဖေ့ဘုတ် သုံးနေကြတဲ့ ချစ်သူ စုံတွဲ တစ်တွဲ။



အော်သံ နက်နက်(အမည်းမဟုတ်ပါ) ကြီး ကြားလိုက်ရသလိုပဲ။

မဟုတ်ဘူး အော်သံ ဖြူဖြူ တွေ နေရာတိုင်းမှာ ပြည့်နေတယ်။ ကြားရလား။ဟင့်အင် ကြားရတယ်။



နေ၀င်မီးပိတ် ပုရွက်ဆိတ်များ (အရိုး)

ချစ်ဖို့ ကောင်းလိုက်တဲ့ ၊ တွယ်ငြိဖို့ကောင်းလိုက်တဲ့ လူ့ဘ၀။

ပေါင်တံဆယ်စွယ်ရောင် လေးတွေဆီမှာပဲ လွတ်လပ်မှုဟာ ပျက်ကျနေရတယ်။



သိုးကျောင်းသား မဖြစ်ချင်ဘူးလား။

စိတ်လိုရာ မဖြစ်မှ ဖြစ်မယ်။ နို့မို့ လောကကြီး မချောင်ဘူး။

ကိုယ့်ကိုကိုယ် မာသာ ထရီဇာ ဂိုက်ဖမ်းလို့။ ဂန္ဒီ ပုံစံနဲ့။ ၀ါရှင်တန်လိုလို။

တကယ့် လူသား ရဲ့ ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေး အစွန်းရောက်သွားတဲ့အခါ..............



အရူး (လို့သတ်မှတ်ထားသူ) ထောင် ထဲထည့်ပလိုက်တယ်။ ဟင့် အင် ငါမရူးသေးဘူး။

အဲဒီမှာ မြန်မာစကားပုံလှလှ ဘယ်အရူးမှ ရူးတယ်လို့မပြောဘူး။



ဟုတ်ကဲ့။ ဒါနဲ့ပဲ ကျွန်တော် ရူးခဲ့ရပါတယ်။



ဟုတ်ကဲ့။ လောကကြီး ဒါနဲ့ပဲ ကျွန်တော် ရူးခဲ့ရပါတယ်။



မင်း ဒီစည်း မကျော်နဲ့။ ကျောင်ရင် ဖောင်းတယ်။ ထမင်းရည်စည်း။

လောကကြီးက ထမင်းရည်စည်း။



မကုန်နိုင်မခန်းနိုင်တဲ့ တက္ကသိုလ်ကြီး။

ဒီကနေ သညာ ယူပါလေ။ ပညာ နဲ့ သညာ။ ကြားထဲမှာနေပါလေ။

အလယ်အလတ်သည် အကောင်းဆုံး။



ဟင် ဘာလို့လဲ။ လှေကားထစ် တွေ ကျော်နင်းရင် ပြုတ်ကျတတ်တယ်။

ပြုတ်ကျချင်လို့ ကျော်နင်းရင်ရော။ ကျော်နင်းချင်လို့ ပြုတ်ကျရင်ရော။

ဟာ ဗျာ မနင်းတော့ဘူး။



ဒါဆို မင်းကို ပြန်ပို့မှာနော်။



ဒီလို ဒီလို။ ဒါလို ဒါလို။ အခြေအနေ အခြေအနေ။ အချိန်အခါ အချိန်အခါ။

နို့ အဲဒါ က ဘယ်တော့လာမှာလဲဟင်။

လာချိန်တန်လာမယ်။ လာချင်မှလည်းလာမယ်။ ဂိုဒေါ့ကို စောင့်စားခြင်း။



သွားစို့။ (ဘယ်သူမှနေရာမရွေ့ကြဘူး)

ဒုက္ခ ကို သိရမယ်။ ဒုက္ခ လွတ်မြောက်ရာ သိရမယ်။ ဒုက္ခဘယ်လိုဖြစ်လဲဆိုတာ သိရမယ်။ ဒုက္ခ ကိုဘယ်လိုဖြတ်မလဲဆိုတာသိရမယ်။

ဟင်...............အကုန် သိကုန်လို့ မဖြစ်သေးဘူး။

အကုန် ကျင့်ကုန်လို့မဖြစ်သေးပါဘူး။

အကုန် ပြတ်ကုန်လို့ မဖြစ်သေးပါဘူး။



အဲ့ဒါပြောတာပေါ့ ကမ္ဘာကြီး ကိုယ့်ဟာကိုယ်နေရပါတယ်ဆို။

မင်းတောင်းဆို စရာမလိုဘူး။ မင်းတောင်းဆိုလိမ့်မယ်။

မင်းဆုတောင်းစရာမလိုဘူး။ မင်း ရလိမ့်မယ်။

မင်းမျှော်ရမှာ မဟုတ်ဘူး။ မင်း မျှော်လိမ့်မယ်။

မင်းပျော်ရမှာမဟုတ်ဘူး။ မင်းပျော်လိမ့်မယ်။

မင်းပျင်းရမှာမဟုတ်ဘူး။ မင်းပျင်းလိမ့်မယ်။



ကျွန်တော် အသက်ရှင် ရပါအုံးမည်။

သိပ်တော့မရေရာပါ။ မရေရာတဲ့အတွက်ကို ကျွန်တော် အသက်ရှင်ရပါအုံးမည်။

သို့မဟုတ် အသက် အတွက်ကို ကျွန်တော် အသက်ရှင်ရပါအုံးမည်။

သို့မဟုတ် သို့မဟုတ် သို့မဟုတ် အတွက် ကျွန်တော် အသက်ရှင်ရပါအုံးမည်။



မသိပါ။ မသိပါ။မသိပါ။ မ သိ ပါ။

ကိုယ့်ဘာသာ သတ်သေတဲ့လူတွေ အကြောင်းကြားတိုင်း အားတက်မိသည်။

ဘာလို့လဲမသိပါ။ ဘာလို့လဲမသိပါ။ ဘာ လို့ လဲ မ သိ ပါ။



ထိုနေ့ က မိုးမရွာပါ။ နေသာမသာ လည်းမသိပါ။ အင်း မိုးရွာချင်လည်းရွာနေမှာပေါ့။

နေသာချင်လည်း သာနေမှာပေါ့။



ထိုနေ့ ကတော့ သေချာပါသည်။ ဟုတ်ပါသည်။ ထိုနေ့။

ထိုနေ့က ပျောက်မသွားခဲ့ပါ။

နွယ် ပျောက်မသွားခဲ့ပါ။

လူလင်းပျောက်မသွားခဲ့ပါ။

ကိုပြေစိုးကျော် ပျောက်မသွားခဲ့ပါ။

ကိုသီဟသူ ပျောက်မသွားခဲ့ပါ။

မိသားစု ပျောက်မသွားခဲ့ပါ။

သူငယ်ချင်းများ ပျောက်မသွားခဲ့ပါ။

ဖားများလည်း ပျောက်မသွားခဲ့ပါ။

ဝင်ကစွပ်ကောင်များလည်း ပျောက်မသွားခဲ့ပါ။

ပုစဉ်းများလည်း ပျောက်မသွားခဲ့ပါ။

မြွေများလည်း ပျောက်မသွားခဲ့ပါ။

ဝံပုလွေများလည်း ပျောက်မသွားခဲ့ပါ။

အစိုးရ ချင်သူများလည်း ပျောက်မသွားခဲ့ပါ။

သီချင်းဆိုချင်သူများလည်း ပျောက်မသွားခဲ့ပါ။

သမိုင်းလည်း ပျောက်မသွားခဲ့ပါ။

အရူးမျာလည်း ပျောက်မသွားခဲ့ပါ။

သေသွားသူများလည်း ပျောက်မသွားခဲ့ပါ။

ထို့အတူ ကျွန်တော်လည်း ပျောက်မသွားခဲ့ပါ။



ထို့ကြောင့် ကျွန်တော် ဒီ စာပုဒ်ကို ရေးဖြစ်ခြင်း ဖြစ်ပေလိ့မ်မည်။

ဟုတ်သည် ကျွန်တော် ပျောက်မသွားခဲ့ပါ။

ဟုတ်သည်ဟုထင်သည်။ထိုနေ့က ကျွန်တော် ပျောက်မသွားခဲ့ပါ။ ။



ထွန်းနွယ်

တံငါရွာမှာ

ငါ့ကိုယ်ငါ တိုင်တည်တယ်။



လူသားတိုင်း စီမှာ ဖွင့်မထုတ် ပြတဲ့ ၀မ်းနည်းမှုတွေ၊ သစ္စာမဲ့လိုမှုတွေ၊ အရိုင်းဆန်ဆန် စိတ်ထားတွေ ...

