ဒီ နှိုးစက် နာရီသံကို ပဲ
တစ်ညလုံး စောင့်အိပ်ခဲ့ ရတာ။
နိုးတာနဲ့ ခေါင်းပေါ်မှာ
နီယွန်မီးကြီး သာနေတာ။
လေးဘက်လေးတန် ပိတ်နေတဲ့
မနက်ခင်း ကို
ဝေ နေတဲ့ မျက်လုံးတွေနဲ့
လေးနေတဲ့ စိတ်ကြီး တွေနဲ့
ငါဟာ ငါနဲ့ ချွတ်စွတ်တူလာတာကို
။မတင်မကျ။မကျေမနပ်။လွမ်းလွမ်းဆွေးဆွေး။တက်တက်ကြွကြွ။
ပြီး
လည်နေတဲ့ စက်ကြီးထဲ
တစ်ခေါင်းလုံး ပြေးဝင်ထိုးစိုက်လို့
ဂျပန်ပြည် က ၁၇ နှစ်သား
စူဆိုက်သမားလေး ကို သတိရလို့
အမဲလိုက် အက ကို သတိရလို့
တစ်ခါစားခဲ့ဖူးတဲ့
အောင်သေ အောင်သား ကို သတိရလို့
အဲ့သတိရမှု အကုန်လုံး ကို
သတိရဖို့ ကို သတိမရလို့
နီယွန်မီးတွေအောက်မှာ
အပန်ဖြေ အနားယူနိုင်ဖို့
နီယွန်မီးတွေ ထွန်းရင်း
။ကိုယ်၊ စိတ် ၊ နှလုံး သုံးပါးလုံး(လုံး)။
ပင်ပန်းလိုက်ကြတယ်။ ။
ထွန်းနွယ်
(၆.၂.၂၀၁၁)
Popular Posts
-
သတင်း တစ်ခု တင်ပို့ လိုက်သလို ဈေးကွက်ဝင်ပြီး အသင့် စားသုံးနိုင်/မနိုင် အခံသား ကွာတာနဲ့အမျှ အရသာက တစ်မျိုးစီ ဒီမိုကရေစီ ဆိုတော့လဲ ကဲသာ...
-
အောက်စီဂျင် ၊ ရေ ၊ အစားအစာ လူဖြစ်မှု ဆက်တည်ရေး ဒါတွေအပြင် ကဗျာ၊ အရက် ယမကာနဲ့ မာရီယာ နိုင်ငံရေး ၊ စစ်ရေး ၊ ကမ္ဘာ့အရေး မန်ယူပွဲ ...
-
လူ လို့ စပြောလိုက်ရင် နာမည် ဆိုတာ နဲ့ စ တပ်ရတော့တာပဲဗျ။ အဖေပေးတဲ့နာမည် ၊ ဟော နာမည် မသိတဲ့လူ ဆိုရင်တောင် ကိုယ့်ဘာသာ စိတ်ထဲမှာ နာမည် ကောက်တပ်ြ...
-
ကလေးငယ် ချစ်စဖွယ်" သင်ချိန်ကစလို့ ယခုအချိန်အထိ မြန်မာစာ အကြောင်း ကို တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ စေ့စေ့ မတွေးခဲ့ဖူးပါ။ တွေးလိုက်မိပြန်ေ...
-
ဟိုနေ့က ဟီရာအက်ချီ ပြောမယ်ဆိုတာက နေ ဒီရောက်သွားပါတယ် ဒီ အကို နဲ့ ဟိုဟို ဒီဒီ ပါ ဒီဒီ ဟိုဟိုလည်း ဖြစ်မှာပေါ့ ဖတ်လိုက်ပါအုံး ဖောထားတာ တွေပါ မ...
-
ဂျူး ဆိုတာ ကျွန်တော်တို့ တန်း မှာ လုံးဝ မသိမဖြစ် တဲ့ စာရေးဆရာမ တစ်ပါး ကဲ သူ့အကြောင်းလေး ကို စပ်မိစပ်ရာ လေပစ်ခဲ့ကြပုံ က me:ခင်ဗျား က ဂျူးေ...
-
* နန္ဒ မင်းခေါင် ဒါတွေ အားလုံး စု ကဗျာတစ်ပုဒ် လုပ်လိုက်တယ် ဖတ်ပါအုံး စိတ်မပျက်စတမ်း။ 2 seconds ago · Friends...
-
တော်ဖလာ က ပြောတာကြားဖူးတယ်။ ယဉ်ကျေးမှု ရှိတဲ့ လူစင်စစ်သာလျှင် အနုပညာကို ခံစားတတ်တယ်။ ဒါ့အပြင် လုံလောက်တဲ့ စားဝတ်နေရေး ၊ လုံလောက်တဲ့ နားနားနေေ...
-
မြန်မာ ပြည် ရွေးကောက်ပွဲ ကြီးလည်း ပြီးသွားပြီ။ ဒေါ် စုလည်းလွတ်လာပြီ။ အော်တဲ့လူလည်းအော်တယ်။ ဆဲတဲ့လူလည်း ဆဲတယ်။ မြိုင်ဆိုင်ပါ့ဗျာ။ မထောက်ခံတဲ့လ...
-
ဒီနေ့ က ရောက်တာ ၃ ရက်မြောက်နေ့။ သူငယ်ချင်းတစ်ယောက် အင်တာဗျူးရှိတယ်။ သူ့သတင်း မျှော်နေတာ။ အပြန် ၀င်လာခဲ့မယ်တဲ့။ ကိုယ်ကတော့ သတင်းစာတွေကြား ခေ...
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Saturday, February 5, 2011
Saturday, December 11, 2010
ယခု ခေတ်စားနေသော (၁၀)
ဘတ်(စ်) ကား စီးရတာ မူးလှသည်။
မှတ်တိုင်များ
တစ်
တိုင်
ပြီး ..၊ တစ်တိုင်
ကျော်ခဲ့ ပြီးပြီ။
နောက်..
တစ်
တိုင်
ပြီး...၊ တစ်တိုင်
လာပေလိမ့်အုံးမည်။
ရှေ့မှတ်တိုင်
စမ်း ၊ ဆန်း ကြည့်ရမည်။ ။
ထွန်းနွယ်
(၁၁.၁၂.၂၀၁၀)
မှတ်တိုင်များ
တစ်
တိုင်
ပြီး ..၊ တစ်တိုင်
ကျော်ခဲ့ ပြီးပြီ။
နောက်..
