Popular Posts

Tuesday, October 5, 2010

“မ” (၅)

မောင်ချောနွယ်၊ “မောင်ချောနွယ် ဆန်သွားသော နေ့များ”
ဇေယျာလင်း ၊ “၂၀၀၇”
ကြည်ဇော်အေး ၊ “ပထ၀ီအနေအထား”
အောင်ချိမ့် ၊ “အသည်းစွဲကဗျာဆရာ”
အောင်ချိမ့် ၊ “ဂန္တ၀င်မမ”

“ဂန္တ၀င်မမ”
ဒီမှာ ကျွန်တော်ရပ်သွားတယ်
ဒုန်းကနဲ ရပ်သွားတယ်

အဲလက်စ် ရဲ “မ..” သီချင်းကို
ဖွင့်လိုက်တယ်
“ဂန္တ၀င်မမ” ဖတ်လိုက်တယ်
ကဗျာတွေနဲ့ အတူ “မ..” ဟာ
ရှင်သန်နေထိုင်တယ်
“မ..” ရှိရင် ကဗျာတွေ ရှိနေတာနဲ့တူပြီး
“ကဗျာ”တွေ ရှိရင် “မ..” ရှိနေတာနဲ့တူတယ်
“မ..” ထဲမှာ ကဗျာတွေကို တူးဖော်တွေ့ရှိသလို
ကဗျာတွေထဲမှာ “မ..”ကို တူးဖော်တွေ့ရှိတယ်
ကဗျာတွေ ဖတ်ပြီး ကျေနပ်နေတဲ့ ကျွန်တော့ကို
“မ..”က “ပြီးပြည့်စုံ” ဆိုတာလေး
ခတ် ဖြည့် ပေးတယ်

ကဗျာဆရာ အိုမာခရမ် ပြောတဲ့
စာသားကို တခုထပ်ဖြည့်မယ်
“ကဗျာစာအုပ်တအုပ်ရယ်”
“စွန်ပလွံ့ ရိပ်ရယ်”
“၀ိုင်တခွက်ရယ်”
နောက် “မ..”ရယ် ။ ။

ထွန်းနွယ်
၁၃.၁၁.၀၉

No comments:

Post a Comment