ငါတို့ ဘာလို့ ဖုံးအုပ်ထားရမှာလဲ။

ငါ့အတွက်တော့ ငါဆိုတာ ဟာ ကြာလေ စိတ်ပျက်ဖို့ကောင်းလာလေပဲ။

ယဉ်ကျေးချင်တဲ့ လူတစ်ယောက်အတွက် လူဖြစ်ရခြင်းဟာ .....သေသွားတာ မှ ပိုကောင်းသေး။

မွေးလာ တာကိုက ငါတို့မှားယွင်းခဲ့ပါတယ်။

ဘာလို့များ အဲဒီ လူရိုင်းသွေးတွေနဲ့ လူယဉ်ကျေးဆန်ချင်တဲ့ အသားတွေ ငါတို့ ကိုယ်ထဲ ရောက်နေခဲ့ပါလိမ့်။

စိတ်ပျက်လိုက်တာ။

လူက လူပဲပေါ့။ အရှိအတိုင်း ဖွင့် ပြလိုက်စမ်းပါ။ အဲ့ဒီ လောကကြီးကို ငါမုန်းနေပြီ။



လူဖြစ်ရခြင်းမှာ ကျေနပ်ဖွယ် ရှိတာ ကဗျာရယ် ချစ်ခြင်းတရားရယ်ပဲ။

ငါတို့ ဒါတွေအတွက် လူဖြစ်လာရခြင်းလား။ လူဖြစ်လာလို့ ဒါတွေ ရှိလာရခြင်းလား။

ဖောက်ပြားချင်တဲ့ စိတ်တွေ ကို စည်းခတ် လူ တဲ့။

ထကြွ သောင်းကျန်းတဲ့ အလိုဆန္ဒ တွေကို စည်းခတ် အဲ့ဒါ လူ တဲ့။

ဘုရား က တခြား ကိုးကွယ်ရာ မရှိပါဘုရား အဲဒါ လူ တဲ့။

အရှင်မြတ်ဘုရား လူတွေကို ငြိမ်းချမ်းအောင် ဘာသာတရား တည်ထောင် ပေးခဲ့တာကိုက

လူတွေမှာ ပိုယောက်ယက်ခတ် ကုန်ရတာပါပဲ ဘုရား။



ကို ချော ဆိုတဲ့ လူ ကဗျာ ရယ် အချစ် ရယ် အတွက် လူလုပ်သွားတာ ငါ ပြစ်တင်ခဲ့ဖူးတယ်။

ခုတော့ ပိုလို့တောင် ငါသူ့ကို နားလည်သွားခဲ့ပြီ။

မာယာ ပါ ဘုရား။ မာယာ ပါ။ လောကကြီးမှာ ကျွန်တော်တို့ ယဉ်ကျေးအောင် အဲ့ ဒီ မာယာပဲ သွေးဆောင်ခဲ့တယ်။

ခု လည်း အဲဒီ မာယာပါ ပဲ ဘုရား။



လူပဲ ၀မ်းနည်းတတ်တယ်။ ခု တော့ ငါ မသိရဘူးတဲ့လား။ ငါ့ မေ မေ အပြင်းအထန် အသည်းအသန် နေမကောင်းတာ

ငါ မသိရဘူးတဲ့လား။ သားလေး စိတ်ပူ နေမှာ စိုးလို့ လိမ်ပြောခဲ့တာတဲ့။ အဲလိုပါ ဘုရား။ ချစ်ခြင်း ဆိုတဲ့ အရာ ကလည်း

မာယာ ပါပဲ ဘုရား။ ကိုယ့်အမေ နေမကောင်းတဲ့ အတွက် ပူပန်ပေးရမယ့် ချစ်ခြင်း တရားတောင် မရှိရဘူးတဲ့လား။

သားလေး အလုပ် လုပ် နေလို့။ ဟုတ်ကဲ့ ပရိတ်သတ်ကြီးခများ အစာအိမ်ဟာ ပိုလို့အရေးကြီးပါတယ်တဲ့ လား။

အဲလို လူတိုင်း ဆည်းကပ်တဲ့ ချစ်ခြင်း ကိုယ်တိုင် ကလည်း မာယာ နဲ့ပါ ဘုရား။



ကျေးဇူး ပြုပြီး။ ဘုရားသခင်။ တိရစ္ဆာန်တစ်ကောင်၏ စိတ်ကို ပေးသနားတော်မူပါ။

ဘုရားသခင် ဖန်ဆင်းခဲ့တဲ့ လူတွေရဲ့ အလို ကို လိုက်လျောပေးပါ။

ဒါမှမဟုတ် တကယ်ကြင်နာတတ်ရင် မကြင်နာပါတော့နဲ့။ လူသားတွေဟာ ဘုရားသခင် အကြင်နာနဲ့ တန်တာ မဟုတ်ပါဘူး။

သူတို့ဟာ ဘုရားသခင် ရဲ့ ကြင်နာမှု ပျောက်သွားမှ ပို နေသာထိုင်သာ ရှိပါလိ့မ်မယ်။ အာ မင်။



လူသားတွေရဲ့ အရိုင်းသွေးတွေ ဖောက်ထုတ်ရာ ပွဲတော်တွေ များများ လုပ်ရမယ်။ အရက်သောက်တယ် ဆိုတာ လူသား ရဲ့ လွတ်လပ်ခွင့် ကို

ခွင့်ပြုပေးတာပဲ။ ကြည့်လေ ပွဲတော်တွေမှာ လူတွေ ပြုမူလှုပ်ရှားပုံတွေ။ အဲဒါ မှ တပည့်တော်တို့ လူသားတွေက အရသာ ရှိပြန်ပါသတဲ့။

ပျော်ပါသတဲ့ ဘုရား။ သင်္ကြန် တောင်ပြုံး ဒစ်စကို အရက်ဝိုင်း ၀ူဒီဟောက်ဒ် ၀င်း။



ချိုင်ကော စကီး ဟာ ကိုယ့် ကိုကိုယ် သတ်သေသွားခဲ့တယ်။ မြို့မငြိမ်း ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့တယ်။ ဗီသိုဗင်ဟာ အရက်နဲ့ တစ်ဘ၀လုံး။

သင်းတို့ ယဉ်ကျေးချင်တာကိုး။ လူသား အဖြစ်ကို အခါခါ ငြင်းဆန်ကြည့်လို့ မရတဲ့အဆုံးမှာ အဆုံးစွန် ကို ခရီးသွားခဲ့ကြတယ်။

ကက်ကိုဘိန်း နောက်ဆုံး ရေးခဲ့တဲ့စကား ခင်ဗျားတို့အားလုံးကို မလိမ်ချင်ကြတော့လို့ပါ ဆိုတာ။

အဲလိုနဲ့ ဆယ်ဗီယာ ပလပ်ဟာ။ ဒါဇိုင်းဟာ နှစ် ကြိမ်မြောက်မှာ။ ဟဲမင်းဝေးဟာ။



ဒါပေမဲ့ ရုန်းရတာပါပဲ။ ဘာသာစကား ရှိတော့ ဆင်ခြေ ပေးလို့ကောင်းတာပေါ့။ နာမည်ကြီး တွေကျန်ခဲ့တော့ အောင်မြင်ခဲ့ပါတယ်တဲ့။

ဒါကိုမှ လူတွေက အားကျ ချင်ပြန်ပါသတဲ့ ဘုရား။ အမှန်ကတော့ မျောက်စိတ်ပေါ့ ပြည့်စုံရာ။ မျောက်တွေ တစ်ကောင် အပင်ထိပ်ရောက်သွားရင်

အကုန်လိုက်တက် ကုန်ချင်ကြတာပဲ။ အပင်အောက်ရောက်သွားတော့လည်း သူ့ထက် ငါ ဦးအောင်။ လူသား ပါ ဘုရား လူသားပါ။



လူတစ်ယောက်မှာ ကိုယ်ချစ်တဲ့ သူတစ်ယောက်ကို ချစ်ခွင့် ကတော့ ရှိသင့်တယ်ထင်ပါတယ်။ အဲဒီ အောင်မြင်မှု အဲဒီချစ်ခြင်း အဲဒါတွေနဲ့ပဲ ကျွန်တော်ချစ်ခွင့်

ဆုံးရှုံးခဲ့ရပြန်ပါတယ်။ လောကမှာ တစ်ယောက် ကို တစ်ယောက် အဲလိုဆုံး ရှုံးခွင့် တွေ ချစ်ခြင်း အပြည့်နဲ့ ပေးအပ်ခဲ့ကြတာတွေ ဘယ်လောက်တောင်များခဲ့လဲ ကွယ်။



ကျွန်တော် ရဲ့ အတ္တ ကျွန်တော့် ပျော်ရွှင်မှုအတွက် နဲ့ .........................................................