တစ်
တိုင်
ပြီး...၊ တစ်တိုင်
လာပေလိမ့်အုံးမည်။
ရှေ့မှတ်တိုင်
စမ်း ၊ ဆန်း ကြည့်ရမည်။ ။
ထွန်းနွယ်
(၁၁.၁၂.၂၀၁၀)
Saturday, November 6, 2010
အသက်ရှင်ဖို့ ဘာတွေလို
အောက်စီဂျင် ၊ ရေ ၊ အစားအစာ
လူဖြစ်မှု ဆက်တည်ရေး
ဒါတွေအပြင်
ကဗျာ၊ အရက် ယမကာနဲ့
မာရီယာ
နိုင်ငံရေး ၊ စစ်ရေး ၊ ကမ္ဘာ့အရေး
မန်ယူပွဲ ၊ လီဗာပူးပွဲ ၊ လဗိုက်
လန်ဘော်ဂီနီ၊ လော်ရယ်
စသဖြင့် နဲ့
အချစ် အမုန်း ခင်မင်မှု
လူလူချင်း စာနာထောက်ထားမှု
များကို အမြင်တင့်လိုပါက ချခါနီး ဖြူး
အရသာ ရှိစေရန်
ရမ္မဆန္ဒများများ
စည်းကမ်း လူ့ကျင့်ဝတ် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်၊
တရားပွဲ လည်းသွား
ဖာတန်း လည်း မအား
မဃဒေ၀ လင်္ကာ ၊ ဓမ္မပဒ ဖတ်
ပွန်းဆိုက်များကိုလည်း လက်မလွတ်နှင့်
ကျော်ပါ ၊ ခွပါ ၊ နင်းပါ ၊ ပြုပါ
အမြင်လေးကို စောင်း
အိပ်မက်တွေ အများကြီးမက်
ဂန္ဒီက ဗိုလ်ချုပ်အောင်ဆန်းက
မာသာ ထရီဇာ က ဂေါတမက
သခင်ယေရှု က တမန်တော် မိုဟာမက်က
အဲလို အဲလို အဲလို
သိပ်လှတာပေါ့
သိပ်လှတာပေါ့ လို့
တစ်ရက်ကို သုံးခါ တိတိမပြည့်မချင်း မြည်တမ်း။
ဘာသာတရားအကြောင်း ပြောလိုက်
ဘာသာစကား အကြောင်းပြောလိုက်
ဝင်လာမယ် နိုင်ငံရေး အချစ်ရေး အိမ်ထောင်ရေး
စားဝတ်နေရေး၊
သိပ်မိတာပေါ့ ကိုလူလင်းရာ
သိပ်လန်းတာပေါ့ ကိုသီဟရာ
လူလူချင်းပေါင်းသင်းဆက်ဆံနေရတာ
ဘုမသိ ဘမသိ လူဖြစ်လာရတာ
ခပ်တည်တည်နဲ့ အဖြေထုတ်ပြလိုက်တယ်
ခပ်တည်တည်နဲ့ ကဗျာ ဖတ်ပြလိုက်တယ်
ခပ်တည်တည်နဲ့ စာရေး ပြလိုက်တယ်။
ဟေ့လူ ရိုးလာရင်
နောက် တစ်ယောက်ပြောင်း ဆိုတော့
အရိုးလေး ကျန်သေးတယ် ဟ ဆိုတာ ရှိသေး
ဘာနဲ့အသက်ရှင်လဲ ဆိုတော့
ငွေက အရေးမကြီးပါဘူး ရွှေက အရေးမကြီးပါဘူး နဲ့
အင်း.... အဲ..။
ခက်တယ်
ကိုယ်လည်း ဘာအကြောင်းပြချက်နဲ့
အသက်ဆက်ရှင်ရမလဲ တွေး၊
သောနုတ္တရ မုဆိုးကို သွားသတိရမိ။
ကြုံရင် မေးချင်သေးပါရဲ့
မာယာကော့စကီး တို့ ကက်ကိုဘိန်းတို့လို၊
ဘာအကြောင်းပြချက်နဲ့ အသက်ရှင်ရမလဲ ဆိုပြီး သွားမဆွေးနဲ့
အသက်ရှင်ဖို့ ဘာတွေလိုမလဲ၊ ဆို ဆို ပြီးသာ ဆွေး။ ။
ထွန်းနွယ်
(၆.၁၁.၂၀၁၀)

Sunday, October 10, 2010
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
ဘယ်လိုလဲ
ဘီယာအေးအေးလေး သောက်လိုက်ရတဲ့နောက်
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
စီးပွားရေးလေးအဆင်ပြေတော့
စိတ်ထဲကျေနပ်နေတယ်မဟုတ်လား
ရေဒီယိုလေးနားထောင်၊ ဂျာနယ်လေးဖတ်
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
အပျင်းပြေ ပိုကာလေးဆွဲ
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
ဝတ်ပြုမှုအပြီး
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
နိုင်ငံ့အကြောင်း၊ ပြည့်အကြောင်း ပြည့်ပြည့်စုံစုံ ဆွေးနွေးလိုက်ရတော့
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
လွတ်လပ်စွာပြောဆိုခွင့်
လွတ်လပ်စွာရေးသားခွင့်
လွတ်လပ်စွာစုရုံးခွင့်
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
အနုပညာသည် ပြည်သူ့အတွက်
အနုပညာသည် အနုပညာအတွက်
အနုပညာသည် ...
နားမလည်ရင် မဖတ်နဲ့
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
ဗဟိုကို ဆန့်ကျင်တယ်၊ ငြင်းဆန်တယ်
စိတ်ထဲကျေနပ်သွားတယ်မဟုတ်လား
အရှိဟာ အရှိ၊ အမှန်ဟာ အမှန်
စိတ်ထဲ ကျေနပ်ပါ့မလား
ဒီကဗျာကို ဖတ်ရတာကော
စိတ်ထဲကျေနပ်ပါသလား
လူ့အဖြစ်မှာကော
စိတ်ထဲကျေနပ်ပါရဲ့လား?
သူရသီဟသူရ
၁၀-အောက်တိုဘာ-၂၀၁၀

Friday, October 8, 2010
ကဗျာက ချောက်ထဲ ကျတော့မယ်
ဒီအတိုင်းပဲ ကြည့်နေတော့မှာလား
ကဗျာက ချောက်ထဲ ကျတော့မယ်
ရာသီဥတုတွေမကောင်းတဲ့ကြား
နိုင်ငံရေးတွေလှိုင်းထန်နေတဲ့အကြား
ဒီအတိုင်းပဲ ကြည့်နေတော့မှာလား
ကဗျာက ချောက်ထဲ ကျတော့မယ်
စီးပွားရေးတွေကျပ်တည်းကြတယ်
မိသားစုတွေတကွဲတပြား
ကျေးရွာတွေမီးရှို့ခံရတယ်
သူ့လူလား ကိုယ့်ဘက်သားလား
အမှန်ကို ခြစ်/ချစ်?
