Popular Posts

Saturday, December 11, 2010

မြန်မာပြည် ဒီမိုကရေစီ

သက္ကရာဇ် က ၂၅၅၆။

နိုင်ငံ တကာ လူ့အခွင့်အရေး အစည်းအဝေး တခုမှာ ကမ္ဘာ့ အလွတ်လပ်ဆုံး နိုင်ငံ က သဘာပတိ လုပ်ပြီး မြန်မာပြည်ကို အထူး ယာဉ်ပျံ ကြီး စီးပြီး ပြန်လာခဲ့တာ။ ကျွန်တော်တို့ မြန်မာပြည် လွတ်လပ်ခွင့် ကလည်း ဘာရှိသလဲမမေးနဲ့လေ။ လူ့အခွင့်အရေး အပြည့်အ၀ ဆုံး ရတဲ့နိုင်ငံဆိုပြီး လာခိုတဲ့လူတွေကလည်း နည်းမှမနည်းပဲကိုး။ ကျွန်တော်တို့ နိုင်ငံ က တိုးလည်း အသကုန်တိုးတက် ၊ တိုးတက်စရာ မရှိတော့လောက်တောင် တိုးတက် ၊ လူ့အခွင့်အရေး ကလည်း တင်းပြည့်ကျပ်ပြည့်ဆိုတော့ဗျာ လူ့အခွင့်အရေး အပြည့်လိုချင်တဲ့လူတွေလာခိုလာလိုက်ကြတာ လူ့အခွင့်အရေး တန်ဖိုးထားတဲ့ တိုင်းပြည်ဆိုတော့ လာ ကြ ပါ လာ ကြ ပါ ပေါ့။ အဲလို ။ အရင်က အင်းအားကြီးတိုင်းပြည် ဖြစ်ခဲ့တယ်ဆိုတဲ့ အမေရိကန်တို့ ယူရုတ်ဘက် က နိုင်ငံတွေတောင် လူ့အခွင့်အရေး အပြည့်မရလို့ အစိုးရက ပြည်သူကို နှိပ်ကွပ်တယ်ဆိုပြီး စီးပွားရေး ပိတ်ဆို့မှုတွေတောင် ကျွန်တော်တို့က ပဲ ဦးဆောင် လုပ်ပေး ကြရတာ။ ဒါမှလည်း ဒီလူတွေ လူကို လူမှန်းသိမှာမလား။ သူတို့ကတော့ အော်ရှာပါတယ်။ သူ့ပြည်သူတွေ ငတ်နေပြီလို့။ ဒါပေမဲ့ လူ့အခွင့်အရေး က အရေးကြီးတယ်မလား။ ဘေးနားက ကျွန်တော်တို့ ကို ကပ်ရပ်စားနေတဲ့ တရုတ် ပြည် တောင် ခု ကျွန်တော်တို့ လောက်နီးနီး တိုးတက်လာအောင် ဒီနည်းနဲ့ပဲ လုပ်ထားရတာ။ ထားတော့။



ကျွန်တော်တို့ ဒီလို ရလာတာလဲ လွယ်လွယ်နဲ့ ရလာတာ မဟုတ်ဘူး လို့ ကြားဖူးသဗျ။ ၂၁ ရာ စုလောက် ဒီမိုကရေစီ ဘွားတော်တစ်ပါးက ဒေါင်း ကြီးကိုစီး ဒီမိုကရေစီ စာထုတ် သုံးထုတ် ကို ကိုင် မသေမချင်း အော်နေလိုက်တာ ကြာတော့ ပိုင်ရာဆိုင်ရာ အစိုးရက နယ် ပယ် ပေးလိုက်ရတယ်ဆို သကိုး။ အဲ့ ဘွားတော် မှ မပသရင် လူတွေ ငတ် ကြသတဲ့။ အဲ့ ဘွားတော် ကလည်း သူ့ ပ သမှပဲ လူတွေ လူ့အခွင့်အရေးဆိုတာ ကြိး ရလာတယ်ဆိုတော့ ကာ ဒီလိုနဲ့ လူအခွင့်အရေး အရှိဆုံးနိုင်ငံ ဖြစ်လာသတဲ့။ ခု ထိ နတ်ကွန်း နတ်နန်း ထား ကိုးကွယ် ကြ တုန်းပဲဗျ။ ခင်ဗျား လူတွေ မလွတ်လပ်ဘူးထင်ရင် ၊ လူ့အခွင့်အရေး မပြည့်ဝဘူးထင်ရင် အဲ့ဘွားတော်ကို သွားပသ ကနား ပေး အိပ်မက်ပေးသဗျ။ ဒါ ယုံတမ်းတွေ မဟုတ်ဘူး။ တကယ်ဗျ။