မွန့်ခ်ျ ရဲ့ အော်သံနက်ကြီး အလန်ဂျင်းဘတ်စ်ရဲ့ အော်သံတွေ .... နေရာအနှံ့အပြား ကအော်သံတွေ... ကျွန်တော် ကြားနေရတယ်။

လူသားတိုင်းမှာ အော်သံတွေရှိတယ်။ အဲလို အော်နေရတဲ့အချိန်မှာပဲ လူသားဟာ လူသား အဖြစ်က ကင်းလွတ်ခွင့် ရရှိသွားတယ်။

လူသား ဘ ၀ က ခ ဏ တာ ကျွတ် လွတ် သွား တယ်။ ဒါမှ မဟုတ် အဆုံး စွန် မဖြစ်နိုင်သော လွတ်လပ်ခြင်း။ ဒါက ပထမဟာထက် ပို အန္တရာယ် များတယ်။

အခန့်မသင့်ရင် ကိုယ့်ကိုကိုယ် သတ်သေသွားနိုင်တယ်။ တကယ့် လူသား ဘ၀ ပြန်ရောက်လာတဲ့အခါမှာ။ အော်သံကတော့ အားအင်ကိုပေးတယ်။

လူသားအဖြစ် နောက် ထပ် တောင့် ခံ နိုင် သော စွမ်းရည်။



ဆရာ ဆရာ့ ကြီးတွေပြောခဲ့တာ မှားတယ်။ လူသားဟာ လွတ်လပ်ခြင်းကို မြတ်နိုးတယ်ဆိုတာ။

အမှန်က ရိုင်းစိုင်းယုတ်မာခြင်းနဲ့ စိတ်ကူးယဉ်ဆန်ခြင်းဟာ လူသား လို့ သတ်မှတ်နိုင်ခြင်း ပဲ။

တစ်ခါတစ်ခါတော့ ဘာသာစကား အကြောင်းပြောတယ် လူသား တဲ့။

တစ်ခါတစ်ခါတော့ ဘာသာတရားအကြောင်းပြောတယ် လူသားတဲ့။

တစ်ခါတစ်ခါတော့ အောင်မြင်မှု အကြောင်းပြောတယ် လူသားတဲ့။

တစ်ခါတစ်ခါတော့ နိုင်ငံရေး အကြောင်းပြောတယ် လူသားတဲ့။

တစ်ခါတစ်ခါတော့ ..................................................



မိုးကုတ်စက်ဝိုင်း ရဲ့ ဟို အဝေးမှာ ဘာတွေရှိမယ် ဆိုတာ လူသားဖြစ်နေပြန်ရော။



မေမေ နေမကောင်းဘူး။

အဖေ တစ်ယောက်တည်း ရုံးတစ်ဖက် မေမေ့ ကို ဂရုစိုက်ရတာ တဖက်။

မမ က သူ့အလုပ်ထဲမှာ ရုန်း ကန် နေရတယ်။

ညီလေး က ဆယ်တန်း အောင်ဖို့တဲ့ အဆောင်ထဲမှာ။

နွယ်က ငါတို့ ချစ်ခြင်းတွေအတွက်တဲ့ ကြိုးစားလို့။

နှင်းမြတ်က အလုပ်ရှာနေရတာနဲ့ မအားဘူး။

ပြည့်စုံ က ရန်ကုန်မှာ တစ်ယောက်တည်း ပိုက်ဆံပြတ်လို့။

ငါက စင်ကာပူမှာ အလုပ်တွေ ကြိုးစားလုပ် နေလေရဲ့။



ကိုသီဟသူက ပြောတယ် တံငါရွာမှာ ဆိုပြီး ရေးကွာတဲ့။

ခု ကျွန်တော် ရေးလိုက်တယ်။

ကျွန်တော် တံငါရွာမှာ ပါ။ ။



ထွန်းနွယ်

တံငါရွာ သို့ (၇)

တော်ဖလာ က ပြောတာကြားဖူးတယ်။ ယဉ်ကျေးမှု ရှိတဲ့ လူစင်စစ်သာလျှင် အနုပညာကို ခံစားတတ်တယ်။ ဒါ့အပြင် လုံလောက်တဲ့ စားဝတ်နေရေး ၊ လုံလောက်တဲ့ နားနားနေနေ အနားယူချိန် ၊ အဆင့်အတန်းမှီတဲ့ ယဉ်ကျေးမှု ဒီ သုံးခု ပြည့်စုံမှသာ အနုပညာ ကို ခံစားနိုင်မယ်တဲ့။ အနုပညာ ခံစားခြင်းဟာ လူသားတို့ လုပ်နိုင်ခြင်း ရဲ့ အမွန် ဆုံး ၊ ကမ္ဘာမြေရဲ့ အလှပဆုံး အလုပ်လို့ ဆိုသဗျ။ ဒါဆို အနုပညာဖန်တီးသူတွေကရော။ ကိုချောပြောခဲ့တဲ့ စကားတစ်ခွန်းတော့ အမှတ်ရမိတယ်။ သိပ္ပံပညာရှင်တွေ အနုပညာရှင်တွေ အနေချောင်သလို မနေဘဲ ၊ ယားပြီး လျှောက်လုပ်ခဲ့လို့သာ ကမ္ဘာကြီးက ကနေ့ ဒီလောက်လှလာတာ တဲ့။ နောက် စကားတစ်ခွန်း ပြောခဲ့သေးတယ် ကဗျာ ဆရာ ဆိုတာ ဟိမ၀န္တာက ကျားသစ်လေးတွေထက် ပိုရှားပါးပါတယ် အဲတော့ ကဗျာဆရာကို တန်ဖိုးထားကြပါတဲ့။ သူ က တစ်ကိုယ်လုံး ကဗျာ တွေ ရွစိထနေတဲ့ လူပေါ့ဗျာ။ သူယုံကြည်ထားတဲ့ အနုပညာအတွက် အရာရာကို စွန့်လွှတ်ခဲ့တယ်။ အောင်ခင်မြင့် က သူ့စာအုပ်တစ်အုပ်မှာ ရေးဖူးတယ် မီးဒပ်စ် ဟာ သူ့လက်နဲ့ ထိသမျှ ရွှေဖြစ်ကုန်လို့ နောက်ဆုံးမှာ ၀မ်းနည်းမှု တွေပဲ ဖြစ်ခဲ့ရသလို မောင်ချောနွယ်ဟာ လည်း သူ့ နဲ့ ခိုက်ထိသမျှဟာ ၀မ်းနည်းစရာတွေချည်း ဖြစ်ကုန်လို့ နောက်ဆုံးမှာ ကြေကွဲစရာတွေဖြစ်ကုန်ခဲ့တယ်တဲ့။ နောက် မြန်မာ အနုပညာ ရာဇ၀င်မှာ ကြည့်ကြပါအုံး ဆရာမြို့မငြိမ်း နောက်ဆုံးမှာ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့တယ်။ နောက် ကိုလေးလွင် မြန်မာ ပြည်သူပြည်သားတွေ သိပ်ခံစားလို့ ကောင်းပါတယ် ဆိုတဲ့ သီချင်းတွေ ရေးခဲ့တဲ့ ဆရာ ၊ နောက်ဆုံး သူသေတော့ အ၀တ်အစားနွမ်း နွမ်း သူများ ရဲ့ ကြွေ သီးလေးတွေကို မျှော်လင့်ရင်း ခပ်နွမ်းနွမ်း၊ ဘ၀ သိမ်းသွားရဲ့။ နောက် မောင်ကျော့မှုး .. သူ့အဖေက သိပ် အောင်မြင် တဲ့ သိပ်ချမ်းသာတဲ့ လူ .. ဒါပေမယ့် သီချင်းပဲ ရေးခဲ့တယ်။ အို ပြောရရင် အများကြီးပါပဲဗျာ။



ကျွန်တော် ဘာမှ မဆိုင်တာတွေ လာပြောနေတယ်လို့ ခင်ဗျားတို့တော့ ထင်မှာပဲ။ ဒီကကိုရွှေဗမာတွေ သီချင်း အရမ်းဆိုကြတယ်။ တစ်နေကုန် အလုပ်ထဲမှာ ပင်ပန်းပြီးပြန်လာကြ ။ အိမ်ရောက်တော့ ဟဲကြပါပြီ။ ကျွန်တော် တော့ သူတို့ သီချင်း ဆိုတိုင်း ဖူးချစ်ရဲ့ ကြိုးစင်ပေါ်က မှတ်တမ်းထဲက သီချင်း ဆိုကြတာကိုပဲ သွားသွား မြင်ယောင်နေမိတယ်။



ကျွန်တော် တစ်ယောက်တည်း ပန်း လေး အကြောင်း စဉ်းစားတယ် ။ သောက်ခဲ့ဖူးတဲ့ အရက်ဝိုင်း လက်ဖက်ရည်ဝိုင်းတွေ ။ တ၀ဲလည်လည်။ ပန်းကလေးကို အံ့သြစရာလက်ဆောင်တွေ အခိုက်အတန့်တွေ ပေးခဲ့တဲ့အချိန် ပန်းလေး ပျော်သွားပုံ ၊ အပြုံး ဖူးပွင့်လာပုံ ။ ကျွန်တော်တစ်ယောက်တည်း မျက်ရည်ဝေ့ တတ်လာပြီ။ ဘာလို့လဲ မသိဘူး ပြန်စဉ်းစားတိုင်း မျက်ရည်ဝေ့ ဝေ့လာတယ်။