ကဗျာက ချောက်ထဲ ကျတော့မယ်
ဒီအတိုင်းပဲလား
ကြောင်ကို ရေချိုးပေးဆဲလား
မာရီယာ
မာရီယာ
မာယာ
ဒီအတိုင်းပဲ ကြည့်နေတော့မှာလား
ကဗျာက ချောက်ထဲကျတော့မယ်
ပေါင်မုန့် နဲ့ ဝိုင် ရယ်
ဒီအတိုင်းပဲ ကြည့်နေတော့မှာလား
ကဗျာက ချောက်ထဲကျတော့မယ်
ပေါင်မုန့်မရှိလို့ ကိတ်မုန့်စားနေကြသလား
ကဗျာက ချောက်ထဲ ကျတော့မယ်
ပြောနေရင်းကကို
ကဗျာက ချောက်ထဲ
ကျ
တော့
မယ်
သူရသီဟသူရ
(၈-အောက်တိုဘာ-၂၀၁၀)
ကဗျာက ချောက်ထဲ ကျတော့မယ်
ရာသီဥတုတွေမကောင်းတဲ့ကြား
နိုင်ငံရေးတွေလှိုင်းထန်နေတဲ့အကြား
ဒီအတိုင်းပဲ ကြည့်နေတော့မှာလား
ကဗျာက ချောက်ထဲ ကျတော့မယ်
စီးပွားရေးတွေကျပ်တည်းကြတယ်
မိသားစုတွေတကွဲတပြား
ကျေးရွာတွေမီးရှို့ခံရတယ်
သူ့လူလား ကိုယ့်ဘက်သားလား
အမှန်ကို ခြစ်/ချစ်?
ကဗျာက ချောက်ထဲ ကျတော့မယ်
ဒီအတိုင်းပဲလား
ကြောင်ကို ရေချိုးပေးဆဲလား
မာရီယာ
မာရီယာ
မာယာ
ဒီအတိုင်းပဲ ကြည့်နေတော့မှာလား
ကဗျာက ချောက်ထဲကျတော့မယ်
ပေါင်မုန့် နဲ့ ဝိုင် ရယ်
ဒီအတိုင်းပဲ ကြည့်နေတော့မှာလား
ကဗျာက ချောက်ထဲကျတော့မယ်
ပေါင်မုန့်မရှိလို့ ကိတ်မုန့်စားနေကြသလား
ကဗျာက ချောက်ထဲ ကျတော့မယ်
ပြောနေရင်းကကို
ကဗျာက ချောက်ထဲ
ကျ
တော့
မယ်
သူရသီဟသူရ
(၈-အောက်တိုဘာ-၂၀၁၀)
Tuesday, October 5, 2010
“မ” (၅)
မောင်ချောနွယ်၊ “မောင်ချောနွယ် ဆန်သွားသော နေ့များ”
ဇေယျာလင်း ၊ “၂၀၀၇”
ကြည်ဇော်အေး ၊ “ပထ၀ီအနေအထား”
အောင်ချိမ့် ၊ “အသည်းစွဲကဗျာဆရာ”
အောင်ချိမ့် ၊ “ဂန္တ၀င်မမ”
“ဂန္တ၀င်မမ”
ဒီမှာ ကျွန်တော်ရပ်သွားတယ်
ဒုန်းကနဲ ရပ်သွားတယ်
အဲလက်စ် ရဲ “မ..” သီချင်းကို
ဖွင့်လိုက်တယ်
“ဂန္တ၀င်မမ” ဖတ်လိုက်တယ်
ကဗျာတွေနဲ့ အတူ “မ..” ဟာ
ရှင်သန်နေထိုင်တယ်
“မ..” ရှိရင် ကဗျာတွေ ရှိနေတာနဲ့တူပြီး
“ကဗျာ”တွေ ရှိရင် “မ..” ရှိနေတာနဲ့တူတယ်
“မ..” ထဲမှာ ကဗျာတွေကို တူးဖော်တွေ့ရှိသလို
ကဗျာတွေထဲမှာ “မ..”ကို တူးဖော်တွေ့ရှိတယ်
ကဗျာတွေ ဖတ်ပြီး ကျေနပ်နေတဲ့ ကျွန်တော့ကို
“မ..”က “ပြီးပြည့်စုံ” ဆိုတာလေး
ခတ် ဖြည့် ပေးတယ်
ကဗျာဆရာ အိုမာခရမ် ပြောတဲ့
စာသားကို တခုထပ်ဖြည့်မယ်
“ကဗျာစာအုပ်တအုပ်ရယ်”
“စွန်ပလွံ့ ရိပ်ရယ်”
“၀ိုင်တခွက်ရယ်”
နောက် “မ..”ရယ် ။ ။
ထွန်းနွယ်
၁၃.၁၁.၀၉

“မ..” (၇)
နှလုံးသားနဲ့ ဦးဏှောက်နဲ့
ဘာနဲ့ ညာနဲ့
စဉ်းစားပါတဲ့..။
အာခိမိဒီ စဉ်းစားခဲ့တယ်
ကွန်ဖြူးရှပ် စဉ်းစားခဲ့တယ်
ဂယ်လီလီယို စဉ်းစားခဲ့တယ်
ခုလည်း....
ကျွန်တော် စဉ်းစားခဲ့တယ်။
နဖူးပေါ်လက်တင် စဉ်းစားတယ်
လက်ပေါ်နဖူးတင် စဉ်းစားတယ်
ထပြီးစဉ်းစားတယ်
ထိုင်ပြီးစဉ်းစားတယ်
ဘယ်လိုပဲ စဉ်းစား စဉ်းစား
............................
“မ..” ကိုချစ်တာပဲ
အဖတ်တင် ကျန်ရစ်တယ်။ ။
ထွန်းနွယ်
(၁၄.၁၂.၀၉)
ဘာနဲ့ ညာနဲ့
စဉ်းစားပါတဲ့..။
အာခိမိဒီ စဉ်းစားခဲ့တယ်
ကွန်ဖြူးရှပ် စဉ်းစားခဲ့တယ်
ဂယ်လီလီယို စဉ်းစားခဲ့တယ်
ခုလည်း....