ခု ဆို ကျွန်တော် သမ္မတ ဗျာ။ သမ္မတ ဆိုလို့ အထင်မကြီးနဲ့ရွေးကောက်ပြီးတော့ ဖြစ်တာလဲ မဟုတ်ဘူး။ အစ က ငါးနှစ်မှာ တခါ ရွေးဘာရွေးပေါ့ဗ၊ျာ။ နောက်တော့ လူတွေက ဒါလည်း မလွတ်လပ်ဘူးဆိုပြီး ဘွားတော် အိပ်မက်ပေးတဲ့အတိုင်း စကျင့်သုံးတာ။ ဒါနဲ့ပဲ ကျွန်တော်တို့ နိုင်ငံ ထိပ်ဆုံးရောက်လာတာပေါ့။ ငါးနှစ်တခါ အုပ်ချုပ်တော့ အုပ်ချုပ်တယ်ဆိုကတည်း က လူ့အခွင့်အရေး ဆုံးရှုံးတာပဲ ဒီတော့ကာ လူတိုင်းလည်း အုပ်ချုပ်ရအောင် တစ်အိမ်ထောင် ကနေ တစ်နှစ် သမ္မတ လုပ် ဆိုပြီး အိပ်မက်ပေးသတဲ့။ ဒါနဲ့ ပဲ ဒီလိုကျင့်သုံးကြည့်တာ ဟာ ဘယ်ပြည့်မလဲ တစ်ချို့လူတွေ လည်း စောင့်ရင်းနဲ့ သေသွားတယ်။ ပြီးတော့ အဖေနဲ့သား ၊ အမေ နဲ့ သမီး ညီအစ်ကို ချင်း လုကြပါရောလား။ ဒါနဲ့ ပဲ ဘွားတော်က ဒီလို အိပ်မက်ပေးသတဲ့ ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရှိတယ်။ မဲပေးရတာက ကိုယ့်နာမည် ကိုယ်ထည့်ပေးရတာ။ ဒါကို ဖယ်ပေးရမယ့် သမ္မတ ၊ အဲသူက သူ့နာမည်တော့ ထည့်စရာမလိုဘူး။ သမ္မတ ဟောင်းတွေ မဲမပေး၇ဘူးပေါ့ဗျာ။ အဲ့ သမ္မတ က မဲနှိုက်ရတယ်။ ပါလာတဲ့လူ သမ္မတ ပဲ။ သမ္မတ သက်တမ်းက တစ်လ။ အိမ်တော်တွေဘာတွေမလိုဘူးဗျ သမ္မတ ဆိုတဲ့ ဆိုင်းဘုတ် အိမ်ရှေ့လာ ချိတ်ထားလိုက်တာပဲ။ ဒီလိုနဲ့ လူတွေ ဟာ ဒီစံနစ်ကတော့ လွတ်လပ်တယ် အကုန်လုံးအတွက် တရားမျှတမှု ရှိတယ်ဆို ပြီး တခါတည်း ကမ္ဘာကျော် ဒီစံနစ်နဲ့ပဲတက်လာပါကရောလား။