ကျွန်တော် ကဗျာတွေဖတ်တယ်။ သီချင်းတွေကို နားထောင်တယ်။ ကိုယ့် ၀မ်းနာ ကိုယ်သာသိ ဆိုတဲ့ ထန်းရွက်ကလေး ကို အဆောင် အဖြစ်ထားတယ်။ ကိုယ်သိတဲ့ ၀မ်းပဲ နာနေတာလား ။ သိပ်ကြီးကြီးကျယ်ကျယ် ကြီး စဉ်းစားနေတာလည်း မဟုတ်ပါဘူး။



ဟိုတစ်လောက မြန်မာပြည် က သူဌေးတစ်ယောက်အတွက် ပစ္စည်းတွေ ၀ယ်ပေးခဲ့ရတယ်။ အမှတ်တရလက်ဆောင်ပေးရန် ရိုးလက်စ်နာရီ ခြောက်လုံး ၊ အပျင်းပြေ သောက်ရန် လူဝီ သာတင်း အရက်ပုလင်း ၅ လုံး ၊ အဲ့ပုလင်းက တစ်ပုလင်းတင် စင်ကာပူ ၄၅၀၀ လောက်ပေးရတယ်။ ဒီက အလုပ်လုပ်နေတဲ့ လူတွေ တော်တော်များများ တစ်လမှ နှစ်ထောင် သုံးထောင်။ ရာသီဥတု ဖောက်ပြန်မှု နှင့် ဆင်းရဲ မွဲတေမှု မှာ ကြောက်မက်ဖွယ်အကောင်းဆုံး ကပ်ရောဂါ။



တော်ဖလာ က ဆက်ပြောတယ်။ အဲလို ပြည့်စုံတဲ့လူတိုင်းလည်း အနုပညာခံစားနေရတယ်။ ဒါပေမယ့် ဘာမှန်းမသိပဲ ခံစားနေကြတာတွေလည်းရှိတယ်တဲ့။ ကိုသီဟသူ ပြောဖူးတယ် တစ်ကြိမ်မဟုတ်တစ်ကြိမ် ရင်ထဲတော့ ထိသွားမှာပဲ။ မော်ဒန် အနုပညာဆိုတာ နာကျင်မှု ၊ ငြီးငွေ့မှု ကနေ ပေါက်ဖွားလာတာ။ အောင်ခင်မြင့် ကရေးတယ် ကိုယ်ကြိုက်တဲ့အနုပညာ ကိုယ်နဲ့ သင့်တော် မယ်ထင်တဲ့အနုပညာကို ရွေးပြီးခံစားရုံသာ။ ကောပီခေတ် လို့ အမည်တပ်တယ်။ အနုပညာ ဟာ ဈေး ကွက် ထဲ ရောက်သွားပြီ။ မာကပ်တင်း တွေ ခုနောက်ပိုင်း သိပ်ခေတ်စားနေတယ်။



ယားလို့ ရေးတာ တဲ့ ကိုတာ က ဆိုပြန်ပါရော။ ခေတ်ဟာ သိပ်မြန်ဆန်နေတယ်။ လူတွေတိုင်းဟာ ကိုယ် လက်ခံရရှိတဲ့ ဒေတာ နဲ့ ကိုယ့် ကမ္ဘာကိုယ် တည်ဆောက်တော့တယ်။ အနုပညာဆိုတာ အဲလို အွန်လိုင်းပေါ်က မြန်မြန်ဆန်ဆန် ရရှိနိုင်ပါတယ်။ ပတ္တမြား ကျောက်မျက် ရတနာတွေ ဘာလို့  တန်ဖိုး မြှင့်ရောင်းဝယ် ရသလဲ တွေးကြည့်မိတယ်။



ဘုရားက အနုပညာကို တားမြစ်တယ်။ ငါ့မှာ ဘုရားတားမြစ်တဲ့ အနုပညာကို ... ဆရာအောင်ချိမ့်။ အနုပညာ ဆိုတာကြီးက သုံးမရရင် ခေတ်အဆက်ဆက်မှာ ဘာလို့အရေးပါ အရာရောက်တဲ့နေရာ က ပါလာတာတဲ့တုံး။ ခုလည်းပါတုံး ပဲ ဆိုတာ။ စားဝတ် နေရေး ၊ လောဘ ၊ စည်းစိမ် ။ အနုပညာဆိုတာ လူတစ်ယောက် ဘယ်လောက်အဆင့်ရှိသလဲ ဆိုတာ ပြနေတဲ့ ပေတံလို (လို)။



သိုးတွေ ဘာသိလို့လဲ စားမယ်သောက်မယ် ဒီလောက်ပဲ.... အဲဒါကြောင့် ငါ့ ရဲ့အမိန့်အောက်ရောက်နေတာ... ကြာလာတော့ သူတို့ ကိုယ်ပိုင် ဦးဏှောက်ကို အသုံးမချချင်တော့ဘူး ..... အယ်လ်ကားမစ် ၀တ္တု ထဲမှာ ဖတ်ရဖူးတယ်။ လူသား ဟာ သူ့ဦးဏှောက် ကို အစွမ်းကုန် အသုံးချတယ်။ အဲ့တော့ လူသားဟာ ပြန်လည်ပြီး သူ့ဦးဏှောက် ပြန်လည် ပိတ်နှောင်ထားရတယ်။



ဘာသာရေး။ လူ့ကျင့်ဝတ်။ ဥပဒေ။ ယုံကြည်မှု။ သင့်ချစ်သူ သေသွားလို့ သင့်ချစ်သူ ရဲ့ ပုံကို ပုံတူ မျိုးပွားပေးမယ် ဆိုရင်..... လူသားတွေ ရှော့ဝင်ကုန်တယ် အုပ်ချုပ်သူက လူသားရဲ့ ဦးဏှောက် ကို အစွမ်းကုန် ပိတ်ပင်တယ်။ လူ့ဘောင် တခုကို ပြောင်းလဲမယ် ဆိုတဲ့ ကောင်းတဲ့ ယုံကြည်ချက်နဲ့။ ပိုကောင်းသော လူ့ဘောင် အတွက်။ လူသား ရဲ့ စိတ်ကူး ဥာဏ် ကွန့်မြူးမှု ကို ပိတ်ပင်တယ်။



ရှင် ဂေါတမ ဟာ တဏှာ ကို တားမြစ်တယ်။ ပဋိ စ သမုပ္ပါတ် မှာ ကွင်း ဆက်တစ်ခုကို ဖြတ်ခိုင်းတယ်။ အခြေခံက ရုပ်တရား။ ရုပ်တရားကို အခြေခံပြီး စိတ်ဖြစ်လာတယ်။ ရုပ်နဲ့ စိတ်ကြားမှာ ဥာဏ် နဲ့ ဖြတ်ချရတယ်။ ပညတ် နဲ့ ပရမတ် ဆိုတာ ဆက်လာတယ်။ ကောင်းမှု မကောင်းမှုတွေနဲ့ ဘာသာတရား တည်ဆောက်တယ် ။ လူ ရဲ့ စိတ်ကူး ကွန့်မြူးမှုကို စည်းတားတယ်။ အဓိက က အနတ္တ ၊ သုညတ ဖြစ်ရမယ်။ ဒီမှာ အဓိက က ဥာဏ် ၊ သတိ ဥာဏ် ၊ အသိဥာဏ် အဲဒါနဲ့ ဖြတ်ရတယ်။ အဲဒီအတွက်သမာဓိ ထူထောင်ရတယ်။ ဒါပေမယ့် အဲ့ သမာဓိ ကို ပြန်ဖျက်ချရတယ်။ ရှင်ဂေါတမရဲ့တရားက ဘာပဲဆိုဆို ဘာပဲလာလာ အနတ္တ မှာပဲ အားလုံး ချုပ်ရတယ်။



ည ရောက်လာတော့ ခါတိုင်းလို ကိုယ်ချစ်တဲ့သူ ရှိတဲ့ ၊ တိုင်းပြည်၊ ကိုယ်ချစ်ခင်ရတဲ့ ဓလေ့ ရှိတဲ့ အရပ် ၊ ကိုယ်သိပ်ချစ်ရတဲ့ သူငယ်ချင်းတွေ ရှိရာဘက်ဆီ ငေးမျှော် .... ခြောက်သွေ့နေတဲ့ ကန္တာရကနေ လရောင် ထိုးကျနေတဲ့ မြစ်ကမ်းစပ်လေးဆီ လှမ်းမျှော်နေရသလိုပဲ... ဒီလိုပဲ .. ဒီမှာ ရှိသမျှတော့ ဒီရောဂါ။ ဘာကိုမှ တွေးပြီး စိုးမရိမ်ဖြစ်တာလည်း ကြာပြီ ။ ဟိုအကြောင်း ဒီအကြောင်း စူးစမ်းလျက်ပါပဲ။ ဒီလိုပဲ ဆက်ရအုံးမှာပေါ့ မသေခင်သေးသမျှတော့။



ကျွန်တော်တို့ အသက်ဆက်ရတာ ဘာမှ မမြင်ရတဲ့ အမှောင်ကြီးထဲ တိုးဝင်နေရတာပါပဲ။



ပန်ဒိုရာရဲ့သေတ္တာ ထဲမှာ မျှော်လင့်ချက် ကျန်သေးတာ ကံကောင်းတယ် ပြောမလား ကံဆိုးတယ်ပြောမလား။