ကျွန်တော် စဉ်းစားခဲ့တယ်။
နဖူးပေါ်လက်တင် စဉ်းစားတယ်
လက်ပေါ်နဖူးတင် စဉ်းစားတယ်
ထပြီးစဉ်းစားတယ်
ထိုင်ပြီးစဉ်းစားတယ်
ဘယ်လိုပဲ စဉ်းစား စဉ်းစား
............................
“မ..” ကိုချစ်တာပဲ
အဖတ်တင် ကျန်ရစ်တယ်။ ။
ထွန်းနွယ်
(၁၄.၁၂.၀၉)
လူ(၁)
ကျေးဇူးပြုပြီး တိတ်တိတ်လေးနေပါဗျာ
ကျွန်တော် သွားတိုက်မလို့
ကျေးဇူးပြုပြီး ငြိမ်ငြိမ်လေးနေပါဗျာ
ကျွန်တော် မျက်နှာသစ်မလို့
ကျေးဇူးပြုပြီး စကားမပြောပါနဲ့ဗျာ
ကျွန်တော် ထမင်းစားမလို့
ကျေးဇူးပြုပြီး အေးဆေးနေပါဗျာ
ကျွန်တော် အိပ်မလို့
..................
ပြဒါးမှန် အပြည့် တပ်ထားတဲ့ အခန်းထဲမှာ
အဲဒီ “ကျွန်တော်” တစ်ယောက်တည်းဗျ။ ။
ထွန်းနွယ်
(၁၈.၅.၀၉)
ကျွန်တော် သွားတိုက်မလို့
ကျေးဇူးပြုပြီး ငြိမ်ငြိမ်လေးနေပါဗျာ
ကျွန်တော် မျက်နှာသစ်မလို့
ကျေးဇူးပြုပြီး စကားမပြောပါနဲ့ဗျာ
ကျွန်တော် ထမင်းစားမလို့
ကျေးဇူးပြုပြီး အေးဆေးနေပါဗျာ
ကျွန်တော် အိပ်မလို့
..................
ပြဒါးမှန် အပြည့် တပ်ထားတဲ့ အခန်းထဲမှာ
အဲဒီ “ကျွန်တော်” တစ်ယောက်တည်းဗျ။ ။
ထွန်းနွယ်
(၁၈.၅.၀၉)
“ဂန္တ၀င်မမ” မဟုတ်သော သူသည်
“ဂန္တ၀င်မမ“ မဟုတ်သော သူ့ကို
ကျွန်တော် ၀ဋ်ဒုက္ခကြီးမားစွာ စောင့်နေခဲ့ဖူးပါသည်။
သို့သော် ကျွန်တော့် အတွက်မူ
သူ၏ ခြေလှမ်းများမှာ
“ဂန္တ၀င်မမ“ ကဲ့သို့ ၀ဋ် ဒုက္ခ မကြီးပါ။
ကျွန်တော်၏ ရပ်တည်မှုကို သူ အသိအမှတ်ပြုပါ၏။
သို့သော် ထိုရပ်တည်မှု၏ အရိပ်ကို ခါးသီးစွာ ငြင်းဆိုသည်။
သူ၏ အရိပ်ကို ထိုရပ်တည်မှု အရိပ်က ထပ်တူကျမှု (၀ါ) ဖုံးလွှမ်းမှုကို
သူ ထပ်မံ ငြင်းဆို၏။
“အကြိမ်ကြိမ် အခါခါ” ငြင်းဆို၏။
ကျွန်တော့် “ရပ်တည်မှု” ၏ အရိပ်ကို ဖြတ်ချိန်တွင်
တဆိတ်
သူ့အတွက် အနည်းဆုံး အေးချမ်းမှုတော့ ပေးချင်၏။
သို့သော် ကျွန်တော့်အရိပ်ကို သူ ရှောင်ကွင်းသွားပါသည်။
ကျွန်တော်၏ ရပ်တည်မှု (၀ါ) တည်ရှိမှုကို သူ အသိအမှတ်ပြုသော်လည်း
သူ ၏ အဘိဓါန်ထဲ တွင် ကျွန်တော် မရှိခဲ့ပါ။
သူ၏ လျစ်လျူရှုမှု သည် လေထုထဲရှိ
ကျွန်တော့် အောက်ဆီဂျင် များနှင့် ဓါတ်ပြုကာ “နာကျင်ခြင်း” ကို ဖြစ်တည်စေ၏။
ထို “နာကျင်ခြင်း” ကိုသာ ကျွန်တော် ရှုရှိုက် နေရသည်။
ထို “နာကျင်ခြင်း” ပင်လျှင် ကျွန်တော့် အတွက် “နေသာထိုင်သာမှု” ဖြစ်၏။
ထို “နေသာထိုင်သာခြင်း” ကို ပင်လျှင် ကျွန်တော် ခြင်ခြင်းတက်စွာ ဖက်တွယ်ထား၏။
ထို့ကြောင့် သူသည် ကျွန်တော့် အတွက်
တစ်ဦးတည်းသော “သူ” ဖြစ်နေခြင်း ဖြစ်သည်။ ။
ထွန်းနွယ်
(၁၅.၅.၀၉)

လျှိ့ဝှက်ထားကြပါ
တို့တစ်တွေ
ဥာဏ်ပညာတွေ
ချစ်ခြင်းတရားတွေ
(ရှုး.... တိုးတိုး)
လူအဖြစ်ဟာ
ဘာမှ မဟုတ်ဘူးဆိုတာ
ဘုရားသခင် မသိစေနဲ့။ ။
ထွန်းနွယ်
ဥာဏ်ပညာတွေ
ချစ်ခြင်းတရားတွေ
(ရှုး.... တိုးတိုး)
လူအဖြစ်ဟာ
ဘာမှ မဟုတ်ဘူးဆိုတာ
ဘုရားသခင် မသိစေနဲ့။ ။
ထွန်းနွယ်
ကျောက်တူးရ်ျ ရသော
အဲဒီမှာ..
အစွယ်လိုသူ မိဖုရားတစ်ပါးရှိတယ်
အသွားစေခိုင်းသူ မင်းဧကရာဇ် ရှိတယ်
လေးပစ်သူ မုဆိုးရှိတယ်
အပစ်ခံရသူ ဘယ်သူမှ မရှိခဲ့ဘူး ။
အဲဒီမှာ..
ဦးပုညရှိတယ်
ဆဒ္ဒန်ဆင်မင်းဇာတ်ရှိတယ်
ကဗျာတစ်ပုဒ်ရှိတယ်
ကဗျာရေးသူ ကျွန်ုပ် ရှိတယ်
ကဗျာ ဆိုတာ မရှိပြန်ဘူး ။
အဲဒီမှာ..