ဒီစံနစ်လုပ်လိုက်မှပဲ လူတွေ ချမ်းသာ ကုန်ကြတာ။ ဘာလို့မှန်း မသိဘူး။ လူ့အခွင့်အရေး အပြည့်ရပြီ ဆိုပြီး ၀ုန်းဒိုင်း ဂွမ်းဆိုချမ်းသာကုန်ကရောတဲ့။ ဒီမိုကရေစီ တကယ့်စစ်စစ် ရလို့ ဘွားတော် က မစ တယ် ဆိုလား လူပြောများခဲ့ကြတာ။ ကျွန်တော်လည်း သိပ်မသိပါဘူး။ နေရင်းထိုင်ရင်း ရွေးကောက်ပွဲမှာ သမ္မတ ဖြစ်လာတယ်ဆိုတော့ ဒါတွေ ဖတ်ထားရတယ်ကလား။ သမ္မတ ဖြစ်လာလို့ အလုပ်ရှုပ်မယ်ထင်သလား။ နိုးပဲ။ ဟို နိုင်ငံတကာ အစည်းအဝေး တက်ရ ဘာရ ပဲ။ လူတွေက လည်း ကိုယ်လုပ်ချင်တာ လုပ်တယ် ကိုယ် လုပ်ချင်သလိုလုပ်တယ် အုပ်ချုပ် စရာ ကိုမလိုဘူး။ (အုပ်ချုပ်လို့လည်းမရတာ) အဲလို ဒီမိုကရေစီ ပြည့်ဝတာ။ အိမ်ရှေ့ ဆိုင်းဘုတ်ချိတ်ထား ရုံ သမ္မတ ပေါ့။



ခုလည်း အရေးကြီး ကိစ္စ ရှိလို့ ပြင်သစ်ဝင် ရှန်ပိန်လေး ဖောက်မယ် ကြံစည် ထားတာလေး ဖျက်ပြီး ပြန်လာရတာ။ အရေး ကြီးဆို ကျွန်တော်တို့ နိုင်ငံမှာ လူ့အခွင့်အရေး ကိစ္စ ပဲရှိသကိုး။ ဒီကိစ္စ နဲ့။ ကဲ ပြောရင်း ဆိုရင်း အိမ်တန်းရောက် တာပဲ။ အိမ်ရှေ့မှာလည်း လူအုပ်ကြီး အပြည့်ပဲ အော် ဘာအခွင့်အရေး လာတောင်းနေသလဲမသိဘူး။ အိမ်က သော့ပိတ်ထားတော့ အော် နေကြတာပဲ။ ကျွန်တော်လည်း အိမ် ထဲ ၀င်ဖို့ လမ်းကို မနည်းရှာရတယ်။ ဒီမှာက ဒီလိုပဲ လူ့အခွင့်အရေး လိုချင် သမ္မတ ဆိုင်းဘုတ်ချိတ်ထားတဲ့ အိမ်ရှေ့ သွား အော်နေရုံပဲ ။ သမ္မတ က လည်း ရှည်ရှည်ဝေးဝေး ခေါင်းပူစရာမလိုဘူး။ ဘွားတော်ဆီမှာ ကနားပေး အိပ်မက်တောင်းလိုက်။ နောက်နေ့က အိုကေသွားတာပဲ။ ခုလည်း ကျွန်တော်တော့ ပေးရအုံးမယ် ထင်တယ်။ တစ်ပွဲတော့။