ပရို မီးသီးယပ်စ် က သက်ရှိတွေဖန်တီးတော့ သူ့ညီက တခြား သက်ရှိတွေမှာ ခွန်အားတွေ အမျိုးမျိုး ထည့်ထုလုပ်လိုက်ပြီး ၊ လူတွေကျတော့ အကောင်သေးအောင် ဖန်တီးထားတဲ့အတွက် ပရိုမီးသီးယပ်စ် က လူတွေကို ဦးဏှောက်ထည့်ပေးခဲ့တယ်ဆိုလား။



ကျွန်တော် ကိုယ်တိုင်လည်း ဘာမှ လုပ်ချင် ကိုင်ချင် စိတ်မရှိတာလည်းပါမယ်။ ဆက်ပြီးတော့လည်း မရေးချင်တော့ဘူး။ သယ်ရင်း လူလင်းကတော့ သူ့ ဟန်ပျက်ခြင်းတွေကို ဒီ ငြီးငွေ့စိတ် နဲ့ တီးခတ်နေတယ်တဲ့။ ကျွန်တော် ရော............ ကျွန်တော် က ငြိးငွေ့လွန်ပြီး တီးကို မတီးချင်တော့ဘူး။ ဒီ တံငါရွာသို့ (၇) ဟာ ဒီ စီးရီး ထဲက နောက်ဆုံးပါ။ ဘာမှ မပြောချင်တော့တဲ့ အဆုံး ........................................................................



ပန်းကလေး ၊ မိသားစု ၊ သူငယ်ချင်းများ ၊ နောက် ရန်ကုန် ၊ မြန်မာ...........

.....................................................................................တိမ်တွေဖုံးနေတဲ့ ဟိုဘက်နားလောက်ဆီမှာနေမယ်နဲ့ တူတယ်။ ။



ထွန်းနွယ်

တံငါရွာသို့ (၆)

ဟိုး ခပ်ဝေးဝေးမှာ သင်္ဘောကျင်းတွေ၊ တိုက်တွေ၊ အဆောက်အဦးတွေ မလှုပ်မယှက် ၊

အဲ့ ဒါ တွေကို ကိုယ်လည်း မလှုပ်မယှက် ငေးမောလျက် ၊ နံနက်ခင်း ၊ နေ့လည်ခင်း ၊ ညနေခင်း ..အလို.. နေတောင်စောင်းသွားပါပေါ့လား။ လူတွေ တည်ဆောက်ခဲ့တဲ့ အဆောက်အဦးတွေ လူတွေဖန်တီးခဲ့တဲ့ နည်းပညာတွေ ကို လူတွေကမွေးဖွားခဲ့တဲ့ လူတစ်ယောက် ငေးမောရင်း ပြန်လည်တည်ဆောက်ခံရတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလာခဲ့လိုက်တာ.....



ည.. တွေဝေ ငေးမောခဲ့ရတဲ့ .....မျက်လုံးတွေ။ မနက် အိပ်ရာထတော့ မျက်လုံးကို စုံပွတ်ပစ်။ အလျင်အမြန် ရောက်လာတဲ့ ငါ့ လက်။ ဟင်.. ရောက်လာတာ မြန်လိုက်တာ။ ကိုယ့်လက် မဟုတ်တဲ့အတိုင်း အေးစက်နေတယ်။ ဒါ ...။ အညောင်းဆန့်လိုက်တာ။ ခေါင်းထဲမှာ ကလိ ကလိ နဲ့။ လျှပ်စီးကြောင်းတွေ.ဟာ။

ငါ့ ခံစားမှု သွေးကြည်လွှာ တွေ။ ပျောက်ကုန်ပြီ။ ပျောက်ကုန်ပြီ။ ၀ုန်းခနဲ ထ။ ပေါက်ကွဲ ပစ်လိုက်ချင်တယ် ဆိုတဲ့ ခံစားချက်မျိုး ဖြစ်မလာဘူး။ ဟော ဗျာ.. ဟုတ်ကဲ့ လူကြီးမင်း ခင်ဗျား ဘာများ အလိုရှိပါသလဲ။ ဘာများ ပြောလိုပါသလဲ။ စစချင်း ပေါက်ကွဲချင်တဲ့စိတ် ဘယ်သိတော့မှာလဲ။ ခု အဲလို ရေးနေတာ သိလို့မဟုတ်ဘူး ရေးရမယ်ဆိုလို့။ ဆက်ရေး အုံးမယ်။ ဘာတဲ့။ 1101 1111 0010 1101 1100 0001 0010 1010 .....

ကွန်ပြူတာရှေ့ထိုင်။ အလုပ်ရှာ။ ဟောဗျာ ဟောဗျာ။ send ကို နှိပ်ပါ။ ဟုတ်ကဲ့ လို့တောင် ပြန်ပြောလို့မရ။ နှိပ်လိုက်ရပြီ။ နောက် 1101 1110 1010 1100 0010 0001 0101 1011 ....။ apply ကို နှိပ်ပါ။ နှိပ်လိုက်ရပြီ။ ဘာတွေတုန်း ဟ။ ဘာသာပြန် ၀င်ရောက်တယ်။ ပြန်တိုက်စစ်တယ်။ ပြန်လည် ထုတ်လုပ်တယ်။ ဒီလိုနဲ့ မနက်ခင်း ဟု ခေါ်ဆိုသော အချိန်များ ကုန်ဆုံးသွားပြီဟု ထင်မှတ်ကြလိမ့်မည်။ ဒီလိုလဲ မဟုတ်ပြန်ဘူးလား။ အမှန်က ဟုတ်တယ်။ မဟုတ်ဘူး ဆိုတော့ မဟုတ်ဘူးပေါ့ဗျာ။ဟုတ်တယ် ဆိုတဲ့အတိုင်း အမှန်၊ အဲဒါတွေလည်းမသိတော့ဘူး။ အဲဒါ ဘာတွေလဲဟင်။



နောက်တစ်ကြောင်း အန်းတား။ အဲ့ဒါ အပေါ်က။ ဈေးသွားဝယ်ပါ။ ရှော့ပင်းထွက်ပါ။ လျှောက်ကြည့်ပါ။ မှတ်သားပါ။ စကရင် မှ ပေါ်လာသည်ကို ကြည့်ပါ။ လုပ်စရာရှိတာ ဆက်လက်လုပ်ဆောင်ပါ။ ဘာသာစကား ဖြင့် ဆက်ဆံမှု။ ရင်းနှီး ဖော်ရွေမှု။ သတိပေးချက်။ စစ်စတမ် အယ်ရာ။ အသုံးမ၀င်သည့် ဒေတာများအား ဟူးမန်းဖားယားဝေါလ် မှ စစ်ထုတ်ပေးသည်။ ခွင့် ပြု ၊ မပြု။ ပြု။ ဟယ်လို။ ဟိုင်း။ စစ်စတမ် အယ်ရာ။ ၀င်လာသော ဆော့ဝဲလ် မှာ ပြင်ပ အခြေအနေ နှင့် မသင့်တော်ပါ။ အလိုအလျောက်ဖယ်ရှားခြင်း စတင်သည်။ အလိုအလျောက်ဖယ်ရှားခြင်း ပြီးဆုံးပြီ။ ကဒ် ထုတ်ပါ။ ရထားပေါ်သို့ လျှောက်ဝင်ပါ။ အင်ဖော်မေးရှင်း များ လက်ခံပါ။ ကိုက်ညီမှု ရှိလျှင် စင်္ကြန်ပေါ်သို့ လျှောက်လိုက်ပါ။



ရှာဖွေပါ။ ကိုက်ညီမှု ရှိလျှင် အကြောင်းပြန်ပါ။ ကိုက်ညီသည်။ ပြန်လည်စစ်ထုတ်ပါ။ ကွန်မြူနကေးရှင်း စတင်ပါ။ ခင်မင်မှု များ တွေ့ရသည်။ ခင်မင်မှု ဘာသာပြန်ပါ။ မကိုက်ညီပါ။ ထပ်မံ ၍ အလုံးအရင်း နှင့် ၀င်ရောက်လာသည်။ အန်န်တီ အီမိုရှင်နယ် ဆော့ဝဲလ် မှမသတ်နိုင်တော့ပါ။ ၄င်း ကိုယ်တိုင် ပျက်စီးမှု စတင်သည်။ စစ်စတမ် ကို ပြန်လည်စတင်ပါ။ မပြောလိုက်ရမီ ...