လူရှိတယ်
ဘာသာစကားရှိတယ်
ဘသာစကားနောက်
......................လိုက် သိမှုရှိတယ်
ပေါင်းထပ်ဖန်တီး သိမှု ရှိတယ်
အသစ်ကြုံသိ သီးသန့် မရှိပြန်ဘူး ။
အဲဒီမှာ..
စာတစ်ကြောင်း နဲ့ စလိုက်တယ်
စာတစ်ကြောင်း နဲ့ ဆုံးလိုက်တယ်
ဘာမှလည်း နောက်... မရှိပြန်ဘူး ။
ဒီလောက်ဆို
စာဖတ်သူလည်း ရိပ်မိမှာပါ
ကျွန်တော် ၊ ဘာအကြောင်း မှ
ရေးနေတာ မဟုတ်ဘူးဆိုတာ ...
ထွန်းနွယ်
အစွယ်လိုသူ မိဖုရားတစ်ပါးရှိတယ်
အသွားစေခိုင်းသူ မင်းဧကရာဇ် ရှိတယ်
လေးပစ်သူ မုဆိုးရှိတယ်
အပစ်ခံရသူ ဘယ်သူမှ မရှိခဲ့ဘူး ။
အဲဒီမှာ..
ဦးပုညရှိတယ်
ဆဒ္ဒန်ဆင်မင်းဇာတ်ရှိတယ်
ကဗျာတစ်ပုဒ်ရှိတယ်
ကဗျာရေးသူ ကျွန်ုပ် ရှိတယ်
ကဗျာ ဆိုတာ မရှိပြန်ဘူး ။
အဲဒီမှာ..
လူရှိတယ်
ဘာသာစကားရှိတယ်
ဘသာစကားနောက်
......................လိုက် သိမှုရှိတယ်
ပေါင်းထပ်ဖန်တီး သိမှု ရှိတယ်
အသစ်ကြုံသိ သီးသန့် မရှိပြန်ဘူး ။
အဲဒီမှာ..
စာတစ်ကြောင်း နဲ့ စလိုက်တယ်
စာတစ်ကြောင်း နဲ့ ဆုံးလိုက်တယ်
ဘာမှလည်း နောက်... မရှိပြန်ဘူး ။
ဒီလောက်ဆို
စာဖတ်သူလည်း ရိပ်မိမှာပါ
ကျွန်တော် ၊ ဘာအကြောင်း မှ
ရေးနေတာ မဟုတ်ဘူးဆိုတာ ...
ထွန်းနွယ်
ယခု ခေတ်စားနေသော (၆)
အို..ပန်ဒိုရာ
အဲ့သေတ္တာကို
ဘာမျှော်လင့်ချက်နဲ့များ
.........................ကိုင်ထားချင်ရတာတဲ့ တုံးကွယ်
ငါတို့မှာ စုတ်ပြတ်သတ်နေပါပြီ။ ။
ထွန်းနွယ်
အဲ့သေတ္တာကို
ဘာမျှော်လင့်ချက်နဲ့များ
.........................ကိုင်ထားချင်ရတာတဲ့ တုံးကွယ်
ငါတို့မှာ စုတ်ပြတ်သတ်နေပါပြီ။ ။
ထွန်းနွယ်
Monday, October 4, 2010
ဒါတွေ အားလုံးစု ကဗျာ တစ်ပုဒ်လုပ်လိုက်တယ်
*
နန္ဒ မင်းခေါင် ဒါတွေ အားလုံး စု ကဗျာတစ်ပုဒ် လုပ်လိုက်တယ် ဖတ်ပါအုံး စိတ်မပျက်စတမ်း။
2 seconds ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် အောက် ကနေ စဖတ် ပါ။
2 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် လောကမှာ အမြင်ဟာ အရေးကြီးတယ်။ မယုံရင် သရီးဒီ ရုပ်ရှင်တွေကြည့်ကြည့်။
2 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် ရပ် ကြည့် သွား။ ဆိုလို့။ သွား ရပ် ကြည့် လိုက်တာ။
2 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် အရက်သောက်တယ်ဆိုတာ လူ့လောကကြီးကို တည်ဆောက်တာပဲ။
3 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် မူးလာရင် ခဏ ခဏ ပြောတယ် အားလုံး ပျော်ရွှင် ကြပါစေကြောင်း။
4 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် ယုံကြည်တယ် ဆိုတာ ကိုယ်လုပ်တာ မဟုတ်ဘူး။ သူများ ပေးထားတာ။ အဲဒါ မှတ်ထား။
5 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် အထီးကျန်တယ် ဆိုတာ ဘာလဲ သိလား။ သိပ်ကောင်းတဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပဲ။
6 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် ကျွန်တော့် ဟုမ်းပေ့မှာ ကျွန်တော်ချည်း မဖြစ်သေးလို့ဗျ။ ခဏ သည်းခံပါ။
7 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် ဘယ့်နှယ့် မိတ်ဆွေကြီး ပျင်းနေပြီမှုတ်လား။
8 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် အကြောင်းရှာစရာ ဘာသာတရားကလည်း အဆင်သင့် နဲ့။
8 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် ပျင်းလာရင် လျှောက် ရေးလို့ ရတဲ့ ဘာသာစကား ရှိတာ သိပ်ကောင်းတယ်။
10 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် ပျော်တယ်ဆိုတာ ပျင်းရိခြင်း ရဲ့ အခြား မူကွဲ တစ်ခုပဲ။
11 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် နိုင်ငံရေး ဆိုတာ ငါ့ အရေးလို့ ဆိုလိုတာမှမဟုတ်တာ။ ကမ္ဘာမှာ နိုင်ငံတွေ အများကြီး။
12 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် ဒါလီ ရဲ့ နာရီတွေလည်း စိတ်ပျက်လာပုံရတယ် အရည်ပျော်ကြနေပြီ။
12 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် ပျင်းလာလို့ တူလေးနဲ့ပါ အရာထွင်းပေးသေး။ ငါသာဆို ပေါက်ခွဲ ပစ်မှာ။ ဒါ ဒူးရွှန့်ကို အဲလို ဂုဏ်ပြုသင့်တယ်။