ကနားပေးရတာ က ကိစ္စမရှိဘူး။ခက်တာက အ၀တ်အစားပဲ ကျွန်တော်က ဟို ၀ပ်စတင်း စွတ် ဆိုတဲ့ ၀တ်စုံကြီးကို မကြိုက်တာ။ ကနား ပေးရင် ကနားပေးတဲ့လူတိုင်း ဒီဝတ်စုံ အကုန် လုံး ပေါ့ ၀တ်ကြရတာ။ ဒါက စည်း ဆိုလား။ မသိဘူး ကျွန်တော်လည်။ ပြီးတော့ လက်မှာ နီနီ ရဲရဲ ဒေါင်းပုံ ထိုးရသေးတယ်။ ပြီးတော့ အလံကြီးကိုင် ကိုယ်ပါ ၀င် က ရတယ်ဆိုလား ကြားဖူးတာပဲ။ ဒုက္ခ။ ကျွန်တော်က ရှက်တက်တက်နဲ့ ။ အလံဆိုလို့ ကျွန်တော်တို့ အလံကလည်း ဘာမှန်းကို မသိတာ။ ရောင်စုံ သုံးရောင်ခြယ် ပေါ်မှာ ဒေါင်းပါတယ်။ ဒါက ဘွားတော် တံဆိပ်ဆိုလား။ လိပ် ပါတယ်။ ကိုယ့် ဘက်ပဲ ပြန်ရအောင် နိမိတ် လုပ်တယ်ဆိုလား။ ကျားလည်း ပါတယ်။ အို အကောင်ပလောင် ဆုံနေတာပဲ။ ကြယ်တွေကော။ စာနဲ့ ရေးပြရင် တစ်အုပ်ကုန်သွားမယ်။ ပြည်သူတွေ တစ်ယောက်တစ်မျိုး စီ လွတ်လပ်ခွင့်ပေးထားတာဆိုပဲ။ ခင်ဗျား စိတ်ကူးပေါက်ရင် ခု တစ်ကောင် ပစ်ထည့်လိုက်လို့လဲ ကိစ္စ မရှိ။ ထားတော့။ ဒီကိစ္စ ကြိး က ဘာပဲဖြစ်ဖြစ် စိတ်လေစရာ။



အို လူတွေကလည်း ကိုယ့်ကို မဖယ်ပေးကြဘူး။ မသိဘူးလေ သူတို့မလဲ။ သမ္မတ ဆိုင်းဘုတ် ချိတ်ထားလို့သာ လာအော်နေကြတာ သမ္မတ က ဘယ်သူမှန်း မသိဘူး။ အိမ်ရှင်က ဘယ်သူမှန်း မသိဘူး။ ကျွန်တော်လည်း ဒီမှာ သော့သော့ သော့ နဲ့ အော်တော့မှ လမ်းဖယ်ပေးကြတယ်။ ပြီးတော့ စာ တွေ တစ်ပုံကြီး။ဘာလို့လဲဆိုတော့ ပိုက်ဆံက တစ်မျိုးတည်းသုံးနေတာဆိုတော့ မလွတ်လပ်ဘူးလို့ ပြည်သူတွေ ခံစားရတဲ့အတွက် ဘွားတော်ဆီ ကနား ပေးပေးပါ ပေါ့။ ဟူး ဒါမျိုး တွေ လန့်ပါတယ်ဆို။



ကဲ ဟုတ်လေပြီ။ ဒါဆိုလဲ မနက်ဖြန်ပေါ့ ဆိုပြီး မနည်းတောင်းပန် ပြန်လွှတ်လိုက်ကြတယ်။ ဒါတောင် မပြန်ချင်ကြဘူး ။ ခင်ဗျားတို့ မပြန်ရင် ကျွန်တော့်ရဲ့ လူ့အခွင့်အရေးကို ထိပါးတာပဲဆိုမှ မနက်ဖြန် ပြန်လာခဲ့မယ်ဆိုပြီး ပြန်သွားကြတာ။



ကဲ ဒီလိုဆိုတော့လည်း ကျွန်တော့်မှာ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရသပေါ့လေ။ ၀တ်စတင်း ကုတ် ရှာ စိန်စတင်း တီးဝိုင်းငှား ၊ ကနား ပေးဖို့ ကနားပေးဖို့။ အကုန် အဆင်သင့် လုပ်ထား၇တာပေါ့။ ဒါမှ သမ္မတ ပီသ မယ်မလား။