လင်းခနဲ ၀င်လာတာ ကိုယ့်သူငယ်ချင်း။ သွားမယ်။ ကွေး ဆိုက်။ စကားပြော။ ဒါမှ လူ့ဘ၀ တဲ့လား။ အရသာရှိလိုက်ပါဘိ။ အကြာကြီး ငေးမောထိုင်ကြ ဆွေးနွေးကြ။ လေညင်းလေးဖြတ်တိုက်လာတယ်။ လှလိုက်တာ။ နောက် ကိုရီးယားဆိုင်မှာ ကိုရီးယား အစာ သွားစားကြ။ ပန်းကလေး ကို သတိရပါဘိ။ ပန်းကလေး နဲ့ ကိုရီးယား ထမင်းသုတ် စားကြတုန်းက မအေးခင် နယ်လိုက်ကြရတာ နှစ်ယောက်သား ဖတ်ဖတ်ကိုမောလို့။ ခု ပန်းကလေး ကြိုက်တဲ့ ကမ်ချီဟင်းရည် လေး ဆွဲမှပါ။ ပူပူ နဲ့ ကောင်းလိုက်တာ။ အောက်မှာ လူတွေ ပြေလျော့စွာ ။ လှုပ်ရှုားနေတဲ့ လူစင်စစ်တွေလေ။ အတွဲလေးတွေ။ တချို့ကောင်မလေးတွေက သူတို့ ကောင်လေးတွေရဲ့ ပုခုံး ပေါ် ကနွဲ့ ကလျ မှီလို့ပေါ့။ လူဆိုတာ လူနဲ့ ဆက်ဆံနေရတယ်။ လူနဲ့ ဆက်ဆံ နေမှ လူဖြစ်တယ် ဆိုတာ........အတွေးထဲမှာ လွင့်မျောသွားတယ်။ စကားတွေလည်းအများကြီးပါပဲ။ အာခေါင်ခြောက်လည်း စိုပြေနေတဲ့ ရာသီဥတု နဲ့ ဆိုတော့...



ပြန်လာတယ်။ ဒီကလူတွေ ဘာတွေ ညာတွေ။ ဟိုက လူတွေ ဘာတွေ ညာတွေ သိပ်မစဉ်းစားဖြစ်တော့ပါဘူး။ ပြည့်စုံ ပြောသလို မြန်မြန် အထိုင်ကျသွားတာလည်း ဖြစ်နိုင်တာပဲ။ မပြောတတ်ပါဘူးလေ။ အိမ်ရောက်တော့ ပန်းကလေး ပုံတွေ ထုတ်ကြည့်ဖြစ်တယ်။ ဖေ့ဘုတ် ပေါ်က ကိုယ်ရေးထားတဲ့စာတွေ သူငယ်ချင်းတွေရေးထားတဲ့စာတွေ ပြန်ဖတ် တယ်။ အပြုံးလေးတွေပြန်မြင်ရတယ်။ နွေးထွေးမှု တွေနဲ့ စကားဝိုင်းတွေ။ အသစ် သိရှိမှုတွေ။ ရှာဖွေမှုတွေ။ စိတ်လှုပ်ရှားလိုက်ရတဲ့ အခိုက်အတန့်လေးတွေ။ လူ ဖြစ်ခြင်း ရဲ့ မလိုင် တွေ ဝေ့တက်လာတယ်။ သွေးထဲမှာ ပျော်ရွှင်မှု လွတ်လပ်မှု လန်းဆန်းမှု သွေးရည်ကြည် တွေ ပြန်လည် စီးဆင်းလာခဲ့တယ်။



ဒီလိုနဲ့ ကျွန်တော့် ကဗျာတွေ ကို ဖတ်ရင်း ..ရန်ကုန်ရှိမယ်ထင်တဲ့ ဘက်ကို ငေးမျှော်ရင်း၊ ပြည့်စုံလို ဆေးလိပ်မသောက်တတ်တော့ ပန်းကလေးရဲ့ ပုံလေးကို ထုတ်ကြည့်ရင်း ........ ကျွန်တော် တံငါရွာ တဖြစ်လဲ စင်ကာပူမှာ ရန်ကုန်ကို သတိရလို့ပေါ့။



ဆရာချိမ့် က သူ့ ရဲ့ ပြဇာတ်မင်းသားဆိုတဲ့ ကဗျာ စာအုပ်ထဲမှာ ရေးဖူးတယ်



ပြန်လည် သတိရမှုမှာ အနုပညာမပါရင်..............။





ထွန်းနွယ်

တံငါရွာ သို့ (၅)

ဘာလိုလို နဲ့ ကိုယ်လဲ ဘာလိုလို .....
ဒီနေ့က စနေနေ့ ။ရောက်တာ ၇ ရက်မြောက်နေ့။ ဘာထူး။ ဘာမှ မထူး။ နားကိုအေးနေတာပဲ။ အရင် ၂ ရက်ကတော့ အိမ်မှာနေရင်း တကယ့်ကို အိမ်မှာ ထိုင်နေရင်း။ အခန်းထဲမှာ ကမ္ဘာကြီးကို ဂူးဂဲလ် ထဲ ထည့်ပလိုက်ခြင်း။ ယူကျူ့ ဖြင့် တွေ့သိခြင်း။ ကျွန်တော် ဆိုသော အလုပ် လုပ်လိုနေသော လူတစ်ဦး ရှိကြောင်း အသိပေးခြင်း။ စသဖြင့် အခန်းထဲမှာ ကျွန်တော်တစ်ယောက်တည်း။ လုံးထွေးနေတယ် ကမ္ဘာကြီးနဲ့ လုံးထွေးတယ် စင်ကာပူ နဲ့ လုံးထွေးတယ်။ တွေ့လား ငါ့မှာတောင် စင်ကာပူ မျှင်တွေ လာကပ်နေပြီ။ ဘယ်တော့များ စင်ကာပူ ပိုးတုံးလုံး ဖြစ်လာတော့မလဲ မသိဘူး။ (အဲဒါ တကယ်မသိတာ) ပြောင်းမှန်းမသိပြောင်းလာတာ။ တော်တော်တောင် ခရီးရောက်နေပြီထင့်။

ထားတော့။ အစပြန်ကောက်ရအောင်၊ ဒီနေ့က စနေနေ့။ ဟုတ်ပ။ စနေနေ့။ သူငယ်ချင်းတွေ ချိန်းထားတယ် ၊ အလုပ်လုပ်နေတဲ့ သူငယ်ချင်းလေ သူလာမယ်။ လျှောက်သွားကြတာပေါ့။ ကောင်းတဲ့ ကိစ္စပဲ။ သွားမှာပေါ့။ သူနဲ့ချိန်း။ ချိန်းထားတာ ၃ နာရီမှ။ ၃ နာရီ မရောက်မချင်း ထိုင်စောင့်နေ။ ဒါပေမယ့် ပျင်းဖို့ မကောင်းပါ။ ဒီနေ့ အဒေါ် တစ်ယောက်အလည် လာမည်ဆိုသဖြင့် အခန်းရှင်း။ တမနက်လုံး ပန်းကလေး နဲ့ နှီးနှော။ အို ကိုယ်တော့ ဒီနေ့ ပန်းနံ့ လေးသင်း ရာသီဥတု သာယာတယ်။ မြူ ကင်းနေတယ်။ သိလား။ အဲ့ ချစ်ခြင်းမေတ္တာ ၊ ခင်မင်မှု စသော စသော ကျွန်တော်တို့ သိပ်မသိတဲ့ အရာတွေ။ ဘာမှတော့ မဟုတ်ဘူး လို့ လူကြီးတွေ လာလာ ပြောပြောကြသေးတယ်။ ကျွန်တော်တို့ကပဲ ယုံကြည်နေလို့လား မသိဘူး။ အဲ့ အသိုင်းအ၀န်း ထဲမှာ နေရတာ သိပ်နေလို့ကောင်း။ သိပ်နေလို့ပျော်။ နေပျော်စရာ လောက။ လောကဆိုတာ ဒါမျိုးလေးလည်း ရှိပေအုံးမှပေါ့။ ရှိအုံးမှ ပေါ့။ ဟုတ်တယ်မလား။ ကျွန်တော် ကတော့ ယုံတယ်။ ပန်းကလေး နဲ့ ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာ ၊ ကျွန်တော့် သူငယ်ချင်းတွေရဲ့ ချစ်ခြင်း မေတ္တာ၊ နွေးထွေးမှု။ တကယ့်ကို လေ လေး တချွန်ချွန်။ ကျွန်တော့်အဖြစ်။ အခု ကျွန်တော့်အဖြစ် မြင်ယောင်ကြည့်လို့ရမှာပါဗျာ။