13 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် ခုခေတ် ပို့စ်မော်ဒန်က THE FOUNTAIN ကို သွား သေးပန်းပစ်လိုက်တယ်။ဒါ ဂုဏ်ပြုတာပဲ။
20 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် ခေါင်းမာ တဲ့ ခေါင်းဆောင်တွေကို ပိုလို့တောင်ကြသေး။
21 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် သူရဲဘောကြောင်တယ် ဆိုတာ နည်းနည်းနောနော စဉ်းစား ဥာဏ် ရှိတဲ့သူ မလား။
21 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် ခေါင်းဆောင်ကောင်း ဆို ခေါင်းရှောင် တော်ရမယ်။ အဲလိုလူကို မဲပေးမယ်။
22 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် နိုင်ငံ ကြီးခေါင်းစားအောင် လုပ်မယ်။
22 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် ကြာပါတယ်ကွာ တိုက်ကြက်ဖ နဲ့ဆိုပိုကောင်းမလား တိန်ညင်ကြက်နဲ့ဆို ပိုကောင်းမလား ပျင်းတယ် စပိတ်လေးပါ ထည့်လိုက်။
23 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် ငါကတော့ ပျံ ဒေါင်း ရုပ်နဲ့ ပါတီဖွဲ့မယ်။
24 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် ဗုဒ္ဒဘာသာကို မကိုးကွယ် မနေရ ဆိုတဲ့ ဥပဒေ ထုတ်မယ် ကတိပေးတဲ့ ဦးနု ကို ငါသိပ်မုန်းတယ်။
25 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် ဦးနု တုန်းက ဘုရားလောင်း ဆိုပြီး မဲတွေ ၀ိုင်းပေးကြသတဲ့တော်။
27 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် ဒါနဲ့ လမ်းကြုံရင် မဲ ၀င်ပေးသွားနော်။ ခမည်းကြိုး စည်းပေးတယ်။
27 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် ပို ကီ မွန် ခရေဇီ သည် သာ အသင့်တော်ဆုံး စံနစ်။ (ပိုကီမွန် ဆော့တဲ့ကလေး တစ်ယောက်ပြောစကား)
28 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် ၀ါသနာ ပါရင် လမ်းပေါ် ပြန်တက်ခဲ့ပါ။
29 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် လောကမှာ အမြဲမှန်တဲ့တရား ဘယ်ပြည်သူမှ အစိုးရကို မကြည်ညိုဘူး။
30 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် ဆွဲ မပေး ဘဲ နေကြစို့။ (ဟင့်အင် အဲလိုကြီး လုပ်နဲ့လေ)
30 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် လကား ရမှု မရှိတဲ့ ဆွေး ပေါက် ကွဲ။
31 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် သွေးသောက်ပွဲ ကန့်ကွက်ခြင်း။
32 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် ခမည်းပေးကြစို့။
32 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် အမြည်း စား ကြစို့။
33 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် မည်း ပေး ကြစို့။
33 minutes ago · Friends only · Comment · LikeUnlike
o
o
o
o Write a comment...
*
နန္ဒ မင်းခေါင် အမုန်းရောဂါ၊ သတိ ကူးစက်လွယ်သည်။
37 minutes ago · Friends only · Comment · Like

ခေတ်ပြိုင်နေထိုင်ရ်ျ ကဗျာရေးခြင်း
သတင်း တစ်ခု
တင်ပို့ လိုက်သလို
ဈေးကွက်ဝင်ပြီး အသင့် စားသုံးနိုင်/မနိုင်
အခံသား ကွာတာနဲ့အမျှ
အရသာက တစ်မျိုးစီ
ဒီမိုကရေစီ ဆိုတော့လဲ
ကဲသာကဲ ကဲသာကဲ
ဆွဲမှာပဲ ဆိုလို့ဆို
ရည်ရွယ်ချက် မပါရင်
အမှု မြောက်/မမြောက်
(.....................)
ဝတ်မှုန်ရွှေရည် ဟာ ၀တ်မှုန်ရွှေရည် ဖြစ်ပြီးတော့
ပြည့်တန်ဆာမလေး မြူနှင်းဟာ ပြည့်တန်ဆာမလေး မြူနှင်းဖြစ်တယ်
ဘာလဲ
ဖြတ်ညှပ်ကပ်လောကကြီးထဲ
ဘာကို ဖြတ်တောက်ထုတ်ဖို့ကြံနေရပြန်တာလဲ
ခင်ဗျားဟာလည်း ဖွဲ့စပ်ကြီး
ကျွန်တော်ဟာလည်း ဖွဲ့စပ်ကြီး
ဟိုစပ်စပ် ဒီစပ်စပ် ထည့်စပ်ထားတဲ့
ဖွဲ့စပ်ကြီး။
လိုက်တင်ပြောင်းသလို
ပုံသဏ္ဍာန် လုပ်ဆောင်မှု သရုပ်ဆောင်မှု ပြောင်းတယ်
သေချာတာကတော့
မင်းသားပါမှ ဇာတ်ကလို့ရမယ့်ခေတ်က ကုန်သွားပြီ
ဒီမှာ ဗီလိန်တွေချည်း
(ခါးသလို ချဉ်သလိုလို)
ကိုယ့်ဇာတ်နဲ့ကိုယ်တော့
အဆင်ပြေနေတာပဲ။ ။

ပြုံးကြည့်သွားပါဦးလား
သတိ!