မနက်ရောက်ပါပြီ။ ဒီလိုန့ ဘွားတော် ကနားစီသွား သွားပသ ကြတာ ၀ပ်စတင်း ကုတ်တွေနဲ့ပေါ့။ ဘာလို့လဲ တော့မသိဘူး ဘွားတော် က ဒါမျိုး မှ သဘောကျ တယ်ဆိုတာနဲ့ပဲ ၀တ်ရတယ်ဆိုတာလား။ နားတွေလည်းညံစီနေတာပဲ။ ဘယ်သူ့ကိုများ ပူးမလဲ ဘယ်သူများ အိပ်မက်ပေးမလဲ။ ရင်တထိတ်ထိတ်နဲ့ပေါ့လေ။ ဒီလိုနဲ့......... ၀ုန်းဆို လူတွေ တစ်နေရာကို ၀ိုင်းကုန်တယ်။ ဒီမှာ ပူးနေပြီ ဒီမှာ ပူးနေပြီ ဆိုလား။ ဒါနဲ့ ပဲ ကျွန်တော်လည်း ပြေး ရသပေါ့လေ။



ပူးနေတဲ့အမျိုး သမီးက ကျွန်တော့်ကို စမေးတယ်

ဟဲ့ အမောင် ဘာနေ့သားလဲ

-ဆန်းဒေး သားပါ။

အိမ်းတော်တယ်။ အမေ့အကြိုက်ဖြေတတ်တယ်။

ဘာအရေးလဲ ဟဲ့။

-အမေ ငွေကြေးက လူတွေကို ထိန်းချုပ်နေသလိုဖြစ်တဲ့အတွက် ပြည်သူတွေ မလွတ်လပ်ကြပါ။

ဟယ် ဟုတ်ပ ဟုတ်ပ ဘယ်လွတ်လပ်ပမလဲ။ ငါ ကြံမယ် သားတော် ငါကြံမယ်။

-အားကိုး ပါတယ် အမေ။

အိမ်း အိမ်း အိမ်း........ (အရေးထဲ အိုက်တင်ခံနေသေးတယ် ဒီဘွားတော်နဲ့ ၊ ကျွန်တော့်မှာ အိုက်လှပြီ၊ လူတွေကလည်း တိတ်ဆိတ်ငြိမ်ကျ ပူးနေတဲ့အမျိုးသမီး အဖြေကို နားထောင်နေကြတယ်)

အိမ်း အိမ်း အိမ်း .........(လာပြန်ပြီ ဒီဘွားတော ဒါပဲ နေနေတာ ၊ ကျွန်တော်က စိတ်မရှည်တော့ဘူး)

ဒီလိုလုပ်

-ဟုတ် အမိန့်ရှိပါအမေ။

ပြည်သူတွေကို ကိုယ့်ပိုက်ဆံ ကိုယ်ထုတ်ပြီး သုံးခွင့်ပေးလိုက်။

-ဟာ ကောင်းလိုက်တဲ့ အကြံ အမေ

ဟေးဆို လူအုပ်ကြီးလည်း ၀ုန်းဆို ထ ခုန်ကြတယ်။ ကျွန်တော်လည်း အိုက်အိုက်နဲ့ ကိုယ့်အိမ်ကို ပြန်တယ်။

စောစော က ၀င်ပူးတဲ့အမျိုးသမီးလည်း လူအုပ်ထဲ ပဲ ၀င်သွားသလား။ ကျွန်တော့်လို အိမ်ပြန်သလား ကျွန်တော်မသိပါဘူး။

ကျွန်တော်ကတော့ အိမ်ရောက်ရင် ဂိမ်းဆော့ဖို့ အားသန်နေတယ်။ ငွေ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အရေးမဟုတ်တော့ဘူးလေ။

နောက် ၂ ရက်ဆို ရွေးကောက်ပွဲ လုပ်ပြီပဲ။ ကိုယ့်အတွေးနဲ့ကိုယ်။ အိမ်ရောက်တော့ မိန်းမက လှမ်းကြိုတယ်။

ငွေလုပ် စက်တောင် သူက ဒစ်စကောင့်နဲ့ ၀ယ်ပြီးပြိဆိုပဲ။ ။



မင်းခေါင်

၀၈.၁၂.၂၅၅၆

No comments:

Post a Comment