၃နာရီထိုးတော့ ရေချိုး။ ပြီးတော့ ထွက်လာလိုက်တာပဲ။ ပြီးတော့ ဘယ်သွားမလဲ။ ဘယ်သွားမလဲ။ ဘယ်သွားမလဲ။ ခေါင်းချင်းရိုက် တိုင်ပင်တယ်။ အရှေ့ဘက်ကမ်းခြေ ၊ အဲဒါက မြန်မာမှု ပြုထားတာ။ ဒီမှာတော့ အိစ်တ် ကို့တ် အဲလိုပဲခေါ်ကြတယ်။ အဲ့နေရာ သွားကြပေသပေါ့ဗျာ။ ယူနို့ မှာဆင်း။ တက်ကစီ ငှား။ အိတ်စ် ကို့်တ် သို့ပေါ့ဗျာ။ အံမယ် တက်ကစီ သမားက ဟိုမေးဒီမေးနဲ့။ ဘယ်ကလဲ။ ဘာလာလုပ်တာလဲပေါ့ဗျာ။ ကျုပ်တို့က မြန်မာတွေ ပေါ့ဗျာ။ အဲတော့ မြန်မာ ပြည်သူတွေကို သိပ်ကြိုက်ဆိုပဲ။ အောင်ဆန်းစုကြည်။ သိပ်မိုက် ပေါ့။ လာပြီ။ မြန်မာပြည်ရဲ့ အင်တာနေရှင်နယ် အိုင်ကွန်ကြီးထူးဆန်းပါ့။ လူတွေက သတင်းတွေ မီဒီယာတွေ ပြောပြတဲ့ ကမ္ဘာကြီးမှာ ရှင်သန်နေရတယ်။ ကြည့်လေ။ ကျွန်တော်တို့ သိခဲ့တဲ့ ကမ္ဘာဆိုတာနဲ့ ဒီက ကမ္ဘာ ၊ ဘယ်လောက် ကွာခြားလဲ။ ဘာသာစကား နဲ့ သိမ်းသွင်းခံ ဘာသာစကား ရဲ့ ပြုလုပ်ခံ ကျွန်တော်တို့ အဲ့မှာ ကွင်းခနဲ။ ကဲ ခုလည်း ကျွန်တော် ခင်ဗျားကို ဘာသာစကား နဲ့ သိမ်းသွင်းနေပြီလား။ ဘယ်လိုလဲ။ စိမ့်ဝင်မှု ပါဆန်းတေ့ ဘယ်လောက်လဲ။ ဘယ်လောက်ရောက် သွားပြီလဲ။ ကဲ ပြော ဒါမှမဟုတ် ကိုယ့် တွေ့သိမှုတွေနဲ့ ပြန်တပ်ဆင် တည်ဆောက်နေပါသလား။ ဘာများထပ်ရနေပါသလဲ။ ဗိုက်ဝ ကြပါသလား။ တွေ့တယ်မလား လူဆိုတာ အပြုလုပ်ခံတွေပါဆိုတာ။ ဘာတွေများ အကြီးအကျယ်ကြီးတွေ လုပ်ပြဖို့ တာစူထားပါသလဲ။ ဘယ်သူက ဘယ်သူ့ရဲ့ နယ်ရုပ်တွေ ဆိုလား အဲလိုမျိုးတွေ ကြားဖူးနေရတာ။ အဲလို အဲလိုပါဗျာ။

ရောက်လေပြီ အိစ်တ် ကို့တ် မောင်မင်းကြီးသား ကြီးက ကိုယ့် ဘယ်နေရာ ချပေးသွားမှန်းမသိဘူး။ ကိုယ်လည်းမရောက်ဖူးဘူး ဆိုတော့။ ကောင်းပေါ့။ ခြေဦးတည့်ရာ။ ခြေလျှောက်လမ်း။ ပြောရအုံးမယ် ဒီမှာ အစိုးရ က သူ့ ပြည်သူတွေ ကို ဘယ်လောက် အရေးစိုက်တယ်ဆိုတာ။ ခြေလျှောက်လမ်းက တစ်လမ်း။ စက်ဘီး တို့ စကိတ်တို့ စီးဖို့တစ်လမ်း ဗျာ အဆင်ပြေအောင်ပေါ့ စီစဉ်ပေးထားတာ။ ပြီးတော့ ဒါက ပတ်ဘလစ် ဆိုတဲ့ အများပြည်သူနဲ့ ဆိုင်တဲ့နေရာ။ လူမျိုးဘာသာ၊ အဆင့်အတန်းမရွေး အပန်းဖြေနိုင်ပါသည်ပေါ့ဗျာ။ ကမ်းခြေ တဲ့ ချောင်းသာ ၊ စက်စဲ ၊ မောင်းမကန် ရောက်ဖူးတဲ့ ကမ်းခြေ မှန်သမျှ ပြန်လွမ်းသွားတယ်။ ဘယ့်နှယ့် တစ်ထွာလောက် ဆင်းလျှောက်လိုက်တာနဲ့ ရေထဲ ရောက်သွားတော့တာပဲ။ ဒါတောင် လူတွေ အပန်းဖြေလို့ ရအောင် ကျွန်တော်တို့ ဆီက သဲတွေ ၀ယ်ပြီး လုပ်ပေးထားတာ ဆိုပဲ။ အားလုံး ကို ပြင်ဆင်ပေးထားတာတော့မိုက်ပါတယ်။ အပန်းဖြေစခန်း။ ကမ့်ချရန်နေရာ။ ဘာဘီကျူး လုပ်ရန်နေရာ။ စသဖြင့်ပေါ့ဗျာ။ စံနစ်ရှိတော့ အဆင်ပြေသပေါ့ဗျာ။ တော်တော်တော့ တော်တဲ့လူတွေ။ အစားအသောက်လည်း စုံတယ်။ ကမ်းခြေကလည်း ကြည့်လိုက်တာ ပင်လယ်ပြင်မြင်ရမလားမှတ်တယ်။ သင်္ဘောတွေနဲ့ ပိတ်နေတယ်။ ဟ ဟ။ ဒါပေမယ့် မရှိတဲ့ နေရာကို မရှိရှိအောင် လုပ်ထားတာ သာယာအောင် ဖန်တီးထားတာ ချီးကျူးဖို့ကောင်းသဗျာ။ နောက်ကိုယ်လည်း တစ်မျိုးတော့ တစ်မျိုးပဲ။ မြန်မာမြေပေါ် ပြန်နင်းနေရတာဆိုတော့ကာ ။ အားလုံးလည်း ရယ်ရယ်မောမော ရှေးဟောင်းနှောင်းဖြစ် ၊ နောင်ဖြစ် တွေ ပြော။ လေကလည်း တိုက် ဆိုတော့ဗျာ။ သာယာတယ်ပေါ့။ ဒီမှာ ၀ါးတာ စကီ လည်းရှိသဗျ။ ဒါလည်း မိုက်တာပဲ။ ကျန်းမာရေး အတွက် လာပြေး စကိတ်စီးနေတဲ့လူတွေ တော့ အတော်များသဗျ။ ကျန်းမာရေး အတွက်လာလုပ်ခါမှ ဒူးကွဲ ဒူးပြဲ သွေးတွေရွှဲနေတဲ့လူတွေ လည်း နိုင်းချင်း ပဲပေါ့ဗျာ။ ဟက်ဟက် ရယ် တော့ ရယ်ရသဗျနော်။ လူတွေ ရှုပ်စရာမရှိ ရှာကြံရှုပ်ကြပုံ။ ကိုယ့်ဘာသာ စည်းချက်မှန် ရှင်သန်နည်း ကိုမေ့ ၊ အတင်း စည်းချက် လိုက်မှန်။ ပြီးတော့ ... ဟက် ဟက် ဟက် ။

နောက်မိုးချုပ်ပြီ။ အိစ်တ် ကို့တ် က ပြန်။ အိမ်မပြန်ချင်ကြသေးဘူးလေ။ ဘယ်သွားမလဲ။ ပြန်ခေါင်းချင်းရိုက်။ စီးတီးဟောလ် နားက မြစ်ဆိပ်နားသွားမယ်။ အဲလို အကြံ ရ။ ကဲ လိမ့်ခဲ့တာပေါ့ဗျာ။

ရထားပေါ်ကဆင်း။ မြေအောက် က လျှောက်။ ကိုယ်က ဒီမှာ နည်းနည်း ကြာလာတော့ မီးရောင်တွေ ကိုတော့ ခံစားလို့ရလာပြီ။ ဒါပေမယ့် ရထားမြေအောက် ထဲ ၀င်သွားရင်တော့ ကြောက်နေတုန်းပဲ။ ထားပါ။ မြေအောက်က လျှောက်သွား။ တက် အပေါ်ကို တက် တက် တက်။ စက်လှေခါးတွေတဆင့်ပြီး တဆင့် တက်သွားတာ။ ဟာ......... ကျွန်တော် စင်ကာပူမှာ သဘောအကျဆုံး နဲ့ အကြိုက်ဆုံး နေရာ။ တကယ် အဲလိုပဲ ကျွန်တော် သတ်မှတ်တယ်။ တကယ်ဗျာ။ ဒါမျိုးသာ ကျွန်တော်တို့ ရန်ကုန်မှာရှိရင် ကျွန်တော် ဘယ်နေရာမှ မသွားတော့ဘူး စိတ်ချ။ ဒါကမှ တကယ့်စင်ကာပူရဲ့အညွန့်။ အမွန်။ ဘယ်လောက်တောင် အဆင့်မြင့်နေသလဲ ဆိုတဲ့ ဘယ်လောက်တောင် ခရီးရောက်နေသလဲ ဆိုတာ ပြနေတဲ့ စင်ကာပူ။ နာမည်က အက်စ်ပလန်ဒီ တဲ့။