အပြုံးနယ်မြေ
မပြုံးမနေရ။
ပြုံးတယ်ဆိုတော့
အပြုံးမှာ အပြုံး ဘယ်လောက်သားပါလဲ
မဲ့ပြုံး ငိုပြုံး ရီပြုံး စာရင်းဇယားနဲ့ပြုံး စသဖြင့်ပြုံး
ပြုံးခြင်းသည် ကျန်းမာရေးကို အထောက်အကူပြုသည်တဲ့
ပြုံး ပြုံး ပြုံး
အစွန်း လွတ်လွတ် ပြုံးဖူးအောင်ပြုံး
လူမျိုးဘာသာမရွေး ပြုံးနိုင်သည်။
ဦးရာလူ ကြိုက်ရာနေရာတွင် ပြုံးနိုင်သည်။
ပြုံးပေါ့ ပြုံးနိုင်သမျှသာ ပြုံး
သွားတိုက်ဆေး တိုက်ပြီး အပြုံးလှလှလေးပြုံး
အပြုံးတွေ ဒစ်စကောင့်ချနေပြီတဲ့
အပြုံးတွေ သက်သာတယ်တဲ့
အပြုံးတွေ ပွဲတော်နီးပြီတဲ့
စမ်းပြုံးလို့ ရတယ်လေ
ပြုံးကြည့်သွားပါလား (တစ်ပြုံး မှ ၂၀၀ရယ် ဘတ်စ်ကားခလောက်ပဲရှိတာ)
ပြုံးထား ဆရာရေ ပြုံးထား
ပြုံးနော် Say Cheese
ပြုံးထားလေကွာ မမှီသေးဘူး
အပြုံးစံချိန်မှီမှ ရိုက်သော ကင်မရာ
ပြုံး ပြုံး ပြုံး ပြုံးဟ
အပြုံး ရွေးကောက်ပွဲ
အပြုံး ပါတီများ မှတ်ပုံတင်ရန်
ပြည်သူလူထုအတွက်(ကျွန်တော်တို့) ပြုံးကြမှာ
နောက်ကျကျန်တဲ့ အပြုံးတွေ ကို တိုးတက်အောင်
အပြုံးအရင်းအမြစ်တွေ ဒီမှာအများကြီး
အများပြည်သူကျန်းမာရေးအတွက် မပြုံးသင့်သော အပြုံးများကို
အပြုံး ဦးစီးဌာနမှ ယနေ့ ထုတ်ပြန်လိုက်သည်။(စာမျက်နှာ ၈ ကော်လံ ၆)
လုံခြုံရေးအရ အပြုံးများကို စစ်ဆေးမည်ဖြစ်ပါသဖြင့်
ပါဝင် ကူညီပေးကြပါရန်။

ကဗျာတစ်ပုဒ်
နင်းလာတယ်
လျှောက်လာတယ်
အဲဒီလမ်း
ဘ၀တွေ
လူတွေ
ခပ်တည်တည်ပဲ
................အဓိပ်ပါယ်တွေဖွင့်!
မသိခြင်းကိုပဲ သိခဲ့ကြသလို မသိခဲ့ကြတယ်။
ကြေငြာကပ်၊ တံဆိပ်ရိုက်
လွှတ်လိုက်တယ်
ဈေးကွက်ဝင်ရင်၊ အမှန်တရား ဖြစ်ပြီပေါ့။
ဟန်ကျပန်ကျပဲ။
ရေကြည်ရာ မြက်နုရာရှာသလို
နယ်ပယ်သစ်တွေ ဖန်တီး
စစ်လက်နက်တွေ နဲ့၊
နှလုံးခုန်စက် နဲ့၊
ဇိမ်ခံပစ္စည်း တွေနဲ့၊
အတွေ့အကြုံအသစ် အတွက်
အင်တာနက်နဲ့ ၊
ဂိမ်းစက်နဲ့၊
အချစ်ဆိုတာနဲ့၊
သေသွားတော့လည်း သေသွားလို့ပေါ့
ဖြစ်သွားတော့လည်း ဖြစ်သွားလို့ပေါ့
ဖြေဆည်ရာအတွက် (တရားခံ ရှာရန်အတွက်)
ဘုရားသခင်နဲ့ ၊ တမန်တော်မိုဟာမက်နဲ့
ဗုဒ္ဒဘာသာနဲ့ ၊ ယုံကြည်မှုတွေနဲ့
ခပ်တည်တည်ကြီး
အလွဲတွေကို ရီကြတယ်
ဒုက္ခတွေကို ရီကြတယ်
နာကျင်ခြင်းတွေကို ရီကြတယ်
မျက်ရည်တွေကို ရီကြတယ်
ပျော်စရာကို ဘာပေးရ ပေးရ
ဟုတ်တယ်လေ
သေခြင်းကို ပျင်းရိစွာ ထိုင် စောင့်ကြမလို့လား
ရီလိုက်ကြ၊ ငိုလိုက်ကြ
အညောင်းပြေ အညာပြေ အပျင်းဖြေလိုက်ကြ
ခုလည်း အပျင်းပြေလိုပြေငြား
ကဗျာလေး တစ်ပုဒ်
ကဗျာလေး တစ်ပုဒ်ပေါ့။ ။

သူငယ်ချင်း
ရှေ့ခြေတစ်လှမ်းမှာ ၊ သေကွင်း
ဒါမှမဟုတ် ၊
............ ရွှေတွင်း
တို့တွေ
.......မသိခဲ့ကြပေမယ့်
..........................ပျော်ခဲ့ကြတယ်။ ။
ထွန်းနွယ်
ဒါမှမဟုတ် ၊
............ ရွှေတွင်း
တို့တွေ
.......မသိခဲ့ကြပေမယ့်
..........................ပျော်ခဲ့ကြတယ်။ ။
ထွန်းနွယ်
သူတောင်းစားလေး
ရှေ့ပြန်လှန်ကြည့်လို့မရတဲ့
ဝတ္တုကို ဆက်ရေးရတာပါတဲ့။
တံတားအောက်မှာမွေးခဲ့ရတော့
အိမ်တွေကိုပဲ ကောင်းချီးပေးတတ်တဲ့
ဘုရားသခင်က
ကျော်သွားတာပါတဲ့။
စိတ်ကူးပေါက်မှ ကြွေကျတဲ့
ပံ့သကူ သီးလေးတွေပဲ
မျှော်လင့်ရင်း
“ဆာလောင်မှု” အတွက်
အသက်ရှုရမှာတောင်
ကြောက်လာတယ်။ ။
ထွန်းနွယ်
(၁၇.၁၂.၀၉)
ဝတ္တုကို ဆက်ရေးရတာပါတဲ့။
တံတားအောက်မှာမွေးခဲ့ရတော့
အိမ်တွေကိုပဲ ကောင်းချီးပေးတတ်တဲ့
ဘုရားသခင်က
ကျော်သွားတာပါတဲ့။
စိတ်ကူးပေါက်မှ ကြွေကျတဲ့
ပံ့သကူ သီးလေးတွေပဲ
မျှော်လင့်ရင်း
“ဆာလောင်မှု” အတွက်
အသက်ရှုရမှာတောင်
ကြောက်လာတယ်။ ။
ထွန်းနွယ်
(၁၇.၁၂.၀၉)
လက်ဖက်ရည်ဆိုင်ထိုင်ခြင်း
ဖုတ်တာကြာတော့ တင်းလာတယ်
ရှုပ်တာကြာတော့ ရှင်းလာတယ်
ပြောစရာ မရှိတဲ့ အကြောင်းကိုက
ပြောစရာ ဖြစ်နေတယ်။
အီရတ်မှာ၊ အာဖဂန်မှာ
ကမ္ဘာအေးမှာ ၊ ဖက်ဖူးရောင်မှာ
တိုက်ပွဲသံတွေ ထန်ပြင်းလာပြီ။
ရန်ကုန်မြို့ကြီးသည်လည်း
အင်ဂျင်သံတွေ တဂျုံးဂျုံး တဂျိန်းဂျိန်းနဲ့
ပုံနှိပ်စက်က စာရွက်တွေ ထွက်သလို
တရွက်ပြီး တရွက်
တခွက်ပြီး တခွက်
အကြောင်းအရာက စုံတယ်
ဒေါ်စုကြည်နဲ့ ဦးအောင်ကြည် တွေ့တာကနေ
ခြေရင်းအိမ်က ကြွက် အဆမတန်ကြီးတာထိပါတယ်
“မ” ရဲ့ နဖူးလေး လှတာကနေ
“မ” ရဲ့ ထမီစကပ်ရောင်စုံလေးတွေ အထိပါတယ်
ဗုဒ္ဒ၀င်ပါတယ်
ကဗျာယဉ်ကျေးမှု ပါတယ်
နိုက်ကလပ် ယဉ်ကျေးမှု ပါတယ်
ကျေးဇူးတင်လွှာတွေ ပါတယ်
ဝမ်းနည်းကြောင်းတွေ ပါတယ်
ကြေငြာတွေ ပါတယ်
မပါတဲ့ အရာတွေလည်း ပါတယ်။
ဘာတွေပဲပါပါ
နောက်ဆုံးမှာတော့
နောက်ဆုံးသတင်းဟာ ပါတာပါပဲလို့
ကောက်ချက်ချလိုက်မိတော့
ခွက်ထဲက “ကျစိမ့်”ကိုပဲ
အရသာခံပြီး ဇိမ်ယူလိုက်ကြတော့တယ်။ ။
ထွန်းနွယ်
(၁၇.၁၀.၀၉)

Sunday, October 3, 2010
မြန်မာပြည်သားဟေ့ မြန်မာပြည်သား
ပြောရမှာများတယ် ....မပြောတော့ဘူး။
ရေးရမှာများတယ် ..... မရေးတော့ဘူး။
ကျုပ်က သူလိုငါလို ခင်ဗျားတို့လို
မြန်မာပြည်သားလေ
ပျင်းတယ် ရင်းတယ်
တနေကုန် လက်ဖက်ရည်ဆိုင်ထိုင်တယ်
ညဆို ရိုးရှင်းသောဘ၀မှာ
ဟားတိုက် ရယ်မောမယ်
စိတ်ကူးပေါက်ရင်
ဘတ်စ်ကားတိုးစီးမယ်
ဟိုအကြောင်း ဒီအကြောင်းပြောမယ်
ဟိုအလုပ် ဒီအလုပ် လုပ်မယ်
ထန်းရည် သောက်နိုင်တယ်
ကွမ်းယာ ၀ယ်စားနိုင်တယ်
လမ်း စိတ်ကြိုက် ကူးနိုင်တယ်
ဘောလုံးပွဲမှာ ကြိုက်သလို ဆဲနိုင်သလို
ကြယ်မြင် လမြင် ကဲနိုင်တယ်
အစိုးရ အကြောင်း ဘာဘာညာညာ ပြောနိုင်သလို
ဇာတိမာန် နဲ့ ဂုဏ် ယူနေလို့လဲ ရသေးတယ်
မြေကြီးက ဘာသီးတယ် ညာသီးတယ်
ပုဂံ မြောက်ဦး ပုပ်ပါး တောင်မြို့ နတ်ကြီးတယ်
မောင်ချောနွယ် အောင်ချိမ့် ခံစားနိုင်တယ်
အင်းလေးကို ဖိတ်ခေါ်တယ်
မန္တလေးမှာ ရန်ကုန်မှာ ယစ်မူးမယ်
သိပ်စဉ်းစားစရာ မလိုဘူး
အလုပ်တခု ရှိရင် ဖူလုံတယ်
တော်ရိရော်ရိ ရှင်သန်နိုင်တယ်
သာကြောင်း မသာကြောင်း
ပြောရမှာ အများကြီး
မပြောတော့ဘူး
လှကြောင်းမလှကြောင်း
ရေးရမှာအများကြီး
မရေးတော့ဘူး
ကျုပ်ကသူလိုငါလို ခင်ဗျားတို့လို
မြန်မာပြည်သား
(ပေါ့သေးသေး မဟုတ်ဘူး)
မြန်မာပြည်မှာ မွေးတော့
မြန်မာပြည်ကို ချစ်တယ်
ရိုးရိုးသားသားပဲ ချစ်တယ်
ချစ်တယ် ရိုးရိုးသားသားပဲ
သားသား မေမေ ကိုချစ်သလို
ရိုးရိုးသားသားပဲ
ရိုးရိုးသားသားပဲ ချစ်တယ်။
`တစ်ရွာမပြောင်းသူကောင်းမဖြစ်´တဲ့
တစ်ရွာပြောင်းလို့ သူကောင်းဖြစ်ရင်တောင်
မြန်မာလိုလေးပဲ ဆဲချင်တယ်
မြန်မာလေလေးပဲ ရှုချင်တယ်
မြန်မာမိုးလေးပဲ စွတ်စိုချင်တယ်
မြန်မာမြေပေါ်မှာပဲ အသိုက်ဆောက်ချင်တယ်
ကဲ ဘာပြောအုံးမလဲ။
....................................
ဟုတ်ပါတယ်
ကျုပ်တို့ မြန်မာပြည်က
စစ် အစိုးရ အုပ်စိုးပါတယ်
ဟုတ်ပါတယ်
ကျုပ်တို့မြန်မာပြည်က
ဒီမိုကရေစီ မထွန်းကားပါဘူး
ဟုတ်ပါတယ်
ကျုပ်တို့ မြန်မာပြည်က
မီးမှန်မှန် မလာပါဘူး
ဟုတ်ပါတယ်
ကျုပ်တို့မြန်မာပြည်က
ကွန်နက်ရှင် နှေးပါတယ်
ဟုတ်ပါတယ်
ကျုပ်တို့မြန်မာပြည်က
စည်းကမ်းကင်းမဲ့ပါတယ်
မတိုးတက်ပါဘူး
ခေတ်နောက်ကျပါတယ်
ဒါပေသိ
ဘယ်ပြည်သားလဲလို့ မေး
သွေးကိုဖောက်ထုတ်ပြမယ်
ဒီမှာကြည့်
`မြန်မာပြည်သားဟေ့ မြန်မာပြည်သား´။ ။
ထွန်းနွယ်
(ခေတ္တ-မော်လမြိုင်)

Subscribe to:
Posts (Atom)