အက်စ် ပလန်ဒီ ဆိုတာ စင်ကာပူရဲ့ အနုပညာ စင်တာလို့ ဆိုလို့ရသပေါ့ဗျာ။ ကားပတ်ကင် နောက် က ၀င်တဲ့ လမ်းမှာကို အင်စတော်လေးရှင်းတွေနဲ့ စတယ်။ ပြီးတော့ နံရံမှာ ကဗျာတွေ။ နောက် အင်စတော်လေးရှင်းတွေ။့  ဒါက ဖရီးရှိုးတွေဗျ။ ကိုယ့် ဖန်တီး နိုင်စွမ်းရှိသလောက် ပြလို့ရတဲ့နေရာ။ ပြီးတော့ စင်တာ ထဲကိုရောက် အဲ့မှာလည်း အင်စတော်လေးရှင်းတွေ အများကြီးပဲ။ ကျွန်တော်တို့ ဆီမှာ ပို့စ်မော်ဒန် အနုပညာဆိုတာတောင် တိုက်လို့ခိုက်လို့ ကောင်းတုန်း၊ ဒီမှာက အကုန်ခရီးရောက်နေပြီ။ ဗစ်စီရယ် အတ်တောင်ပြနေကြပြီ။ ခင်ဗျား ပြချင်ရင် ဖရီးပြ ရုံပဲ။ နောက် ဖရီး ရှိုးတွေ။ နောက် ပန်းချီတွေ၊ ပန်းပုတွေ။နောက် သီအေတာ တွေ။ ဘဲလေး တွေ။ တကယ့် အညွန့်တွေဗျာ။ အဲဒါက ဘယ်မှာ ဆောက်ထားတယ်မှတ်လဲ။ ကက်စီနိုနဲ့ တွဲထားတဲ့ အဆောက်အဦး ၃ခုပေါ်မှာ လှေတင်ထားတဲ့ အဆောက်အဦး ရှေ့ ၊ကာစီနိုရှေ့၊ စင်ကာပူ ဗီဇနက် စင်တာတွေရဲ့ ရှေ့ ၊မရီနာဘေ ၊ မာလိုင်းယွန်း လာဘ်ကောင် အစစ်ရှေ့၊ အိုဗျာ စင်ကာပူ ရဲ့ စင်ကာပူ ဆိုတာတွေအားလုံးကို စုထားတဲ့နေရာ အကုန်လုံးကိုလဲ လှမ်းမြင်နေရတယ်၊ စင်ကာပူရဲ့ည။ ဟို အသစ်ဆောက်ထားတဲ့ အပန်းဖြေ ဟိုတယ်ပေါ်က မီးမောင်းတွေကလည်း ပြင်းလှချည်။ အမျိုးသားနေ့ အကြို မီးရှုး မီးပန်းတွေဖောက်၊ နောက် တစ်မြို့လုံးက တိုက်တွေပေါ်မှာ တင်ထားတဲ့ အာကာသ ထဲတောင် ထိုးလို့ရတဲ့ မီးမောင်း ကြီးတွေ ကစား၊ နောက်က တီးနေတဲ့တီးဝိုင်း ရဲ့ အသံ က ဖြူးနေတဲ့ လေပေါ်မှာ မျောလာ ၊ ကျွန်တော် ကျွန်တော်တို့ နိုင်ငံ အကြောင်း တွေးမိပြီးတော့ မျက်ရည်တောင်ဝဲသွားတယ်။ တကယ်ဗျာ ကျွန်တော် စင်ကာပူ နိုင်ငံသားတွေ အနုပညာ မခံစား နိုင်ဘူးလို့ ထင်ထားတာ ကိုယ့်ကိုကိုယ်တောင် ပြန်ရှက်သွားမိတယ်။ ဒါပေမယ့် အဲ့အယူကတော့ မပျောက်သေးပါဘူး။ သူတို့ လှုပ်ရှားမှုတွေက စည်းချက်မှန်လွန်းနေတယ်လေ။ အချိန်ကိုက် လှုပ်ရှားနေတဲ့ အရာဝတ္တုတွေ ၊ ဒါပေမယ့် သူတို့ ရဲ့ အနုပညာ ဖန်တီးမှုတွေ ကလည်း မချီးကျူးနေလို့မရ။ သိပ်လှတဲ့ နေရာဗျာ။ အက်စ်ပလန်ဒီ ဆိုတာ သိပ်လှတဲ့နေရာ။ ကျွန်တော် ရောက်ဖူးသမျှထဲမှာတော့ ပါးစပ်အဟောင်းသား ဖြစ်သွားစေတဲ့ နေရာ။ အဲလိုကို အက်စ် ပလန်ဒီက အနုပညာတွေ ၀န်းရံ အဲဒါကိုက လှနေပါတယ်ဆို ၊ နောက် နောက် သူ့ရဲ့ တည်နေရာ က လူတွေရဲ့ အသိဥာဏ် အားထုတ်မှု တွေ ၊ လှပတဲ့ လူတွေရဲ့ အညွန့်မှန်သမျှ တွေ ဖူးပွင့် သီး ရွှန်းမှည့် နေတဲ့နေရာ၊ အက်စ် ပလန်ဒီ ဆိုတာ သိပ်လှတဲ့နေရာပေါ့။
သိပ်လှတာမှ ဘယ်ဘာသာစကားနဲ့ ရေးရေး သူ့အလှ ကို ဘယ်လိုမှ လုံလောက်အောင် မဖွဲဆိုနိုင်တဲ့ အက်စ်ပလန်ဒီပေါ့။ ရောက်ပြီးရင် ပြန်ခွာဖို့ မနည်းအားထုတ်နေရတဲ့နေရာပေါ့။ ဒါပေမယ့် ဘယ်လောက်အားထုတ်ထုတ် အချိန်တန်တော့လဲ ပြန်ကြရတာချည်းပါပဲ။ လူ့ဘ၀ မလား။

အပြန် အဒေါ်ကို ချန်ဂီမှာ သွားကြိုလာတယ်။ အကိုတစ်ယောက် ကားနဲ့ အိမ်ပြန်။ စင်ကာပူ ရဲ့ အားထုတ်မှု တွေကို ငေးမျှော် အဲဒါ ဟာ လူ့ယဉ်ကျေးမှု ရဲ့ အဆင့်အတန်းပဲမဟုတ်လား။ဟုတ်လား။ အဲလိုလား ဆိုတော့လဲ အဲလိုလဲမဟုတ်သေးပါဘူး။ အရာဝတ္တု တွေရဲ့ တိုးတက်မှုနောက်မှာ စိတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်မှုဟာ ကပ်ပါလာစမြဲပဲ။ ဒါဟာ စင်ကာပူ မလား။ စင်ကာပူ ရဲ့ အလှဟာ ရုပ်ဝတ္တု ၊ ဒါ ဟာလှနေရမှာပဲမလား။ သူတို့ လှအောင်လည်း အားထုတ်နိုင်ပါပေတယ်။ တော်ပါပေတယ် စင်ကာပူ။ တကယ့်ကို တော်ကြပါပေတယ် စင်ကာပူ။ ဒါပေမယ့် ဒီ အရာဝတ္တုတွေရဲ့ ဖိစီးမှု။ အဲ့ ဖိစီးမှုက မလွတ်မြောက်မှု အဲဒါဟာ ကျွန်တော့်ကို ခြိမ်းခြောက်နေတယ်။ ကိုယ် ကိုယ်တိုင်လဲ ဖိစီးခံချင်လို့ ဒီကိုလာခဲ့ရပြီ။ လူသားဟာ လွတ်လပ်ခြင်းကို မြတ်နိုးတယ်တဲ့။ကဲ....... ထူးဆန်းပါပေ့လူတို့ရယ်။

အိမ်ရောက်တော့... ညီအကို တွေစုံတုန်း ချက်ကစား။ ညီတစ်ယောက် ကို တက်စီ လိုက်ငှားပေး။ ပြီးတော့ ခါတိုင်းလိုပဲ ကိုယ့် မြန်မာပြည် ရှိမယ်ထင်တဲ့ဘက် ငေးမျှော် ၊ ပန်းကလေးရဲ့ အပြုံးလေးတွေကို စားမြုံပြန်၊ သွားခဲ့ဘူးတဲ့နေရာတွေ၊ ပျော်ခဲ့ဘူးတဲ့ အရပ်တွေ၊ ကျွန်တော်တို့ ပျော်ခဲ့ဖူးတဲ့ ရန်ကုန်၊ ကျွန်တော်တို့နှစ်ယောက် သိပ်ချစ်တဲ့ မြန်မာပြည်၊ ကျွန်တော်တို့ မြန်မာပြည် ရဲ့အလှဟာ....................

အ၀တ်အစား ညစ်နွမ်းနွမ်း သနပ်ခါး ပါးကွက်ကျား ထဲမှ အပြုံးတစ်စ ကို လှစ်ခနဲ ကျွန်တော်မြင်လိုက်မိသည်။ ။

ထွန်းနွယ်